iMyanmarHouse.com - Best Property Website for Myanmar
×

 ေမာ္ဒယ္အိန္ဂ်ယ္လမုန္ ႏွင့္ ခ်စ္သူျဖစ္ေနၿပီဟု ပရိသတ္ ကုိ စေနာက္ျခင္းသည္ ေပ်ာ္ေစ ပ်က္ေစသေဘာျဖင့္ ျပဳလုပ္ျခင္းျဖစ္ၿပီး နာမည္ႀကီးလို၍ တမင္ဖန္ တီးျခင္း မဟုတ္ေၾကာင္း သ႐ုပ္ ေဆာင္ပုိင္တံခြန္က ေျပာသည္။

‘‘နာမည္ႀကီးခ်င္ရင္ ဒီထက္ နာမည္ႀကီးလုိ႔ရတဲ့ နည္းေတြ၊ အုိင္ဒီယာေတြ ကၽြန္ေတာ့္ဆီမွာ အ မ်ားႀကီးရွိပါတယ္။ ဒါကသက္ သက္မဲ့ သီးသန္႔ေပ်ာ္ေစ၊ ပ်က္ေစေနာက္ေစခ်င္လို႔ ပရိသတ္ေတြ ကိုစရင္းနဲ႔ ျဖစ္သြားတာပါ။ နာမည္ႀကီးခ်င္လို႔ ပါဆိုတဲ့ သီးသန္႔ရည္ရြယ္ခ်က္မ်ဳိးလည္း မရွိပါဘူး။ ပရိသတ္ကုိ သက္သက္ေပ်ာ္ေစခ်င္လုိ႔ လုပ္လုိက္တာပါ။ သူတုိ႔မ႐ိုးမရြျဖစ္ေနတဲ့ ပုံေလးေတြ ကၽြန္ေတာ္သေဘာက်လို႔ပါ’’ဟု ၎ကေျပာသည္။

ေဖေဖာ္၀ါရီ ၁၈ ရက္တြင္ ၎တို႔ႏွစ္ဦးအသုံးျပဳသည့္ အ ေကာင့္မ်ားတြင္ ခ်စ္သူျဖစ္ေနၿပီ ျဖစ္ေၾကာင္း သိသာေစသည့္ ပို႔စ္ မ်ား၊ ကြန္မန္႔မ်ားေရးကာ အျပန္ အလွန္စေနာက္သည့္အေပၚ ၎ ကို အားေပးေနသည့္ ဆယ္ေက်ာ္ သက္ မိန္းကေလးပရိသတ္အမ်ား စုအထင္လြဲကာ  ဘေလာ့သည္အထိျဖစ္ခဲ့ေသာေၾကာင့္ စေနာက္ျခင္းျဖစ္ေၾကာင္း  ေဖေဖာ္၀ါရီ ၂၂ ရက္တြင္၎၏ ပရိသတ္မ်ားအား ျပန္လည္အသိေပးခဲ့သည္။

‘‘သူနဲ႔ ကၽြန္ေတာ္နဲ႔က အခုလည္းခ်စ္သူမဟုတ္ဘူး။ ေနာင္လည္း ခ်စ္သူျဖစ္လာမွာ မဟုတ္ဘူး။ သူကကၽြန္ေတာ့္ညီမပါ။ ဒါေပမဲ့ ဒီတစ္ေခါက္စေနာက္ လုိက္တာက နည္းနည္းၾကမ္းသြားပါတယ္။ အနည္းဆုံး(ပရိသတ္) ၁၀ ေယာက္၊ ၁၅ ေယာက္ေလာက္က ဘေလာ့သြားတယ္ထင္တယ္။ ဒါကကၽြန္ေတာ္နဲ႔ (ေဖ့စ္ဘြတ္ခ္)Friend ျဖစ္တဲ့သူထဲကေပါ့။ Friend မျဖစ္တဲ့ သူထဲကေတာ့ ဘယ္ႏွေယာက္ ေလာက္ ဘေလာ့သြားတယ္ဆိုတာ ေသခ်ာမသိပါ ဘူး။ အျမင္ကတ္ၿပီး ဘေလာ့သြား တဲ့သူေတြလည္း ရွိမွာေပါ့။ ေသခ်ာေတာ့ မသိပါဘူး’’ ဟု ပိုင္တံခြန္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
 မော်ဒယ်အိန်ဂျယ်လမုန် နှင့် ချစ်သူဖြစ်နေပြီဟု ပရိသတ် ကို စနောက်ခြင်းသည် ပျော်စေ ပျက်စေသဘောဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး နာမည်ကြီးလို၍ တမင်ဖန် တီးခြင်း မဟုတ်ကြောင်း သရုပ် ဆောင်ပိုင်တံခွန်က ပြောသည်။

