ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

႐ွင္ေမြးလြန္း နဲ႔ မင္းနႏၵာ ဇာတ္လမ္းေလးဟာ
ပုဂံ သမိုင္းေၾကာင္းေတာ့မဟုတ္ပါဘူး ဒါေပမယ့္
ငယ္ငယ္က အိပ္ယာ၀င္ပံုျပင္ေလးအျဖစ္ အားလံုး
ရင္းႏွီးေနၿပီးသားျဖစ္ၾကမယ္လို႔ ထင္ပါတယ္

သို႔ေပမယ့္လည္း တကယ့္အျဖစ္အပ်က္ေလးျဖစ္တဲ့
႐ွင္ေမြးလြန္း နဲ႔ မင္းနႏၵာ ရဲ႕ အတိတ္အေၾကာင္းဆီ
အလည္တေခါက္ သြားၾကပါစို႔လား :-) :-) :-)

ယခုအခါ ေက်ာက္တန္းၿမိဳ႕အရပ္ ျဖစ္ေသာ ေရွးအခါက သီဟဒီပက်ြန္းတြင္ ေဇယ်ေသနမင္း မင္းျပဳေလသည္။ ထိုမွ ပါဒအရပ္သို႔ေျပာင္းေရႊ႔နန္းစံခဲ့သည္။ ထို ပါဒၿမိဳ႕၏ ေနာက္ဆံုးမင္းဆက္ျဖစ္ေသာ အရိႏၵရာဇမင္းကို ျပဒါး႐ွင္လံုးကိုရကာ အလြန္အင္အားႀကီးမားသန္မာေသာ ငသန္လ်ွင္က လုပ္ၾကံသတ္ျဖတ္ၿပီး ၿမိဳ႕သစ္တည္၍
မင္းျပဳေလသည္။
ထိုမင္းကို အစဲြျပဳ၍ ' သန္လ်င္ၿမိဳ႕ ' ဟုတြင္ေလသည္။
ပါဒၿမိဳ႕ႏွင့္ သန္လ်င္ၿမိဳ႕ ႏွစ္ရပ္တြင္ မင္းဆက္ ၃၆ ဆက္ရွိရာ သန္လ်င္ ေနာက္ဆံုးမင္းဆက္ျဖစ္ေသာ ေဘာဂေသနမင္းသည္
ျကခတ္ဝါးရံၿမိဳ႕ ကို တိုက္ခိုက္သိမ္းယူ၍ ဘုရင္မ သု၀ဏၰေဒဝီ ကို မိဖုရားျပဳေလသည္။ မိဖုရားႀကီးသည္ ကိုယ္၀န္ေဆာင္
ရက္ေစ့၍ ဖြားျမင္ခါနီး၌ မီးမဖြားနိုင္၍ နတ္ရြာစံေလ၏။
မီးသျဂႌဳဟ္ရာတြင္ ထင္းမီးပံုထက္၌ပင္ ဝမ္းတြင္းရွိ သမီးသေႏၶသည္ ဝမ္းမွေပါက္ထြက္ လြင့္စင္က်လာေလ၏။ အသက္လည္း ရွင္ေလသည္။
ထိုထူးဆန္းကံထူးေသာ သမီးေတာ္ကို ေဘာဂေသနဘုရင္သည္ အလြန္ခ်စ္ခင္ သနားေတာ္မူ၏။ သို႕ရာတြင္ သုသာန္၌ ဖြားေလသျဖင့္ ၿမိဳ႕တြင္းသို့ မသြင္းဘဲ ၿမိဳ႕ျပင္ အေနာက္ဘက္၌ တစ္ပင္တိုင္နန္း ေဆာက္၍ အေစာင့္အေရွာက္ အေျခြအရံႏွင့္ ေကာင္းစြာ ထားေလသည္။
အဲဒီလုိနဲ့ရွင္ေမြးလြန္းကေလး အရြယ္ေရာက္လာေတာ့
ပန္းသတင္းေလညွင္းေဆာင္ လူသတင္းလူခ်င္းေဆာင္္ဆုိသလုိ၊ရွင္ေမြးလြန္းကေလးရဲ ့ေခ်ာေမာလွပ
