iMyanmarHouse.com - Best Property Website for Myanmar
×

"ဆားမပါတဲ့ ဟင္းတစ္ခြက္ဟာ ေပ်ာ့ပ်က္ပ်က္ႏိုင္" ဆိုတဲ့ စကားပံုေတာင္ ႐ွိပါေသးတယ္။ တကယ္ေတာ့ အိမ္သံုးဆားဟာ ေန႔စဥ္အစားအေသာက္ေတြ စီမံခ်က္ျပဳတ္မႈမွာ မ႐ွိမျဖစ္ေနရာက ပါဝင္ပါတယ္။ ဒါေပမဲ့ လူေတာ္ေတာ္မ်ားမ်ားက ဆားကို အရသာ႐ႈေထာင့္ကေနပဲ သံုးစြဲၾကၿပီး က်န္းမာေရး႐ႈေထာင့္ကေတာ့ အသံုးျပဳျခင္း မ႐ွိၾကပါဘူး။ အိမ္သံုးဆားရဲ႕ လူသိပ္မသိေသးတဲ့  က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ဗဟုသုတအျဖစ္ ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

၁။ အိုင္အိုဒင္းဓာတ္ ေလ်ာ့နည္းမႈကို တားဆီးေပးတယ္

အိုင္အိုဒင္းဓာတ္ဟာ လူ႔ခႏၶာကိုယ္ထဲမွာ သိုင္း႐ြိဳက္ေဟာ္မုန္း ထြက္လာေစႏိုင္ဖို႔အတြက္ မ႐ွိမျဖစ္ အေရးပါပါတယ္။ ခႏၶာကုိယ္မွ အိုင္အိုဒင္းဓာတ္ကို သဘာဝအတိုင္း ထုတ္မေပးႏိုင္တဲ့အတြက္ ေန႔စဥ္အစားအေသာက္ေတြထဲမွာ အိုင္အိုဒင္းဓာတ္ ၾကြယ္ဝေနဖို႔က အေရးႀကီးပါတယ္။ ဒီအခ်က္ကို အိုင္အိုဒင္းဆားက ျဖည့္ဆည္းေပးႏိုင္ပါတယ္။

၂။ ခံတြင္း ေရဓာတ္ထိန္းသိမ္းေပးတယ္

တကယ္ေတာ့ ဆားဟာ ခႏၶာကိုယ္ထဲမွာ ေရဓာတ္ပမာဏ ပံုမွန္ျဖစ္ေနေစဖို႔အတြက္ အေရးပါပါတယ္။ ကိုယ္တြင္းကလီစာေတြ ပံုမွန္အလုပ္လုပ္ဖို႔ဆိုရင္ အီလက္ထ႐ိုလိုက္ေတြလည္း ေကာင္းေကာင္းအလုပ္လုပ္ေနမွ ျဖစ္မွာပါ။ အထူးသျဖင့္ ကိုယ္လက္လႈပ္႐ွားမႈမ်ားၿပီး ေခြ်းထြက္မ်ားတဲ့သူေတြဆိုရင္ ေရဓာတ္တင္မက ဆားဓာတ္ကိုပါ ျပန္လည္ျဖည့္တင္းေပးဖို႔ လိုအပ္ပါတယ္။ အိမ္သံုးဆားက ဒီေနရာမွာ အသံုးဝင္လာပါတယ္။

၃။ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစတယ္

အငန္ဓာတ္ေလွ်ာ့ထားၿပီး က်န္းမာေရးနဲ႔ညီေအာင္ စီမံထားတဲ့ အိုင္အိုဒင္းဆားလို အိမ္သံုးဆားေတြဟာ ေသြးဖိအားကို ထိန္းသိမ္းေပးႏိုင္ၿပီး ႏွလံုးက်န္းမာေရး အေပၚမွာလည္း သက္ေရာက္မႈ႐ွိတယ္လို႔ သုေတသီေတြက ဆိုထားပါတယ္။ ဒါေၾကာင့္ မိမိရဲ႕ေန႔စဥ္ အစားအေသာက္ေတြထဲမွာ ဆားပါဝင္မႈက အေရးႀကီးတဲ့ အခန္းက႑က ရပ္တည္ေနပါတယ္။

