ဆံေကသာေျခာက္ေသြ႕ၿပီး ေဗာက္ထျခင္း (သို႔) ဆံပင္အဆီျပန္ၿပီး ေဗာက္ထျခင္းေတြ ခံစားေနရလား။ ဒီလို ျပႆနာမ်ိဳေတြ ႀကံဳေတြ႕ေနရတဲ့သူေတြအတြက္ နည္းလမ္းေကာင္းေတြကိုမွ်ေဝေပးခ်င္ပါတယ္။
ဘယ္လိုရာသီဥတုမ်ိဳးမွာမဆို ဦးေရျပားလန္းဆန္းၿပီး ဆံေကသာ အၿမဲလွပေနေစဖို႔ နည္းလမ္းေကာင္းတခ်ိဳ႕ကို ၾကည့္လိုက္ရေအာင္။
ေႏြရာသီမွာ ႀကံဳေတြ႕ရတတ္တဲ့ ဆံေကသာ ျပႆနာမ်ား
အပူ – အပူခ်ိန္ ျမင့္တက္လာတာေၾကာင့္ ဦးေရျပား အဆီျပန္လာၿပီး ေဗာက္ျဖစ္ေစပါတယ္။
ေလထုညစ္ညမ္းမႈ – ပူေႏြးတဲ့ ရာသီဥတုမွာ အျပင္ကို ခဏခဏ ထြက္မယ္ဆိုရင္ေတာ့ ဖုန္၊ အညစ္အေၾကးနဲ႔ ေလထုညစ္ညမ္းမႈေတြက ဦးေရျပားကို ယားယံေစသလို ေဗာက္ျဖစ္ေစပါတယ္။
မၾကာခဏ ေခါင္းေလွ်ာ္ပါ
ေႏြရာသီမွာ ေခၽြးထြက္တာ အဆီျပန္တာေၾကာင့္ ဦးေရျပားညစ္ညမ္းၿပီး ယားယံတတ္ပါတယ္။ ဒါ့ေၾကာင့္ ေဗာက္ျဖစ္ေစပါတယ္။ ေဗာက္ျပႆနာကို ေျဖရွင္းဖို႔ဆိုရင္ေတာ့ ေခါင္းကို အရင္ကထက္ ပိုၿပီးေလွ်ာ္ေပးပါ။ တစ္ပတ္ကို ၃ ႀကိမ္ (သို႔) ၄ ႀကိမ္အထိ ေလွ်ာ္ေပးရင္ပိုသင့္ေတာ္ပါတယ္။
ဆံပင္အဖ်ားမွာ ေပ်ာ့ေဆးထည့္ပါ
ဆံပင္ကို ေခါင္းေလွ်ာ္ၿပီးၿပီဆိုရင္ ဆံပင္အဖ်ားေလးေတြကို ေပ်ာ့ေဆးေလးထည့္ေပးလုိက္ပါ။ ေပ်ာ့ေဆးထည့္တဲ့အခါ ဦးေရျပားကို မထိေအာင္ ထည့္ေပးရပါမယ္။ မဟုတ္ရင္ ဦးေရျပားက ေခၽြးေပါက္ေတြပိတ္စို႕ၿပီး ေဗာက္ပိုျဖစ္ေစပါတယ္။
ဦးေရျပားနဲ႔ ဆံေကသာကို အာဟာရျဖည့္ပါ
ေႏြရာသီမွာ ေခါင္းမၾကာခဏ ေလွ်ာ္တာေၾကာင့္ ဆံေကသာ ေျခာက္ေသြ႕တာမ်ိဳးမျဖစ္ေအာင္ ဆံေကသာကို အာဟာရျဖည့္ေပးဖို႔လိုအပ္ပါတယ္။ ဦးေရျပားကိုလည္း ထိုနည္းတူပါပဲ ဦးေရျပားကို ေအးျမေစၿပီး အာဟာရျဖည့္ေပးတဲ့ Menthol ပါတဲ့ ေခါင္းေလွ်ာ္ရည္ကို အသံုးျပဳေပးႏိုင္ပါတယ္။
က်န္းမာေရးနဲ႔ ညီညြတ္ေအာင္စားမယ္
သင့္ဆံေကသာနဲ႔ ဦးေရျပားကို အာဟာရျဖည့္သလိုပဲ ခႏၶာကိုယ္အတြင္းပိုင္းကိုလည္း အာဟာရျဖည့္ဖို႔လိုအပ္ပါတယ္။ သင္စားလိုက္တဲ့ အစားအစာ အာဟာရဓာတ္ေတြက သင့္ဆံေကသာက်န္းမာေရးနဲ႔လည္း မ်ားစြာ ဆက္စပ္ေနပါတယ္။ ဒါ့ေၾကာင့္ ဗီတာမင္၊ သတၱဳဓာတ္ ၾကြယ္ဝတဲ့ အစားအစာေတြကို ညီညႊတ္မွ်တေအာင္စားပါ။ အသီးအရြက္မ်ားမ်ားစားၿပီး အဆီမ်ားတာေလွ်ာ့စားပါ။
ေရဓာတ္ျဖည့္ပါ
သင့္ဆံေကသာကို အျပင္ပိုင္းကေန ေရဓာတ္ျဖည့္ေပးသလို ခႏၶာကိုယ္ အတြင္းပိုင္းကေနလည္း ေရဓာတ္ျဖည့္ေပးဖို႔လိုပါတယ္။ ေရဓာတ္ပါဝင္မႈမ်ားတဲ့ ဖရဲသီး၊ သခြားသီးလို အသီးအႏွံေတြလည္း စားေပးႏိုင္ပါတယ္။ တစ္ေန႔ကို ေရအနည္းဆံုး (၈) ခြက္မွ (၉) ခြက္အထိ ေသာက္ေပးပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: My Style
#Unicode Version#
