ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေစတနာကုိ ကံဟု ငါဘုရား ေဟာေတာ္မူ၏

ဗုဒၶရွင္ေတာ္ျမတ္ လက္ထပ္ေတာ္က ကုကၠဳဋမိတၱ အမည္ရသည့္ မုဆုိးတစ္ဦးရွိ၏။ ထုိမုဆုိးသည္ သားသမင္မ်ားကုိ ဖမ္းဆီးသတ္ျဖတ္ကာ လွည္းျဖင့္လွည့္လည္ ေရာင္းခ်ရင္း တစ္ခ်ိန္တြင္ ရာဇၿဂိဳဟ္ျပည္သုိ႔ ေရာက္လာခဲ့၏။ ရာဇၿဂိဳဟ္ၿမိဳ႕တြင္း လွည့္လည္ေရာင္းခ်ေနသည့္ မုဆုိးကုိ ရာဇၿဂိဳဟ္ျပည္ရွိ သူေဌးသမီး တစ္ဦးသည္ ျမင္ျမင္ခ်င္းပင္ ခ်စ္ခင္ႏွစ္သက္မႈကုိျဖစ္ကာ မိဘမ်ားမသိေစဘဲ လုိအပ္သည္ လက္ဝတ္တန္ဆာမ်ား ယူေဆာင္လ်က္ မုဆုိးေနာက္သုိ႔ လုိက္ေလေတာ့၏။ မုဆုိးသည္ သူေဌးသမီးကုိ မလုိက္ရန္ ေျပာေသာ္လည္း သူေဌးသမီးက သူမအေနျဖင့္ မုဆုိးအေပၚ ခ်စ္ခင္ႏွစ္သက္မႈ ရွိသူျဖစ္ၿပီး ယခုလုိ မုဆုိးေနာက္ကုိ လုိျခင္းသည္ အရွင္ကေခၚ၍ လုိက္ျခင္းမဟုတ္ဘဲ မိမိသေဘာျဖင့္သာ လုိက္ျခင္းျဖစ္သျဖင့္ စုိးရိမ္စရာမရွိေၾကာင္း ေျပာဆုိသျဖင့္ ေနာက္ဆုံးတြင္ မုဆုိးႀကီးလည္း သေဘာတူ လက္ခံကာ သူေဌးသမီး၏ မိဘမ်ား မသိရာအရပ္တြင္ အတူတကြ ေပါင္းသင္းေနထုိင္ၾကေလ၏။
မုဆုိးႀကီးသည္ ရာဇၿဂိဳဟ္သူေဌးသမီးႏွင့္ အိမ္ေထာင္က်ၿပီး သား (၇)ေယာက္အထိ ထြန္းကားခဲ့၏။ မုဆုိးႏွင့္ သူေဌးသမီးတုိ႔၏ ဘဝသည္ မုဆုိးလုပ္ငန္းျဖင့္ အသက္ေမြးသူႏွင့္ မုဆုိးႀကီး ခုိင္းသမွ်ကုိ လုပ္ေပးရသည့္ ဇနီးမယား အျဖစ္ျဖင့္သာ ႏွစ္ေပါင္းေျမာက္မ်ားစြာ ေနထုိင္လာခဲ့ၾက၏။ သားမ်ား အရြယ္ေရာက္ၿပီး အိမ္ေထာင္အသီးသီးပင္ က်သြားၿပီျဖစ္ေသာ္လည္း မုဆုိးႀကီး၏ မုဆုိးအလုပ္ကား အဆုံးမသတ္ႏုိင္ေသးေပ။ ထုိ႔အတူ ဇနီးျဖစ္သူ ရာဇၿဂိဳဟ္သူေဌး သမီး၏ မုဆုိးခုိင္းသမွ် အလုပ္ကုိ လုပ္ေပးေနရျခင္းသည္လည္း အဆုံးမသတ္ႏုိင္ေသးေပ။ မုဆုိးအလုပ္ျဖင့္ အသက္ေမြးဝမ္းေက်ာင္း ျပဳေနရေသာ မုဆုိးႀကီးအား တစ္ေန႔တြင္ သားမ်ားႏွင့္အတူ တရားရရန္ အေၾကာင္းျဖစ္လာခဲ့၏။ ျမတ္စြာဘုရား ရွင္၏ ေရႊဉာဏ္ေတာ္တြင္လည္း မုဆုိးႏွင့္သားမ်ား၏ တရားရမည့္အေၾကာင္း ထင္ျမင္ေတာ္မူလာ၏။ ထုိ႔ေၾကာင့္ ထုိေန႔တြင္ ျမတ္စြာဘုရားရွင္သည္ မုဆုိးႀကီးေထာင္ထားသည့္ ေက်ာ့ကြင္း၌ ေျခေတာ္ရာကုိ ခ်ထားလုိက္ၿပီး သားသမင္ မမိေစရန္ ဖန္တီးထားလုိက္၏။ သားသမင္ေထာင္ထားသည့္ ေက်ာ့ကြင္းသုိ႔ ေရာက္ရွိလာသည့္ မုဆုိးႀကီးသည္ မိေနက်ေက်ာ့ကြင္းတြင္ မည္သည့္သားေကာင္မွ် မရွိဘဲ ေျခရာကုိသာ ေတြ႕ရသျဖင့္ ဤေျခရာေၾကာင့္သာ သားသမင္ မမိျခင္းျဖစ္ရမည္ဟု ေတြးျမင္ႀကိမ္းေမာင္းကာ ေျခရာပုိင္ရွင္ကုိ လုိက္ရွာေလ၏။
ထုိသုိ႔ရွာရင္း မနီးမေဝး သစ္ပင္ေအာက္တြင္ သီတင္းသုံးေနေတာ္မူသည့္ ဘုရားရွင္ကုိ ေတြ႕ျမင္သြားၿပီး ျမတ္ဗုဒၶအား ျမားျဖင့္ခြင္းရန္ ေလးကုိတင္ေလ၏။ သုိ႔ေသာ္ ျမတ္ဗုဒၶ၏ တန္ခုိးေတာ္ေၾကာင့္ အလြယ္တကူ တင္ေနက်ေလးမွာ တင္မရဘဲျဖစ္ေနခဲ့၏။ အႀကိမ္ႀကိမ္ ႀကိဳးစားေသာ္လည္း မည္သုိ႔မွ် တင္မရျဖစ္ေနၿပီး အခ်ိန္သာ ကုန္လာခဲ့၏။ အိမ္တြင္က်န္ေနခဲ့သည့္ ဇနီးႏွင့္ သားမ်ား၊ ေခၽြးမမ်ားသည္ အခ်ိန္တန္ေသာ္လည္း ျပန္မလာေသးသည့္ ဖခင္ေနာက္သုိ႔ လုိက္လာရင္း ဖခင္ႏွင့္ဘုရားရွင္တုိ႔၏ အေျခအေနကုိ သိရွိသြားခဲ့၏။ ထုိအေျခအေနကုိ ျမင္ေတြ႕ရသည့္ ရာဇၿဂိဳဟ္သူေဌးသမီးသည္ မိဘအိမ္တြင္ ေနစဥ္ကပင္ ေသာတာပန္တစ္ေယာက္ ျဖစ္ခဲ့ၿပီးျဖစ္သျဖင့္ ဘုရားရွင္အေပၚ အလြန္ၾကည္ညိဳရင္း ရွိသည့္အေလ်ာက္ အဖဘုရားဟု ႏႈတ္ေတာ္မွထုတ္ေဖာ္ကာ ႐ုိေသတုပ္ဝပ္စြာ ရွိခုိးကန္ေတာ့ေလ၏။ မုဆုိးႏွင့္သားသမီးမ်ားသည္ ဘုရားကုိ ဘုရားဟုမသိဘဲ မိခင္၏ အဖဟူသည့္ အသံအရ အမွန္ပင္ သူေဌးသမီး၏ အေဖဟုု ထင္မွတ္ကာ အားလုံး႐ုိေသသမႈျဖင့္ ဦးညြတ္လုိက္ၾက၏။ ထုိအခါမွ ဘုရားရွင္သည္ မုဆုိးႏွင့္သားမ်ား၊ ေခၽြးမမ်ားအား တရားစကား မိန္႔ၾကားေတာ္မူ၏။ ဘုရားရွင္၏ တရားေတာ္ကုိ နာရသျဖင့္ မုဆုိးႏွင့္သားမ်ား၊ ေခၽြးမမ်ားသည္ ေသာတာပတၱိဖုိလ္၌ တည္သြားၾက၏။
