ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×







# Unicode Version ဖြင့် ဖတ်ပါ #
အသားမဲ့သက်သက်လွတ်စားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိနေတယ်လို့ သိရ ပါတယ်။ အသားလုံးဝမပါဝင်ပဲပဲ တခြားသောအသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ အစရှိသဖြင့် အစားအစာတွေကို စားသုံးသူတွေဟာ သာမန်အစားအသောက် စားသုံးသူတွေ ထက်စာရင် ခန္ဓာ ကိုယ်မှာ ဖြစ်ပေါ်လာနိုင်မယ့် ကျန်းမာရေးဆိုးကျိုး ရောဂါလက္ခဏာတွေကို ကာကွယ်နိုင်ပါတယ်။ အသားဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် ပရိုတင်းဓာတ်လိုအပ်ချက်ကို ထောက်ပံ့ပေးတယ်ဆို ပေမယ့် သက်သက်လွတ်စားသုံးသူတွေအတွက်တော့ အသားဓာတ်အစား ထိုး အစားအသောက်တွေ စားသုံးပေးခြင်းဖြင့်လည်း အသားဓာတ်ရယူနိုင်ပါတယ်။ ဒီ့အတွက် ကြောင့် အသားရှောင်သက်သက်လွတ်စားသုံးခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေးကောင်းကျိုးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

သက်သက်လွတ်စားခြင်းက နှလုံးကျန်းမာရေး၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ အဝလွန်ခြင်း၊ သွေးတိုး ရောဂါ ဖြစ်ပွားခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ နောက်ပြီး ကင်ဆာရောဂါပိုးအချို့ကိုလည်း ပျောက်ကင်း သက်သက်သာစေကာ အသက်ရှည်ရှည်ကျန်းမာစွာ နေထိုင်နိုင်ပါတယ်။

အသား၊ ငါး ရှောင်ကြဉ်စားသုံးခြင်းက ခန္ဓာကိုယ်အလေးချိန်ကို လျှော့ပေးနိုင်ပါတယ်။ သာမန် အသား နဲ့ ငါးမှီဝစားသုံးသူတွေဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အသားဓာတ်နဲ့ လိုအပ်တဲ့ အလေး ချိန်ကိုရရှိစေကာ အသားငါး မစားသုံးပဲ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေစားသုံးသူတွေ မှာဆိုရင် အသားဓာတ် မရနိုင်လို့ ခန္ဓာကိုယ် အလေးချိန် တိုးခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ အသားအပြင် အဆီဓာတ်တွေမှာလည်း ခန္ဓာကိုယ်အလေးချိန်ကို တိုးမြင့်လာစေမှာလည်း ဖြစ်ပါတယ်။

ကိုယ်လက်စထရောကို ကျဆင်းပေးပါတယ်။ ပရိုတင်း၊ အသားဓာတ်မှာဆိုရင် ဆိုးရွားတဲ့ ကိုယ် လက် စထရောဓာတ်တွေများစွာပါဝင်လို့ ခန္ဓာကိုယ်တွင်း အဆီတွေဖြစ်ပေါ်ခြင်း၊ အချိုဓာတ် များခြင်း၊ အဝ လွန်ခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်လက်စထရောဓာတ်များလွန်းတဲ့သူတွေမှာ ဝခြင်းနဲ့အတူ အဝလွန်ခြင်းဖြစ်ကာ နောက်ဆက် တွဲ ရောဂါဝေဒနာတွေ ကပ်ဆွဲလာနိုင်ပါတယ်။ ဒီ့အတွက်ကြောင့် အသားစားသုံးသူတွေထက် စာရင် ရောဂါကာကွယ်ပေးတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးခြင်း ရောဂါ ဖြစ်ပွားခြင်း အန္တရာယ် တွေကို ကာကွယ်ပေးနိုင်ပါတယ်။

သက်သက်လွတ်စားသုံးခြင်းက ကင်ဆာရောဂါတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ အသား ရှောင်ကြဉ်စားသုံးခြင်းက ကင်ဆာဆဲလ်အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာ ပါဝင်တဲ့ သဘာဝဓာတ်တွေဟာ ကင်ဆာဆဲလ်ဖြစ်ပေါ်ခြင်းတွေကို ဟန့်တား စေကာဆဲလ်တွေကို သေဆုံးစေနိုင်အောင် တိုက်ဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။

Source:medicalnewstoday.com

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top