တဲ့သတင္းကဥကၠလာပတိုင္းနို္င္ငံအထိသင္းျပန္႔လာတယ္၊ ဥကၠလာပေနျပည္ေတာ္မွာလဲမင္းနႏၵာကေလးအရြယ္ေရာက္လာတဲ့ အခ်ိန္မွာသံလ်င္က်ြန္းကရွင္ေမြးလြန္းကေလးရဲ ့အလွသတင္းကေလးကလဲေမြွးလာေတာ့ မင္းနႏၵာကေလးကစိတ္၀င္စားလာတယ္၊
အဲဒီအေႀကာင္းကို မင္းသားေလးကအထိန္းေတာ္အမတ္ႀကီးေပါက္က်ိဳင္းကိုဖြင့္ေျပာၿပီး ႐ွင္ေမြးလြန္းေလးဆီ ေက်းေစတမန္ျဖင့္ စာပို႔ေစခဲ့တယ္
ဒီလိုနဲ႔ ေက်းေစတမန္ေလး ႐ွင္ေမြးလြန္းဆီေရာက္သြားတဲ့အခါ
လည္မွာဆဲြထားတဲ့ႀကဳတ္ကေလးကိုုျဖဳတ္ယူျပီးျဖည္ႀကည့္လုိ္က္ေတာ့ အထဲမွာ စာလြွာကေလးကိုေတြသြားခဲ့တယ္
ရွင္ေမြးလြန္းကေလးကလည္း အထိန္းေတာ္ႀကီးကိုအက်ိဳးအေႀကာင္းေျပာျပလုိက္ၿပီး
မင္းနႏၵာေလးဆီ စာျပန္ပို႔ေစခဲ့တယ္
ေက်းငွက္ကေလး လဲ စာကုိယူျပီးမင္းနႏၵာထံျပန္ေရာက္လာခဲ့တယ္။
ဒီလိုနဲ႔ မင္းနႏၵာေလးလည္း ႐ွင္ေမြးလြန္းေလးဆီ
သြားေတြ ့ခ်င္လို႔ အမတ္ႀကီးဆီအပူကပ္ပါေတာ့တယ္
ထိုအခါ အမတ္ႀကီးက
ျမစ္ကိုကူးသြားရမွာ မင္းသားေလးရဲ ့ခမည္းေတာ္ သိရင္ခြင့္ျပဳမွာမဟုတ္ဘူး ၿပီးေတာ့
မင္းနႏၵာကေလးေမြးစဥ္ကဘုရင္ႀကီးကပုဏၰျဖဴ+ပုဏၰညိဳေတြကိုေခၚျပီးကံဇာတာစစ္ခိုင္းေတာ့မင္းသား
ေလးဟာေရလမ္းခရီးအသြားမွာအသက္အႏၱရယ္ရွိတယ္လုိ႔ေဟာထားတယ္၊
အသက္အႏၱရယ္မ်ားတယ္ဆိုၿပီး ျငင္းဆိုခဲ့ပါတယ္။
႐ွင္ေမြးလြန္းေလးဆီ မသြားရေတာ့
မင္းသားေလးလည္း ပြဲေတာ္မတည္ေနကာ ဆႏၵျပေလေတာ့ ေနာက္ဆံုးမွာအမတ္ႀကီးက မင္းသားေလးကို အႏၱရယ္ႀကဳံရင္ကာကြယ္ဖို႔ သိႀကားမင္းေပးထားတဲ့
ႀကိမ္စႀက္ာနဲ႔ ေရထဲကို
ရုိက္ ငမိုးရိပ္ဆိုတဲ့မိေခ်ာင္း
ကိုေခၚျပိး သံလ်င္က်ြန္းက ႐ွင္ေမြးလြန္းဆီ ပုိ႔ခိုင္းရင္ ရပါတယ္မင္းသားေလးလို႔ေျပာလိုက္ပါေတာ့တယ္
မင္းနႏၵာေလးလည္း ခ်က္ျခင္း ေရျပင္ကို ႀကိမ္နဲ႔႐ိုက္ ငမိုးရိပ္ကိုေခၚကာ စီးလို႔ ျမစ္ကို ျဖတ္ကူးၿပီး ရွင္ေမြးလြန္းထံသို႕ သြားေလသည္။ ငမုိးရိပ္မိေခ်ာင္းမင္းသားေလးကိုေက်ာေပၚတင္ျပိးသံလ်င္က်ြန္းဘက္ကူးေနတာကို မလက္တုိ
တုိ ့အဖဲြ ကလုိက္ျပိးတို္က္ခိုက္ၾကေပမယ့္ မင္းနႏၵာရဲ ့ဘုန္းလက္ရုန္းနဲ ့လက္ထဲကႀကိမ္စၿကၤာ