မုဆုိးႀကီးႏွင့္ ဇနီးမယားမိသားစု အားလုံး တရားရသြားၿပီးေနာက္ ထုိအေၾကာင္းအရာႏွင့္ စပ္လ်ဥ္း၍ ဘုရားတပည့္သား ရဟန္းေတာ္မ်ားၾကားတြင္ ေဆြးေႏြးေျပာဆုိမႈမ်ား ရွိလာၾက၏။ “မိဘအိမ္တြင္ ရွိစဥ္ကပင္ ေသာတာပန္တည္ၿပီးေသာ အမ်ိဳးသမီးသည္ မုဆုိးႏွင့္ အိမ္ေထာင္က်ၿပီးေနာက္တြင္ ႏွစ္ေပါင္းမ်ားစြာ မုဆုိးခုိင္းသည့္ အလုပ္မ်ားျဖင့္ အသက္ေမြးရမည္မွာ အမွန္ပင္ ျဖစ္ေၾကာင္း၊ မုဆုိးႀကီး ေတာလုိက္ရန္အတြက္ ျမားယူခဲ့ဆုိလွ်င္လည္း ယူေပးရမွာျဖစ္ေၾကာင္း၊ ေလးယူခဲ့ဆုိလွ်င္လည္း ယူေပးရမွာျဖစ္ေၾကာင္း၊ ဓားလွံလက္နက္ စသည္ယူခဲ့ဆုိလွ်င္လည္း ေဆာင္ယူေပးရမွာ ျဖစ္ေၾကာင္း၊ ထုိသုိ႔ လုပ္ေဆာင္ေပးရသည့္ ဇနီးမယားသည္လည္း တစ္နည္းအားျဖင့္ သူ႔အသက္ကုိ သတ္ေနျခင္းပင္ျဖစ္ေၾကာင္း၊ သုိ႔ဆုိလွ်င္ ေသာတာပန္လည္း ပါဏာတိပါတကံ က်ဴးလြန္ရာ ေရာက္ေနေၾကာင္း” စသည္ျဖင့္ ေဆြးေႏြးေျပာဆုိ ေနၾက၏။
ထုိရဟန္းေတာ္မ်ား၏ ဓမၼသာကစၧာဝုိင္းသုိ႔ ဘုရားရွင္ ေရာက္ေတာ္ မူလာသည့္အခါ ျမတ္ဗုဒၶက ထုိအေၾကာင္းႏွင့္ စပ္လ်ဥ္း၍ “ ခ်စ္သားရဟန္းတုိ႔ ေသာတာပန္မည္သည္ သူ႔အသက္သတ္ျခင္းကုိ မျပဳၾကကုန္၊ ထုိအမ်ိဳးသမီးသည္ကား လင္ေယာက်္ားစကားကုိ လုိက္နာ႐ုံသက္သက္ သာ ေဆာင္ရြက္ေပးျခင္းျဖစ္၏၊ ဤေလးျမားလက္နက္ စသည္ကုိယူကာ မုဆုိးႀကီးအေနျဖင့္ သားသမင္စသည္တုိ႔ကုိ သတ္ျဖတ္ပါေစ၊ သားသမင္မ်ားသည္လည္း ဤလက္နက္မ်ားေၾကာင့္ အလြယ္တကူ ေသပါေစစ သည့္ စိတ္ေစတနာသည္ ထုိအမ်ိဳးသမီးအား မရွိ၊ လက္ဝါးျပင္၌ အနာမရွိလွ်င္ အဆိပ္ကုိ ကုိင္ယူေသာသူအား အဆိပ္ဒဏ္သည္ မျဖစ္ႏုိင္သကဲ့သုိ႔ အကုသုိလ္ ေစတနာ မရွိျခင္းေၾကာင့္ မေကာင္းမႈကုိ မျပဳလုိေသာသူအား ေလးလက္နက္စသည္ကုိ ထုတ္ေပးေနေသာ္လည္း မေကာင္းမႈမည္သည္ မျဖစ္ႏုိင္” စသည္ျဖင့္ မိန္႔ေတာ္မူကာ
“လက္၌ အနာမရွိလွ်င္ လက္ျဖင့္ အဆိပ္ကုိ ကုိင္ေဆာင္ႏုိင္၏။
အဆိပ္သည္ အနာမရွိေသာ လက္သုိ႔ အစဥ္မလုိက္၊
ေစတနာ မရွိဘဲ ျပဳေသာသူအား မေကာင္းမႈကံမည္သည္ မရွိ” (ဓမၼပဒ၊ ပါပဝဂ္၊ ကုကၠဳဋမိတၱမုဆုိးဝတၳဳ) ဟူ၍ အထက္ပါ တရားစကားကုိ မိန္႔ၾကားေတာ္ မူလုိက္ေလ၏။ *****

အရွင္၀ိစိတၱ- မနာပဒါယီ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: bomgsawဘေလာ့
# Unicode Version ျဖင့္ ဖတ္ပါ #

စေတနာကို ကံဟု ငါဘုရား ဟောတော်မူ၏

