ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×

 မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ကျင်းပမည့် ၂၀၁၈ ဖူဆယ်အလွတ်တန်းဖလားပြိုင်ပွဲ တွင် ၄၉ သင်းပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ရန်ကုန်မြို့အမျိုးသားအား ကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ မတ် လ ၆ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် ရန်ကုန် အခြေစိုက်ဖူဆယ်အသင်း ၄၇ သင်း၊ မန္တလေးမြို့မှ တစ်သင်း၊ တောင်ကြီးမြို့မှ တစ်သင်း စုစု ပေါင်း ၄၉ သင်း ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။

‘‘တစ်ရက်ကို ခြောက်ပွဲနှုန်း ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဖေ ဖော်ဝါရီ ၂၄ ရက်မှာ ပြိုင်ပွဲဝင် အသင်းတွေကို ဖူဆယ်နည်းစနစ် အကြောင်းရှင်းပြဖို့လည်းရှိတယ်’’ဟု ဖူဆယ်လိဂ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြိုင်ပွဲဝင် ၄၉ သင်းကို အုပ်စုအဆင့်တွင် ငါးသင်းပါဝင်သည့် အုပ်စု ၁၀ စုခွဲမည်ဖြစ်ပြီး  အုပ်စုတစ်ခုစီမှ ပထမနှင့် ဒုတိယနှစ်သင်း (စုစုပေါင်း ၂၀ သင်း)သည် ဒုတိယအဆင့်၌ ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲအုပ်စု မဲခွဲပွဲပြုလုပ်မည့်ရက်ကိုမူ ဖူဆယ်လိဂ်ကော်မတီက မထုတ်ပြန်သေးပေ။

ပြိုင်ပွဲတွင် ပထမဆုကျပ် သိန်း ၅၀၊ ဒုတိယဆုကျပ်သိန်း ၃၀၊ တတိယဆုကျပ်သိန်း ၂၀ နှင့် စတုတ္ထဆုကျပ် ၁၀ သိန်းချီး မြှင့်မည် ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲတစ်လျှောက်အသန့်ရှင်းဆုံးအ သင်းဆု ကျပ် ငါးသိန်းနှင့် အ ကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံး ဂိုးသမားဆုကျပ်သုံး သိန်းစီချီးမြှင့်မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
# Unicode Version ဖြင့် ဖတ်ပါ #

နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top