ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

ဗီယက္နမ္ႏိုင္ငံ ၊ ဟိုခ်ီမင္းျမိဳ ့၊ Binh Tan ျမိဳ ့နယ္မွ ဂ​ေဟေဆာ္လုပ္ငန္းရွင္တစ္​ဦးဟာ တရုတ္ႏွစ္သစ္ကူးအႀကိဳအျဖစ္ မိမိလုပ္ငန္းမွ၀န္ထမ္းမ်ားအား ေဖေဖၚ၀ါရီလ ၁၂ရက္​ေန႔ ညေနခင္းက ေနအိမ္တြင္ ဖိတ္ေခၚေကၽြးေမြးျပီး ေပ်ာ္ရႊင္စြာစားေသာက္ခဲ့ႀကပါတယ္။

၂ရက္ႀကာသည့္အခါ အဆိုပါေနအိမ္မွ အပုပ္နံ ့ကဲ့သို ့ေသာအရာအား ရပ္ကြက္အတြင္းရိွေနထိုင္သူမ်ားကရရိွခဲ့သျဖင့္ ရဲတပ္ဖြဲ ့သို ့အေႀကာင္းႀကားခဲ့ျပီး ေနအိမ္တံခါးအား ဖ်က္ျပီး၀င္ေရာက္စစ္ေဆးသည့္အခါ ပိုင္ရွင္ျဖစ္သူအမ်ိဳးသား(၄၆ႏွစ္) ၊ ဇနီးျဖစ္သူ(၃၄ႏွစ္)ႏွင့္ အသက္၆ႏွစ္မွ၁၃ႏွစ္အႀကားရိွ ကေလးငယ္ ၃ဦး ၊ စုစုေပါင္း ၅ဦးမွာ ဓါးျဖင့္ ပြဲခ်င္းျပီး ခုတ္သတ္ခံထားရတာကို ေတြ႕ရိွရပါတယ္။

ဗီယက္နမ္တစ္​ႏိုင္ငံလံုးနီးပါးအား တုန္လွဳပ္ေစခဲ့ေသာအဆိုပါျဖစ္ရပ္အား ရဲတပ္ဖြဲ ့မွ အပူတျပင္းစံုစမ္းခဲ့ျပီးေနာက္ ၁ရက္အႀကာတြင္ အသတ္ခံရသူ၏ အသက္ ၁၈ႏွစ္အရြယ္သာရိွေသးသည့္ အလုပ္သမားျဖစ္သူလူသတ္တရားခံ(ပူးတြဲပါပံု)အား ဗီယက္နမ္ေတာင္ပိုင္း Long An ျပည္နယ္တြင္ ဖမ္းဆီးရမိခဲ့ပါတယ္။

ကနဦးစစ္ခ်က္အရ အခင္းျဖစ္သည့္ညေနခင္းတြင္ အသတ္ခံရသူမိသားစု၀င္မ်ားႏွင့္ အျခားအလုပ္သမားမ်ားဟာ အတူတကြစားေသာက္ခဲ့ႀကျပီးေနာက္ တျခားအလုပ္သမားမ်ားဟာ တရုတ္ႏွစ္သစ္ကူး အားလပ္ရက္ရွည္အတြက္ေနရပ္သို ့ျပန္သြားခဲ့ေသာလည္း တရားခံဟာေနအိမ္ရဲ ့အေနာက္ဖက္တြင္ ပုန္းေအာင္းေနခဲ့ျပီးေနာက္ ပစၥည္းဥစၥာမ်ားအားခိုးယူ/လုယက္ရန္ႀကိဳးပမ္းခဲ့ျပီး ခေလးငယ္မ်ားပါမက်န္ အလုပ္ရွင္ တစ္မိသားစုလံုးအား က်ဴငုတ္ပါမက်န္ သတ္ျဖတ္ခဲ့တယ္လို ့ဆိုပါတယ္။

ဤမၽွငယ္ရြယ္သည့္ အသက္အရြယ္ျဖင့္ပင္ သာမန္လူစိတ္ရိွသည့္ လူသားမ်ား မလုပ္ေဆာင္ႏိုင္သည့္ ရက္စက္ႀကမ္းႀကဳတ္မွဳ မ်ိဳးအား လုပ္ေဆာင္လာႀကသည့္ မ်က္ေမွာက္ေခတ္ လူ႔အဖြဲ႕အစည္းရဲ ့ျပယုဂ္တစ္ခုျဖစ္ျပီး လူ ့ျပည္ကို ဂုမၻာန္တစ္ေထာင္ဆင္းလာလိမ့္မည္ ဆိုသည့္ က်ေနာ္တို ့ငယ္စဥ္ကတည္းက ႀကားသိလာခဲ့ရသည့္ ျမန္မာ့ေရွးရိုးတေဘာင္ တစ္​ခုကို ျပန္ေျပာင္း အမွတ္ရေစပါတယ္။

