၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

ယခုေနာက္ဆုံး ေလ့လာဆန္းစစ္ခ်က္အသစ္အရ လက္ဖက္ရည္/ေရေႏြးၾကမ္း ပူပူေသာက္သုံးသူမ်ားတြင္ ကင္ဆာျဖစ္ေနေျချမင့္မားေၾကာင္း ေတြ႕ရွိရသည္။ အကယ္၍ လက္ဖက္ရည္ပူပူလည္းေသာက္မည္၊ အရက္လည္းအလြန္အကၽြံေသာက္သုံးသူမ်ားတြင္ အစာႁပြန္ကင္ဆာ ျဖစ္ပြားေစနိုင္မွု ၅ ဆ ပိုမိုျမင့္တက္ေၾကာင္း သုေတသီမ်ားက ေျပာၾကားခဲ့သည္။

အရက္ေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္းတို႔ဟာ ကင္ဆာေရာဂါျဖစ္ပြားေစေၾကာင္း အစကနဦးထဲက သိရွိခဲ့ၿပီးျဖစ္ေသာ္လည္း ေန႔စဥ္ လက္ဖက္ရည္အပူ၊ လက္ဖက္ေျခာက္ပါေသာ ေရေႏြးၾကမ္းအပူတို႔ကို ေသာက္သုံးမည္ဆိုပါကလည္း ကင္ဆာျဖစ္နိုင္ေၾကာင္း အသစ္ထပ္မံေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

အစာႁပြန္ကင္ဆာ ျဖစ္ၿပီဆိုပါက အသက္ရွင္မွု အလြန္နည္းပါးၿပီး ယူေကတြင္ ႏွစ္စဥ္ လူနာေပါင္း ၉,၂၁၁ ေယာက္ အစာႁပြန္ကင္ဆာ ျဖစ္ပြားရာ ၇,၈၀၀ ေသဆုံးခဲ့ေၾကာင္း စစ္တမ္းအသစ္တြင္ ေဖာ္ျပထားသည္။ အဆိုပါကင္ဆာေရာဂါျဖစ္ပြားသူ၏ ၁၅% သာ ၅ႏွစ္ခန႔္ အသက္ရွင္သန္နိုင္သည္။
တ႐ုပ္နိုင္ငံတြင္ အသက္ ၃၀ မွ ၇၉ ႏွစ္ၾကား လက္ဖက္ရည္ေသာက္သုံးသူေပါင္း ၄၅၆,၁၅၅ ကို ကိုးႏွစ္ၾကာ ေလ့လာခဲ့ၿပီးေနာက္ အဆိုပါသတိေပးခ်က္ ထြက္ေပၚလာခဲ့သည္။

အပူရွိန္ျမင့္မားေသာ လက္ဖက္ရည္/လက္ဖက္ရည္ၾကမ္းကို အရက္၊ ေဆးလိပ္တို႔နဲ႔ တြဲဖက္ေသာက္သုံးေသာေၾကာင့္ ကင္ဆာျဖစ္ပြားနိုင္မွုႏွုန္းသည္ လက္ဖက္ရည္ပူပူသာ ေသာက္သုံးသျဖင့္ ကင္ဆာျဖစ္ပြားနိုင္ေျခထက္ အႀကီးအက်ယ္ ျမင့္မားေၾကာင္း ေတြ႕ရွိရသည္။

တ႐ုပ္နိုင္ငံမွ Dr Canqing Yu ႏွင့္ အမ်ိဳးသားသဘာဝသိပၸံေဖာင္ေဒးရွင္းမွ လုပ္ေဖာ္ကိုင္ဖက္တို႔က ေဆးပညာဂ်ာနယ္တြင္ ေအာက္ပါအတိုင္း ေျပာဆိုခဲ့သည္။
“စမ္းသပ္ခ်က္အရ တစ္ပတ္မွာ ေရေႏြးၾကမ္းနဲနဲ၊ အရက္ ၁၅ဂရမ္ ေန႔တိုင္းေသာက္သုံးတဲ့လူထက္ ေရေႏြးပူပူနဲ႔ အရက္ ၁၅ဂရမ္ ေန႔တိုင္းေသာက္သူက အစာႁပြန္ကင္ဆာျဖစ္နိုင္ေၿခ ပိုမ်ားတာကို ေတြ႕ရပါတယ္” ဟု ေျပာဆိုခဲ့ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ လက္ဖက္ရည္/လက္ဖပ္ရည္ၾကမ္းတို႔ကို ႏွစ္သက္သည္ ဆိုသည့္တိုင္း ပူပူေလာေလာႀကီး တစ္ဖူးဖူးမွုတ္ကာေသာက္သည့္ အေလ့ကို အထူးေရွာင္က်ဥ္ရမည္ျဖစ္ပါတယ္။
မိမိပတ္ဝန္က်င္နဲ႔ မိသားစုဝင္ေတြအားလုံးလဲ သိရွိေအာင္ လက္ဆင့္ကမ္း ေဝမၽွေပးရင္ လူသားအားလုံး က်န္းမာေအာင္ ကူညီလိုက္ၾကပါစို႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

