န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×










Credit: Original

#Unicode Version#
အမျိုးသမီးတွေ ရာသီလာတာဟာ ရှက်စရာ မဟုတ်သလို နိမ့်ကျမှု တစ်ခုလည်း မဟုတ်ပါဘူး။ ကျန်းမာရေး ဖြစ်စဉ် တစ်ခုပါ...

- အမျိုးသမီးတွေ ရာသီလာလို့ ရှက်ပြီး အပြင်မထွက်ရဲတာ ရာသီလာတာကို လူသိမှာ ကြောက်တာ.. ဥပမာ - အိမ်က အဖေကိုတောင် စကား မပြောရဲတာမျိုးတွေ မလုပ်ပါနဲ့။ ပုံမှန်အတိုင်း နေထိုင် သွားလာပါ။ အာဟာ ရရှိတာ သွေးအားကောင်း စေတာတွေ စားပါ...

- စိတ်ကို သက်တောင့်သက်သာနေပါ.. သက်တောင့်သက်သာ ဖြစ်မဲ့ အဝတ်ကို ဝတ်ပါ.. အဲ့ဒီရက်ပိုင်း စိတ်မကြည်မလင် ဖြစ်တတ်ကြလို့ပါ..

- ရာသီလာတာ အမျိုးသမီး သဘာဝအရ သားဥကြွေတဲ့ အတွက် အရွယ်ရောက်တဲ့ အမျိုးသမီးတိုင်း ကြုံရမဲ့၊ ကြုံရတဲ့ ဖြစ်စဉ် တခုပါ။ မိခင် တစ်ယောက်ဖြစ်ဖို့အတွက် အဆင်သင့် ဖြစ်နေတဲ့သဘောပါ။

- အဲ့အတွက် ဂွမ်းထုတ် ဝယ်တာလည်း ရှက်စရာ မဟုတ်ပါ.. ကိုယ်နဲ့ သင့်တော်မဲ့ တံဆိပ်၊ နေ့သုံးနဲ့ ညသုံး၊ နေ့စဉ်သုံး သေချာရွေးဝယ်ပါ. ဒိတ်အောက် မအောက် သေချာကြည့်ဝယ်ပါ... တချို့ပစ္စည်းတွေ ဒိတ်အောက်နေတတ်လို့ပါ။ အကယ်၍ သုံးမိရင် အန္တရာယ် ရှိတတ်လို့ပါ။ အနံ့အသက် အတွက်လည်း ခုနောက်ပိုင်း menthol ပါတာတွေ herbal အနံ့တွေနဲ့ ထုတ်တာတွေရှိနေပါပြီ။ packing လေးတွေ လည်း ချစ်စရာလေးတွေနဲ့ ပါးပါးလွှာလွှာလေးတွေ ရနေပါပြီ။


ရှောင်ရမှာ က ပေါက်မှာစိုးလို့ နှစ်ထပ် သုံးထပ် ခံမသုံးပါနဲ့ ပိုပေါက်ပြီး ပျက်လွယ် လို့ပါ ပါးလွှာပြီး မပေါက်ပျက်တဲ့ ဂွမ်းထုပ်တွေ quality ကောင်းတာ တွေ ရွေးဝယ်ပါ။ ခြောက်နာရီခြားတခါ လဲပေးပါ။ ရာသီလာစဉ် တကိုယ် ရေသန့်ရှင်းရေးကို ပုံမှန်လုပ်ပါ။ တချို့တွေ အဲ့ဒီရက်ပိုင်း ခန္ဓာကိုယ် သေမလောက် ကိုက်ခဲတတ်ပါတယ်။ ပုံမှန်ထက်ပိုကိုက်ရင် ဆရာဝန် လမ်းညွှန်ချက်ယူတာ အကောင်းဆုံးပါ။

- ဒါအပြင် ရာသီလာလို့ အပြင်သွားခါနီးရင် pad ဆောင်သွားဖို့ မရှက်ပါနဲ့...

- ရာသီလာတာ သင်တယောက်တည်း မဟုတ်ပါဘူး သွေးမဆုံးသေးတဲ့ အမျိုးသမီးတိုင်း လာပါတယ်။ တယောက်တည်း အထီးကျန်သလို မခံစားပါနဲ့ ကျတော်.တို့အားလုံး အတူတူရှိနေပါတယ်..

- အမျိုးသားတွေ အနေနဲ့လည်း အမျိုးသမီးတွေ ရာသီလာတာ နိမ့်ကျ၊ နိမ့်ချစရာ ကိစ္စ မဟုတ်တဲ့အတွက် ကျန်းမာရေး ရှု့ထောင့်ကနေ ကူညီ ဖေးမပေးပြီး ဝိုင်းဝန်းလှောင်ပြောင်မှုတွေ ရှောင်ရှားပေးကြပါ ဝိုင်းဝန်း ကူညီခြင်းဖြင် နွေးထွေးတဲ့ လူ့အသိုင်းအဝိုင်းကို တည်ဆောက်ပေးကြပါ.. ကျေးဇူးတင်ပါတယ်...
ဖိုးသူတော် (www.phothutaw.com)
Credit: Original
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top