၄။ ဆီးခ်ိဳ ကာကြယ္ေပးတယ္

ဆီးခ်ိဳသမားေတြအတြက္ေတာ့ အင္ဆူလင္ပမာဏက အသက္တမွ် အေရးပါပါတယ္။ ဆားပါဝင္မႈမ႐ွိဘဲ ေပါ့လြန္းတဲ့ အစားအေသာက္တစ္မ်ိဳးဟာ အင္ဆူလင္အေပၚ ခႏၶာကိုယ္ရဲ႕ တံု႔ျပန္ႏိုင္စြမ္းအေပၚကို အားနည္းေစႏိုင္ပါတယ္။ အဲဒီကတဆင့္ ဂလူးကို႔စ္ဓာတ္ကို ျဖိဳခြဲဖို႔၊ အသည္း၊ ၾကြက္သားနဲ႔ အာ႐ံုေၾကာစနစ္ေတြဆီကို စြမ္းအင္ပို႔ေဆာင္ေပးဖို႔ စတဲ့လုပ္ေဆာင္မႈေတြကိုပါ အားနည္းသြားေစႏိုင္ပါတယ္။ အဲဒီကမွတဆင့္ Type 2 ဆီးခ်ိဳေရာဂါ ျဖစ္ေစတတ္လို႔ ဆားကို ခ်င့္ခ်ိန္ထည့္သြင္း စားသံုးသင့္ပါတယ္။

၅။ ခံတြင္းက်န္းမာေရးကို ထိန္းသိမ္းေပးတယ္

သြားပိုးစားျခင္းလိုမ်ိဳး ခံတြင္းထဲမွာ ဘက္တီးရီးယား ကူးစက္ျခင္းမ်ိဳးဟာ အခန္႔မသင့္ရင္ သြားဖံုး ေရစီးကမ္းၿပိဳ လိုက္ျခင္းကိုပါ ျဖစ္ေစႏိုင္ပါတယ္။ ဆားရည္ေလးနဲ႔ ပံုမွန္ပလုတ္က်င္းၿပီး ခံတြင္း သန္႔ရွင္းေရး လုပ္ေပးျခင္းက ခံတြင္းက်န္းမာေရးနဲ႔ ခံတြင္းသန္႔႐ွင္းေရးကို ထိန္းသိမ္းေပးပါတယ္။ ဆား ဇြန္းဝက္ခန္႔ကို ေရေႏြးတစ္ခြက္နဲ႔ေရာၿပီး ပလုတ္က်င္းဖို႔ ဆားရည္ကို ျပင္ဆင္ႏိုင္ပါတယ္။ အစာစားၿပီးတိုင္း ဆားရည္နဲ႔ ပလုတ္က်င္းေပးျခင္းကလည္း အေလ့အက်င့္ေကာင္းတစ္ခု ျဖစ္ေစႏိုင္မွာပါ။

Source: Organicfacts

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
"ဆားမပါတဲ့ ဟင်းတစ်ခွက်ဟာ ပျော့ပျက်ပျက်နိုင်" ဆိုတဲ့ စကားပုံတောင် ရှိပါသေးတယ်။ တကယ်တော့ အိမ်သုံးဆားဟာ နေ့စဉ်အစားအသောက်တွေ စီမံချက်ပြုတ်မှုမှာ မရှိမဖြစ်နေရာက ပါဝင်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများက ဆားကို အရသာရှုထောင့်ကနေပဲ သုံးစွဲကြပြီး ကျန်းမာရေးရှုထောင့်ကတော့ အသုံးပြုခြင်း မရှိကြပါဘူး။ အိမ်သုံးဆားရဲ့ လူသိပ်မသိသေးတဲ့  ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်နော်။

၁။ အိုင်အိုဒင်းဓာတ် လျော့နည်းမှုကို တားဆီးပေးတယ်

အိုင်အိုဒင်းဓာတ်ဟာ လူ့ခန္ဓာကိုယ်ထဲမှာ သိုင်းရွိုက်ဟော်မုန်း ထွက်လာစေနိုင်ဖို့အတွက် မရှိမဖြစ် အရေးပါပါတယ်။ ခန္ဓာကိုယ်မှ အိုင်အိုဒင်းဓာတ်ကို သဘာဝအတိုင်း ထုတ်မပေးနိုင်တဲ့အတွက် နေ့စဉ်အစားအသောက်တွေထဲမှာ အိုင်အိုဒင်းဓာတ် ကြွယ်ဝနေဖို့က အရေးကြီးပါတယ်။ ဒီအချက်ကို အိုင်အိုဒင်းဆားက ဖြည့်ဆည်းပေးနိုင်ပါတယ်။

