×

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ ေရ႐ွင္ေက်းရြာအုပ္စု ေညာင္ေထာက္ကေလးေက်းရြာ ပရဟိတကြင္း(ေဒသအေခၚ ေနာင္တာလ ကြင္းအမွတ္ ၇၃)တြင္ ေဖေဖာ္ဝါရီ၂၅ရက္ နံနက္ပိုင္းက အသက္ ၁၀ ႏွစ္အရြယ္ စတုတၳတန္းေက်ာင္းသူ မိန္းကေလးငယ္တစ္ဦး ဓားဒါဏ္ရာမ်ားျဖင့္ ေသဆံုးေနေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉးရံုးမွ သိရသည္။

ျဖစ္စဥ္မွာ ေရ႐ွင္ေက်းရြာ အုပ္ခ်ဳပ္ေရးမႉးမွ မိုးေကာင္းၿမိဳ႕မရဲစခန္းသို႔ မိန္းကေလးငယ္တစ္ဦး ဓားဒါဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကိုေတြ႔ရိွရေၾကာင္း ဖုန္းျဖင့္ဆက္သြယ္အေၾကာင္းၾကားသျဖင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉး ရဲမႉးဝင္းျမင့္ေအာင္ႏွင့္ တာဝန္ရိွသူမ်ားမွ အခင္းျဖစ္ပြားသည့္ေနရာ ေညာင္ေထာက္ကေလးေက်းရြာ ပရဟိတကြင္း(ေဒသအေခၚ ေနာင္တာလ ကြင္းအမွတ္ ၇၃)သို႔ သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ (ေသဆံုးသူ) ေညာင္ေထာက္ကေလးေက်းရြာေန ေအာင္မဂၤလာအေျခခံပညာမူလတန္းေက်ာင္းမွ စတုတၳတန္းေက်ာင္းသူ မေမႊးေမႊး(၁၀)ႏွစ္(ဘ)ဦးေမာင္အိုက္၏ ေနာက္ေက်ာတြင္ ထိုးသြင္းဒါဏ္ရာ(၃)ခ်က္၊ယာဘက္ခါးတြင္ထိုးသြင္းဒါဏ္ရာ(၁)ခ်က္၊လည္ပင္းတြင္ ျပတ္႐ွဒါဏ္ရာ(၁)ခ်က္တို႔ျဖင့္ ေသဆံုးေနသည္ကိုေတြ႔ရိွရ၍ ေလာကတၳစရိယလူမႈကူညီေရးယာဥ္(မိုးေကာင္း)ႏွင့္ ၿမိဳ႕နယ္ေဆးရံုသို႔ ပို႔ေဆာင္ကာ ရဲေဆးစာစစ္ခ်က္မွတ္တမ္းမ်ား ရယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဝင္းႏိုင္ ကခ်င္ေျမ
မိုးေကာင္းသတင္းမီဒီယာ
https://www.facebook.com/mogaungnews.media

#Unicode Version#
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ညောင်ထောက်ကလေးကျေးရွာ ပရဟိတကွင်း(ဒေသအခေါ် နောင်တာလ ကွင်းအမှတ် ၇၃)တွင် ဖေဖော်ဝါရီ၂၅ရက် နံနက်ပိုင်းက အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦး ဓားဒါဏ်ရာများဖြင့် သေဆုံးနေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ရေရှင်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ မိုးကောင်းမြို့မရဲစခန်းသို့ မိန်းကလေးငယ်တစ်ဦး ဓားဒါဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်နှင့် တာဝန်ရှိသူများမှ အခင်းဖြစ်ပွားသည့်နေရာ ညောင်ထောက်ကလေးကျေးရွာ ပရဟိတကွင်း(ဒေသအခေါ် နောင်တာလ ကွင်းအမှတ် ၇၃)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ (သေဆုံးသူ) ညောင်ထောက်ကလေးကျေးရွာနေ အောင်မင်္ဂလာအခြေခံပညာမူလတန်းကျောင်းမှ စတုတ္ထတန်းကျောင်းသူ မမွှေးမွှေး(၁၀)နှစ်(ဘ)ဦးမောင်အိုက်၏ နောက်ကျောတွင် ထိုးသွင်းဒါဏ်ရာ(၃)ချက်၊ယာဘက်ခါးတွင်ထိုးသွင်းဒါဏ်ရာ(၁)ချက်၊လည်ပင်းတွင် ပြတ်ရှဒါဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍ လောကတ္ထစရိယလူမှုကူညီရေးယာဉ်(မိုးကောင်း)နှင့် မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ ရဲဆေးစာစစ်ချက်မှတ်တမ်းများ ရယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top