AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မိန္းကေလးတစ္ေယာက္အေနနဲ႔ ခႏၶာကိုယ္မွာ ဖုသင့္တဲ့ေနရာဖု၊ ခ်ိဳင့္သင့္တဲ့ေနရာခ်ိဳင့္ၿပီး သင့္တင့္တဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္းရွိေနၿပီဆိုရင္ ဘာဝတ္ဝတ္အဆင္ေျပသလို ကိုယ္တိုင္ကလည္း ယံုၾကည္မႈရွိ တယ္လို႔ခံစားရပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီလို ခႏၶာကိုယ္ေကာက္ေၾကာင္းလွၿပီး စမတ္က်တဲ့ဝတ္စံုကိုဝတ္ဆင္ထား တဲ့မိန္းကေလးအမ်ားစုဟာ လူမႈေပါင္းသင္းဆက္ဆံေရးမွာ မ်က္ႏွာပန္းလွၾကလို႔ပါပဲ။ဒါေပမဲ့ ခႏၶာကိုယ္ လွပတဲ့ မိန္းကေလးေတြမွာလည္း အားနည္းခ်က္ေလးေတြရွိၾကပါတယ္။ အထူးသျဖင့္ လိုတာထက္ ပိုသြားတဲ့အခါမ်ိဳးမွာေပါ့။ ပစၥည္းရွိတယ္၊ ပစၥည္းရွိတယ္ဆိုၿပီး ခပ္ၾကြားၾကြားေလေနတတ္ ၾကတဲ့ မိန္းကေလးတခ်ိဳ႕(လိုတာထက္ပိုရွိေနၾကတဲ့မိန္းကေလးတခ်ိဳ႕)မွာကိုယ္တိုင္သာသိၿပီးခံစားရတဲ့ အခက္အခဲေဝဒနာေလးေတြရွိၾကပါတယ္။ တင္ႀကီးလြန္းတဲ့မိန္းကေလးေတြ၊ ရင္ႀကီးလြန္းတဲ့ မိန္းကေလးအမ်ားစုက အဲဒီလို ေဝဒနာ အခက္အခဲေတြႀကံဳရေလ့ရွိပါတယ္။

ဒါကို Body Shamingသေဘာနဲ႔ေဖာ္ျပခ်င္တာမဟုတ္ဘဲ သူတို႔မွာလည္း သူတို႔အခက္အခဲနဲ႔သူတို႔ရွိၾက တယ္။ ဒီလိုအခက္အခဲေတြကိုသိမယ္ဆိုရင္ တခ်ိဳ႕ကိုယ့္မွာ ဘာမွမရွိလို႔ စိတ္ညစ္ေနတဲ့ညီမတို႔ အစ္မတို႔အေနနဲ႔ ကိုယ့္ရဲ႕ရွိၿပီးသားအလွေတြကို လက္ခံသြားႏိုင္မယ္၊ အဲဒီလိုပဲ ပစၥည္းရွိတဲ့ အစ္မတို႔၊ ညီမတို႔အတြက္လည္း ဒီလိုအခက္အခဲေတြကို ဘယ္လိုေက်ာ္လႊားႏိုင္မလဲ ဆိုတာသိသြားမယ္လို႔ ယူဆပါတယ္။

Cup Sizeေရြးရခက္ျခင္း

ရင္သားႀကီးတဲ့သူေတြႀကံဳရေလ့ရွိတဲ့ျပႆနာကေတာ့ Cup Sizeေရြးရခက္တဲ့ျပႆနာပါ။ ခါးဆိုဒ္နဲ႔ ကတ္(ပ္)ဆိုဒ္ကမတူတဲ့အတြက္ ခါးဆိုဒ္အဆင္ေျပရင္ ကတ္(ပ္)ဆိုဒ္က ေသးေနတာမ်ဳး၊ ကတ္(ပ္)ဆိုဒ္ အဆင္ေျပရင္ ခါးဆိုဒ္ကႀကီးလြန္းေနတာမ်ဳိးေတြပါ။ ဒီျပႆနာက အဝတ္လဲခန္းရွိတဲ့ေနရာေတြမွာ ဘရာဝယ္ရတယ္ဆိုရင္ အဆင္ေျပႏိုင္ေပမယ့္ လဟာျပင္ေစ်းလို၊ လမ္းေဘးမွာေရာင္းတဲ့ အတြင္းခံ ဆုိင္ေတြမွာဆိုရင္ တိုင္းၾကည့္ရခက္ ဝတ္ၾကည့္ရခက္ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ရင္သားႀကီးတဲ့ သူေတြအေနနဲ႔ ကိုယ့္ရဲ႕ ကတ္(ပ္)ဆိုဒ္က မ်က္ရည္စက္ပံုလား၊ အဝိုင္းပံုလားဆိုတာအရြယ္အစားကို ေသခ်ာသိထားၿပီးမွ ကတ္(ပ္)ဆိုဒ္ဦးစားေပးဝယ္ပါ။

