မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
# Unicode Version ဖြင့် ဖတ်ပါ #
ဒီမနက် အပြင်မသွားခင် ကျွန်မ အလှပြင်တော့
“အပျိုလည်း မဟုတ်တော့ဘဲနဲ့”
လို့ ကျွန်မ အမျိုးသားက စောင့်ရတာ စိတ်မရှည်တဲ့ လေသံနဲ့ ပြောပါတယ်။
အဲဒါနဲ့ သူ့ကို ကျွန်မရဲ့ ငယ်ဆရာ ပြောဖူးတဲ့ အကြောင်းလေးကို ပြန်ပြောပြမိတယ်။
– – – – – – – – – – – – – – – – – – – – –
ဆရာ့ဆီကို သူ့တပည့်နဲ့ ဇနီးသည် လာလည်ပါသတဲ့။ အဲဒီမှာ
ဆရာတပည့်က သားနားပြီး သူ့ ဇနီးပုံစံက နွမ်းလျလို့တဲ့ . .
ရုပ်ရည်တင်မက အဝတ်အစားကလည်း နွမ်းဖတ်ဖတ်နဲ့ပေါ့ . .ခင်ပွန်းဖြစ်သူကိုလည်း ရှိန်နေသလိုမျိုး . .
ဆရာက တခြားစကားတွေ ပြောဆိုရင်းနဲ့ သူ့တပည့်ကို-
“မင်းမိန်းမကို ဆင်ပေးလိုက်ဦး၊ ပျော်အောင် ထားရမယ်၊ အဝတ်အစား သားနားဖို့ မလိုဘူး၊ သပ်ရပ်ဖို့ လိုတယ်။
ပျော်ရွှင်ဖို့ ငွေကြေးအများကြီး မလိုဘူး၊ သူ စိတ်ချမ်းသာအောင် ထားပေးဖို့ လိုတယ်၊ မင်းမိန်းမရဲ့ သန့်ရှင်းတင့်တယ် ရွှင်လန်းမှုက မင်းရဲ့ ဂုဏ်သိက္ခာပဲ . .”
ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploader
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top