မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕က လွပတဲ့ ဇနီး ၂ ေယာက္ရွိသူ အမ်ိဳးသားနဲ႔ သူတုိ႔ကေလး ၉ ေယာက္ရဲ႕ ဓာတ္ပံုေတြ ၿပီးခဲ့တဲ့အပတ္က လူမႈကြန္ရက္ေပၚမွာ ပ်ံ႔ႏွံ႔သြားၿပီးတဲ့ေနာက္ သူတုိ႔ရဲ႕ ေပ်ာ္ရႊင္စရာ လက္ထက္ထိမ္းျမားထားျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို ျဖန္႔ေဝတဲ့ ေတြ႔ဆံုေမးျမန္းမႈေတြ အမ်ားႀကီး လုပ္ေပးခဲ့ရတယ္လုိ႔ သိရပါတယ္။
အမ်ိဳးသားရဲ႕ ဒုတိယဇနီးျဖစ္သူ ဝါရီစာရာေပါ့က္စရီခ်န္း အသက္ ၃၂ ႏွစ္က သူတုိ႔ ၃ ဦးရဲ႕ ပံုကို ခ်စ္သူမ်ားေန႔မွာ တင္တာေၾကာင့္ ဒီဇာတ္လမ္းစခဲ့တာျဖစ္ၿပီး အဲဒီပံုေတြကုိ ႀကိမ္ေရ ၆ ေထာင္ ျဖန္႔ေဝခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။

ခင္ပြန္းျဖစ္သူ မာေနာ့ပ္နက္တာယိုထင္ အသက္ ၄၂ ႏွစ္က သူ႔မွာ မူလက ဇနီး ၃ ဦး ရွိေၾကာင္း၊ ဒါေပမယ့္ ပထမဇနီးက ကေလး ၃ ဦး ရၿပီးခ်ိန္မွာ ဆံုးသြားလုိ႔ ဒုတိယဇနီးနဲ႔ ၁၀ ႏွစ္ေက်ာ္ေနထုိင္ၿပီး ေနာက္ပုိင္း နက္တာယာတြန္ပန္ အသက္ ၂၆ ႏွစ္နဲ႔ ထပ္လက္ထပ္ခဲ့ေၾကာင္း မိန္းမ ၁ ဦးစီနဲ႔ ကေလး ၃ ဦးစီရွိေၾကာင္း ေဒသခံသတင္းဌာနေတြကို ေျပာပါတယ္။

ဇနီး ၂ ေယာက္က မာေနာ့ပ္ရဲ႕ ကားပစၥည္းအေရာင္းဆုိင္မွာ ကူလုပ္ေပးၾကၿပီး လခေပးတယ္။ ဒါေပမယ့္ လခ ဘယ္ေလာက္ေပးတယ္ဆုိတာကိုေတာ့ မေျပာပါဘူး။
တတိယဇနီးျဖစ္သူ နက္တာယာက သူမရဲ႕ခင္ပြန္းက ကေလးေတြမွာ ရင္းႏွီးျမႇဳပ္ႏွံရတာ ႀကိဳက္ေၾကာင္း ေျပာၿပီး ဒုတိယဇနီးဝါရီစာရကလည္း ခင္ပြန္းျဖစ္သူက ကေလးေတြဆီမွာ ၁၀၀ ရာခုိင္ႏႈန္း ေပးေၾကာင္း မွန္ကန္တယ္လုိ႔ ေျပာပါတယ္။

မာေနာ့ပ္အတြက္ ဇနီးေတြနဲ႔ လက္ထပ္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖစ္ေနတဲ့ လွ်ိဳ႕ဝွက္ခ်က္က သူတုိ႔ၾကား ပဋိပကၡေပၚလာတဲ့အခါ ျပႆနာကို ခ်က္ျခင္း ၿပီးေအာင္ ရပ္ေအာင္ လုပ္တယ္၊ “ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ျပႆနာေပၚတဲ့အခါ က်ေနာ္ သူတုိ႔ကုိ အဲဒီအေၾကာင္း တေန႔တည္းမွာပဲ ေျဖရွင္းလုိက္တယ္” လုိ႔ သူတုိ႔႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ေျပာပါတယ္။

“တခါတရံမွာ ျပႆနာက ဇနီးတေယာက္ကို အျခားတေယာက္ထက္ ပုိေကာင္းေကာင္း ဆက္ဆံမိတယ္။ ဒါက ျပႆနာဆုိတာ က်ေနာ္သိတဲ့အခါ ဇနီး ၂ ေယာက္လံုးကို ညီတူညီမွ် ဆက္ဆံဖုိ႔ ေသခ်ာခ်ာ သတိထားတယ္” လုိ႔ မာေနာ့ပ္က ထပ္ေျပာပါတယ္။
ဒုတိယဇနီးျဖစ္သူ ဝါရီစာရာက သူမတုိ႔ရဲ႕ အိမ္ကို ခင္ပြန္း တတိယဇနီးျဖစ္သူတုိ႔နဲ႔ အတူ တည္ေဆာက္တယ္၊ ဇနီး ၂ ဦးက ဘယ္ေတာ့မွာ ရန္မျဖစ္ၾကဘူးလုိ႔ ေျပာၿပီး သူမရဲ႕ခင္ပြန္းက မွ်တ ျဖတ္လတ္ အလုပ္ႀကိဳးစားတဲ့ အမ်ိဳးသားလို႔ ေျပာပါတယ္။

