iMyanmarHouse.com - Best Property Website for Myanmar
×




Credit: PTH
# Unicode Version ဖြင့် ဖတ်ပါ #
တရုတ်နိုင်ငံသား တစ်ဦး ဟာ အိမ်ကို ပြန်နိုင်ဖို့ ၂၇နာရီ ကြာ မာရသွန်ပြေးခဲ့တယ်လို့သိရပါတယ်။ တရုတ်နှစ်သစ်ကူးချိန်မှာ သန်းချီတဲ့ တရုတ်နိုင်ငံသားတွေ ဟာ မွေးရပ်မြေကို ပြန်ပြီးမီးသားစုနဲ့နှစ်သစ်ကူးပွဲ ဆင်နွဲနိုင်ဖို့ ဘက်စ်ကား၊ ရထား၊ လေယာဉ်ပျံတွေကို အသုံးပြုနေချိန်မှာ အ သက် ၄၂ နှစ်အရွယ်ရှိ တရုတ်နိုင်ငံသား Pan Shancu, ကတော့အခြားသူတွေနဲ့မတူ ထူးခြားတဲ့နည်းလမ်း နဲ့အိမ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Pan Shancu, တရုတ်နိုင်ငံအရှေဘက်ပိုင်းရှိ Zhejiang ပြည်နယ်က အိမ်ဆီကို မာရသွန်ပြေးကာပြန်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အကွာဝေး ၂၁၁ ကီလိုမီတာကို အချိန် ၂၇ နာရီကြာ မာရသွန်ပြေးပြန်ခဲ့တယ်လို့သိရပါတယ်။ သူ ဟာ မနက် ၄ နာရီကျော်မှစတင်ပြေးခဲ့ပြီး နောက်တစ်ရက်မနက် ၇ နာရီမှာ အိမ်ကိုရောက်ရှိခဲ့ပါတယ်။ သူ ဟာလမ်းတစ်လျှောက်မှာ ခေါက်ဆွဲခြောက်တွေ ကို သာစားသုံးခဲ့ပြီးခေါက်ဆွဲခြောက် စားသုံးချိန်သာ အပြေးရပ်ခဲ့ပါတယ်။

Pan Shancu, ဟာခရီးရှည်ကိုပြေးခဲ့ဘူးပေမယ့်လက်ရှိပြေးချိန်မှာမောပန်းလွန်းခဲ့တယ်လို့ ပြောပါတယ်။ သူ ဟာ မာရသွန်ခရီးရှည်ပြေးချိန်မှာ အလေးချိန် ၉ ကီလိုဂရမ်ရှိကျောပိုးအိတ်ကို လွယ်ကာပြေးခဲ့ရတယ်လို့သိရပါတယ်။ အဲဒီကျောပိုးအိတ်ထဲမှာ လမ်းတစ်လျှော်စားသုံးဖို့ အစားစာတွေနဲ့ အားဖြည့်ရေတွေပါဝင်တဲ့အပြင် မိခင် နဲ့ ညီမဖြစ်သူ အတွက်အဝတ်စားတွေလည်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ Pan Shancu, က ပြေးရတာမောလွန်းတာကြောင့် အနာဂတ်မှာအ ခုလိုမျိုး ခရီးရှည်ပြေးရတာကို နောက်ထပ် မလုပ်တော့ဘူးလို့ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PTH
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top