iMyanmarHouse.com - Best Property Website for Myanmar
×

အြန္လိုင္းမွာေစ်းေရာင္းတဲ႔အလုပ္က မေလးရွားမွာသာမက တျခားႏုိင္ငံေတြမွာပါနာမည္ၾကီးေရပန္းစားေနတဲ႔ အလုပ္တစ္ခုပါ။သံုးျပီးသားပစၥည္းေတြျပန္ေရာင္းၾကသလုိ ပစၥည္းအသစ္ေတြလည္းတင္ေရာင္းေလ့ရွိပါတယ္။

Hanz Letty ဆိုတဲ့အေကာင့္နာမည္နဲ႔အမ်ိဳးသမီးကေတာ့ သူမရဲ႔ခင္ပြန္းျဖစ္သူက သူမအေပၚလိမ္ညာေဖာက္ျပန္ခဲ့ တဲ႔အတြက္ ေဒါသအလြန္ျဖစ္ျပီး အြန္လိုင္းေစ်းကြက္မွာ တင္ျပီးေရာင္းခဲ႔တယ္လို႔သိရပါတယ္။ခင္ပြန္းျဖစ္သူရဲ႔ပံုကုိ အမ်ိဳးသမီး အသံုးအေဆာင္ပစၥည္း ဆုိတဲ႔ေနရာမွာတင္ခဲ႔တာျဖစ္ျပီး ေဒၚလာ ၀.၀၀၃က်ပ္နဲ႔ေစ်းေပါစြာ ေရာင္းခ်ခဲ႔တာျဖစ္ပါတယ္။အသံုးျပဳျပီးသားလို႔လည္းေရးထားပါေသးတယ္။
အဲ႔ဒီအေရာင္းပုိ႔စ္ေအာက္မွာေတာ့ သူမဟာ “လူလိမ္လူညာကိုေရာင္းေနပါတယ္။သူက မိသားစုရွိတဲ႔အိမ္ကုိ လည္းျပန္မလာပါဘူး။အမ်ိဳးသမီးေတြနဲ႔လည္းရႈပ္တတ္သူျဖစ္ျပီး အရက္သမား လည္းျဖစ္ပါတယ္။ ေနရာတိုင္းမွာအိပ္တတ္သူျဖစ္ျပီး ကားထဲမွာအိပ္တယ္ဆိုျပီးအလိမ္အညာဇာတ္လမ္းေတြ လည္းဖန္တီးတတ္ပါေသးတယ္” လို႔ေရးသားခဲ႔ပါတယ္။အားလံုးကလည္း သူမေယာက်္ားလူလိမ္ကိုျမန္ျမန္ေရာင္းထြက္ႏုိင္ဖို႔ေမ်ွာ္လင့္ေနၾကပါတယ္တဲ႔။
ဒါေပမဲ႔ ထုိအမ်ိဳးသမီးကသူမေယာက်္ားကုိေရာင္းရံုတင္မကပါဘူး။အလိမ္အညာခင္ပြန္းျဖစ္သူကုိေရာင္းတဲ႔အျပင္ သူနဲ႔ေဖာက္ျပန္တဲ႔အမ်ိဳးသမီးကုိပါ ငွားရမ္းလို႔ရတယ္ဆိုိျပီးတင္ခဲ႔ပါေသးတယ္။ေနာက္မိန္းမျဖစ္သူကုိ အြန္လိုင္းေစ်းကြက္၊အမ်ိဳးသားအသံုးအေဆာင္ပစၥည္းဆိုတဲ႔ေနရာမွာ ေဒၚလာ၀.၀၁ နဲ႔ငွားရမ္းႏုိင္တယ္လို႔တင္ခဲ႔တာျဖစ္ပါတယ္။
ခင္ပြန္းျဖစ္သူက အိမ္ျပန္လာတဲ႔အခါ ထုိမိန္းကေလးကို ဖုန္းထဲကေနဘေလာ့ခ္ခဲ႔ျပီး“ထုိမိန္းကေလးဟာ မုဆုိးမတစ္ေယာက္ျဖစ္ျပီး သူ႔ဆီမွာအေၾကြးတင္ေနခဲ႔ပါတယ္။အခုလည္းအေၾကြးျပန္ဆပ္ခိုင္းဖို႔ လိုက္ရွာေနရပါတယ္။ျပီးေတာ့ အၾကိမ္ေပါင္းမ်ားစြာဖုန္းဆက္ရတာ ကလည္းအဲ႔ဒါေၾကာင့္ပါ”လို႔ေျပာခဲ႔ပါတယ္။ဒါေပမဲ႔ ရယ္စရာေကာင္းတာတစ္ခုကေတာ့ အေၾကြးယူထားတဲ႔မိန္းကေလးကသူ႔ကုိ ဘေလာ့ခ္တာမဟုတ္ပဲ အေၾကြးေတာင္းရမယ့္အမ်ိဳးသားကဘေလာ့ခ္တာပါပဲ။
ျပီးေတာ့ ဖုန္းေတြေတာ္ေတာ္မ်ားမ်ားေခၚထားတယ္လို႔ေျပာေပမဲ႔သူမရဲ ႔ဖုန္းနံပါတ္က သူ႔ဖုန္းေကာလ္ေတြ ရွိမေနခဲ႔ပါဘူး။အဲ႔ဒါအျပင္ ထုိမိန္းကေလးကုိဖုန္းဆက္ဖို႔ၾကိဳးစားခဲ႔တာဟာသူ႔ဆီကုိေနာက္ထပ္ ဖုန္းမဆက္လာေအာင္ သတိေပးဖုိ႔ပါလို႔ေျပာခဲ႔ပါေသးတယ္။တကယ္ေတာ့သူက သူ႔လိပ္ျပာသူမလံုျဖစ္ေနခဲ႔တာပါပဲ။ သူသာမွန္ကန္ရင္ဖုန္းေကာလ္ေတြကလည္းရွိေနရမွာျဖစ္ျပီးသူကစျပီးဘေလာ့ခ္စရာအေၾကာင္းမရွိပါဘူး။