“လွ်ိဳ႕ဝွက္ခ်က္ကေတာ့ နားလည္မႈပါပဲ။ က်မတုိ႔ တဦးကို တဦး ခ်စ္ၾကတယ္၊ ဂ႐ုစိုက္ၾကတယ္၊ ဒါေၾကာင့္ ေပ်ာ္ရႊင္ေနတာပါ” လုိ႔ ဒုတိယဇနီးသည္က သတင္းဌာနေတြကို ေျပာေၾကာင္း ကုိကိုးနက္သတင္းမွာ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ဖြင့်ဖတ်ရန် #
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လှပတဲ့ ဇနီး ၂ ယောက်ရှိသူ အမျိုးသားနဲ့ သူတို့ကလေး ၉ ယောက်ရဲ့ ဓာတ်ပုံတွေ ပြီးခဲ့တဲ့အပတ်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားပြီးတဲ့နောက် သူတို့ရဲ့ ပျော်ရွှင်စရာ လက်ထက်ထိမ်းမြားထားခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖြန့်ဝေတဲ့ တွေ့ဆုံမေးမြန်းမှုတွေ အများကြီး လုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
အမျိုးသားရဲ့ ဒုတိယဇနီးဖြစ်သူ ဝါရီစာရာပေါ့က်စရီချန်း အသက် ၃၂ နှစ်က သူတို့ ၃ ဦးရဲ့ ပုံကို ချစ်သူများနေ့မှာ တင်တာကြောင့် ဒီဇာတ်လမ်းစခဲ့တာဖြစ်ပြီး အဲဒီပုံတွေကို ကြိမ်ရေ ၆ ထောင် ဖြန့်ဝေခဲ့ကြတယ်လို့ ဆိုပါတယ်။

ခင်ပွန်းဖြစ်သူ မာနော့ပ်နက်တာယိုထင် အသက် ၄၂ နှစ်က သူ့မှာ မူလက ဇနီး ၃ ဦး ရှိကြောင်း၊ ဒါပေမယ့် ပထမဇနီးက ကလေး ၃ ဦး ရပြီးချိန်မှာ ဆုံးသွားလို့ ဒုတိယဇနီးနဲ့ ၁၀ နှစ်ကျော်နေထိုင်ပြီး နောက်ပိုင်း နက်တာယာတွန်ပန် အသက် ၂၆ နှစ်နဲ့ ထပ်လက်ထပ်ခဲ့ကြောင်း မိန်းမ ၁ ဦးစီနဲ့ ကလေး ၃ ဦးစီရှိကြောင်း ဒေသခံသတင်းဌာနတွေကို ပြောပါတယ်။

ဇနီး ၂ ယောက်က မာနော့ပ်ရဲ့ ကားပစ္စည်းအရောင်းဆိုင်မှာ ကူလုပ်ပေးကြပြီး လခပေးတယ်။ ဒါပေမယ့် လခ ဘယ်လောက်ပေးတယ်ဆိုတာကိုတော့ မပြောပါဘူး။
တတိယဇနီးဖြစ်သူ နက်တာယာက သူမရဲ့ခင်ပွန်းက ကလေးတွေမှာ ရင်းနှီးမြှုပ်နှံရတာ ကြိုက်ကြောင်း ပြောပြီး ဒုတိယဇနီးဝါရီစာရကလည်း ခင်ပွန်းဖြစ်သူက ကလေးတွေဆီမှာ ၁၀၀ ရာခိုင်နှုန်း ပေးကြောင်း မှန်ကန်တယ်လို့ ပြောပါတယ်။

မာနော့ပ်အတွက် ဇနီးတွေနဲ့ လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့ လျှို့ဝှက်ချက်က သူတို့ကြား ပဋိပက္ခပေါ်လာတဲ့အခါ ပြဿနာကို ချက်ခြင်း ပြီးအောင် ရပ်အောင် လုပ်တယ်၊ “ဘယ်အချိန်ပဲဖြစ်ဖြစ် ပြဿနာပေါ်တဲ့အခါ ကျနော် သူတို့ကို အဲဒီအကြောင်း တနေ့တည်းမှာပဲ ဖြေရှင်းလိုက်တယ်” လို့ သူတို့ရဲ့လျှို့ဝှက်ချက်ကို ပြောပါတယ်။

“တခါတရံမှာ ပြဿနာက ဇနီးတယောက်ကို အခြားတယောက်ထက် ပိုကောင်းကောင်း ဆက်ဆံမိတယ်။ ဒါက ပြဿနာဆိုတာ ကျနော်သိတဲ့အခါ ဇနီး ၂ ယောက်လုံးကို ညီတူညီမျှ ဆက်ဆံဖို့ သေချာချာ သတိထားတယ်” လို့ မာနော့ပ်က ထပ်ပြောပါတယ်။
ဒုတိယဇနီးဖြစ်သူ ဝါရီစာရာက သူမတို့ရဲ့ အိမ်ကို ခင်ပွန်း တတိယဇနီးဖြစ်သူတို့နဲ့ အတူ တည်ဆောက်တယ်၊ ဇနီး ၂ ဦးက ဘယ်တော့မှာ ရန်မဖြစ်ကြဘူးလို့ ပြောပြီး သူမရဲ့ခင်ပွန်းက မျှတ ဖြတ်လတ် အလုပ်ကြိုးစားတဲ့ အမျိုးသားလို့ ပြောပါတယ်။

“လျှို့ဝှက်ချက်ကတော့ နားလည်မှုပါပဲ။ ကျမတို့ တဦးကို တဦး ချစ်ကြတယ်၊ ဂရုစိုက်ကြတယ်၊ ဒါကြောင့် ပျော်ရွှင်နေတာပါ” လို့ ဒုတိယဇနီးသည်က သတင်းဌာနတွေကို ပြောကြောင်း ကိုကိုးနက်သတင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top