×

မိမိ တကၠစီကို ငွားစီးသူ၏ ပစၥည္း မ်ားကိုလည္းေကာင္း၊ အျခားေမာ္ေတာ္ယာဥ္မ်ားေပၚမွ ပစၥည္းမ်ားကိုလည္းေကာင္း ခိုးယူခဲ့သည့္ သူခိုးတစ္ဦးအား ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕ မွ ဖမ္းဆီးရမိခဲ့သည္။ယင္းသူခိုးမွာ Mira အမ်ိဳးအစား ကားနံပါတ္ GG/— ကို ပိုင္ရွင္ထံမွ တစ္ရက္လွ်င္ တစ္ေသာင္းက်ပ္ျဖင့္ ငွားရမ္းေမာင္းႏွင္ေနသူ စိုးရာဇာ(ခ) မိုဟာမက္ အဘတ္စ္ (၃၃ ႏွစ္)ျဖစ္သည္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ည ၈ နာရီအခ်ိန္ခန႔္က မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ သာယာကုန္း ရပ္ကြက္ aန ေဒၚ—-သည္ ေနအိမ္ေရွ႕တြင္ ၎ပိုင္ယာဥ္အမွတ္ 6F/—– ဟိုက္ဂ်က္ အျဖဴေရာင္ယာဥ္၏ ေနာက္ခန္းတြင္ အဝတ္အထည္မ်ိဳးစုံ(၁၀၇၀)ထည္(ကာလတန္ဖိုး က်ပ္၇၄သိန္း)အား တင္ေဆာင္၍ ကားကိုေသာ့ခတ္ထားခဲ့ၿပီး ေနာက္န႔ နံနက္ ၅ နာရီခြဲအခ်ိန္ သြားေရာက္ၾကည့္ရႈ႕ရာ ပစၥည္းမ်ားမရွိေတာ့ပဲ ေပ်ာက္ဆုံးေနသျဖင့္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕မ ရဲစခန္း မွ (ပ) ၈၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ ျဖင့္ အမႈဖြင့္အေရးယူေဆာင္႐ြက္ခဲ့သည္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ည ၈ နာရီအခ်ိန္ခန႔္က မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ သာယာကုန္း ရပ္ကြက္ aန ေဒၚ—-သည္ ေနအိမ္ေရွ႕တြင္ ၎ပိုင္ယာဥ္အမွတ္ 6F/—– ဟိုက္ဂ်က္ အျဖဴေရာင္ယာဥ္၏ ေနာက္ခန္းတြင္ အဝတ္အထည္မ်ိဳးစုံ(၁၀၇၀)ထည္(ကာလတန္ဖိုး က်ပ္၇၄သိန္း)အား တင္ေဆာင္၍ ကားကိုေသာ့ခတ္ထားခဲ့ၿပီး ေနာက္န႔ နံနက္ ၅ နာရီခြဲအခ်ိန္ သြားေရာက္ၾကည့္ရႈ႕ရာ ပစၥည္းမ်ားမရွိေတာ့ပဲ ေပ်ာက္ဆုံးေနသျဖင့္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕မ ရဲစခန္း မွ (ပ) ၈၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ ျဖင့္ အမႈဖြင့္အေရးယူေဆာင္႐ြက္ခဲ့သည္။

ယင္းအမႈကို ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ မႈခင္းေဖာ္ထုတ္ေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းခဲ့ရာ ယာဥ္အမွတ္ GG/—— Mira အမ်ိဳးအစား တကၠစီတစ္စီးမွာ အခင္းျဖစ္ေနရာ ပတ္ဝန္းက်င္တြင္သြားလာမႈရွိခဲ့သည္ကို မသကၤာဖြယ္ရာ စိစစ္ေတြ႕ရွိခဲ့ရၿပီး ယာဥ္ေမာင္းမွာ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ကန္/အေနာက္ရပ္ကြက္ေန စိုးရာဇာ(ခ) မိုဟာမက္အဘတ္စ္ (၃၃)ႏွစ္ ဆိုသူျဖစ္ေၾကာင္း စုံစမ္းသိရွိခဲ့ရသျဖင့္ ၎အား ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔ ည ၈ နာရီခြဲအခ်ိန္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ စက္႐ုံလမ္းေပၚတြင္ GG/—— Mira အမ်ိဳးအစား အငွားယာဥ္ႏွင့္ အတူ ဖမ္းဆီးရမိခဲ့သည္။

