AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

အရပ္ရွည္ရွည္ လူႀကီးတဦးပံုစံ ႏွစ္ေယာက္ဆင့္ၿပီး တေယာက္စာေပးကာ ႐ုံထဲဝင္ႏိုင္ဖို႔ လက္မွတ္စစ္ကို လွည့္ဖ်ားခဲ့ၾကတဲ့ ကေလးႏွစ္ဦး ႐ုပ္သံဗြီဒီယိုဖိုင္ဟာ အြန္လိုင္းေပၚမွာ နာမည္ႀကီးေနပါတယ္။

အဲဒီကေလးငယ္ႏွစ္ဦးဟာ လက္ရွိ နာမည္ႀကီး Black Panther ႐ုပ္ရွင္ပရိသတ္ေတြျဖစ္ၿပီး ႐ုပ္ရွင္လက္မွတ္ဖိုး မတတ္ႏိုင္တဲ့အတြက္ ခုလို ဝင္ေရာက္ႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကတယ္လို႔ ဆိုပါတယ္။

သူတို႔ႏွစ္ဦးဟာ အရပ္ရွည္ရွည္မားမားႀကီးနဲ႔ လက္မွတ္တန္းစီေနသူေတြၾကားမွာ ရွိေနခဲ့ၾကၿပီး ေဘးကလူေတြ သတိထားမိသြားခဲ့ၾကခ်ိန္မွာ ရယ္ေမာစရာျဖစ္ခဲ့ကာ အားထုတ္မႈ မေအာင္ျမင္ဘဲ ျဖစ္ခဲ့တာပါ။

ဒီအျဖစ္အပ်က္ကို ႐ုပ္သံမွတ္တမ္း႐ုိက္ယူထားခဲ့သူ ပီလ္စ္ဘူရီကေတာ့ သူ႔ရဲ႕ တြစ္တာ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွတဆင့္ ခုလိုေရးသားၿပီး မွ်ေဝထားခဲ့ပါတယ္။

“က်ေနာ္တို႔ Black Panther ကိုၾကည့္ဖို႔ ႏွစ္ေယာက္စာ တေယာက္ပဲ ေပးရေအာင္ ႀကိဳးစားခဲ့ၾကေပမယ့္ မေအာင္ျမင္ဘူးဗ်ာ” လို႔ အရႊန္းေဖာက္ ေရးသားခဲ့တာပါ။

အြန္လိုင္းပရိသတ္ေတြကေတာ့ ကေလးငယ္ႏွစ္ဦးရဲ႕ ႀကိဳးပမ္းမႈကို ခ်ီးက်ဴးေနၾကၿပီး ဒီ႐ုပ္သံဗြီဒီယိုဖိုင္ဟာ ဝင္ေရာက္ၾကည့္႐ႈၾကတဲ့ အႀကိမ္ေရ ၁၀ သန္းနီးပါး ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ဖြင့်ဖတ်ရန် #
အရပ်ရှည်ရှည် လူကြီးတဦးပုံစံ နှစ်ယောက်ဆင့်ပြီး တယောက်စာပေးကာ ရုံထဲဝင်နိုင်ဖို့ လက်မှတ်စစ်ကို လှည့်ဖျားခဲ့ကြတဲ့ ကလေးနှစ်ဦး ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။

အဲဒီကလေးငယ်နှစ်ဦးဟာ လက်ရှိ နာမည်ကြီး Black Panther ရုပ်ရှင်ပရိသတ်တွေဖြစ်ပြီး ရုပ်ရှင်လက်မှတ်ဖိုး မတတ်နိုင်တဲ့အတွက် ခုလို ဝင်ရောက်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ အရပ်ရှည်ရှည်မားမားကြီးနဲ့ လက်မှတ်တန်းစီနေသူတွေကြားမှာ ရှိနေခဲ့ကြပြီး ဘေးကလူတွေ သတိထားမိသွားခဲ့ကြချိန်မှာ ရယ်မောစရာဖြစ်ခဲ့ကာ အားထုတ်မှု မအောင်မြင်ဘဲ ဖြစ်ခဲ့တာပါ။

ဒီအဖြစ်အပျက်ကို ရုပ်သံမှတ်တမ်းရိုက်ယူထားခဲ့သူ ပီလ်စ်ဘူရီကတော့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့ပါတယ်။

“ကျနော်တို့ Black Panther ကိုကြည့်ဖို့ နှစ်ယောက်စာ တယောက်ပဲ ပေးရအောင် ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ဘူးဗျာ” လို့ အရွှန်းဖောက် ရေးသားခဲ့တာပါ။

အွန်လိုင်းပရိသတ်တွေကတော့ ကလေးငယ်နှစ်ဦးရဲ့ ကြိုးပမ်းမှုကို ချီးကျူးနေကြပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top