ေက်ာနာ၊ေက်ာေအာင့္ျခင္း

ရင္သားႀကီးျခင္းေၾကာင့္ အားသာခ်က္တစ္ခုကိုပိုင္ဆိုင္ထားရသလို အားနည္းခ်က္လည္းျဖစ္ရပါတယ္။ အေလးခ်ိန္ရွိတဲ့အတြက္ဒီအေလးခ်ိန္ကို ထိန္းရတဲ့အခါ ဘရာကိုတင္းတင္း က်ပ္က်ပ္ဝတ္တာမ်ိဳး၊ ကတ္(ပ္)ဆိုဒ္ကို fit ျဖစ္လြန္းတာမ်ိဳးေတြဝတ္တဲ့အခါ ေက်ာကုန္းကိုသိုင္းထားတဲ့ဘရာႀကိဳးက ရင္သား ကိုထိန္းထားရံုသာမက ေက်ာကုန္းကိုပါတင္းက်ပ္ေအာင္ထုပ္ထားသလိုျဖစ္တဲ့အတြက္ ေက်ာေအာင့္ တာ၊ ပုခံုးနာတာမ်ိဳးေတြခံစားရတတ္ပါတယ္။ အဲဒီလို မၾကာခဏခံစားရတာမ်ိဳးက ရင္သားအတြက္ေရာ၊ သင့္ရဲ႕ေက်ာကုန္းအတြက္ပါ ေရရွည္မွာအႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ကအရမ္းႀကီး လြန္းတဲ့အထဲမွာပါတယ္ဆိုရင္ လႈပ္ရွားမႈတိုင္းမွာလိုက္ပါယိမ္းခါေနမယ့္ ဆြဲသားဘရာေတြကိုေရွာင္ပါ။ ကတ္(ပ္)ဆိုဒ္ကို ေသခ်ာတိုင္းၿပီး သက္ေတာင့္သက္သာအေနအထားမွာဝတ္ ဆင္ပါ(တင္းက်ပ္လြန္း တာမ်ိဳးမျဖစ္ေစရ)။ ခါးတိုဘရာထက္ ခါးရွည္ဘရာက သင့္ကိုပိုၿပီးသက္ေတာင့္သက္သာျဖစ္ေစပါ လိမ့္မယ္။

အက်ီ ၤအေရာင္ႏုဝတ္ရင္အဆင္မေျပျခင္း

အေရာင္ႏုတဲ့အက်ီ ၤေတြက ရင္သားႀကီးတာကိုပိုၿပီးေပၚလြင္ေစပါတယ္။ ဒါေၾကာင့္ ရင္သားႀကီးတဲ့ သူေတြအေနနဲ႔ အေရာင္ႏုအက်ီ ၤေတြကိုဝတ္ရင္သတိထားသင့္ပါတယ္။ တစ္ဖက္လူအျမင္မွာရိုင္း တာမ်ဳိး၊ နဂိုထက္ပိုႀကီးသေယာင္ထင္ရေစတဲ့ဆြဲသားအက်ီ ၤေတြကသင့္ကိုစိတ္အေႏွာင့္ အယွက္ျဖစ္ ေစႏုိင္ပါတယ္။ ဒါ့အျပင္ ရင္သားႀကီးတဲ့သူေတြအတြက္ ေရွ႕ၾကယ္သီးတြယ္တဲ့အက်ီ ၤေတြ ကလည္း သတိထားေရြးခ်ယ္ဝတ္ဆင္သင့္တဲ့အမ်ဳိးအစားထဲမွာပါပါတယ္။ တခါတေလက်ရင္ ရင္သားေၾကာင့္ ၾကယ္သီကိုတင္းအားျဖစ္ေစၿပီး ၾကယ္သီးျပဳတ္ထြက္တာ၊ ရင္ဘတ္မွာၾကည့္ မေကာင္းေအာင္က်ပ္ေန တာမ်ိဳးေတြက အေနရခက္ေစတဲ့အေျခအေနေတြကိုဖန္တီးႏိုင္ပါတယ္။