ဗုဒံၶ ၊ ဓမံၼ ၊ သံဃံ – သရဏံ ၃ပါးအေပၚ အေဝစၥပသာဒသဒၶါ – မတုန္မလွဳပ္ႀကည္ညိဳလ်က္ အေျခခံကံ ၅ပါးအား ခါး၀တ္ပုဆိုးကဲ့သို ့ျမဲျမံႀကျခင္းျဖင့္ သုခခ်မ္းသာကို အစဥ္ခံစား ႀကံဳေတြ ့ႏိုင္ႀကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေမသတငိးရပ္​ကြက္​​ေလး

# Unicode Version ဖြင့်ဖတ်ရန် #
ဗီယက်နမ်နိုင်ငံ ၊ ဟိုချီမင်းမြို့၊ Binh Tan မြို့နယ်မှ ဂဟေဆော်လုပ်ငန်းရှင်တစ်ဦးဟာ တရုတ်နှစ်သစ်ကူးအကြိုအဖြစ် မိမိလုပ်ငန်းမှဝန်ထမ်းများအား ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ ညနေခင်းက နေအိမ်တွင် ဖိတ်ခေါ်ကျွေးမွေးပြီး ပျော်ရွှင်စွာစားသောက်ခဲ့ကြပါတယ်။

၂ရက်ကြာသည့်အခါ အဆိုပါနေအိမ်မှ အပုပ်နံ့ကဲ့သို့သောအရာအား ရပ်ကွက်အတွင်းရှိနေထိုင်သူများကရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့ပြီး နေအိမ်တံခါးအား ဖျက်ပြီးဝင်ရောက်စစ်ဆေးသည့်အခါ ပိုင်ရှင်ဖြစ်သူအမျိုးသား(၄၆နှစ်) ၊ ဇနီးဖြစ်သူ(၃၄နှစ်)နှင့် အသက်၆နှစ်မှ၁၃နှစ်အကြားရှိ ကလေးငယ် ၃ဦး ၊ စုစုပေါင်း ၅ဦးမှာ ဓါးဖြင့် ပွဲချင်းပြီး ခုတ်သတ်ခံထားရတာကို တွေ့ရှိရပါတယ်။

ဗီယက်နမ်တစ်နိုင်ငံလုံးနီးပါးအား တုန်လှုပ်စေခဲ့သောအဆိုပါဖြစ်ရပ်အား ရဲတပ်ဖွဲ့မှ အပူတပြင်းစုံစမ်းခဲ့ပြီးနောက် ၁ရက်အကြာတွင် အသတ်ခံရသူ၏ အသက် ၁၈နှစ်အရွယ်သာရှိသေးသည့် အလုပ်သမားဖြစ်သူလူသတ်တရားခံ(ပူးတွဲပါပုံ)အား ဗီယက်နမ်တောင်ပိုင်း Long An ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့ပါတယ်။

ကနဦးစစ်ချက်အရ အခင်းဖြစ်သည့်ညနေခင်းတွင် အသတ်ခံရသူမိသားစုဝင်များနှင့် အခြားအလုပ်သမားများဟာ အတူတကွစားသောက်ခဲ့ကြပြီးနောက် တခြားအလုပ်သမားများဟာ တရုတ်နှစ်သစ်ကူး အားလပ်ရက်ရှည်အတွက်နေရပ်သို့ပြန်သွားခဲ့သောလည်း တရားခံဟာနေအိမ်ရဲ့အနောက်ဖက်တွင် ပုန်းအောင်းနေခဲ့ပြီးနောက် ပစ္စည်းဥစ္စာများအားခိုးယူ/လုယက်ရန်ကြိုးပမ်းခဲ့ပြီး ခလေးငယ်များပါမကျန် အလုပ်ရှင် တစ်မိသားစုလုံးအား ကျူငုတ်ပါမကျန် သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

ဤမျှငယ်ရွယ်သည့် အသက်အရွယ်ဖြင့်ပင် သာမန်လူစိတ်ရှိသည့် လူသားများ မလုပ်ဆောင်နိုင်သည့် ရက်စက်ကြမ်းကြုတ်မှု မျိုးအား လုပ်ဆောင်လာကြသည့် မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းရဲ့ပြယုဂ်တစ်ခုဖြစ်ပြီး လူ့ပြည်ကို ဂုမ္ဘာန်တစ်ထောင်ဆင်းလာလိမ့်မည် ဆိုသည့် ကျနော်တို့ငယ်စဉ်ကတည်းက ကြားသိလာခဲ့ရသည့် မြန်မာ့ရှေးရိုးတဘောင် တစ်ခုကို ပြန်ပြောင်း အမှတ်ရစေပါတယ်။

ဗုဒ္ဓံ ၊ ဓမ္မံ ၊ သံဃံ – သရဏံ ၃ပါးအပေါ် အဝေစ္စပသာဒသဒ္ဓါ – မတုန်မလှုပ်ကြည်ညိုလျက် အခြေခံကံ ၅ပါးအား ခါးဝတ်ပုဆိုးကဲ့သို့မြဲမြံကြခြင်းဖြင့် သုခချမ်းသာကို အစဉ်ခံစား ကြုံတွေ့နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:  မေသတငိးရပ်ကွက်လေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top