ဒီလူႏွစ္ေယာက္က သူတုိ႔ကိုခ်စ္တဲ႔သူေတြအေပၚသစၥာေဖာက္ခဲ႔တာျဖစ္လို႔Hanz Letty ဆိုတဲ႔အမ်ိဳးသမီးရဲ႔ သင္ခန္းစာေပးတာက ထုိက္တန္ပါတယ္။တျခားသူေတြကုိလည္းသတိေပးျပီးသားျဖစ္တာေပါ့ လို႔အြန္လုိင္းသံုးစြဲသူေတြက ေျပာခဲ႔ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
အွန်လိုင်းမှာဈေးရောင်းတဲ့အလုပ်က မလေးရှားမှာသာမက တခြားနိုင်ငံတွေမှာပါနာမည်ကြီးရေပန်းစားနေတဲ့ အလုပ်တစ်ခုပါ။သုံးပြီးသားပစ္စည်းတွေပြန်ရောင်းကြသလို ပစ္စည်းအသစ်တွေလည်းတင်ရောင်းလေ့ရှိပါတယ်။

Hanz Letty ဆိုတဲ့အကောင့်နာမည်နဲ့အမျိုးသမီးကတော့ သူမရဲ့ခင်ပွန်းဖြစ်သူက သူမအပေါ်လိမ်ညာဖောက်ပြန်ခဲ့ တဲ့အတွက် ဒေါသအလွန်ဖြစ်ပြီး အွန်လိုင်းဈေးကွက်မှာ တင်ပြီးရောင်းခဲ့တယ်လို့သိရပါတယ်။ခင်ပွန်းဖြစ်သူရဲ့ပုံကို အမျိုးသမီး အသုံးအဆောင်ပစ္စည်း ဆိုတဲ့နေရာမှာတင်ခဲ့တာဖြစ်ပြီး ဒေါ်လာ ဝ.၀၀၃ကျပ်နဲ့ဈေးပေါစွာ ရောင်းချခဲ့တာဖြစ်ပါတယ်။အသုံးပြုပြီးသားလို့လည်းရေးထားပါသေးတယ်။
အဲ့ဒီအရောင်းပို့စ်အောက်မှာတော့ သူမဟာ “လူလိမ်လူညာကိုရောင်းနေပါတယ်။သူက မိသားစုရှိတဲ့အိမ်ကို လည်းပြန်မလာပါဘူး။အမျိုးသမီးတွေနဲ့လည်းရှုပ်တတ်သူဖြစ်ပြီး အရက်သမား လည်းဖြစ်ပါတယ်။ နေရာတိုင်းမှာအိပ်တတ်သူဖြစ်ပြီး ကားထဲမှာအိပ်တယ်ဆိုပြီးအလိမ်အညာဇာတ်လမ်းတွေ လည်းဖန်တီးတတ်ပါသေးတယ်” လို့ရေးသားခဲ့ပါတယ်။အားလုံးကလည်း သူမယောကျ်ားလူလိမ်ကိုမြန်မြန်ရောင်းထွက်နိုင်ဖို့မျှော်လင့်နေကြပါတယ်တဲ့။