ႏို႔တိုက္မိခင္ျဖစ္ေနရင္

ရင္သားႀကီးတဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ ႏို႔တိုက္မိခင္ျဖစ္ေနရင္ ႀကံဳရတဲ့အခက္အခဲကေတာ့ ႏို႔ထြက္အားျပင္းလြန္းတာပါ။ ဒါဟာကေလးအတြက္ အဆင္မေျပျဖစ္ေစပါတယ္။ တခါတေလ ရင္သားက ကေလးရဲ႕ေခါင္းထက္ႀကီးေနတဲ့အခါ ကေလးအတြက္ႏို႔စို႔ရခက္ေစပါတယ္။ ဒါေၾကာင့္ ကေလးႏို႔တိုက္တဲ့အခါ လက္တစ္ဖက္နဲ႔ ရင္သားကိုထိန္းထားတာမ်ိဳး၊ ကေလးရဲ႕ေခါင္းနဲ႔ အလိုက္သင့္ အေနအထားျဖစ္ေအာင္ ေနရာညိႇေပးတာမ်ိဳးလုပ္ဖို႔လိုပါတယ္။ ဒါ့အျပင္ ႏို႔ထြက္အားျပင္းတဲ့အတြက္ ကေလးကို တရစပ္ႏို႔စို႔ေစတာမ်ိဳးမျဖစ္ေအာင္ ကေလးရဲ႕အေျခအေနကိုလည္း အၿမဲေစာင့္ၾကည့္ၿပီး အေနအထားဟန္ခ်က္ညီေအာင္ျပဳျပင္ေပးဖို႔လိုပါတယ္။

ဒါေၾကာင့္ ကိုယ့္ရဲ႕ခႏၶာကိုယ္အခ်ိဳးအစား ဘယ္လိုအေနအထားပဲျဖစ္ျဖစ္ ကိုယ့္မွာရွိၿပီးသားအလွတရား ကသာအေကာင္းဆံုးျဖစ္သလို အဲဒီလိုအလွတရားေတြမွာ အဆင္မေျပမႈေတြႀကံဳလာရင္လည္း ဒီလိုနည္းလမ္းေလးေတြနဲ႔ ေျဖရွင္းႏိုင္ဖို႔ွွဗဟုသုတအေနနဲ႔ေဖာ္ျပေပးလုိက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်မှာ ဖုသင့်တဲ့နေရာဖု၊ ချိုင့်သင့်တဲ့နေရာချိုင့်ပြီး သင့်တင့်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းရှိနေပြီဆိုရင် ဘာဝတ်ဝတ်အဆင်ပြေသလို ကိုယ်တိုင်ကလည်း ယုံကြည်မှုရှိ တယ်လို့ခံစားရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ခန္ဓာကိုယ်ကောက်ကြောင်းလှပြီး စမတ်ကျတဲ့ဝတ်စုံကိုဝတ်ဆင်ထား တဲ့မိန်းကလေးအများစုဟာ လူမှုပေါင်းသင်းဆက်ဆံရေးမှာ မျက်နှာပန်းလှကြလို့ပါပဲ။ဒါပေမဲ့ ခန္ဓာကိုယ် လှပတဲ့ မိန်းကလေးတွေမှာလည်း အားနည်းချက်လေးတွေရှိကြပါတယ်။ အထူးသဖြင့် လိုတာထက် ပိုသွားတဲ့အခါမျိုးမှာပေါ့။ ပစ္စည်းရှိတယ်၊ ပစ္စည်းရှိတယ်ဆိုပြီး ခပ်ကြွားကြွားလေနေတတ် ကြတဲ့ မိန်းကလေးတချို့(လိုတာထက်ပိုရှိနေကြတဲ့မိန်းကလေးတချို့)မှာကိုယ်တိုင်သာသိပြီးခံစားရတဲ့ အခက်အခဲဝေဒနာလေးတွေရှိကြပါတယ်။ တင်ကြီးလွန်းတဲ့မိန်းကလေးတွေ၊ ရင်ကြီးလွန်းတဲ့ မိန်းကလေးအများစုက အဲဒီလို ဝေဒနာ အခက်အခဲတွေကြုံရလေ့ရှိပါတယ်။

