iMyanmarHouse.com - Best Property Website for Myanmar
×

ရန္ကုန္တုိင္းေဒသၾကီး ဗုိလ္တေထာင္ျမဳိ ့နယ္တြင္ ေဖေဖာ္၀ါရီလ ၁၃ ရက္ေန ့က အသက္ ၅၅ ႏွစ္အရြယ္ အမ်ဳိးသမီးၾကီးကုိ ေငြႏွင့္ နားကပ္တို႔အား ေျခာက္လွန္႔ေတာင္းယူၿပီး အလိုမတူဘဲသားမယား အျဖစ္ျပဳက်င့္သူကို ရန္ကုန္တိုင္း ေဒသႀကီးရဲတပ္ဖဲြ႕မွဴးရံုးမွ တပ္ဖဲြ႕၀င္မ်ားက ၁၄.၂.၂၀၁၈ ရက္ေန႔ နံနက္ ၁၁း၁၅ အခ်ိန္တြင္ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္မွာ ဖမ္းဆီးမိခဲ့ေၾကာင္း ရန္ကုန္တုိင္းေဒသၾကီး ရဲတပ္ဖဲြ ့က ေဖေဖာ္၀ါရီ ၁၅ ရက္ေန ့ ယေန ့သတင္းထုတ္ျပန္သည္။

ျဖစ္စဥ္မွာ ၁၃.၂.၂၀၁၈ ရက္ေန႔ ေန႔လယ္ ၂ နာရီအခ်ိန္တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္ေန ေဒၚ-----သည္ ေဆာက္လက္စ (၈)ထပ္အေဆာက္အအံု၏ ပထမထပ္တြင္ တစ္ဦးတည္းရွိေနၿပီး ၎၏သားျဖစ္သူႏွင့္ အလုပ္သမားမ်ားမွာ (၆)လႊာတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ေနစဥ္ အမည္မသိ အသက္ (၃၀)ႏွစ္ခန္႔၊ လက္ေမာင္းႏွစ္ဖက္တြင္ ေဆးမင္ေၾကာင္မ်ားထိုးထားသည့္ အရပ္ ၅ ေပ ၆ လက္မခန္႔ရွိ အမ်ိဳးသားတစ္ဦး ေရာက္ရွိလာၿပီး ၎အား “ပိုက္ဆံထုတ္ေပးရန္ႏွင့္ မေပးပါက မုဒိမ္းက်င့္မယ္၊ ေထာင္ကထြက္လာတာ”ဟု ေျပာဆိုၿခိမ္းေျခာက္သျဖင့္ ေၾကာက္လန္႔၍ အက်ႌအိတ္ကပ္အတြင္း ထည့္ထားေသာ ေငြက်ပ္ ၂၀၀၀၀၀အား ထုတ္ေပးခဲ့ေၾကာင္း၊ အဆိုပါအမ်ိဳးသားမွ ၀တ္ဆင္ထားေသာ နားကပ္အားျဖဳတ္ေပးရန္ ထပ္မံေတာင္းသျဖင့္ ခၽြတ္ေပးခဲ့ေၾကာင္း၊ ထိုျပင္ အိမ္ခန္းအတြင္းရွိ သားျဖစ္သူ၏ ပုဆိုးအား စုတ္ၿဖဲကာ ႀကိဳးအျဖစ္အသံုးျပဳ၍ ၎အား အနီးရွိတိုင္တြင္ တုပ္ေႏွာင္ကာ ပါးစပ္ပိတ္ၿပီး အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း တိုင္တန္းခ်က္အရ ဗိုလ္တေထာင္ၿမိဳ႕မရဲစခန္း(ပ)၆၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၈၄ျဖင့္ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီး ရမိေရး စံုစမ္းေဆာင္ရြက္ခဲ့သည္။