ဒါပေမဲ့ ထိုအမျိုးသမီးကသူမယောကျ်ားကိုရောင်းရုံတင်မကပါဘူး။အလိမ်အညာခင်ပွန်းဖြစ်သူကိုရောင်းတဲ့အပြင် သူနဲ့ဖောက်ပြန်တဲ့အမျိုးသမီးကိုပါ ငှားရမ်းလို့ရတယ်ဆိုပြီးတင်ခဲ့ပါသေးတယ်။နောက်မိန်းမဖြစ်သူကို အွန်လိုင်းဈေးကွက်၊အမျိုးသားအသုံးအဆောင်ပစ္စည်းဆိုတဲ့နေရာမှာ ဒေါ်လာဝ.၀၁ နဲ့ငှားရမ်းနိုင်တယ်လို့တင်ခဲ့တာဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူက အိမ်ပြန်လာတဲ့အခါ ထိုမိန်းကလေးကို ဖုန်းထဲကနေဘလော့ခ်ခဲ့ပြီး“ထိုမိန်းကလေးဟာ မုဆိုးမတစ်ယောက်ဖြစ်ပြီး သူ့ဆီမှာအကြွေးတင်နေခဲ့ပါတယ်။အခုလည်းအကြွေးပြန်ဆပ်ခိုင်းဖို့ လိုက်ရှာနေရပါတယ်။ပြီးတော့ အကြိမ်ပေါင်းများစွာဖုန်းဆက်ရတာ ကလည်းအဲ့ဒါကြောင့်ပါ”လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ ရယ်စရာကောင်းတာတစ်ခုကတော့ အကြွေးယူထားတဲ့မိန်းကလေးကသူ့ကို ဘလော့ခ်တာမဟုတ်ပဲ အကြွေးတောင်းရမယ့်အမျိုးသားကဘလော့ခ်တာပါပဲ။
ပြီးတော့ ဖုန်းတွေတော်တော်များများခေါ်ထားတယ်လို့ပြောပေမဲ့သူမရဲ့ဖုန်းနံပါတ်က သူ့ဖုန်းကောလ်တွေ ရှိမနေခဲ့ပါဘူး။အဲ့ဒါအပြင် ထိုမိန်းကလေးကိုဖုန်းဆက်ဖို့ကြိုးစားခဲ့တာဟာသူ့ဆီကိုနောက်ထပ် ဖုန်းမဆက်လာအောင် သတိပေးဖို့ပါလို့ပြောခဲ့ပါသေးတယ်။တကယ်တော့သူက သူ့လိပ်ပြာသူမလုံဖြစ်နေခဲ့တာပါပဲ။ သူသာမှန်ကန်ရင်ဖုန်းကောလ်တွေကလည်းရှိနေရမှာဖြစ်ပြီးသူကစပြီးဘလော့ခ်စရာအကြောင်းမရှိပါဘူး။

ဒီလူနှစ်ယောက်က သူတို့ကိုချစ်တဲ့သူတွေအပေါ်သစ္စာဖောက်ခဲ့တာဖြစ်လို့Hanz Letty ဆိုတဲ့အမျိုးသမီးရဲ့ သင်ခန်းစာပေးတာက ထိုက်တန်ပါတယ်။တခြားသူတွေကိုလည်းသတိပေးပြီးသားဖြစ်တာပေါ့ လို့အွန်လိုင်းသုံးစွဲသူတွေက ပြောခဲ့ကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top