ဒါကို Body Shamingသဘောနဲ့ဖော်ပြချင်တာမဟုတ်ဘဲ သူတို့မှာလည်း သူတို့အခက်အခဲနဲ့သူတို့ရှိကြ တယ်။ ဒီလိုအခက်အခဲတွေကိုသိမယ်ဆိုရင် တချို့ကိုယ့်မှာ ဘာမှမရှိလို့ စိတ်ညစ်နေတဲ့ညီမတို့ အစ်မတို့အနေနဲ့ ကိုယ့်ရဲ့ရှိပြီးသားအလှတွေကို လက်ခံသွားနိုင်မယ်၊ အဲဒီလိုပဲ ပစ္စည်းရှိတဲ့ အစ်မတို့၊ ညီမတို့အတွက်လည်း ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ ဆိုတာသိသွားမယ်လို့ ယူဆပါတယ်။

Cup Sizeရွေးရခက်ခြင်း

ရင်သားကြီးတဲ့သူတွေကြုံရလေ့ရှိတဲ့ပြဿနာကတော့ Cup Sizeရွေးရခက်တဲ့ပြဿနာပါ။ ခါးဆိုဒ်နဲ့ ကတ်(ပ်)ဆိုဒ်ကမတူတဲ့အတွက် ခါးဆိုဒ်အဆင်ပြေရင် ကတ်(ပ်)ဆိုဒ်က သေးနေတာမျုး၊ ကတ်(ပ်)ဆိုဒ် အဆင်ပြေရင် ခါးဆိုဒ်ကကြီးလွန်းနေတာမျိုးတွေပါ။ ဒီပြဿနာက အဝတ်လဲခန်းရှိတဲ့နေရာတွေမှာ ဘရာဝယ်ရတယ်ဆိုရင် အဆင်ပြေနိုင်ပေမယ့် လဟာပြင်ဈေးလို၊ လမ်းဘေးမှာရောင်းတဲ့ အတွင်းခံ ဆိုင်တွေမှာဆိုရင် တိုင်းကြည့်ရခက် ဝတ်ကြည့်ရခက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရင်သားကြီးတဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ ကတ်(ပ်)ဆိုဒ်က မျက်ရည်စက်ပုံလား၊ အဝိုင်းပုံလားဆိုတာအရွယ်အစားကို သေချာသိထားပြီးမှ ကတ်(ပ်)ဆိုဒ်ဦးစားပေးဝယ်ပါ။

ကျောနာ၊ကျောအောင့်ခြင်း

ရင်သားကြီးခြင်းကြောင့် အားသာချက်တစ်ခုကိုပိုင်ဆိုင်ထားရသလို အားနည်းချက်လည်းဖြစ်ရပါတယ်။ အလေးချိန်ရှိတဲ့အတွက်ဒီအလေးချိန်ကို ထိန်းရတဲ့အခါ ဘရာကိုတင်းတင်း ကျပ်ကျပ်ဝတ်တာမျိုး၊ ကတ်(ပ်)ဆိုဒ်ကို fit ဖြစ်လွန်းတာမျိုးတွေဝတ်တဲ့အခါ ကျောကုန်းကိုသိုင်းထားတဲ့ဘရာကြိုးက ရင်သား ကိုထိန်းထားရုံသာမက ကျောကုန်းကိုပါတင်းကျပ်အောင်ထုပ်ထားသလိုဖြစ်တဲ့အတွက် ကျောအောင့် တာ၊ ပုခုံးနာတာမျိုးတွေခံစားရတတ်ပါတယ်။ အဲဒီလို မကြာခဏခံစားရတာမျိုးက ရင်သားအတွက်ရော၊ သင့်ရဲ့ကျောကုန်းအတွက်ပါ ရေရှည်မှာအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကအရမ်းကြီး လွန်းတဲ့အထဲမှာပါတယ်ဆိုရင် လှုပ်ရှားမှုတိုင်းမှာလိုက်ပါယိမ်းခါနေမယ့် ဆွဲသားဘရာတွေကိုရှောင်ပါ။ ကတ်(ပ်)ဆိုဒ်ကို သေချာတိုင်းပြီး သက်တောင့်သက်သာအနေအထားမှာဝတ် ဆင်ပါ(တင်းကျပ်လွန်း တာမျိုးမဖြစ်စေရ)။ ခါးတိုဘရာထက် ခါးရှည်ဘရာက သင့်ကိုပိုပြီးသက်တောင့်သက်သာဖြစ်စေပါ လိမ့်မယ်။