အစြမ္းထက္ေတာ့ အနားမကပ္နိုင္ဘဲျဖစ္ၿပီး ထြက္ေျပးသြားခဲ့ရတယ္။
ငမိုးရိပ္လဲ မင္းနႏၵာကို ေခ်ာေခ်ာေမာေမာဘဲ သံလ်င္က်ြန္းကို အေရာက္ပုိ႔ေပးနို္င္ခဲ့တယ္၊၊ မင္းနႏၵာေလး နဲ႔ ႐ွင္ေမြးလြန္းေလးဟာေတြ႔ေတြ႔ျခင္းမွာပင္ ေမတၲာသက္ဝင္ ခ်စ္ခင္သြားၾကတယ္။ဒီလိုနဲ႔ မင္းနႏၵာဟာ ငမိုးရိပ္ မိေက်ာင္းကို စီး၍ မၾကာမၾကာ ရွင္ေမြလြန္းထံသို႕ ေရာက္ေလ့ရွိခဲ့တယ္။
မင္းနႏၵာကေလး ေန႔တိုင္းလုိလုိေရာက္လာေတာ့ မလက္တို မိေခ်ာင္းမက ရွင္ေမြးလြန္းနဲ ့မင္းနႏၵာတို႕ခ်စ္ႀကိဳက္ေနႀကတယ္ဆုိတာသိသြားတယ္၊
ငမုိးရိပ္က မင္းနႏၵာကိုေက်ာေပၚတင္ျပီးလာပို ့ရတာဆိုေတာ့-ငမုိးရိပ္ကိုသူတိုက္ခို္က္ဘုိ႔အတြက္စဥ္း
စားလုိက္တဲ့အခါမွာ မင္းနႏၵာကိုယ္ေတာ္ေလးရဲ ့ဘုန္းတန္ခုိးနဲ ႀကိမ္စၾကၤာေၾကာင့္ ငမိုးရိပ္ကို တို္က္လို႔မရဘူးျဖစ္ေနတာကို သိသြားၿပီး လူေယာင္ဖန္ဆင္းကာ ႐ွင္ေမြးလြန္းဆီ အလုပ္အေကြၽးအျဖစ္ခ်ဥ္းကပ္ပါေတာ့သည္။တစ္ရက္မွာေတာ့
ဥကၠလာပေနျပည္ေတာ္မွာညစာစားပဲြေတာ္တည္ခင္းက်င္းပတဲ့အခ်ိန္မွာနႏၵာမင္းသားေလး
ျပန္ေရာက္မလာလုိ႔ ဘုရင္ႀကီးက ျမစ္ကိုျဖတ္ၿပီးေတာ့ ႐ွင္ေမြးလြန္းဆီ သြားေနခဲ့တာသိသြားခဲ့တယ္
ပုဏၰျဖဴ+ပုဏၰညိုမ်ားက
သားေတာ္ေရလမ္းခရီးသြားလုိ႔မျဖစ္ဘူး ”ေဟာထားတာေၾကာင့္
သားေတာ္ေလးအသက္အႏၱရယ္
ကိုစုိးရိမ္ျပီး႔ ဘုရင္ႀကိီးက ႐ွင္ေမြးလြန္းဆီ သြားမရေအာင္ ႀကိမ္စႀကၤာကို ျပန္သိမ္းလုိက္ေတာ့မင္းနႏၵာေလးချမာ၊ရွင္ေမြးလြန္းထံ
မသြားနို္င္ဘဲျဖစ္ေနတာေပ့ါ၊
မင္းနႏၵာေလး ေရာက္မလာႏိုင္တဲ့အခ်ိန္မွာ မလတ္တိုဟာ ႐ွင္ေမြးလြန္းဆီ ခ်ဥ္းကပ္ၿပီး မင္းသားေလးဟာ တကယ္မခ်စ္လို႔ ေရာက္မလာေတာ့တာပါ တကယ္လို႔ ေရာက္လာခဲ့လ်ွင္ေတာင္ တကယ္ခ်စ္ရင္ ညာလက္ေမာင္းေပၚေခါင္းအံုး အိပ္ခြင့္ျပဳပါလို႔ အၾကံျဖင့္ ႐ွင္ေမြးလြန္းေလးအား စည္ရံုးသိမ္းသြင္းပါေတာ့တယ္
ရက္သတၱတစ္ပတ္ေလာက္ၾကာလာေတာ့ မင္း
နႏၵာေလးက ႐ွင္ေမြးလြန္း ကို သတိရလြန္းလုိ႔ကမ္းစပ္မွာလာျပီးသံလ်င္က်ြန္းဘက္ကုိ