၂။ ခံတွင်း ရေဓာတ်ထိန်းသိမ်းပေးတယ်

တကယ်တော့ ဆားဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပမာဏ ပုံမှန်ဖြစ်နေစေဖို့အတွက် အရေးပါပါတယ်။ ကိုယ်တွင်းကလီစာတွေ ပုံမှန်အလုပ်လုပ်ဖို့ဆိုရင် အီလက်ထရိုလိုက်တွေလည်း ကောင်းကောင်းအလုပ်လုပ်နေမှ ဖြစ်မှာပါ။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုများပြီး ချွေးထွက်များတဲ့သူတွေဆိုရင် ရေဓာတ်တင်မက ဆားဓာတ်ကိုပါ ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ အိမ်သုံးဆားက ဒီနေရာမှာ အသုံးဝင်လာပါတယ်။

၃။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

အငန်ဓာတ်လျှော့ထားပြီး ကျန်းမာရေးနဲ့ညီအောင် စီမံထားတဲ့ အိုင်အိုဒင်းဆားလို အိမ်သုံးဆားတွေဟာ သွေးဖိအားကို ထိန်းသိမ်းပေးနိုင်ပြီး နှလုံးကျန်းမာရေး အပေါ်မှာလည်း သက်ရောက်မှုရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒါကြောင့် မိမိရဲ့နေ့စဉ် အစားအသောက်တွေထဲမှာ ဆားပါဝင်မှုက အရေးကြီးတဲ့ အခန်းကဏ္ဍက ရပ်တည်နေပါတယ်။

၄။ ဆီးချို ကာကွယ်ပေးတယ်

ဆီးချိုသမားတွေအတွက်တော့ အင်ဆူလင်ပမာဏက အသက်တမျှ အရေးပါပါတယ်။ ဆားပါဝင်မှုမရှိဘဲ ပေါ့လွန်းတဲ့ အစားအသောက်တစ်မျိုးဟာ အင်ဆူလင်အပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်စွမ်းအပေါ်ကို အားနည်းစေနိုင်ပါတယ်။ အဲဒီကတဆင့် ဂလူးကို့စ်ဓာတ်ကို ဖြိုခွဲဖို့၊ အသည်း၊ ကြွက်သားနဲ့ အာရုံကြောစနစ်တွေဆီကို စွမ်းအင်ပို့ဆောင်ပေးဖို့ စတဲ့လုပ်ဆောင်မှုတွေကိုပါ အားနည်းသွားစေနိုင်ပါတယ်။ အဲဒီကမှတဆင့် Type 2 ဆီးချိုရောဂါ ဖြစ်စေတတ်လို့ ဆားကို ချင့်ချိန်ထည့်သွင်း စားသုံးသင့်ပါတယ်။

၅။ ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းပေးတယ်

သွားပိုးစားခြင်းလိုမျိုး ခံတွင်းထဲမှာ ဘက်တီးရီးယား ကူးစက်ခြင်းမျိုးဟာ အခန့်မသင့်ရင် သွားဖုံး ရေစီးကမ်းပြို လိုက်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ ဆားရည်လေးနဲ့ ပုံမှန်ပလုတ်ကျင်းပြီး ခံတွင်း သန့်ရှင်းရေး လုပ်ပေးခြင်းက ခံတွင်းကျန်းမာရေးနဲ့ ခံတွင်းသန့်ရှင်းရေးကို ထိန်းသိမ်းပေးပါတယ်။ ဆား ဇွန်းဝက်ခန့်ကို ရေနွေးတစ်ခွက်နဲ့ရောပြီး ပလုတ်ကျင်းဖို့ ဆားရည်ကို ပြင်ဆင်နိုင်ပါတယ်။ အစာစားပြီးတိုင်း ဆားရည်နဲ့ ပလုတ်ကျင်းပေးခြင်းကလည်း အလေ့အကျင့်ကောင်းတစ်ခု ဖြစ်စေနိုင်မှာပါ။

Source: Organicfacts

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top