×

ရန္ကုန္မွာ ၿပီးခဲ့တဲ့တစ္ပတ္ကပဲ တရုတ္ႏွစ္သစ္ကူးကိုႀကိဳဆိုတဲ့ပြဲကို ဖြင့္ပြဲအခမ္းအနားေတြနဲ႔က်င္းပ သြားၾကတာ ျမန္မာ့ပလက္ေဖာင္းပရိသတ္ႀကီးလည္း သိၿပီးၾကမွာပါ။ လူမ်ိဳးတိုင္းမွာေတာ့ သူ႔လူမ်ိဳးအလိုက္ ႏွစ္သစ္ကူးဓေလ့ထံုးစံေတြ ရွိၾကတာပါပဲ။ အဲဒီလိုပဲ တရုတ္ႏွစ္သစ္ကူးဆိုရင္ ကေလးေတြနဲ႔ ခင္မင္သူေတြကို အန္ေပါင္းေပးၾကတယ္ဆိုတာလည္းသိၾကမွာပါ။ အန္ေပါင္းဆိုတာ ေငြေၾကးပမာဏ နည္းသည္မ်ားသည္မသတ္မွတ္ဘဲ ကိုယ္ေစတနာရွိသေလာက္ကို ခင္မင္သူေတြနဲ႔ ကေလးေတြကို မုန္႔ဖိုးအျဖစ္လက္ေဆာင္ေပးတဲ့သေဘာပါပဲ။

ဒါေပမဲ့ ၿပီးခဲ့တဲ့ ရက္ပိုင္းကတရုတ္ႏိုင္ငံမွာျဖစ္သြားတဲ့အျဖစ္အပ်က္တစ္ခုကေတာ့ စိတ္ဝင္စား စရာေကာင္းသလို နည္းနည္းဂြတီးဂြက်လည္းႏုိင္တယ္ခင္ဗ်။ အဲဒါကေတာ့ ေကာလိပ္ေက်ာင္းတက္မယ့္ တရုတ္အမ်ိဳးသမီးငယ္ေလးက သူမရဲ႕ တစ္ႏွစ္လံုးစာ ေက်ာင္းစရိတ္ကိုမိဘေတြက အန္ေပါင္းဆိုၿပီး ယူလိုက္တဲ့အတြက္ မိဘေတြကိုတရားစြဲလိုက္တာပဲျဖစ္ပါတယ္။

သတင္းေတြရဲ႕အဆိုအရ Juanဆိုတဲ့ တရုတ္မိန္းကေလးငယ္က သူူမရဲ႕ မိဘေတြကသူမဆီက အန္ေပါင္းယူတဲ့အေနနဲ႔ သူမရဲ႕ တကၠသိုလ္က်ဴရွင္ခကိုျဖတ္ေတာက္လိုက္ၾကတဲ့အတြက္ ဒါဟာ အန္ေပါင္းကိုအလြဲသံုးစားလုပ္ယူရာေရာက္တာေၾကာင့္ အခုလိုတရားစြဲဆိုလိုက္တာလို႔ဆိုပါတယ္။
မိန္းကေလး Juanရဲ႕မိဘေတြက တရုတ္ယြမ္ ၅၈၀၀၀(ျမန္မာေငြ သိန္း ၁၂၀ေက်ာ္)ကို အန္ေပါင္းအျဖစ္ယူလိုက္ၾကၿပီး အဲဒီေငြဟာ တစ္ႏွစ္စာေက်ာင္းစရိတ္အတြက္ဖယ္ထားတဲ့ေငြေတြ လို႔လည္းဆိုပါတယ္။

ဒါေၾကာင့္ တရားသူႀကီးက Juanရဲ႕မိဘေတြအေနနဲ႔ Juanကို တစ္လလွ်င္ ယြမ္ ၁၅၀၀ႏႈန္းေထာက္ပံ့ဖို႔ အမိန္႔ခ်မွတ္လိုက္ပါတယ္။