ေမ်ွာ္ေငးေနတယ္၊
မေမွ်ာ္လင့္ဘဲငမိုးရိပ္မိေခ်ာင္းကိုေတြ ့သြားေတာ့ ---
႐ွင္ေမြးလြန္းဆီ ပို႔ခိုင္းပါေတာ့တယ္ ငမိုးရိပ္လည္း မလြန္ဆန္ဘဲ
ကုန္းေပၚထိုးတက္ေပးလုိက္တယ္ မင္းသားကေလးက ၀မ္းသာလြန္းလို ႔အေလာတႀကီးနဲ ့
လွမ္းတက္လုိက္တာ လက္ထဲက သံလ်က္ ေရထဲက်သြားတယ္။မင္းသားေလးလည္း ႐ွင္ေမြးလြန္းဆီ ေရာက္ဖို႔ေဇာကပ္ေနတာနဲ႔ ဒီတိုင္းထြက္လာခဲ့တယ္။
႐ွင္ေမြးလြန္းေလးဆီေရာက္ေတာ့ မင္းနႏၵာေလးကို မလက္တိုစကားနားေယာင္ၿပီး ညာလက္ေပၚေခါင္းအံုး အိပ္ဖို႔
႐ွင္ေမြးလြန္းေလးက အပူကပ္ပါေတာ့တယ္ မင္းနႏၵာေလးဟာ ျငင္းခဲ့ေပမယ္ ခ်စ္သူမ်က္ႏွာေလးညိဳးေနေတာ့ ခ်စ္လြန္းလို႔ ေနာက္ဆံုးမွာ အိပ္စက္ခြင့္ျပဳလိုက္တယ္
ရွင္ေမြးလြန္းနဲ ့ နႏၵာမင္းသာေလးတို႔ အိပ္စက္သြားႀကတဲ့အခိ်န္မွာ မလက္တိုက ေရထဲဆင္း ့အေဖၚမ်ားရွိရာသို႔ျပန္သြားၿပီး
မင္းနႏၵာေလး ငမုိးရိပ္ကို စီးၿပီးအျပန္ကိုေစာင့္တိုက္ခိုက္ၾကတယ္
မိေခ်ာင္းအုပ္စုႀကီးတစု၀ိုင္းျပီး ငမုိးရိပ္ကို ၀ုိင္းကိုက္ေတာ့ မင္းနႏၵာ သံလ်က္ကမရိွ၊ႀကိမ္စႀကၤာလည္းမပါ ဘုန္းကံကလည္းနိမ့္ဆိုေတာ့ ဘာမွလုပ္လုိ႔ရဘူးျဖစ္ေနတယ္၊
ေနာက္ဆံုးမွာ ငမိုးရိပ္လည္း မခုခံနိုင္ေတာ့သျဖင့္ မိမိသခင္၏ အသက္ကို ကယ္ရန္ မင္းနႏၵာေလး ကို ပါးစပ္တြင္ငံု၍ အတင္းေျပးခဲ့ရတယ္။ ဥကၠလာပကမ္းဘက္သို႕ ေရာက္၍ အန္ထုတ္လိုက္ရာ အခ်ိန္ၾကာေလၿပီ ျဖစ္သျဖင့္ မင္းနႏၵာသည္ မြမ္း၍ ေျမာေမ့ေနၿပီးေနာက္ ေသဆံုးသြားေလ၏။ထိုသတင္းကို
တစ္ဖက္ကမ္းမွ ရွင္ေမြလြန္း ၾကားေသာ္ ခ်က္ခ်င္းပင္ ရင္ကြဲနာက်၍ ေသဆံုးသြားခဲ့ေလသည္။

ဥကၠလာပမင္းနဲ့ သံလ်င္ဘက္က ရွင္ေမြးလြန္းရဲ ့ခမည္းေတာ္တို႔ဟာ မင္းသားကေလးနဲ႔
မင္းသမီးကေလးကိုသျဂိဳလ္ဘုိ႔ အစီအစဥ္ေတြလုပ္ႀကၿပီး
မင္းနႏၵာ ရဲ ့ရုပ္အေလာင္းကို မီးသျဂိဳလ္တဲ့ အခ်ိန္မွာ ရွင္ေမြးလြန္းကေလးကိုလဲ သံလ်င္ဘက္
က တခ်ိန္ထဲမီးသျဂိဳလ္ခဲ့ၾကတယ္......

