မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ေမာင္မစၥက၀ိညာဥ္ ႐ုပ္ရွင္သည္ နန္းျမတ္ၿဖိဳးသင္း အတြက္ ပထမဆံုး႐ုိက္ခြင့္ရ သည့္ ဇာတ္ကားျဖစ္ၿပီး အသံျဖင့္ သ႐ုပ္ေဆာင္ခဲ့သည့္ ဇာတ္၀င္ ခန္းမ်ားကို အမွတ္တရျဖစ္ေၾကာင္း ၎ကေျပာသည္။

‘‘အသံနဲ႔ သ႐ုပ္ေဆာင္တာ က ကိုယ့္အတြက္ တာ၀န္ေတာ္ ေတာ္ႀကီးတယ္လို႔ ေျပာလို႔ရ တယ္။ ပထမဆံုးလည္းျဖစ္တယ္။  ကိုခန္႔နဲ႔ကိုျမင့္ျမတ္ရဲ႕ အက္တင္ မွာ အသံထပ္ရတဲ့အခါက်ေတာ့ ကိုယ့္အသံႀကီးေၾကာင့္ ကိုုယ့္ ဆရာေတြရဲ႕ အ႐ုပ္ပိုင္းေတြ မ ပ်က္စီးသြားေစခ်င္ေတာ့ ေတာ္ ေတာ္ ဖိအား(Stress)မ်ားတယ္’’ ဟုအသံႏွင့္ သ႐ုပ္ေဆာင္ခဲ့ရ သည့္ အေတြ႕အႀကံဳကို နန္းျမတ္ ၿဖိဳးသင္းကေျပာသည္။

ယင္းဇာတ္ကားတြင္ ကာ ရာအိုေကဆိုင္ရိွ အဆိုေတာ္ မိန္းကေလးအျဖစ္ နန္းျမတ္ၿဖိဳး သင္းက သ႐ုပ္ေဆာင္ထားၿပီး ၀ိညာဥ္ျဖစ္သြားခ်ိန္တြင္ ျမင့္ျမတ္ ႏွင့္ ခန္႔စည္သူတို႔အပါအ၀င္ အျခား ခႏၶာကိုယ္မ်ားအတြင္းသို႔ ပူး၀င္သူအျဖစ္သ႐ုပ္ေဆာင္ထား သည္။

‘‘၀င္ပူးတဲ့အခန္းေတြဆို ေတာ္ေတာ္ပင္ပန္းတယ္။ အ႐ုပ္ ေတြကအရင္႐ုိက္ထားတာ။ ကိုခန္႔၊ ကိုျမင့္ျမတ္၊ ဦးေနဆန္းနဲ႕ ဦးေဇာ္၀င္းႏိုင္ တို႔အက္တင္ေတြ က တစ္ေယာက္တစ္မ်ိဳးမတူၾက ဘူး။ သူတို႔အိုက္တင္ကို ေမာ္နီ တာမွာ ၾကည့္ၿပီး မွတ္ရတယ္’’ ဟု အျခားသူမ်ား၏ ခႏၶာကိုယ္တြင္ ပူးကပ္သည့္ပံုစံ သ႐ုပ္ေဆာင္ရ သည့္ ႐ုိက္ကူးေရးအေၾကာင္းကို နန္းျမတ္ၿဖိဳးသင္းကေျပာသည္။

အဆိုပါ ဇာတ္ကားတြင္ ရန္ေအာင္၊ ခန္႔စည္သူ၊ ျမင့္ျမတ္၊ ေရႊမံႈရတီ ႏွင့္ နန္းျမတ္ၿဖိဳးသင္းတို႔ ကအဓိက ပါ၀င္သ႐ုပ္ေဆာင္ ထားၿပီး မတ္လ ၂ ရက္  မွစတင္ ၍ ရန္ကုန္၊ မႏၲေလးအပါအ၀င္ နယ္ၿမိဳ႕မ်ားရွိ ႐ုပ္ရွင္႐ံုမ်ား၌ ႐ံုတင္ျပသမည္ျဖစ္သည္။

လတ္တေလာတြင္ အႏု ပညာလႈပ္ရွားမႈမ်ား ဆက္တိုက္ ျပဳလုပ္ျဖစ္ေနသလို လြတ္ လပ္စြာ ေနလိုေသးေသာေၾကာင့္ ရင္ေသြးယူရန္ အခ်ိန္ယူဦးမည္ ဟု ၎ကေျပာသည္။

