×

ရွမ္းျပည္နယ္၊ ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ေငြက်ပ္ ၅၀၀၀ ကိစၥႏွင့္ပတ္သက္၍ ညီအစ္ကိုသံုးဦးတို႔ လံုးေထြး သတ္ပုတ္ႀကရာမွ လူသတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေဖေဖာ္၀ါရီလ ၂၁ ရက္က သန္းေခါင္ယံညအလြန္ ၁၂ နာရီခြဲအခ်ိန္တြင္ ကြတ္ခိုင္ၿမိဳ႕နယ္၊ မုန္ခုတ္ ရြာေန လွျမင့္(၄၀)ႏွစ္သည္ ေနအိမ္ထမင္းဆိုင္၌ ေစ်းေရာင္းေနသည့္ အစ္မျဖစ္သူ ေဒၚဖန္ေပါင္း(ခ) နန္းဖန္ေပါင္း (၄၆)ႏွစ္ထံသို႔ေရာက္ရွိလာၿပီး ေငြ ၅၀၀၀ က်ပ္ေတာင္းရာ အစ္မျဖစ္သူမွ ျငင္းဆိုသျဖင့္ ဆိုင္အျပင္တြင္ရွိေသာ အစ္ကိုျဖစ္သူ ေက်ာ္ေဆြ(၄၂)ႏွစ္ ထံ ထပ္မံေတာင္းခဲ့သည္။

ထိုသို႔ အစ္ကိုျဖစ္သူေက်ာ္ေဆြထံေတာင္းေသာ္လည္း မေပးသျဖင့္ ဆိုင္အနီးရွိ အရိုးအသြား(၂)ေပခန႔္ ဝါးရိုးတပ္ဓားျဖင့္ လွျမင့္မွ လိုက္ခုတ္ရာ အစ္ကိုျဖစ္သူေက်ာ္ေဆြက မီးညႇပ္ျဖင့္ျပန္လည္ခုခံရင္း ညီအစ္ကိုႏွစ္ဦး လုံးေထြးရန္ျဖစ္ေနစဥ္ အစ္ကိုႀကီး ျဖစ္သူ အိုက္ဆန္(၄၇)ႏွစ္ ထပ္မံေရာက္ရွိလာကာ ႏွစ္ေတာင္ခန႔္ရွိ သစ္သားတုတ္ျဖင့္ လွျမင့္အား ဝင္ရိုက္ရာမွ လွျမင့္တြင္ ဒဏ္ရာမ်ားရရွိၿပီး ေသဆုံးသြားေၾကာင္း သိရသည္။

ထိုျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သည့္ ေက်ာ္ေဆြ(၄၂)ႏွစ္ႏွင့္ အိုက္ဆန္(၄၇)ႏွစ္တို႔(၂)ဦးအား (ပ)၁၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၁၁၄ ျဖင့္ ကြတ္ခိုင္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ် ၅၀၀၀ ကိစ္စနှင့်ပတ်သက်၍ ညီအစ်ကိုသုံးဦးတို့ လုံးထွေး သတ်ပုတ်ကြရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်က သန်းခေါင်ယံညအလွန် ၁၂ နာရီခွဲအချိန်တွင် ကွတ်ခိုင်မြို့နယ်၊ မုန်ခုတ် ရွာနေ လှမြင့်(၄၀)နှစ်သည် နေအိမ်ထမင်းဆိုင်၌ ဈေးရောင်းနေသည့် အစ်မဖြစ်သူ ဒေါ်ဖန်ပေါင်း(ခ) နန်းဖန်ပေါင်း (၄၆)နှစ်ထံသို့ရောက်ရှိလာပြီး ငွေ ၅၀၀၀ ကျပ်တောင်းရာ အစ်မဖြစ်သူမှ ငြင်းဆိုသဖြင့် ဆိုင်အပြင်တွင်ရှိသော အစ်ကိုဖြစ်သူ ကျော်ဆွေ(၄၂)နှစ် ထံ ထပ်မံတောင်းခဲ့သည်။

ထိုသို့ အစ်ကိုဖြစ်သူကျော်ဆွေထံတောင်းသော်လည်း မပေးသဖြင့် ဆိုင်အနီးရှိ အရိုးအသွား(၂)ပေခန့် ဝါးရိုးတပ်ဓားဖြင့် လှမြင့်မှ လိုက်ခုတ်ရာ အစ်ကိုဖြစ်သူကျော်ဆွေက မီးညှပ်ဖြင့်ပြန်လည်ခုခံရင်း ညီအစ်ကိုနှစ်ဦး လုံးထွေးရန်ဖြစ်နေစဉ် အစ်ကိုကြီး ဖြစ်သူ အိုက်ဆန်(၄၇)နှစ် ထပ်မံရောက်ရှိလာကာ နှစ်တောင်ခန့်ရှိ သစ်သားတုတ်ဖြင့် လှမြင့်အား ဝင်ရိုက်ရာမှ လှမြင့်တွင် ဒဏ်ရာများရရှိပြီး သေဆုံးသွားကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သည့် ကျော်ဆွေ(၄၂)နှစ်နှင့် အိုက်ဆန်(၄၇)နှစ်တို့(၂)ဦးအား (ပ)၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် ကွတ်ခိုင်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top