ဗုဒ္ဓရှင်တော်မြတ် လက်ထပ်တော်က ကုက္ကုဋမိတ္တ အမည်ရသည့် မုဆိုးတစ်ဦးရှိ၏။ ထိုမုဆိုးသည် သားသမင်များကို ဖမ်းဆီးသတ်ဖြတ်ကာ လှည်းဖြင့်လှည့်လည် ရောင်းချရင်း တစ်ချိန်တွင် ရာဇဂြိုဟ်ပြည်သို့ ရောက်လာခဲ့၏။ ရာဇဂြိုဟ်မြို့တွင်း လှည့်လည်ရောင်းချနေသည့် မုဆိုးကို ရာဇဂြိုဟ်ပြည်ရှိ သူဌေးသမီး တစ်ဦးသည် မြင်မြင်ချင်းပင် ချစ်ခင်နှစ်သက်မှုကိုဖြစ်ကာ မိဘများမသိစေဘဲ လိုအပ်သည် လက်ဝတ်တန်ဆာများ ယူဆောင်လျက် မုဆိုးနောက်သို့ လိုက်လေတော့၏။ မုဆိုးသည် သူဌေးသမီးကို မလိုက်ရန် ပြောသော်လည်း သူဌေးသမီးက သူမအနေဖြင့် မုဆိုးအပေါ် ချစ်ခင်နှစ်သက်မှု ရှိသူဖြစ်ပြီး ယခုလို မုဆိုးနောက်ကို လိုခြင်းသည် အရှင်ကခေါ်၍ လိုက်ခြင်းမဟုတ်ဘဲ မိမိသဘောဖြင့်သာ လိုက်ခြင်းဖြစ်သဖြင့် စိုးရိမ်စရာမရှိကြောင်း ပြောဆိုသဖြင့် နောက်ဆုံးတွင် မုဆိုးကြီးလည်း သဘောတူ လက်ခံကာ သူဌေးသမီး၏ မိဘများ မသိရာအရပ်တွင် အတူတကွ ပေါင်းသင်းနေထိုင်ကြလေ၏။
မုဆိုးကြီးသည် ရာဇဂြိုဟ်သူဌေးသမီးနှင့် အိမ်ထောင်ကျပြီး သား (၇)ယောက်အထိ ထွန်းကားခဲ့၏။ မုဆိုးနှင့် သူဌေးသမီးတို့၏ ဘဝသည် မုဆိုးလုပ်ငန်းဖြင့် အသက်မွေးသူနှင့် မုဆိုးကြီး ခိုင်းသမျှကို လုပ်ပေးရသည့် ဇနီးမယား အဖြစ်ဖြင့်သာ နှစ်ပေါင်းမြောက်များစွာ နေထိုင်လာခဲ့ကြ၏။ သားများ အရွယ်ရောက်ပြီး အိမ်ထောင်အသီးသီးပင် ကျသွားပြီဖြစ်သော်လည်း မုဆိုးကြီး၏ မုဆိုးအလုပ်ကား အဆုံးမသတ်နိုင်သေးပေ။ ထို့အတူ ဇနီးဖြစ်သူ ရာဇဂြိုဟ်သူဌေး သမီး၏ မုဆိုးခိုင်းသမျှ အလုပ်ကို လုပ်ပေးနေရခြင်းသည်လည်း အဆုံးမသတ်နိုင်သေးပေ။ မုဆိုးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသော မုဆိုးကြီးအား တစ်နေ့တွင် သားများနှင့်အတူ တရားရရန် အကြောင်းဖြစ်လာခဲ့၏။ မြတ်စွာဘုရား ရှင်၏ ရွှေဉာဏ်တော်တွင်လည်း မုဆိုးနှင့်သားများ၏ တရားရမည့်အကြောင်း ထင်မြင်တော်မူလာ၏။ ထို့ကြောင့် ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် မုဆိုးကြီးထောင်ထားသည့် ကျော့ကွင်း၌ ခြေတော်ရာကို ချထားလိုက်ပြီး သားသမင် မမိစေရန် ဖန်တီးထားလိုက်၏။ သားသမင်ထောင်ထားသည့် ကျော့ကွင်းသို့ ရောက်ရှိလာသည့် မုဆိုးကြီးသည် မိနေကျကျော့ကွင်းတွင် မည်သည့်သားကောင်မျှ မရှိဘဲ ခြေရာကိုသာ တွေ့ရသဖြင့် ဤခြေရာကြောင့်သာ သားသမင် မမိခြင်းဖြစ်ရမည်ဟု တွေးမြင်ကြိမ်းမောင်းကာ ခြေရာပိုင်ရှင်ကို လိုက်ရှာလေ၏။
ထိုသို့ရှာရင်း မနီးမဝေး သစ်ပင်အောက်တွင် သီတင်းသုံးနေတော်မူသည့် ဘုရားရှင်ကို တွေ့မြင်သွားပြီး မြတ်ဗုဒ္ဓအား မြားဖြင့်ခွင်းရန် လေးကိုတင်လေ၏။ သို့သော် မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် အလွယ်တကူ တင်နေကျလေးမှာ တင်မရဘဲဖြစ်နေခဲ့၏။ အကြိမ်ကြိမ် ကြိုးစားသော်လည်း မည်သို့မျှ တင်မရဖြစ်နေပြီး အချိန်သာ ကုန်လာခဲ့၏။ အိမ်တွင်ကျန်နေခဲ့သည့် ဇနီးနှင့် သားများ၊ ချွေးမများသည် အချိန်တန်သော်လည်း ပြန်မလာသေးသည့် ဖခင်နောက်သို့ လိုက်လာရင်း ဖခင်နှင့်ဘုရားရှင်တို့၏ အခြေအနေကို သိရှိသွားခဲ့၏။ ထိုအခြေအနေကို မြင်တွေ့ရသည့် ရာဇဂြိုဟ်သူဌေးသမီးသည် မိဘအိမ်တွင် နေစဉ်ကပင် သောတာပန်တစ်ယောက် ဖြစ်ခဲ့ပြီးဖြစ်သဖြင့် ဘုရားရှင်အပေါ် အလွန်ကြည်ညိုရင်း ရှိသည့်အလျောက် အဖဘုရားဟု နှုတ်တော်မှထုတ်ဖော်ကာ ရိုသေတုပ်ဝပ်စွာ ရှိခိုးကန်တော့လေ၏။ မုဆိုးနှင့်သားသမီးများသည် ဘုရားကို ဘုရားဟုမသိဘဲ မိခင်၏ အဖဟူသည့် အသံအရ အမှန်ပင် သူဌေးသမီး၏ အဖေဟုု ထင်မှတ်ကာ အားလုံးရိုသေသမှုဖြင့် ဦးညွတ်လိုက်ကြ၏။ ထိုအခါမှ ဘုရားရှင်သည် မုဆိုးနှင့်သားများ၊ ချွေးမများအား တရားစကား မိန့်ကြားတော်မူ၏။ ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် မုဆိုးနှင့်သားများ၊ ချွေးမများသည် သောတာပတ္တိဖိုလ်၌ တည်သွားကြ၏။