‘‘ကေလးရလာၿပီဆိုရင္ ကိုယ္က သူ႔ဆီမွာ စိတ္ကိုလံုးလံုး  ျမႇဳပ္ႏွံရမွာဆိုေတာ့ အခ်ိန္ယူခ်င္ ေသးတယ္။ ေလာေလာဆယ္ အေျခအေနမွာေတာ့ ယူျဖစ္ဦးမွာ မဟုတ္ဘူး။ ခန္႔မွန္းေျခဆိုရင္ ေတာ့ ေနာက္၂ႏွစ္ေလာက္’’ ဟု ရင္ေသြးယူမည့္ အစီစဥ္ႏွင့္ ပတ္ သက္၍ ၎ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
မောင်မစ္စကဝိညာဉ် ရုပ်ရှင်သည် နန်းမြတ်ဖြိုးသင်း အတွက် ပထမဆုံးရိုက်ခွင့်ရ သည့် ဇာတ်ကားဖြစ်ပြီး အသံဖြင့် သရုပ်ဆောင်ခဲ့သည့် ဇာတ်ဝင် ခန်းများကို အမှတ်တရဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘အသံနဲ့ သရုပ်ဆောင်တာ က ကိုယ့်အတွက် တာဝန်တော် တော်ကြီးတယ်လို့ ပြောလို့ရ တယ်။ ပထမဆုံးလည်းဖြစ်တယ်။  ကိုခန့်နဲ့ကိုမြင့်မြတ်ရဲ့ အက်တင် မှာ အသံထပ်ရတဲ့အခါကျတော့ ကိုယ့်အသံကြီးကြောင့် ကိုုယ့် ဆရာတွေရဲ့ အရုပ်ပိုင်းတွေ မ ပျက်စီးသွားစေချင်တော့ တော် တော် ဖိအား(Stress)များတယ်’’ ဟုအသံနှင့် သရုပ်ဆောင်ခဲ့ရ သည့် အတွေ့အကြုံကို နန်းမြတ် ဖြိုးသင်းကပြောသည်။

ယင်းဇာတ်ကားတွင် ကာ ရာအိုကေဆိုင်ရှိ အဆိုတော် မိန်းကလေးအဖြစ် နန်းမြတ်ဖြိုး သင်းက သရုပ်ဆောင်ထားပြီး ဝိညာဉ်ဖြစ်သွားချိန်တွင် မြင့်မြတ် နှင့် ခန့်စည်သူတို့အပါအဝင် အခြား ခန္ဓာကိုယ်များအတွင်းသို့ ပူးဝင်သူအဖြစ်သရုပ်ဆောင်ထား သည်။

‘‘ဝင်ပူးတဲ့အခန်းတွေဆို တော်တော်ပင်ပန်းတယ်။ အရုပ် တွေကအရင်ရိုက်ထားတာ။ ကိုခန့်၊ ကိုမြင့်မြတ်၊ ဦးနေဆန်းနဲ့ ဦးဇော်ဝင်းနိုင် တို့အက်တင်တွေ က တစ်ယောက်တစ်မျိုးမတူကြ ဘူး။ သူတို့အိုက်တင်ကို မော်နီ တာမှာ ကြည့်ပြီး မှတ်ရတယ်’’ ဟု အခြားသူများ၏ ခန္ဓာကိုယ်တွင် ပူးကပ်သည့်ပုံစံ သရုပ်ဆောင်ရ သည့် ရိုက်ကူးရေးအကြောင်းကို နန်းမြတ်ဖြိုးသင်းကပြောသည်။

အဆိုပါ ဇာတ်ကားတွင် ရန်အောင်၊ ခန့်စည်သူ၊ မြင့်မြတ်၊ ရွှေမှုံရတီ နှင့် နန်းမြတ်ဖြိုးသင်းတို့ ကအဓိက ပါဝင်သရုပ်ဆောင် ထားပြီး မတ်လ ၂ ရက်  မှစတင် ၍ ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့များရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသမည်ဖြစ်သည်။

လတ်တလောတွင် အနု ပညာလှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်ဖြစ်နေသလို လွတ် လပ်စွာ နေလိုသေးသောကြောင့် ရင်သွေးယူရန် အချိန်ယူဦးမည် ဟု ၎င်းကပြောသည်။

‘‘ကလေးရလာပြီဆိုရင် ကိုယ်က သူ့ဆီမှာ စိတ်ကိုလုံးလုံး  မြှုပ်နှံရမှာဆိုတော့ အချိန်ယူချင် သေးတယ်။ လောလောဆယ် အခြေအနေမှာတော့ ယူဖြစ်ဦးမှာ မဟုတ်ဘူး။ ခန့်မှန်းခြေဆိုရင် တော့ နောက်၂နှစ်လောက်’’ ဟု ရင်သွေးယူမည့် အစီစဉ်နှင့် ပတ် သက်၍ ၎င်းကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top