ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

က်န္းမာႀကံ႕ခိုင္တဲ့ ဘဝကို ပိုင္ဆိုင္ရရွိဖုိ႔ အတြက္ လံုေလာက္စြာ အိပ္စက္မႈကလည္း အေရးႀကီး ပါတယ္။ လူတစ္ေယာက္မွာ တစ္ေန႔ကို ၇နာရီ၊ ၈နာရီေလာက္ အိပ္စက္အနားယူဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ တခါတရံမွာ အိပ္မရတာ၊ အိပ္ေနရင္းညဘက္ လန္႔ႏုိးတာ၊ ႏုိးလာၿပီး ျပန္အိပ္မရတာမ်ိဳး ႀကံဳေတြ႔ဖူးၾကမွာပါ။ အမွန္တကယ္ေတာ့ သင့္ရဲ႕ အိပ္စက္မႈကို အေႏွာင့္အယွက္ေပး ေနတာကေတာ့ သင္ကိုယ္တုိင္ပါပဲ။ သင့္ရဲ႕ အိပ္စက္မႈကို အေႏွာင့္အယွက္ေပးေနတဲ့ အမူအက်င့္ဆိုးေတြကို ျပဳျပင္ဖုိ႔ေတာ့ လိုပါတယ္။

(၁) အခန္းတြင္းအပူခ်ိန္

အခန္းတြင္း အပူခ်ိန္ကလည္း သင့့္ရဲ႕အိပ္စက္မႈကို အေႏွာင့္အယွက္ေပးႏုိင္တဲ့ အေၾကာင္းအရင္း တစ္ရပ္ပါပဲ။ တကယ္လို႔ အခန္းတြင္းအပူခ်ိန္က ျမင့္တက္ေနတယ္ဆိုရင္ အိပ္စက္ေနရင္း လန္႔ႏုိးတာ၊ ညဘက္အိပ္မေပ်ာ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ အခန္းတြင္းအပူခ်ိန္ကို အနည္းငယ္ေအး ေအာင္ လုပ္ၿပီးမွ အိပ္စက္တာက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစမွာပါ။

(၂) အိပ္ရာ

ညစဥ္ညတုိင္း အိပ္စက္အနားယူတဲ့ အိပ္ရာ၊ ေမြ႔ရာကလည္း သက္ေတာင့္သက္သာ ရွိေနဖုိ႔ အေရးႀကီးပါတယ္ေနာ္။ အိပ္ရာ၊ ေမြ႔ရာက မေကာင္းဘူးဆိုရင္ အိပ္စက္ေနရင္း ခါးနာတာ၊ လည္ပင္းနာတာမ်ိဳး ျဖစ္ၿပီး သင့္ရဲ႕အိပ္စက္မႈကို အေႏွာင့္အယွက္ ျဖစ္သြားေစႏုိင္ပါတယ္။ ဒါ့အျပင္ အိပ္ရာခင္းေတြ သန္႔ရွင္းစင္ၾကယ္ေနဖုိ႔လည္း လိုတာေၾကာင့္ တစ္ပတ္တစ္ႀကိမ္ေလာက္ အိပ္ရာခင္းကို လဲလွယ္ေပးဖို႔ မေမ့ပါနဲ႔။

(၃) ေဆးလိပ္ေသာက္သံုးျခင္း

ေဆးလိပ္ေသာက္သံုးျခင္းက က်န္းမာေရးကို ဆိုးရြားစြာ ထိခိုက္ေစႏုိင္သလို ေဆးလိပ္မွာပါဝင္တဲ့ နီကိုဒင္းက သင့္ရဲ႕အိပ္စက္မႈကို အေႏွာင့္အယွက္ေပးေနတဲ့ အရာပါ။ နီကိုဒင္းက စိတ္ကိုႏိုးၾကား တက္ၾကြသြားေစတဲ့အတြက္ အိပ္စက္ဖို႔ ခဲယဥ္းသြားတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ညဘက္အိပ္ရာဝင္ခါနီး ေဆးလိပ္ေသာက္တတ္တဲ့ အက်င့္ကို ေဖ်ာက္ပစ္ဖုိ႔ လိုပါတယ္။