မီးခုိးလုံးေတြဟာ ေကာင္းကင္ကိုတက္သြားတယ္ -
သံလ်င္ဘက္က ရွင္ေမြးလြန္းကေလး ရဲ ့့ မီးခုိးလုံးေတြ နဲ ့ ဥကၠလာဘက္က မင္းနႏၵာရဲ့
မီးခိုးလုံးေတြဟာ ျမစ္ေကာင္းကင္ထက္မွာ
ထူးဆန္းစြာ ျမစ္လယ္ဆီသို႕ ယိုင္တက္၍ မီးခိုးခ်င္း ပူးေပါင္းေရာေႏွာကာ တစ္လံုးတည္းျဖစ္၍ တက္သြားသည္ကို လူအေပါင္းတို့ အံ့ဩစြာျဖင့္ ျမင္ၾကရကုန္ေလသည္။
အဆံုးမွာ ႐ွင္ေမြးလြန္း နဲ႔ မင္းနႏၵာ
တို႕၏ ေမတၲာဓာတ္သည္ သန္႕ရွင္းစြဲၿမဲေလသျဖင့္ မီးခိုးခ်င္းပင္ ေပါင္းစပ္ရေလျခင္းကို ယေန႔တိုင္ ၀မ္းနည္းဖြယ္ ဇာတ္လမ္းေလးအျဖစ္ ေျပာစမွတ္ရိွေနပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သမိုင္းအေႀကာင္း
# Unicode versionျဖင့္ ဖတ္ပါ #
ရှင်မွေးလွန်း နဲ့ မင်းနန္ဒာ ဇာတ်လမ်းလေးဟာ
ပုဂံ သမိုင်းကြောင်းတော့မဟုတ်ပါဘူး ဒါပေမယ့်
ငယ်ငယ်က အိပ်ယာဝင်ပုံပြင်လေးအဖြစ် အားလုံး
ရင်းနှီးနေပြီးသားဖြစ်ကြမယ်လို့ ထင်ပါတယ်

သို့ပေမယ့်လည်း တကယ့်အဖြစ်အပျက်လေးဖြစ်တဲ့
ရှင်မွေးလွန်း နဲ့ မင်းနန္ဒာ ရဲ့ အတိတ်အကြောင်းဆီ
အလည်တခေါက် သွားကြပါစို့လား :-) :-) :-)

ယခုအခါ ကျောက်တန်းမြို့အရပ် ဖြစ်သော ရှေးအခါက သီဟဒီပကျွန်းတွင် ဇေယျသေနမင်း မင်းပြုလေသည်။ ထိုမှ ပါဒအရပ်သို့ပြောင်းရွှေ့နန်းစံခဲ့သည်။ ထို ပါဒမြို့၏ နောက်ဆုံးမင်းဆက်ဖြစ်သော အရိန္ဒရာဇမင်းကို ပြဒါးရှင်လုံးကိုရကာ အလွန်အင်အားကြီးမားသန်မာသော ငသန်လျှင်က လုပ်ကြံသတ်ဖြတ်ပြီး မြို့သစ်တည်၍
မင်းပြုလေသည်။
ထိုမင်းကို အစွဲပြု၍ ' သန်လျင်မြို့ ' ဟုတွင်လေသည်။
ပါဒမြို့နှင့် သန်လျင်မြို့ နှစ်ရပ်တွင် မင်းဆက် ၃၆ ဆက်ရှိရာ သန်လျင် နောက်ဆုံးမင်းဆက်ဖြစ်သော ဘောဂသေနမင်းသည်
ကြခတ်ဝါးရံမြို့ ကို တိုက်ခိုက်သိမ်းယူ၍ ဘုရင်မ သုဝဏ္ဏဒေဝီ ကို မိဖုရားပြုလေသည်။ မိဖုရားကြီးသည် ကိုယ်ဝန်ဆောင်
ရက်စေ့၍ ဖွားမြင်ခါနီး၌ မီးမဖွားနိုင်၍ နတ်ရွာစံလေ၏။
မီးသင်္ဂြီုဟ်ရာတွင် ထင်းမီးပုံထက်၌ပင် ဝမ်းတွင်းရှိ သမီးသန္ဓေသည် ဝမ်းမှပေါက်ထွက် လွင့်စင်ကျလာလေ၏။ အသက်လည်း ရှင်လေသည်။
ထိုထူးဆန်းကံထူးသော သမီးတော်ကို ဘောဂသေနဘုရင်သည် အလွန်ချစ်ခင် သနားတော်မူ၏။ သို့ရာတွင် သုသာန်၌ ဖွားလေသဖြင့် မြို့တွင်းသို့ မသွင်းဘဲ မြို့ပြင် အနောက်ဘက်၌ တစ်ပင်တိုင်နန်း ဆောက်၍ အစောင့်အရှောက် အခြွေအရံနှင့် ကောင်းစွာ ထားလေသည်။