1519381036106.jpg

ဒီလိုအလားတူျဖစ္ရပ္မ်ိဳး ၂၀၁၂ခုႏွစ္မွာလည္းတစ္ႀကိမ္ျဖစ္ခဲ့ပါေသးတယ္။
ကြာရွင္းၿပီးသားခင္ပြန္းျဖစ္သူကကေလးသံုးေယာက္အတြက္ဆိုၿပီး ဇနီးေဟာင္းဆီကေန ယြမ္ ၅၆၀၀၀၀ကိုအန္ေပါင္းအျဖစ္ေပးဖို႔တရားစြဲဆိုခဲ့တာပဲျဖစ္ပါတယ္။ အဲဒီေငြဟာ ဖခင္ျဖစ္သူနဲ႔က်န္ခဲ့တဲ့ ကေလးသံုးေယာက္ရသင့္တယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ တရားလိုျဖစ္သူခင္ပြန္းဘက္ကအႏိုင္ ရသြားခဲ့ပါတယ္။

ေနာက္ထပ္ ျဖစ္ရပ္တစ္ခုကေတာ့ တရုတ္ႏိုင္ငံ  Zhejiang ျပည္နယ္မွာျဖစ္ခဲ့ၿပီး ဇနီးျဖစ္သူက ကေလးေတြပိုင္ဆိုင္သင့္တယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ မိဘဘိုးဘြားပိုင္အေမြေတြကိုေတာင္းခံခဲ့ၿပီး အေမြရခ်ိန္မွာ ဇနီးေမာင္ႏွံႏွစ္ဦးကြာရွင္းခဲ့ၾကပါတယ္။

ဒါေပမဲ့ အမ်ိဳးသမီးဘက္ကရယူထားတဲ့ ေငြေၾကးဟာ ကေလးေတြကိုေပးထားၿပီး သားျဖစ္လို႔ အခုလိုကြာရွင္းလိုက္တာေၾကာင့္ အမ်ိဳးသမီးက ေငြေၾကးအားလံုးကိုျပန္ေပးလိုက္ရပါေတာ့တယ္။
အခုေဖာ္ျပခဲ့တဲ့ ျဖစ္ရပ္သံုးခုလံုးမွာ ကေလးေတြကို ခုတံုးလုပ္ၿပီး ေငြေၾကးအလြဲသံုးစားလုပ္တဲ့ သေဘာမ်ိဳးကိုေဖာ္ျပေနပါတယ္။ ဒါေၾကာင့္ မိဘေတြဟာကေလးေတြရဲ႕ေငြေၾကးကိုပိုင္ဆိုင္ခြင့္မရွိဘဲ သူတို႔ရဲ႕အနာဂတ္အတြက္အသံုးျပဳဖို႔ သိမ္းထားေပးရံုသက္သက္သာတာဝန္ရွိေၾကာင္း ဥပေဒတစ္ရပ္ ထုတ္ျပန္လိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်မှာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရုတ်နှစ်သစ်ကူးကိုကြိုဆိုတဲ့ပွဲကို ဖွင့်ပွဲအခမ်းအနားတွေနဲ့ကျင်းပ သွားကြတာ မြန်မာ့ပလက်ဖောင်းပရိသတ်ကြီးလည်း သိပြီးကြမှာပါ။ လူမျိုးတိုင်းမှာတော့ သူ့လူမျိုးအလိုက် နှစ်သစ်ကူးဓလေ့ထုံးစံတွေ ရှိကြတာပါပဲ။ အဲဒီလိုပဲ တရုတ်နှစ်သစ်ကူးဆိုရင် ကလေးတွေနဲ့ ခင်မင်သူတွေကို အန်ပေါင်းပေးကြတယ်ဆိုတာလည်းသိကြမှာပါ။ အန်ပေါင်းဆိုတာ ငွေကြေးပမာဏ နည်းသည်များသည်မသတ်မှတ်ဘဲ ကိုယ်စေတနာရှိသလောက်ကို ခင်မင်သူတွေနဲ့ ကလေးတွေကို မုန့်ဖိုးအဖြစ်လက်ဆောင်ပေးတဲ့သဘောပါပဲ။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကတရုတ်နိုင်ငံမှာဖြစ်သွားတဲ့အဖြစ်အပျက်တစ်ခုကတော့ စိတ်ဝင်စား စရာကောင်းသလို နည်းနည်းဂွတီးဂွကျလည်းနိုင်တယ်ခင်ဗျ။ အဲဒါကတော့ ကောလိပ်ကျောင်းတက်မယ့် တရုတ်အမျိုးသမီးငယ်လေးက သူမရဲ့ တစ်နှစ်လုံးစာ ကျောင်းစရိတ်ကိုမိဘတွေက အန်ပေါင်းဆိုပြီး ယူလိုက်တဲ့အတွက် မိဘတွေကိုတရားစွဲလိုက်တာပဲဖြစ်ပါတယ်။