အကျီ ၤအရောင်နုဝတ်ရင်အဆင်မပြေခြင်း

အရောင်နုတဲ့အကျီ ၤတွေက ရင်သားကြီးတာကိုပိုပြီးပေါ်လွင်စေပါတယ်။ ဒါကြောင့် ရင်သားကြီးတဲ့ သူတွေအနေနဲ့ အရောင်နုအကျီ ၤတွေကိုဝတ်ရင်သတိထားသင့်ပါတယ်။ တစ်ဖက်လူအမြင်မှာရိုင်း တာမျိုး၊ နဂိုထက်ပိုကြီးသယောင်ထင်ရစေတဲ့ဆွဲသားအကျီ ၤတွေကသင့်ကိုစိတ်အနှောင့် အယှက်ဖြစ် စေနိုင်ပါတယ်။ ဒါ့အပြင် ရင်သားကြီးတဲ့သူတွေအတွက် ရှေ့ကြယ်သီးတွယ်တဲ့အကျီ ၤတွေ ကလည်း သတိထားရွေးချယ်ဝတ်ဆင်သင့်တဲ့အမျိုးအစားထဲမှာပါပါတယ်။ တခါတလေကျရင် ရင်သားကြောင့် ကြယ်သီကိုတင်းအားဖြစ်စေပြီး ကြယ်သီးပြုတ်ထွက်တာ၊ ရင်ဘတ်မှာကြည့် မကောင်းအောင်ကျပ်နေ တာမျိုးတွေက အနေရခက်စေတဲ့အခြေအနေတွေကိုဖန်တီးနိုင်ပါတယ်။

နို့တိုက်မိခင်ဖြစ်နေရင်

ရင်သားကြီးတဲ့အမျိုးသမီးတစ်ယောက်ဟာ နို့တိုက်မိခင်ဖြစ်နေရင် ကြုံရတဲ့အခက်အခဲကတော့ နို့ထွက်အားပြင်းလွန်းတာပါ။ ဒါဟာကလေးအတွက် အဆင်မပြေဖြစ်စေပါတယ်။ တခါတလေ ရင်သားက ကလေးရဲ့ခေါင်းထက်ကြီးနေတဲ့အခါ ကလေးအတွက်နို့စို့ရခက်စေပါတယ်။ ဒါကြောင့် ကလေးနို့တိုက်တဲ့အခါ လက်တစ်ဖက်နဲ့ ရင်သားကိုထိန်းထားတာမျိုး၊ ကလေးရဲ့ခေါင်းနဲ့ အလိုက်သင့် အနေအထားဖြစ်အောင် နေရာညှိပေးတာမျိုးလုပ်ဖို့လိုပါတယ်။ ဒါ့အပြင် နို့ထွက်အားပြင်းတဲ့အတွက် ကလေးကို တရစပ်နို့စို့စေတာမျိုးမဖြစ်အောင် ကလေးရဲ့အခြေအနေကိုလည်း အမြဲစောင့်ကြည့်ပြီး အနေအထားဟန်ချက်ညီအောင်ပြုပြင်ပေးဖို့လိုပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစား ဘယ်လိုအနေအထားပဲဖြစ်ဖြစ် ကိုယ့်မှာရှိပြီးသားအလှတရား ကသာအကောင်းဆုံးဖြစ်သလို အဲဒီလိုအလှတရားတွေမှာ အဆင်မပြေမှုတွေကြုံလာရင်လည်း ဒီလိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းနိုင်ဖို့ှှဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top