×



Myint Myat


Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #
လူငယ်ပရိသတ်တွေ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ အသည်းတစ်ခြမ်းဖြစ်တဲ့ ကိုကိုစိုင်းကတော့ YUFL English ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ရေခဲခြစ်ရောင်းနေတာပဲဖြစ်ပါတယ်။ YUFLရဲ့ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ စိုင်းစိုင်းကတော့ ကျောင်းနဲ့ပတ်သတ်တဲ့လှုပ်ရှားမှုတွေကို နှစ်တိုင်းလိုလိုအားကြိုးမာန်တက် ပါဝင်လေ့ရှိတာပါ။ ရေခဲခြစ်ရောင်းတဲ့စိုင်းစိုင်းရဲ့ ဆွဲဆောင်မှုကြောင့် တစ်ညနေတည်းမှာပဲ ရေခဲခြစ်အခုသုံးရာကျော်လောက်ကို လက်မလည်နိုင်အောင် ရောင်းခဲ့ရတာပဲဖြစ်ပါတယ်။ ရေခဲခြစ်ရောင်းနေတဲ့ ဘဲချောချောလေး ကိုကိုစိုင်းရဲ့ပုံရိပ်တွေကိုတော့ ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

လတ်တလောမှာတော့ “စိုင်းစိုင်းကစိုင်းစိုင်း” အခွေအတွက်ကြိုးစားနေတဲ့စိုင်းစိုင်းခမ်းလှိုင်ကတော့ သူငယ်ချင်းတွေရဲ့အခွေတွေမှာလည်း စိတ်ပါပါနဲ့အားဖြည့်ကူညီနေတာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း အသေအလဲချစ်တဲ့ ရေခဲခြစ်ရောင်းနေတဲ့ စိုင်းစိုင်းကိုချစ်ရင် Share သွားဖို့ မမေ့ပါနဲ့နော်။

Myint Myat

Source; Sai Sai Kham Leng

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top