အဲဒီလိုနဲ့ရှင်မွေးလွန်းကလေး အရွယ်ရောက်လာတော့
ပန်းသတင်းလေညှင်းဆောင် လူသတင်းလူချင်းဆောင်ဆိုသလို၊ရှင်မွေးလွန်းကလေးရဲ့ချောမောလှပ
တဲ့သတင်းကဥက္ကလာပတိုင်းနိုင်ငံအထိသင်းပြန့်လာတယ်၊ ဥက္ကလာပနေပြည်တော်မှာလဲမင်းနန္ဒာကလေးအရွယ်ရောက်လာတဲ့ အချိန်မှာသံလျင်ကျွန်းကရှင်မွေးလွန်းကလေးရဲ့အလှသတင်းကလေးကလဲမွှေးလာတော့ မင်းနန္ဒာကလေးကစိတ်ဝင်စားလာတယ်၊
အဲဒီအကြောင်းကို မင်းသားလေးကအထိန်းတော်အမတ်ကြီးပေါက်ကျိုင်းကိုဖွင့်ပြောပြီး ရှင်မွေးလွန်းလေးဆီ ကျေးစေတမန်ဖြင့် စာပို့စေခဲ့တယ်
ဒီလိုနဲ့ ကျေးစေတမန်လေး ရှင်မွေးလွန်းဆီရောက်သွားတဲ့အခါ
လည်မှာဆွဲထားတဲ့ကြုတ်ကလေးကိုုဖြုတ်ယူပြီးဖြည်ကြည့်လိုက်တော့ အထဲမှာ စာလွှာကလေးကိုတွေသွားခဲ့တယ်
ရှင်မွေးလွန်းကလေးကလည်း အထိန်းတော်ကြီးကိုအကျိုးအကြောင်းပြောပြလိုက်ပြီး
မင်းနန္ဒာလေးဆီ စာပြန်ပို့စေခဲ့တယ်
ကျေးငှက်ကလေး လဲ စာကိုယူပြီးမင်းနန္ဒာထံပြန်ရောက်လာခဲ့တယ်။
ဒီလိုနဲ့ မင်းနန္ဒာလေးလည်း ရှင်မွေးလွန်းလေးဆီ
သွားတွေ့ချင်လို့ အမတ်ကြီးဆီအပူကပ်ပါတော့တယ်
ထိုအခါ အမတ်ကြီးက
မြစ်ကိုကူးသွားရမှာ မင်းသားလေးရဲ့ခမည်းတော် သိရင်ခွင့်ပြုမှာမဟုတ်ဘူး ပြီးတော့
မင်းနန္ဒာကလေးမွေးစဉ်ကဘုရင်ကြီးကပုဏ္ဏဖြူ+ပုဏ္ဏညိုတွေကိုခေါ်ပြီးကံဇာတာစစ်ခိုင်းတော့မင်းသား
လေးဟာရေလမ်းခရီးအသွားမှာအသက်အန္တရယ်ရှိတယ်လို့ဟောထားတယ်၊
အသက်အန္တရယ်များတယ်ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။
ရှင်မွေးလွန်းလေးဆီ မသွားရတော့
မင်းသားလေးလည်း ပွဲတော်မတည်နေကာ ဆန္ဒပြလေတော့ နောက်ဆုံးမှာအမတ်ကြီးက မင်းသားလေးကို အန္တရယ်ကြုံရင်ကာကွယ်ဖို့ သိကြားမင်းပေးထားတဲ့
ကြိမ်စြက်ာနဲ့ ရေထဲကို
ရိုက် ငမိုးရိပ်ဆိုတဲ့မိချောင်း
ကိုခေါ်ပြိး သံလျင်ကျွန်းက ရှင်မွေးလွန်းဆီ ပို့ခိုင်းရင် ရပါတယ်မင်းသားလေးလို့ပြောလိုက်ပါတော့တယ်
မင်းနန္ဒာလေးလည်း ချက်ခြင်း ရေပြင်ကို ကြိမ်နဲ့ရိုက် ငမိုးရိပ်ကိုခေါ်ကာ စီးလို့ မြစ်ကို ဖြတ်ကူးပြီး ရှင်မွေးလွန်းထံသို့ သွားလေသည်။ ငမိုးရိပ်မိချောင်းမင်းသားလေးကိုကျောပေါ်တင်ပြိးသံလျင်ကျွန်းဘက်ကူးနေတာကို မလက်တို
တို့အဖွဲ ကလိုက်ပြိးတိုက်ခိုက်ကြပေမယ့် မင်းနန္ဒာရဲ့ဘုန်းလက်ရုန်းနဲ့လက်ထဲကကြိမ်စင်္ကြာ