မုဆိုးကြီးနှင့် ဇနီးမယားမိသားစု အားလုံး တရားရသွားပြီးနောက် ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ ဘုရားတပည့်သား ရဟန်းတော်များကြားတွင် ဆွေးနွေးပြောဆိုမှုများ ရှိလာကြ၏။ “မိဘအိမ်တွင် ရှိစဉ်ကပင် သောတာပန်တည်ပြီးသော အမျိုးသမီးသည် မုဆိုးနှင့် အိမ်ထောင်ကျပြီးနောက်တွင် နှစ်ပေါင်းများစွာ မုဆိုးခိုင်းသည့် အလုပ်များဖြင့် အသက်မွေးရမည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ မုဆိုးကြီး တောလိုက်ရန်အတွက် မြားယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ လေးယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ ဓားလှံလက်နက် စသည်ယူခဲ့ဆိုလျှင်လည်း ဆောင်ယူပေးရမှာ ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရသည့် ဇနီးမယားသည်လည်း တစ်နည်းအားဖြင့် သူ့အသက်ကို သတ်နေခြင်းပင်ဖြစ်ကြောင်း၊ သို့ဆိုလျှင် သောတာပန်လည်း ပါဏာတိပါတကံ ကျူးလွန်ရာ ရောက်နေကြောင်း” စသည်ဖြင့် ဆွေးနွေးပြောဆို နေကြ၏။
ထိုရဟန်းတော်များ၏ ဓမ္မသာကစ္ဆာဝိုင်းသို့ ဘုရားရှင် ရောက်တော် မူလာသည့်အခါ မြတ်ဗုဒ္ဓက ထိုအကြောင်းနှင့် စပ်လျဉ်း၍ “ ချစ်သားရဟန်းတို့ သောတာပန်မည်သည် သူ့အသက်သတ်ခြင်းကို မပြုကြကုန်၊ ထိုအမျိုးသမီးသည်ကား လင်ယောကျ်ားစကားကို လိုက်နာရုံသက်သက် သာ ဆောင်ရွက်ပေးခြင်းဖြစ်၏၊ ဤလေးမြားလက်နက် စသည်ကိုယူကာ မုဆိုးကြီးအနေဖြင့် သားသမင်စသည်တို့ကို သတ်ဖြတ်ပါစေ၊ သားသမင်များသည်လည်း ဤလက်နက်များကြောင့် အလွယ်တကူ သေပါစေစ သည့် စိတ်စေတနာသည် ထိုအမျိုးသမီးအား မရှိ၊ လက်ဝါးပြင်၌ အနာမရှိလျှင် အဆိပ်ကို ကိုင်ယူသောသူအား အဆိပ်ဒဏ်သည် မဖြစ်နိုင်သကဲ့သို့ အကုသိုလ် စေတနာ မရှိခြင်းကြောင့် မကောင်းမှုကို မပြုလိုသောသူအား လေးလက်နက်စသည်ကို ထုတ်ပေးနေသော်လည်း မကောင်းမှုမည်သည် မဖြစ်နိုင်” စသည်ဖြင့် မိန့်တော်မူကာ
“လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ” (ဓမ္မပဒ၊ ပါပဝဂ်၊ ကုက္ကုဋမိတ္တမုဆိုးဝတ္ထု) ဟူ၍ အထက်ပါ တရားစကားကို မိန့်ကြားတော် မူလိုက်လေ၏။ *****

အရှင်ဝိစိတ္တ- မနာပဒါယီ

ဖိုးသူတော် (www.phothutaw.com)
Credit: bomgsawဘလော့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top