စိုးရာဇာ(ခ) မိုဟာမက္ အဘတ္စ္ စစ္ေဆးရာ ၎သည္အငွားယာဥ္အား တစ္ရက္(၁)ေသာင္းက်ပ္ျဖင့္ ငွားရမ္းေမာင္းႏွင္လွ်က္ရွိၿပီး ေဖေဖာ္ဝါရီလအတြင္း မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ သာယာကုန္း ရပ္ကြက္၊ ေအာင္သေျပလမ္းေပၚတြင္ ရပ္ထားသည့္ ယာဥ္အမွတ္ 6F/—– ဟိုက္ဂ်က္အမ်ိဳးအစား အျဖဴေရာင္ယာဥ္ေပၚမွ အဝတ္အထည္ထုပ္မ်ားအားလည္း သူ၏ကားေပၚသို႔ ခိုးယူခဲ့ျခင္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ အလံျပဘုရားလမ္း အနီး ခရီးသည္ အမ်ိဳးသမီး မွ သူ၏ကားကို ငွားရမ္းစီးနင္းကာ ယာဥ္ေပၚသို႔ ေဆးမႈန႔္အထုပ္မ်ား တင္ေဆာင္ေနၿပီး က်န္ရွိပစၥည္းမ်ား တင္ေဆာင္ရန္သြားေနစဥ္ ယာဥ္အား ပစၥည္းမ်ားႏွင့္အတူ ေမာင္းႏွင္ထြက္ေျပး၍ ခိုးယူခဲ့ုျခင္း၊ ဆက္လက္၍ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ သုဓမၼာလမ္းႀကီးေဘးတြင္ ရပ္ထားသည့္ ယာဥ္တစ္စီးေပၚမွ အထည္မ်ားအား လည္းေကာင္းခိုးယူကာ ေရာင္းခ်ခဲ့ျခင္းမ်ားကို စစ္ေဆးေပၚေပါက္ခဲ့သည္။

ေပၚေပါက္ခ်က္မ်ားအရ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ ယာဥ္ႏွင့္ခိုးယူခဲ့သည့္ သက္ေသခံ ပစၥည္းမ်ားအား သိမ္းဆည္းႏိုင္ခဲ့ကာျပစ္မႈက်ဴးလြန္သူ စိုးရာဇာ(ခ) မိုဟာမက္အဘတ္စ္ အား သက္ဆိုင္ရာ ရဲစခန္းမ်ားတြင္ အမႈမ်ားအသီးသီးေရးဖြင့္ အေရးယူေဆာင္႐ြက္လ်က္ရွိၿပီး သက္ေသခံပစၥည္းမ်ား ႏွင့္စပ္လ်ဥ္း ၍ ပိုင္ရွင္အစစ္အမွန္သိရွိႏိုင္ရန္အတြက္ ပိုင္ရွင္မ်ားအေနျဖင့္ ယင္ဒရဲစခန္းမ်ားသို႔ ဆက္သြယ္ႏိုင္ၾကပါေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popular News