ဆံကေသာခြောက်သွေ့ပြီး ဗောက်ထခြင်း (သို့) ဆံပင်အဆီပြန်ပြီး ဗောက်ထခြင်းတွေ ခံစားနေရလား။ ဒီလို ပြဿနာမျိုတွေ ကြုံတွေ့နေရတဲ့သူတွေအတွက် နည်းလမ်းကောင်းတွေကိုမျှဝေပေးချင်ပါတယ်။
ဘယ်လိုရာသီဥတုမျိုးမှာမဆို ဦးရေပြားလန်းဆန်းပြီး ဆံကေသာ အမြဲလှပနေစေဖို့ နည်းလမ်းကောင်းတချို့ကို ကြည့်လိုက်ရအောင်။
နွေရာသီမှာ ကြုံတွေ့ရတတ်တဲ့ ဆံကေသာ ပြဿနာများ
အပူ – အပူချိန် မြင့်တက်လာတာကြောင့် ဦးရေပြား အဆီပြန်လာပြီး ဗောက်ဖြစ်စေပါတယ်။
လေထုညစ်ညမ်းမှု – ပူနွေးတဲ့ ရာသီဥတုမှာ အပြင်ကို ခဏခဏ ထွက်မယ်ဆိုရင်တော့ ဖုန်၊ အညစ်အကြေးနဲ့ လေထုညစ်ညမ်းမှုတွေက ဦးရေပြားကို ယားယံစေသလို ဗောက်ဖြစ်စေပါတယ်။
မကြာခဏ ခေါင်းလျှော်ပါ
နွေရာသီမှာ ချွေးထွက်တာ အဆီပြန်တာကြောင့် ဦးရေပြားညစ်ညမ်းပြီး ယားယံတတ်ပါတယ်။ ဒါ့ကြောင့် ဗောက်ဖြစ်စေပါတယ်။ ဗောက်ပြဿနာကို ဖြေရှင်းဖို့ဆိုရင်တော့ ခေါင်းကို အရင်ကထက် ပိုပြီးလျှော်ပေးပါ။ တစ်ပတ်ကို ၃ ကြိမ် (သို့) ၄ ကြိမ်အထိ လျှော်ပေးရင်ပိုသင့်တော်ပါတယ်။
ဆံပင်အဖျားမှာ ပျော့ဆေးထည့်ပါ
ဆံပင်ကို ခေါင်းလျှော်ပြီးပြီဆိုရင် ဆံပင်အဖျားလေးတွေကို ပျော့ဆေးလေးထည့်ပေးလိုက်ပါ။ ပျော့ဆေးထည့်တဲ့အခါ ဦးရေပြားကို မထိအောင် ထည့်ပေးရပါမယ်။ မဟုတ်ရင် ဦးရေပြားက ချွေးပေါက်တွေပိတ်စို့ပြီး ဗောက်ပိုဖြစ်စေပါတယ်။
ဦးရေပြားနဲ့ ဆံကေသာကို အာဟာရဖြည့်ပါ
နွေရာသီမှာ ခေါင်းမကြာခဏ လျှော်တာကြောင့် ဆံကေသာ ခြောက်သွေ့တာမျိုးမဖြစ်အောင် ဆံကေသာကို အာဟာရဖြည့်ပေးဖို့လိုအပ်ပါတယ်။ ဦးရေပြားကိုလည်း ထိုနည်းတူပါပဲ ဦးရေပြားကို အေးမြစေပြီး အာဟာရဖြည့်ပေးတဲ့ Menthol ပါတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေးနိုင်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်အောင်စားမယ်
သင့်ဆံကေသာနဲ့ ဦးရေပြားကို အာဟာရဖြည့်သလိုပဲ ခန္ဓာကိုယ်အတွင်းပိုင်းကိုလည်း အာဟာရဖြည့်ဖို့လိုအပ်ပါတယ်။ သင်စားလိုက်တဲ့ အစားအစာ အာဟာရဓာတ်တွေက သင့်ဆံကေသာကျန်းမာရေးနဲ့လည်း များစွာ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် ဗီတာမင်၊ သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ညီညွှတ်မျှတအောင်စားပါ။ အသီးအရွက်များများစားပြီး အဆီများတာလျှော့စားပါ။
ရေဓာတ်ဖြည့်ပါ
သင့်ဆံကေသာကို အပြင်ပိုင်းကနေ ရေဓာတ်ဖြည့်ပေးသလို ခန္ဓာကိုယ် အတွင်းပိုင်းကနေလည်း ရေဓာတ်ဖြည့်ပေးဖို့လိုပါတယ်။ ရေဓာတ်ပါဝင်မှုများတဲ့ ဖရဲသီး၊ သခွားသီးလို အသီးအနှံတွေလည်း စားပေးနိုင်ပါတယ်။ တစ်နေ့ကို ရေအနည်းဆုံး (၈) ခွက်မှ (၉) ခွက်အထိ သောက်ပေးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: My Style