မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×




Credit: မြတ်ထွဋ် (မြိတ်)

#Unicode Version#
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ (၃)ရပ်ကွက်တွင် ဖေဖေါ်ဝါရီလ ၁၈ ရက်က ၇ နှစ်အရွယ်ကလေးအား ညစ်ညမ်းဗွီဒီယိုပြပြီး သားမယားအဖြစ်ကြံစည်သူအား ဖမ်းဆီးအရေးယူထားကြောင်း မြိတ်မြို့မရဲစခန်းမှ သိရပါတယ်။

မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ(၃)ရပ်ကွက်၊ မေတ္တာလမ်းတွင် နေထိုင်သည့် မဆောင်းဟေမာန်(၇)နှစ်သည်ဆော့ကစားရန် နေအိမ်မှ တစ်ဦးတည်းထွက်သွားပြီး ညနေ (၄)နာရီခွဲအချိန် လမ်းတွင်းရှိ ဦးမြင့်ဌေးပိုင်ဆိုင်သည့် ၃ ခန်းတွဲတန်းလျား ပထမခန်းတွင်း၌ ကျော်မင်းနိုင်(ခ)မောင်ဝင်း ဆိုသူမှ ကလေးမအား ၎င်း၏လက်ကိုင်ဖုန်းတွင်းမှ ညစ်ညမ်းဗွီဒီယိုများ ပြသ၍သေတ္တာ
ပေါ်တင်ကာ ဘောင်းဘီချွတ်၍ ပက်အနေအထားဖြင့် သားမယားအဖြစ်ကြံစည်ရန် ကြိုးစားအားထုတ်နေစဉ် အသံကြားသဖြင့် ဒုတိယခန်းတွင်ကပ်လျှက်နေထိုင်သူ မစန်းဝင်း မှ မတင်ယု၊မနွယ်နွယ်စိုးတို့နှင့်အတူ အခန်းထရံကြားမှ ချောင်းကြည့်ရာ တွေ့မြင်ရကြောင်း သိရသဖြင့် အလေး၏ အုပ်ထိန်းသူအား အကြောင်းကြားပြီး ကျော်မင်းနိုင်၏နေအိမ်ပေါ်သို့ တံခါးတွန်းဖွင့်၍ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ညစ်ညမ်းဗွီဒီယိုပြပြီး သားမဟားအဖြစ်ကြံစည်အားထုတ်သူ ကျော်မင်းနိုင်(ခ)မောင်ဝင်း (၃၆)နှစ်၊ အား မြိတ်မြို့မရဲစခန်းမှ (ပ) ၂၇၄ / ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ / ၅၁၁ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြတ်ထွဋ် (မြိတ်)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top