#Unicode Version#
ယခုနောက်ဆုံး လေ့လာဆန်းစစ်ချက်အသစ်အရ လက်ဖက်ရည်/ရေနွေးကြမ်း ပူပူသောက်သုံးသူများတွင် ကင်ဆာဖြစ်နေခြေမြင့်မားကြောင်း တွေ့ရှိရသည်။ အကယ်၍ လက်ဖက်ရည်ပူပူလည်းသောက်မည်၊ အရက်လည်းအလွန်အကျွံသောက်သုံးသူများတွင် အစာပြွန်ကင်ဆာ ဖြစ်ပွားစေနိုင်မှု ၅ ဆ ပိုမိုမြင့်တက်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ဟာ ကင်ဆာရောဂါဖြစ်ပွားစေကြောင်း အစကနဦးထဲက သိရှိခဲ့ပြီးဖြစ်သော်လည်း နေ့စဉ် လက်ဖက်ရည်အပူ၊ လက်ဖက်ခြောက်ပါသော ရေနွေးကြမ်းအပူတို့ကို သောက်သုံးမည်ဆိုပါကလည်း ကင်ဆာဖြစ်နိုင်ကြောင်း အသစ်ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အစာပြွန်ကင်ဆာ ဖြစ်ပြီဆိုပါက အသက်ရှင်မှု အလွန်နည်းပါးပြီး ယူကေတွင် နှစ်စဉ် လူနာပေါင်း ၉,၂၁၁ ယောက် အစာပြွန်ကင်ဆာ ဖြစ်ပွားရာ ၇,၈၀၀ သေဆုံးခဲ့ကြောင်း စစ်တမ်းအသစ်တွင် ဖော်ပြထားသည်။ အဆိုပါကင်ဆာရောဂါဖြစ်ပွားသူ၏ ၁၅% သာ ၅နှစ်ခန့် အသက်ရှင်သန်နိုင်သည်။
တရုပ်နိုင်ငံတွင် အသက် ၃၀ မှ ၇၉ နှစ်ကြား လက်ဖက်ရည်သောက်သုံးသူပေါင်း ၄၅၆,၁၅၅ ကို ကိုးနှစ်ကြာ လေ့လာခဲ့ပြီးနောက် အဆိုပါသတိပေးချက် ထွက်ပေါ်လာခဲ့သည်။

အပူရှိန်မြင့်မားသော လက်ဖက်ရည်/လက်ဖက်ရည်ကြမ်းကို အရက်၊ ဆေးလိပ်တို့နဲ့ တွဲဖက်သောက်သုံးသောကြောင့် ကင်ဆာဖြစ်ပွားနိုင်မှုနှုန်းသည် လက်ဖက်ရည်ပူပူသာ သောက်သုံးသဖြင့် ကင်ဆာဖြစ်ပွားနိုင်ခြေထက် အကြီးအကျယ် မြင့်မားကြောင်း တွေ့ရှိရသည်။

တရုပ်နိုင်ငံမှ Dr Canqing Yu နှင့် အမျိုးသားသဘာဝသိပ္ပံဖောင်ဒေးရှင်းမှ လုပ်ဖော်ကိုင်ဖက်တို့က ဆေးပညာဂျာနယ်တွင် အောက်ပါအတိုင်း ပြောဆိုခဲ့သည်။
“စမ်းသပ်ချက်အရ တစ်ပတ်မှာ ရေနွေးကြမ်းနဲနဲ၊ အရက် ၁၅ဂရမ် နေ့တိုင်းသောက်သုံးတဲ့လူထက် ရေနွေးပူပူနဲ့ အရက် ၁၅ဂရမ် နေ့တိုင်းသောက်သူက အစာပြွန်ကင်ဆာဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ လက်ဖက်ရည်/လက်ဖပ်ရည်ကြမ်းတို့ကို နှစ်သက်သည် ဆိုသည့်တိုင်း ပူပူလောလောကြီး တစ်ဖူးဖူးမှုတ်ကာသောက်သည့် အလေ့ကို အထူးရှောင်ကျဉ်ရမည်ဖြစ်ပါတယ်။
မိမိပတ်ဝန်ကျင်နဲ့ မိသားစုဝင်တွေအားလုံးလဲ သိရှိအောင် လက်ဆင့်ကမ်း ဝေမျှပေးရင် လူသားအားလုံး ကျန်းမာအောင် ကူညီလိုက်ကြပါစို့။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top