ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဓႏုျဖဴၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္၊ သုခလမ္းမွာ ေနထုိင္တဲ့ အသက္(၅၀)အရြယ္ အမ်ိဳးသမီး တစ္ဦးဟာ ဓားထုိးခံရၿပီး ဓႏုျဖဴျမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွာ ေသဆုံးသြားတယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ (၁၈)ရက္၊ နံနက္(၁)နာရီခန္႔က ေသဆံုးသူအမ်ိဳးသမီးရဲ႕ ေနအိမ္ကို လြန္ခ့ဲတဲ့ (၆)လခန္႔ က ကြဲကြာေနတဲ့ ခင္ပြန္းျဖစ္သူက ထမင္းေပါင္းအုိးလာယူတာကို မေပးရာက စကားမ်ားရန္ျဖစ္ၾကကာ အသင့္ယူေဆာင္လာတဲ့ ဓားနဲ႔ထုိးလိုက္တာ ျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီလို ဓားနဲ႔အထိုးခံရတာေၾကာင့္ သမီးျဖစ္သူနဲ႔ သားမက္တို႔က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးၾကည္ဝင္းထံ အေၾကာင္းၾကားၿပီး ဓႏုျဖဴၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံကိုပို႔ေဆာင္ရာမွာ ေဆးကုသမႈခံယူေနစဥ္ ေဖေဖာ္ဝါရီ (၁၈)ရက္ မနက္ (၂)နာရီခြဲခန္႔မွာ ေသဆုံးသြားခ့ဲပါတယ္။ ဓားနဲ႔ထိုးသူကို ဓႏုျဖဴ ၿမိဳ႕မ ရဲစခန္းက ရာဇသက္ႀကီးပုဒ္မ (၃၀၂) နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

နိဳင္ငံေတာ္မွတ္ႀကီး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္သူဟိဏ္း(ဓႏုျဖဴ)

# Unicode Version ျဖင့္ ဖတ္ပါ #

ဓနုဖြူမြို့၊ အမှတ်(၁)ရပ်ကွက်၊ သုခလမ်းမှာ နေထိုင်တဲ့ အသက်(၅၀)အရွယ် အမျိုးသမီး တစ်ဦးဟာ ဓားထိုးခံရပြီး ဓနုဖြူမြို့နယ် ပြည်သူ့ဆေးရုံမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၁၈)ရက်၊ နံနက်(၁)နာရီခန့်က သေဆုံးသူအမျိုးသမီးရဲ့ နေအိမ်ကို လွန်ခဲ့တဲ့ (၆)လခန့် က ကွဲကွာနေတဲ့ ခင်ပွန်းဖြစ်သူက ထမင်းပေါင်းအိုးလာယူတာကို မပေးရာက စကားများရန်ဖြစ်ကြကာ အသင့်ယူဆောင်လာတဲ့ ဓားနဲ့ထိုးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို ဓားနဲ့အထိုးခံရတာကြောင့် သမီးဖြစ်သူနဲ့ သားမက်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းထံ အကြောင်းကြားပြီး ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ရာမှာ ဆေးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီ (၁၈)ရက် မနက် (၂)နာရီခွဲခန့်မှာ သေဆုံးသွားခဲ့ပါတယ်။ ဓားနဲ့ထိုးသူကို ဓနုဖြူ မြို့မ ရဲစခန်းက ရာဇသက်ကြီးပုဒ်မ (၃၀၂) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

နိုင်ငံတော်မှတ်ကြီး

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်သူဟိဏ်း(ဓနုဖြူ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top