(၄) ဖုန္းအသံုးျပဳျခင္း

သင္က ညဘက္အိပ္ရာေပၚမွာ ဖုန္းအသံုးျပဳတတ္တဲ့သူလား။ ေလ့လာဆန္းစစ္ခ်က္ေတြအရေတာ့ အသက္ ၂၀နဲ႔ ၂၄ ဝန္းက်င္ လူငယ္ေတြက ညဘက္အိပ္ရာဝင္ခါနီးတုိင္း ဖုန္းကို အသံုးျပဳၾကတယ္လို႔ ဆိုပါတယ္။ ဒါကလည္း သင့္ရဲ႕ အိပ္စက္မႈကို အေႏွာင့္အယွက္ေပးေနတယ္ ဆုိတာ သိသင့္ပါတယ္။ ဖုန္းရဲ႕ အလင္းေရာင္ ေရာင္ျပန္ဟပ္မႈက သင့္စိတ္ကို ႏုိးၾကားသြားေစႏုိင္ၿပီး ညဘက္အိပ္မရတာမ်ိဳး ျဖစ္ေစႏုိင္တဲ့ အတြက္ေၾကာင့္ပါ။

(၅) ေရေအးန႔ဲမ်က္ႏွာသစ္ျခင္း

အသားအေရမပ်က္စီးဖို႔အတြက္ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ တစ္ေန႔ကို ႏွစ္ႀကိမ္ မ်က္ႏွာသန္႔ရွင္း စင္ၾကယ္ဖုိ႔ လိုပါတယ္။ ဒါေပမယ့္ အိပ္ရာဝင္ခါနီးမွ မ်က္ႏွာသစ္တာက သင့္ရဲ႕အိပ္စက္မႈကို အေႏွာင့္အယွက္ေပးေနပါတယ္။ ေရေအးနဲ႔ မ်က္ႏွာသစ္လိုက္တဲ့အတြက္ လန္းဆန္းသြားၿပီး သင့္ရဲ႕ခႏၶာကိုယ္ကလည္း အေႏြးဓာတ္ကို ထုတ္လႊတ္ဖို႔ ျပန္လည္ႀကိဳးစားရတဲ့အတြက္ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္တာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ ညဘက္ အိပ္ရာမဝင္ မိနစ္ပိုင္းအတြင္း ေရေအးနဲ႔ မ်က္ႏွာသစ္တာမ်ိဳး မျပဳလုပ္ပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ကျန်းမာကြံ့ခိုင်တဲ့ ဘဝကို ပိုင်ဆိုင်ရရှိဖို့ အတွက် လုံလောက်စွာ အိပ်စက်မှုကလည်း အရေးကြီး ပါတယ်။ လူတစ်ယောက်မှာ တစ်နေ့ကို ၇နာရီ၊ ၈နာရီလောက် အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် တခါတရံမှာ အိပ်မရတာ၊ အိပ်နေရင်းညဘက် လန့်နိုးတာ၊ နိုးလာပြီး ပြန်အိပ်မရတာမျိုး ကြုံတွေ့ဖူးကြမှာပါ။ အမှန်တကယ်တော့ သင့်ရဲ့ အိပ်စက်မှုကို အနှောင့်အယှက်ပေး နေတာကတော့ သင်ကိုယ်တိုင်ပါပဲ။ သင့်ရဲ့ အိပ်စက်မှုကို အနှောင့်အယှက်ပေးနေတဲ့ အမူအကျင့်ဆိုးတွေကို ပြုပြင်ဖို့တော့ လိုပါတယ်။

