iMyanmarHouse.com - Best Property Website for Myanmar
×

ယီမင္ႏိုင္ငံမွာ ၃ ႏွစ္အရြယ္ ကေလးတဦးကို မုဒိမ္းက်င့္သတ္ျဖတ္ခဲ့တဲ့ အမ်ိဳးသားတဦးကို လူပံုအလယ္ ေသနတ္နဲ႔ပစ္ခတ္ၿပီး ကြပ္မ်က္ခဲ့ပါတယ္။

ရဲေတြဟာ ျပစ္မႈက်ဴးလြန္သူ အသက္ ၄၁ ႏွစ္အရြယ္ မူဟာမက္ဒ္ အယ္လ္မာဂရာဘီကို ႐ုိင္ဖယ္ေသနတ္က်ည္ ၅ ေတာင့္နဲ႔ ရာနဲ႔ခ်ီတဲ့ လူအုပ္စုၾကား ပစ္သတ္ခဲ့တာပါ။

အဲဒီအမ်ိဳးသားကို ေျမျပင္ေပၚက အခင္းတခုေပၚမွာ လက္ျပန္ႀကိဳးတုပ္လ်က္သား အေျခအေနနဲ႔ ထားခဲ့တာကို ေတြ႔ရပါတယ္။

ဒီမတုိင္ခင္ကေတာ့ သူ႔ေနာက္ကို လက္နက္ကိုင္စစ္သားေတြက အုပ္စုလိုက္ ဝုိင္းဖြဲ႔ေစာင့္ၾကပ္ လိုက္လာခဲ့ၾကတာလို႔ ဆိုပါတယ္။

အင္တာနက္စာမ်က္ႏွာေတြေပၚ ပ်ံ႔ႏွံ႔ေနခဲ့တဲ့ ဓာတ္ပံုေတြထဲမွာေတာ့ သူ႔ကို ေသနတ္နဲ႔ ပစ္သတ္ခဲ့ၿပီးေနာက္ ေျမျပင္မွာ မီးခိုးေတြ ေဝေနခဲ့တာေတြကို ေတြ႔ရပါတယ္။

ဒီကြပ္မ်က္မႈကို ယီမင္ႏိုင္ငံၿမိဳ႕ေတာ္ ဆန္နာရဲ႕ တာဟရီရ္ရင္ျပင္မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး တရားသူႀကီးက ရွာရီယာဥပေဒအရ ေသဒဏ္ခ်မွတ္မႈ ဖတ္ၾကားသံအၿပီးမွာ ပစ္သတ္ခဲ့တာ ျဖစ္ပါတယ္။

ခုလို ကြပ္မ်က္စီရင္ႏိုင္ဖို႔အတြက္ တရားခံအမ်ိဳးသားကို ေသဆံုးသူ ကေလးငယ္ဘက္မွ ေဆြမ်ိဳးသားခ်င္းေတြက ရန္ျပဳတာမ်ိဳး မလုပ္ႏိုင္ေအာင္ လံုၿခံဳေရးကား ၅ စီးနဲ႔အတူ ေခၚေဆာင္လာခဲ့ရတာ ျဖစ္ပါတယ္။

ေသဆံုးသူ ကေလးငယ္ရဲ႕ ဖခင္ျဖစ္သူကေတာ့ ခုမွ သူ႔အေနနဲ႔ စိတ္သက္သာရာ ရသြားခဲ့တာလို႔ ေျပာပါတယ္။

အရြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ေတြကို မုဒိမ္းက်င့္ သတ္ျဖတ္မႈအတြက္ ေသဒဏ္ခ်မွတ္တာဟာ ၿပီးခဲ့တဲ့ ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးျဖစ္တယ္လို႔ ဆိုပါတယ္။

၂၀၀၉ ခုႏွစ္ ဇူလိုင္လမွာ အသက္ ၁၁ ႏွစ္အရြယ္ ကေလးငယ္တဦးကို မုဒိမ္းက်င့္ သတ္ျဖတ္ခဲ့မႈအတြက္ ယီမင္ႏိုင္ငံသား အမ်ိဳးသားတဦးကို သတ္ျဖတ္ခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ယီမင်နိုင်ငံမှာ ၃ နှစ်အရွယ် ကလေးတဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတဦးကို လူပုံအလယ် သေနတ်နဲ့ပစ်ခတ်ပြီး ကွပ်မျက်ခဲ့ပါတယ်။

ရဲတွေဟာ ပြစ်မှုကျူးလွန်သူ အသက် ၄၁ နှစ်အရွယ် မူဟာမက်ဒ် အယ်လ်မာဂရာဘီကို ရိုင်ဖယ်သေနတ်ကျည် ၅ တောင့်နဲ့ ရာနဲ့ချီတဲ့ လူအုပ်စုကြား ပစ်သတ်ခဲ့တာပါ။

အဲဒီအမျိုးသားကို မြေပြင်ပေါ်က အခင်းတခုပေါ်မှာ လက်ပြန်ကြိုးတုပ်လျက်သား အခြေအနေနဲ့ ထားခဲ့တာကို တွေ့ရပါတယ်။

ဒီမတိုင်ခင်ကတော့ သူ့နောက်ကို လက်နက်ကိုင်စစ်သားတွေက အုပ်စုလိုက် ဝိုင်းဖွဲ့စောင့်ကြပ် လိုက်လာခဲ့ကြတာလို့ ဆိုပါတယ်။

အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့နေခဲ့တဲ့ ဓာတ်ပုံတွေထဲမှာတော့ သူ့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးနောက် မြေပြင်မှာ မီးခိုးတွေ ဝေနေခဲ့တာတွေကို တွေ့ရပါတယ်။

ဒီကွပ်မျက်မှုကို ယီမင်နိုင်ငံမြို့တော် ဆန်နာရဲ့ တာဟရီရ်ရင်ပြင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တရားသူကြီးက ရှာရီယာဥပဒေအရ သေဒဏ်ချမှတ်မှု ဖတ်ကြားသံအပြီးမှာ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ခုလို ကွပ်မျက်စီရင်နိုင်ဖို့အတွက် တရားခံအမျိုးသားကို သေဆုံးသူ ကလေးငယ်ဘက်မှ ဆွေမျိုးသားချင်းတွေက ရန်ပြုတာမျိုး မလုပ်နိုင်အောင် လုံခြုံရေးကား ၅ စီးနဲ့အတူ ခေါ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးသူ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူကတော့ ခုမှ သူ့အနေနဲ့ စိတ်သက်သာရာ ရသွားခဲ့တာလို့ ပြောပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို မုဒိမ်းကျင့် သတ်ဖြတ်မှုအတွက် သေဒဏ်ချမှတ်တာဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၉ ခုနှစ် ဇူလိုင်လမှာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုအတွက် ယီမင်နိုင်ငံသား အမျိုးသားတဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top