×

# ZawGyi Version ဖြင့်ဖတ်ရန် #






Credit; DVB
# Unicode Version ဖြင့်ဖတ်ရန် #
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ဖွင့်လှစ်မယ့် နွေရာသီ လူငယ်အခြေခံဘောလုံး သင်တန်းအတွက် သင်တန်းသားလျှောက်လွှာတွေ စတင်ခေါ်ယူနေပါတယ်။

အခြေခံဘောလုံးသင်တန်းကို အသက် ၉ နှစ်ကနေ ၁၄ နှစ်ကြား ဘောလုံး ကစားသမားကောင်း ဖြစ်လိုတဲ့ ကျားမ မရွေး တက်ရောက်နိုင်မှာဖြစ်ပါတယ်။

သင်တန်းကာလက မတ် ၅ ရက်ကနေ ဧပြီ ၅ ရက်အထိ တလဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့တို့ရှိ ဘောလုံးအကယ်ဒမီကျောင်းတွေမှာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

သင်တန်းမှာ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာတွေက စနစ်တကျပို့ချပေးမှာဖြစ်သလို သန်းတိုးအောင်၊ ကြည်လွင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်၊ တင်မြင့်အောင်၊ အောင်ကျော်ကျော်၊ သန်းဝေ၊ အေးဆန်း၊ ရာဇာဝင်းသိန်းစတဲ့ နာမည်ကျော် လက်ရွေးစင်ဟောင်းတွေကလည်း အချိန်ပိုင်း လာရောက်ပူးပေါင်းကူညီပြသပေးသွားမှာ ဖြစ်ပါတယ်။

 ဓာတ်ပုံ – Myanmar Football Federation

ဖိုးသူတော် (www.phothutaw.com)
Credit; DVB
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top