သတင်းတွေရဲ့အဆိုအရ Juanဆိုတဲ့ တရုတ်မိန်းကလေးငယ်က သူူမရဲ့ မိဘတွေကသူမဆီက အန်ပေါင်းယူတဲ့အနေနဲ့ သူမရဲ့ တက္ကသိုလ်ကျူရှင်ခကိုဖြတ်တောက်လိုက်ကြတဲ့အတွက် ဒါဟာ အန်ပေါင်းကိုအလွဲသုံးစားလုပ်ယူရာရောက်တာကြောင့် အခုလိုတရားစွဲဆိုလိုက်တာလို့ဆိုပါတယ်။
မိန်းကလေး Juanရဲ့မိဘတွေက တရုတ်ယွမ် ၅၈၀၀၀(မြန်မာငွေ သိန်း ၁၂၀ကျော်)ကို အန်ပေါင်းအဖြစ်ယူလိုက်ကြပြီး အဲဒီငွေဟာ တစ်နှစ်စာကျောင်းစရိတ်အတွက်ဖယ်ထားတဲ့ငွေတွေ လို့လည်းဆိုပါတယ်။

ဒါကြောင့် တရားသူကြီးက Juanရဲ့မိဘတွေအနေနဲ့ Juanကို တစ်လလျှင် ယွမ် ၁၅၀၀နှုန်းထောက်ပံ့ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

1519381036106.jpg

ဒီလိုအလားတူဖြစ်ရပ်မျိုး ၂၀၁၂ခုနှစ်မှာလည်းတစ်ကြိမ်ဖြစ်ခဲ့ပါသေးတယ်။
ကွာရှင်းပြီးသားခင်ပွန်းဖြစ်သူကကလေးသုံးယောက်အတွက်ဆိုပြီး ဇနီးဟောင်းဆီကနေ ယွမ် ၅၆၀၀၀၀ကိုအန်ပေါင်းအဖြစ်ပေးဖို့တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။ အဲဒီငွေဟာ ဖခင်ဖြစ်သူနဲ့ကျန်ခဲ့တဲ့ ကလေးသုံးယောက်ရသင့်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တရားလိုဖြစ်သူခင်ပွန်းဘက်ကအနိုင် ရသွားခဲ့ပါတယ်။

နောက်ထပ် ဖြစ်ရပ်တစ်ခုကတော့ တရုတ်နိုင်ငံ  Zhejiang ပြည်နယ်မှာဖြစ်ခဲ့ပြီး ဇနီးဖြစ်သူက ကလေးတွေပိုင်ဆိုင်သင့်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မိဘဘိုးဘွားပိုင်အမွေတွေကိုတောင်းခံခဲ့ပြီး အမွေရချိန်မှာ ဇနီးမောင်နှံနှစ်ဦးကွာရှင်းခဲ့ကြပါတယ်။

ဒါပေမဲ့ အမျိုးသမီးဘက်ကရယူထားတဲ့ ငွေကြေးဟာ ကလေးတွေကိုပေးထားပြီး သားဖြစ်လို့ အခုလိုကွာရှင်းလိုက်တာကြောင့် အမျိုးသမီးက ငွေကြေးအားလုံးကိုပြန်ပေးလိုက်ရပါတော့တယ်။
အခုဖော်ပြခဲ့တဲ့ ဖြစ်ရပ်သုံးခုလုံးမှာ ကလေးတွေကို ခုတုံးလုပ်ပြီး ငွေကြေးအလွဲသုံးစားလုပ်တဲ့ သဘောမျိုးကိုဖော်ပြနေပါတယ်။ ဒါကြောင့် မိဘတွေဟာကလေးတွေရဲ့ငွေကြေးကိုပိုင်ဆိုင်ခွင့်မရှိဘဲ သူတို့ရဲ့အနာဂတ်အတွက်အသုံးပြုဖို့ သိမ်းထားပေးရုံသက်သက်သာတာဝန်ရှိကြောင်း ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top