အမႈမွ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖဲြ႕မွဴးရံုးမွ မႈခင္းေဖာ္ထုတ္ ေရးတပ္ဖဲြ႕၀င္မ်ား၊ အေရွ႕ပိုင္းခရိုင္ရဲတပ္ ဖဲြ႕မွဴးရံုးမွတပ္ဖဲြ႕၀င္မ်ားႏွင့္ ဗိုလ္တေထာင္ၿမိဳ႕မရဲစခန္းမွတပ္ဖဲြ႕၀င္မ်ားတို႔က အခင္းျဖစ္ရပ္အား အေသးစိတ္စစ္ေဆးခဲ့ပါသည္။

အခင္းျဖစ္ရပ္တြင္ ေတြ႕ရွိသိမ္းဆည္းရမိခဲ့သည့္ ပစၥည္းမ်ားႏွင့္ပတ္သက္၍ စံုစမ္းေထာက္လွမ္းခဲ့ရာ ျပစ္မႈက်ဴးလြန္ သူမွာ ေဒါပံုၿမိဳနယ္ေန မ်ိဳးမင္းသူ(ခ)မ်ိဳးဦးျဖစ္ေၾကာင္း အတည္ျပဳရရွိခဲ့သျဖင့္ ဖမ္းဆီးရမိေရးေဆာင္ရြက္ခဲ့ရာ ၁၄.၂.၂၀၁၈ ရက္ေန႔ နံနက္ ၁၁၁၅အခ်ိန္တြင္ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္၊ ေတာင္လံုးျပန္ရပ္ကြက္၊ အထက္ပု ဇြန္ေတာင္လမ္း၊ အထည္အေဟာင္းတန္းေစ်းအတြင္းမွ မ်ိဳးမင္းသူ(ခ)မ်ိဳးဦးအား ဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူ မ်ိဳးမင္းသူ(ခ)မ်ိဳးဦးအား စစ္ေဆးရာ ၎သည္ ၁၃.၂.၂၀၁၈ ရက္ေန႔ နံနက္ ၁၁၃၀ အခ်ိန္တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ (၄၂)လမ္းရွိ အရက္ဆိုင္တြင္ အရက္ေသာက္ခဲ့ၿပီး ေငြေၾကးသံုးစဲြရန္မရွိသျဖင့္ ခိုးမႈက်ဴးလြန္ရန္ဆံုးျဖတ္ကာ အနီးရွိ ေဆာက္လက္စ(၈)ထပ္တိုက္၏ ပထမထပ္သို႔ ၀င္ေရာက္ခဲ့ေၾကာင္း၊ အခန္း အတြင္း၌ အသက္(၅၀)ေက်ာ္ခန္႔ရွိ အမ်ိဳးသမီးတစ္ဦးတည္းရွိေနသည္ကို ေတြ႕ရွိသျဖင့္ ယင္းကဲ့သို႔ ျပစ္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ၎သည္ ၂၀၁၆ ခုႏွစ္ႏွင့္ ၂၀၁၇ခုႏွစ္ အတြင္းက လသာၿမိဳ႕နယ္အတြင္း ခိုးမႈမ်ား က်ဴးလြန္ခဲ့သျဖင့္ ေထာင္ဒဏ္(၁)ႏွစ္ႏွင့္ (၉)လက်ခံခဲ့ရကာ ၁၉.၁.၂၀၁၈ရက္ေန႔တြင္ ေထာင္မွလြတ္ေျမာက္ လာခဲ့သူျဖစ္ေၾကာင္း ေပၚေပါက္ခဲ့သည္။

ေပၚေပါက္ခ်က္အရ မ်ိဳးမင္းသူ(ခ)မ်ိဳးဦးအား အမႈျဖင့္ဆက္လက္အေရးယူ ေဆာင္ရြက္လ်က္ရွိၿပီး သက္ေသခံ ပစၥည္းမ်ားျပန္လည္သိမ္းဆည္းႏိုင္ခဲ့ကာ ထိေရာက္ျပစ္ဒဏ္ရရွိေရး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ပါရိွသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သစ္ထူးလြင္