အစွမ်းထက်တော့ အနားမကပ်နိုင်ဘဲဖြစ်ပြီး ထွက်ပြေးသွားခဲ့ရတယ်။
ငမိုးရိပ်လဲ မင်းနန္ဒာကို ချောချောမောမောဘဲ သံလျင်ကျွန်းကို အရောက်ပို့ပေးနိုင်ခဲ့တယ်၊၊ မင်းနန္ဒာလေး နဲ့ ရှင်မွေးလွန်းလေးဟာတွေ့တွေ့ခြင်းမှာပင် မေတ္တာသက်ဝင် ချစ်ခင်သွားကြတယ်။ဒီလိုနဲ့ မင်းနန္ဒာဟာ ငမိုးရိပ် မိကျောင်းကို စီး၍ မကြာမကြာ ရှင်မွေလွန်းထံသို့ ရောက်လေ့ရှိခဲ့တယ်။
မင်းနန္ဒာကလေး နေ့တိုင်းလိုလိုရောက်လာတော့ မလက်တို မိချောင်းမက ရှင်မွေးလွန်းနဲ့မင်းနန္ဒာတို့ချစ်ကြိုက်နေကြတယ်ဆိုတာသိသွားတယ်၊
ငမိုးရိပ်က မင်းနန္ဒာကိုကျောပေါ်တင်ပြီးလာပို့ရတာဆိုတော့-ငမိုးရိပ်ကိုသူတိုက်ခိုက်ဘို့အတွက်စဉ်း
စားလိုက်တဲ့အခါမှာ မင်းနန္ဒာကိုယ်တော်လေးရဲ့ဘုန်းတန်ခိုးနဲ ကြိမ်စင်္ကြာကြောင့် ငမိုးရိပ်ကို တိုက်လို့မရဘူးဖြစ်နေတာကို သိသွားပြီး လူယောင်ဖန်ဆင်းကာ ရှင်မွေးလွန်းဆီ အလုပ်အကျွေးအဖြစ်ချဉ်းကပ်ပါတော့သည်။တစ်ရက်မှာတော့
ဥက္ကလာပနေပြည်တော်မှာညစာစားပွဲတော်တည်ခင်းကျင်းပတဲ့အချိန်မှာနန္ဒာမင်းသားလေး
ပြန်ရောက်မလာလို့ ဘုရင်ကြီးက မြစ်ကိုဖြတ်ပြီးတော့ ရှင်မွေးလွန်းဆီ သွားနေခဲ့တာသိသွားခဲ့တယ်
ပုဏ္ဏဖြူ+ပုဏ္ဏညိုများက
သားတော်ရေလမ်းခရီးသွားလို့မဖြစ်ဘူး ”ဟောထားတာကြောင့်
သားတော်လေးအသက်အန္တရယ်
ကိုစိုးရိမ်ပြီး့ ဘုရင်ကြီးက ရှင်မွေးလွန်းဆီ သွားမရအောင် ကြိမ်စင်္ကြာကို ပြန်သိမ်းလိုက်တော့မင်းနန္ဒာလေးခမြာ၊ရှင်မွေးလွန်းထံ
မသွားနိုင်ဘဲဖြစ်နေတာပေ့ါ၊
မင်းနန္ဒာလေး ရောက်မလာနိုင်တဲ့အချိန်မှာ မလတ်တိုဟာ ရှင်မွေးလွန်းဆီ ချဉ်းကပ်ပြီး မင်းသားလေးဟာ တကယ်မချစ်လို့ ရောက်မလာတော့တာပါ တကယ်လို့ ရောက်လာခဲ့လျှင်တောင် တကယ်ချစ်ရင် ညာလက်မောင်းပေါ်ခေါင်းအုံး အိပ်ခွင့်ပြုပါလို့ အကြံဖြင့် ရှင်မွေးလွန်းလေးအား စည်ရုံးသိမ်းသွင်းပါတော့တယ်
ရက်သတ္တတစ်ပတ်လောက်ကြာလာတော့ မင်း
နန္ဒာလေးက ရှင်မွေးလွန်း ကို သတိရလွန်းလို့ကမ်းစပ်မှာလာပြီးသံလျင်ကျွန်းဘက်ကို
မျှော်ငေးနေတယ်၊
မမျှော်လင့်ဘဲငမိုးရိပ်မိချောင်းကိုတွေ့သွားတော့ ---
ရှင်မွေးလွန်းဆီ ပို့ခိုင်းပါတော့တယ် ငမိုးရိပ်လည်း မလွန်ဆန်ဘဲ
ကုန်းပေါ်ထိုးတက်ပေးလိုက်တယ် မင်းသားကလေးက ဝမ်းသာလွန်းလို့အလောတကြီးနဲ့
လှမ်းတက်လိုက်တာ လက်ထဲက သံလျက် ရေထဲကျသွားတယ်။မင်းသားလေးလည်း ရှင်မွေးလွန်းဆီ ရောက်ဖို့ဇောကပ်နေတာနဲ့ ဒီတိုင်းထွက်လာခဲ့တယ်။