‘‘နာမည်ကြီးချင်ရင် ဒီထက် နာမည်ကြီးလို့ရတဲ့ နည်းတွေ၊ အိုင်ဒီယာတွေ ကျွန်တော့်ဆီမှာ အ များကြီးရှိပါတယ်။ ဒါကသက် သက်မဲ့ သီးသန့်ပျော်စေ၊ ပျက်စေနောက်စေချင်လို့ ပရိသတ်တွေ ကိုစရင်းနဲ့ ဖြစ်သွားတာပါ။ နာမည်ကြီးချင်လို့ ပါဆိုတဲ့ သီးသန့်ရည်ရွယ်ချက်မျိုးလည်း မရှိပါဘူး။ ပရိသတ်ကို သက်သက်ပျော်စေချင်လို့ လုပ်လိုက်တာပါ။ သူတို့မရိုးမရွဖြစ်နေတဲ့ ပုံလေးတွေ ကျွန်တော်သဘောကျလို့ပါ’’ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင် ၎င်းတို့နှစ်ဦးအသုံးပြုသည့် အ ကောင့်များတွင် ချစ်သူဖြစ်နေပြီ ဖြစ်ကြောင်း သိသာစေသည့် ပို့စ် များ၊ ကွန်မန့်များရေးကာ အပြန် အလှန်စနောက်သည့်အပေါ် ၎င်း ကို အားပေးနေသည့် ဆယ်ကျော် သက် မိန်းကလေးပရိသတ်အများ စုအထင်လွဲကာ  ဘလော့သည်အထိဖြစ်ခဲ့သောကြောင့် စနောက်ခြင်းဖြစ်ကြောင်း  ဖေဖော်ဝါရီ ၂၂ ရက်တွင်၎င်း၏ ပရိသတ်များအား ပြန်လည်အသိပေးခဲ့သည်။

‘‘သူနဲ့ ကျွန်တော်နဲ့က အခုလည်းချစ်သူမဟုတ်ဘူး။ နောင်လည်း ချစ်သူဖြစ်လာမှာ မဟုတ်ဘူး။ သူကကျွန်တော့်ညီမပါ။ ဒါပေမဲ့ ဒီတစ်ခေါက်စနောက် လိုက်တာက နည်းနည်းကြမ်းသွားပါတယ်။ အနည်းဆုံး(ပရိသတ်) ၁၀ ယောက်၊ ၁၅ ယောက်လောက်က ဘလော့သွားတယ်ထင်တယ်။ ဒါကကျွန်တော်နဲ့ (ဖေ့စ်ဘွတ်ခ်)Friend ဖြစ်တဲ့သူထဲကပေါ့။ Friend မဖြစ်တဲ့ သူထဲကတော့ ဘယ်နှယောက် လောက် ဘလော့သွားတယ်ဆိုတာ သေချာမသိပါ ဘူး။ အမြင်ကတ်ပြီး ဘလော့သွား တဲ့သူတွေလည်း ရှိမှာပေါ့။ သေချာတော့ မသိပါဘူး’’ ဟု ပိုင်တံခွန်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top