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးကို ငွေနှင့် နားကပ်တို့အား ခြောက်လှန့်တောင်းယူပြီး အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်သူကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက ၁၄.၂.၂၀၁၈ ရက်နေ့ နံနက် ၁၁း၁၅ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၁၃.၂.၂၀၁၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ဗိုလ်တထောင်မြို့နယ်နေ ဒေါ်-----သည် ဆောက်လက်စ (၈)ထပ်အဆောက်အအုံ၏ ပထမထပ်တွင် တစ်ဦးတည်းရှိနေပြီး ၎င်း၏သားဖြစ်သူနှင့် အလုပ်သမားများမှာ (၆)လွှာတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေစဉ် အမည်မသိ အသက် (၃၀)နှစ်ခန့်၊ လက်မောင်းနှစ်ဖက်တွင် ဆေးမင်ကြောင်များထိုးထားသည့် အရပ် ၅ ပေ ၆ လက်မခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ၎င်းအား “ပိုက်ဆံထုတ်ပေးရန်နှင့် မပေးပါက မုဒိမ်းကျင့်မယ်၊ ထောင်ကထွက်လာတာ”ဟု ပြောဆိုခြိမ်းခြောက်သဖြင့် ကြောက်လန့်၍ အကျႌအိတ်ကပ်အတွင်း ထည့်ထားသော ငွေကျပ် ၂၀၀၀၀၀အား ထုတ်ပေးခဲ့ကြောင်း၊ အဆိုပါအမျိုးသားမှ ဝတ်ဆင်ထားသော နားကပ်အားဖြုတ်ပေးရန် ထပ်မံတောင်းသဖြင့် ချွတ်ပေးခဲ့ကြောင်း၊ ထိုပြင် အိမ်ခန်းအတွင်းရှိ သားဖြစ်သူ၏ ပုဆိုးအား စုတ်ဖြဲကာ ကြိုးအဖြစ်အသုံးပြု၍ ၎င်းအား အနီးရှိတိုင်တွင် တုပ်နှောင်ကာ ပါးစပ်ပိတ်ပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း(ပ)၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၈၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ် ရေးတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ် ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် ဗိုလ်တထောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များတို့က အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးခဲ့ပါသည်။

အခင်းဖြစ်ရပ်တွင် တွေ့ရှိသိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများနှင့်ပတ်သက်၍ စုံစမ်းထောက်လှမ်းခဲ့ရာ ပြစ်မှုကျူးလွန် သူမှာ ဒေါပုံမြိုနယ်နေ မျိုးမင်းသူ(ခ)မျိုးဦးဖြစ်ကြောင်း အတည်ပြုရရှိခဲ့သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၁၄.၂.၂၀၁၈ ရက်နေ့ နံနက် ၁၁၁၅အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပု ဇွန်တောင်လမ်း၊ အထည်အဟောင်းတန်းဈေးအတွင်းမှ မျိုးမင်းသူ(ခ)မျိုးဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ မျိုးမင်းသူ(ခ)မျိုးဦးအား စစ်ဆေးရာ ၎င်းသည် ၁၃.၂.၂၀၁၈ ရက်နေ့ နံနက် ၁၁၃၀ အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ (၄၂)လမ်းရှိ အရက်ဆိုင်တွင် အရက်သောက်ခဲ့ပြီး ငွေကြေးသုံးစွဲရန်မရှိသဖြင့် ခိုးမှုကျူးလွန်ရန်ဆုံးဖြတ်ကာ အနီးရှိ ဆောက်လက်စ(၈)ထပ်တိုက်၏ ပထမထပ်သို့ ဝင်ရောက်ခဲ့ကြောင်း၊ အခန်း အတွင်း၌ အသက်(၅၀)ကျော်ခန့်ရှိ အမျိုးသမီးတစ်ဦးတည်းရှိနေသည်ကို တွေ့ရှိသဖြင့် ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ခုနှစ် အတွင်းက လသာမြို့နယ်အတွင်း ခိုးမှုများ ကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ်(၁)နှစ်နှင့် (၉)လကျခံခဲ့ရကာ ၁၉.၁.၂၀၁၈ရက်နေ့တွင် ထောင်မှလွတ်မြောက် လာခဲ့သူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ မျိုးမင်းသူ(ခ)မျိုးဦးအား အမှုဖြင့်ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပြီး သက်သေခံ ပစ္စည်းများပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top