စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အငွားယာဥ္ေပၚတြင္ ေမ့က်န္ခဲ့ေသာ က်ပ္သိန္း ၃၀ ႏွင့္ ရတနာမ်ားထည့္ထားသည့္အိတ္ ကို ယာဥ္ေမာင္းက ရဲစခန္းမွ တစ္ဆင့္ ပိုင္ရွင္ထံ ျပန္အပ္ခဲ့ ေသာျဖစ္စဥ္ ေဖေဖာ္ဝါရီ  ၁၁ ရက္က ျဖစ္ပြားခဲ့သည္။

ၾကည့္ျမင္တိုင္မွ ကားငွားၿပီး ေရႊဘံုသာလမ္းတြင္ ဆင္းေသာ အမ်ိဳးသမီးသည္  ယာဥ္ေပၚ၌ က်ပ္သိန္း ၃၀၊ ေရႊလက္ေကာက္ ၁၀ ကြင္း၊ ကေလးလက္စြပ္ေလး ကြင္း၊ ဆြဲႀကိဳးတစ္ကံုး၊ ကေလး ဝတ္ဆြဲႀကိဳးတစ္ကံုး၊ စိန္ေလာ့ ကတ္တစ္ခု၊ ေရႊထည္တစ္ခုႏွင့္ iphone 6 Plus တစ္လံုး ပါဝင္ေသာအိတ္  ေမ့က်န္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္သည္။

အငွားယာဥ္ေမာင္း ဦးစိုးမင္းထုိက္သည္ အဆိုပါေန႔ည ၁၁ နာရီတြင္ အင္းစိန္ၿမိဳ႕မရဲစခန္းသို႔ ေရာက္ရွိလာၿပီး ေမ့က်န္ခဲ့သည့္ အိတ္ကို လာေရာက္အပ္ႏွံခဲ့ သည္။

အဆိုပါပစၥည္းပိုင္ရွင္ အမ်ိဳး သမီးလည္း  အင္းစိန္ၿမိဳ႕မရဲစ ခန္းသို႔ ေရာက္ရွိလာၿပီး ရဲစခန္း တြင္ လက္ဝတ္ရတနာမ်ားထည့္ ထားသည့္အိတ္ ဦးစိုးမင္းထုိက္က  ပိုင္ရွင္မျမသူဇာထံ ျပန္လည္ ေပးအပ္ခဲ့ေၾကာင္း   ရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္၌ ပါရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
အငှားယာဉ်ပေါ်တွင် မေ့ကျန်ခဲ့သော ကျပ်သိန်း ၃၀ နှင့် ရတနာများထည့်ထားသည့်အိတ် ကို ယာဉ်မောင်းက ရဲစခန်းမှ တစ်ဆင့် ပိုင်ရှင်ထံ ပြန်အပ်ခဲ့ သောဖြစ်စဉ် ဖေဖော်ဝါရီ  ၁၁ ရက်က ဖြစ်ပွားခဲ့သည်။

ကြည့်မြင်တိုင်မှ ကားငှားပြီး ရွှေဘုံသာလမ်းတွင် ဆင်းသော အမျိုးသမီးသည်  ယာဉ်ပေါ်၌ ကျပ်သိန်း ၃၀၊ ရွှေလက်ကောက် ၁၀ ကွင်း၊ ကလေးလက်စွပ်လေး ကွင်း၊ ဆွဲကြိုးတစ်ကုံး၊ ကလေး ဝတ်ဆွဲကြိုးတစ်ကုံး၊ စိန်လော့ ကတ်တစ်ခု၊ ရွှေထည်တစ်ခုနှင့် iphone 6 Plus တစ်လုံး ပါဝင်သောအိတ်  မေ့ကျန်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အငှားယာဉ်မောင်း ဦးစိုးမင်းထိုက်သည် အဆိုပါနေ့ည ၁၁ နာရီတွင် အင်းစိန်မြို့မရဲစခန်းသို့ ရောက်ရှိလာပြီး မေ့ကျန်ခဲ့သည့် အိတ်ကို လာရောက်အပ်နှံခဲ့ သည်။

အဆိုပါပစ္စည်းပိုင်ရှင် အမျိုး သမီးလည်း  အင်းစိန်မြို့မရဲစ ခန်းသို့ ရောက်ရှိလာပြီး ရဲစခန်း တွင် လက်ဝတ်ရတနာများထည့် ထားသည့်အိတ် ဦးစိုးမင်းထိုက်က  ပိုင်ရှင်မမြသူဇာထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း   ရဲတပ်ဖွဲ့ထုတ်ပြန်ချက်၌ ပါရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top