#Unicode Version#
မိမိ တက္ကစီကို ငှားစီးသူ၏ ပစ္စည်း များကိုလည်းကောင်း၊ အခြားမော်တော်ယာဉ်များပေါ်မှ ပစ္စည်းများကိုလည်းကောင်း ခိုးယူခဲ့သည့် သူခိုးတစ်ဦးအား ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ ဖမ်းဆီးရမိခဲ့သည်။ယင်းသူခိုးမှာ Mira အမျိုးအစား ကားနံပါတ် GG/— ကို ပိုင်ရှင်ထံမှ တစ်ရက်လျှင် တစ်သောင်းကျပ်ဖြင့် ငှားရမ်းမောင်းနှင်နေသူ စိုးရာဇာ(ခ) မိုဟာမက် အဘတ်စ် (၃၃ နှစ်)ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက် aန ဒေါ်—-သည် နေအိမ်ရှေ့တွင် ၎င်းပိုင်ယာဉ်အမှတ် 6F/—– ဟိုက်ဂျက် အဖြူရောင်ယာဉ်၏ နောက်ခန်းတွင် အဝတ်အထည်မျိုးစုံ(၁၀၇၀)ထည်(ကာလတန်ဖိုး ကျပ်၇၄သိန်း)အား တင်ဆောင်၍ ကားကိုသော့ခတ်ထားခဲ့ပြီး နောက်န့ နံနက် ၅ နာရီခွဲအချိန် သွားရောက်ကြည့်ရှု့ရာ ပစ္စည်းများမရှိတော့ပဲ ပျောက်ဆုံးနေသဖြင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း မှ (ပ) ၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက် aန ဒေါ်—-သည် နေအိမ်ရှေ့တွင် ၎င်းပိုင်ယာဉ်အမှတ် 6F/—– ဟိုက်ဂျက် အဖြူရောင်ယာဉ်၏ နောက်ခန်းတွင် အဝတ်အထည်မျိုးစုံ(၁၀၇၀)ထည်(ကာလတန်ဖိုး ကျပ်၇၄သိန်း)အား တင်ဆောင်၍ ကားကိုသော့ခတ်ထားခဲ့ပြီး နောက်န့ နံနက် ၅ နာရီခွဲအချိန် သွားရောက်ကြည့်ရှု့ရာ ပစ္စည်းများမရှိတော့ပဲ ပျောက်ဆုံးနေသဖြင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း မှ (ပ) ၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။

ယင်းအမှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ ယာဉ်အမှတ် GG/—— Mira အမျိုးအစား တက္ကစီတစ်စီးမှာ အခင်းဖြစ်နေရာ ပတ်ဝန်းကျင်တွင်သွားလာမှုရှိခဲ့သည်ကို မသင်္ကာဖွယ်ရာ စိစစ်တွေ့ရှိခဲ့ရပြီး ယာဉ်မောင်းမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/အနောက်ရပ်ကွက်နေ စိုးရာဇာ(ခ) မိုဟာမက်အဘတ်စ် (၃၃)နှစ် ဆိုသူဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ၎င်းအား ဖေဖော်ဝါရီ ၁၂ ရက်နေ့ ည ၈ နာရီခွဲအချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်းပေါ်တွင် GG/—— Mira အမျိုးအစား အငှားယာဉ်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

စိုးရာဇာ(ခ) မိုဟာမက် အဘတ်စ် စစ်ဆေးရာ ၎င်းသည်အငှားယာဉ်အား တစ်ရက်(၁)သောင်းကျပ်ဖြင့် ငှားရမ်းမောင်းနှင်လျှက်ရှိပြီး ဖေဖော်ဝါရီလအတွင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက်၊ အောင်သပြေလမ်းပေါ်တွင် ရပ်ထားသည့် ယာဉ်အမှတ် 6F/—– ဟိုက်ဂျက်အမျိုးအစား အဖြူရောင်ယာဉ်ပေါ်မှ အဝတ်အထည်ထုပ်များအားလည်း သူ၏ကားပေါ်သို့ ခိုးယူခဲ့ခြင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အလံပြဘုရားလမ်း အနီး ခရီးသည် အမျိုးသမီး မှ သူ၏ကားကို ငှားရမ်းစီးနင်းကာ ယာဉ်ပေါ်သို့ ဆေးမှုန့်အထုပ်များ တင်ဆောင်နေပြီး ကျန်ရှိပစ္စည်းများ တင်ဆောင်ရန်သွားနေစဉ် ယာဉ်အား ပစ္စည်းများနှင့်အတူ မောင်းနှင်ထွက်ပြေး၍ ခိုးယူခဲ့ုခြင်း၊ ဆက်လက်၍ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းကြီးဘေးတွင် ရပ်ထားသည့် ယာဉ်တစ်စီးပေါ်မှ အထည်များအား လည်းကောင်းခိုးယူကာ ရောင်းချခဲ့ခြင်းများကို စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ယာဉ်နှင့်ခိုးယူခဲ့သည့် သက်သေခံ ပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ကာပြစ်မှုကျူးလွန်သူ စိုးရာဇာ(ခ) မိုဟာမက်အဘတ်စ် အား သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများ နှင့်စပ်လျဉ်း ၍ ပိုင်ရှင်အစစ်အမှန်သိရှိနိုင်ရန်အတွက် ပိုင်ရှင်များအနေဖြင့် ယင်ဒရဲစခန်းများသို့ ဆက်သွယ်နိုင်ကြပါကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Popular News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top