ရှင်မွေးလွန်းလေးဆီရောက်တော့ မင်းနန္ဒာလေးကို မလက်တိုစကားနားယောင်ပြီး ညာလက်ပေါ်ခေါင်းအုံး အိပ်ဖို့
ရှင်မွေးလွန်းလေးက အပူကပ်ပါတော့တယ် မင်းနန္ဒာလေးဟာ ငြင်းခဲ့ပေမယ် ချစ်သူမျက်နှာလေးညိုးနေတော့ ချစ်လွန်းလို့ နောက်ဆုံးမှာ အိပ်စက်ခွင့်ပြုလိုက်တယ်
ရှင်မွေးလွန်းနဲ့ နန္ဒာမင်းသာလေးတို့ အိပ်စက်သွားကြတဲ့အချိန်မှာ မလက်တိုက ရေထဲဆင်း့အဖေါ်များရှိရာသို့ပြန်သွားပြီး
မင်းနန္ဒာလေး ငမိုးရိပ်ကို စီးပြီးအပြန်ကိုစောင့်တိုက်ခိုက်ကြတယ်
မိချောင်းအုပ်စုကြီးတစုဝိုင်းပြီး ငမိုးရိပ်ကို ဝိုင်းကိုက်တော့ မင်းနန္ဒာ သံလျက်ကမရှိ၊ကြိမ်စင်္ကြာလည်းမပါ ဘုန်းကံကလည်းနိမ့်ဆိုတော့ ဘာမှလုပ်လို့ရဘူးဖြစ်နေတယ်၊
နောက်ဆုံးမှာ ငမိုးရိပ်လည်း မခုခံနိုင်တော့သဖြင့် မိမိသခင်၏ အသက်ကို ကယ်ရန် မင်းနန္ဒာလေး ကို ပါးစပ်တွင်ငုံ၍ အတင်းပြေးခဲ့ရတယ်။ ဥက္ကလာပကမ်းဘက်သို့ ရောက်၍ အန်ထုတ်လိုက်ရာ အချိန်ကြာလေပြီ ဖြစ်သဖြင့် မင်းနန္ဒာသည် မွမ်း၍ မြောမေ့နေပြီးနောက် သေဆုံးသွားလေ၏။ထိုသတင်းကို
တစ်ဖက်ကမ်းမှ ရှင်မွေလွန်း ကြားသော် ချက်ချင်းပင် ရင်ကွဲနာကျ၍ သေဆုံးသွားခဲ့လေသည်။

ဥက္ကလာပမင်းနဲ့ သံလျင်ဘက်က ရှင်မွေးလွန်းရဲ့ခမည်းတော်တို့ဟာ မင်းသားကလေးနဲ့
မင်းသမီးကလေးကိုသဂြိုလ်ဘို့ အစီအစဉ်တွေလုပ်ကြပြီး
မင်းနန္ဒာ ရဲ့ရုပ်အလောင်းကို မီးသဂြိုလ်တဲ့ အချိန်မှာ ရှင်မွေးလွန်းကလေးကိုလဲ သံလျင်ဘက်
က တချိန်ထဲမီးသဂြိုလ်ခဲ့ကြတယ်......

မီးခိုးလုံးတွေဟာ ကောင်းကင်ကိုတက်သွားတယ် -
သံလျင်ဘက်က ရှင်မွေးလွန်းကလေး ရဲ့ မီးခိုးလုံးတွေ နဲ့ ဥက္ကလာဘက်က မင်းနန္ဒာရဲ့
မီးခိုးလုံးတွေဟာ မြစ်ကောင်းကင်ထက်မှာ
ထူးဆန်းစွာ မြစ်လယ်ဆီသို့ ယိုင်တက်၍ မီးခိုးချင်း ပူးပေါင်းရောနှောကာ တစ်လုံးတည်းဖြစ်၍ တက်သွားသည်ကို လူအပေါင်းတို့ အံ့ဩစွာဖြင့် မြင်ကြရကုန်လေသည်။
အဆုံးမှာ ရှင်မွေးလွန်း နဲ့ မင်းနန္ဒာ
တို့၏ မေတ္တာဓာတ်သည် သန့်ရှင်းစွဲမြဲလေသဖြင့် မီးခိုးချင်းပင် ပေါင်းစပ်ရလေခြင်းကို ယနေ့တိုင် ဝမ်းနည်းဖွယ် ဇာတ်လမ်းလေးအဖြစ် ပြောစမှတ်ရှိနေပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သမိုင်းအကြောင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top