(၁) အခန်းတွင်းအပူချိန်

အခန်းတွင်း အပူချိန်ကလည်း သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အကြောင်းအရင်း တစ်ရပ်ပါပဲ။ တကယ်လို့ အခန်းတွင်းအပူချိန်က မြင့်တက်နေတယ်ဆိုရင် အိပ်စက်နေရင်း လန့်နိုးတာ၊ ညဘက်အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အခန်းတွင်းအပူချိန်ကို အနည်းငယ်အေး အောင် လုပ်ပြီးမှ အိပ်စက်တာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။

(၂) အိပ်ရာ

ညစဉ်ညတိုင်း အိပ်စက်အနားယူတဲ့ အိပ်ရာ၊ မွေ့ရာကလည်း သက်တောင့်သက်သာ ရှိနေဖို့ အရေးကြီးပါတယ်နော်။ အိပ်ရာ၊ မွေ့ရာက မကောင်းဘူးဆိုရင် အိပ်စက်နေရင်း ခါးနာတာ၊ လည်ပင်းနာတာမျိုး ဖြစ်ပြီး သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်သွားစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ရာခင်းတွေ သန့်ရှင်းစင်ကြယ်နေဖို့လည်း လိုတာကြောင့် တစ်ပတ်တစ်ကြိမ်လောက် အိပ်ရာခင်းကို လဲလှယ်ပေးဖို့ မမေ့ပါနဲ့။

(၃) ဆေးလိပ်သောက်သုံးခြင်း

ဆေးလိပ်သောက်သုံးခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလို ဆေးလိပ်မှာပါဝင်တဲ့ နီကိုဒင်းက သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ပေးနေတဲ့ အရာပါ။ နီကိုဒင်းက စိတ်ကိုနိုးကြား တက်ကြွသွားစေတဲ့အတွက် အိပ်စက်ဖို့ ခဲယဉ်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ညဘက်အိပ်ရာဝင်ခါနီး ဆေးလိပ်သောက်တတ်တဲ့ အကျင့်ကို ဖျောက်ပစ်ဖို့ လိုပါတယ်။

(၄) ဖုန်းအသုံးပြုခြင်း

သင်က ညဘက်အိပ်ရာပေါ်မှာ ဖုန်းအသုံးပြုတတ်တဲ့သူလား။ လေ့လာဆန်းစစ်ချက်တွေအရတော့ အသက် ၂၀နဲ့ ၂၄ ဝန်းကျင် လူငယ်တွေက ညဘက်အိပ်ရာဝင်ခါနီးတိုင်း ဖုန်းကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ဒါကလည်း သင့်ရဲ့ အိပ်စက်မှုကို အနှောင့်အယှက်ပေးနေတယ် ဆိုတာ သိသင့်ပါတယ်။ ဖုန်းရဲ့ အလင်းရောင် ရောင်ပြန်ဟပ်မှုက သင့်စိတ်ကို နိုးကြားသွားစေနိုင်ပြီး ညဘက်အိပ်မရတာမျိုး ဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ပါ။

(၅) ရေအေးနဲ့မျက်နှာသစ်ခြင်း

အသားအရေမပျက်စီးဖို့အတွက် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသန့်ရှင်း စင်ကြယ်ဖို့ လိုပါတယ်။ ဒါပေမယ့် အိပ်ရာဝင်ခါနီးမှ မျက်နှာသစ်တာက သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ပေးနေပါတယ်။ ရေအေးနဲ့ မျက်နှာသစ်လိုက်တဲ့အတွက် လန်းဆန်းသွားပြီး သင့်ရဲ့ခန္ဓာကိုယ်ကလည်း အနွေးဓာတ်ကို ထုတ်လွှတ်ဖို့ ပြန်လည်ကြိုးစားရတဲ့အတွက် တော်တော်နဲ့ အိပ်မပျော်တာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ညဘက် အိပ်ရာမဝင် မိနစ်ပိုင်းအတွင်း ရေအေးနဲ့ မျက်နှာသစ်တာမျိုး မပြုလုပ်ပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top