ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

အခန္းနံပါတ္101မွာ
ကြ်န္မဓာတ္ဖမ္းခဲ႕သည္။

နန္းျမိဳင္ေဟာ္တယ္ မွ ကုလားမသရဲ

ကြ်န္မႏွင္႕ကြ်န္မ သူငယ္ခ်င္း ေအမီ တို႔ က အရမ္းခင္တဲ႔သူငယ္ခ်င္းေတြေပါ႔ ျဖစ္ပံုကဒီလို.. ၂၀၀၈ ခုႏွစ္ စက္တင္ဘာလကေပါ႔ ေအမီ႕အေဖက အစိုးရ၀န္ၾကီးတစ္ေယာက္ဆိုေတာ႔ သူတို႔မွာက ၀န္ၾကီးခရီးစဥ္ဆိုတာရွိတယ္.. ခရီးစဥ္က မူဆယ္တဲ႔.. ကြ်န္မနဲ႔ ေအမီလည္း မူဆယ္ကိုမေရာက္ဖူးေတာ႔ လိုက္ၾကမယ္ဆိုျပီးဆံုးျဖတ္ခဲ႔ၾကတယ္။မူဆယ္ မေရာက္ခင္ ျပင္ဦးလြင္မွာ တစ္ညအိပ္ရမယ္ဆိုေတာ႔ နန္းျမိဳင္မွာ တည္းရမယ္တဲ႔ .. ဘာလို႔လဲဆိုေတာ႔ VIP ခရီးစဥ္ဆိုရင္ နန္းျမိဳင္မွာဘဲ တည္းရတာတဲ႔ အဲဒါလူၾကီးေတြကစီစဥ္တာလို႔ေတာ႔ေျပာတာပဲ။အဲဒါ နဲ႔ပဲ သရဲေျခာက္ပါတယ္လို႔ နာမည္ၾကီးတဲ႔ နန္းျမိဳင္ေဟာ္တယ္မွာတည္းခဲ႔ရပါတယ္ ဆိုပါေတာ႔ ..

ကိုယ္ကေတာ႔ ေအးေဆးပါပဲ ၾကားဖူးေနတာေတာ႔ၾကာျပီခုေတာ႔တကယ္ ေရာက္လာျပီေပါ႔ဆိုျပီးေတြးေတာ႔ေတြးမိသား၊ ေအးေဆးေနႏိုင္တာကလဲ ကိုယ္ေတြႏွစ္ေယာက္ထဲမွာမဟုတ္တာ.. သူ႔အေဖရဲ႕ တပည္႔တပန္းေတြနဲ႔ လူယံုေတြအမ်ားၾကီးပါတာကို။ျပီးေတာ႔ ေအမီ႔အေဖကလဲ ဘုရားတရားအရမ္းကိုင္းရွိဳင္းတာ အဲဒါေၾကာင္႔လဲပါတာေပါ႔။ အခန္း ဖြဲ႔စည္းပံုကေတာ႔ စားေသာက္ခန္း၊ ရိုးရိုးအိပ္ခန္းတစ္ခန္းနဲ႔ ေရခ်ိဳးခန္းအိမ္သာ တဲြဲ လ်က္အိပ္ခန္း တစ္ခန္း ျပီးေတာ႔ ဧည္႔ခန္းပါပါတယ္။အဲ ရိုးရိုးခန္းမွာ ကြ်န္မတို႔ ၂ ေယာက္ ေနျပီး က်န္တဲ႔ အခန္းမွာေတာ႔ သူ႔အေဖ ေနတာေပါ႔။တစ္ခန္းနဲ႔တစ္ခန္းကေတာ႔ နည္းနည္းလွန္းတာေပါ႔။သူက Hall Type ပံုစံေလ။က်န္တဲ႔သူေတြကေတာ႔ ေအာက္ထပ္ကအခန္းေတြမွာေပါ႔။

ခရီးကလဲပန္းလာျပီဆိုေတာ႔ နားခ်င္ေနျပီေလ အဲဒီမွာစေတာ႔တာပဲ ဇာတ္လမ္းက… ကြ်န္မတို႔အခန္းက မီးေတြထြန္းထားတာလင္းထိန္ေနတာပဲ ကုတင္ႏွစ္လံုးမွာ ကြ်န္မကတစ္လံုး ေအမီက တစ္လံုးေပါ႔။ ည ၇ နာရီလဲက်ေရာ စပါျပီ ကြ်န္မတို႔အခန္း အျပင္ဘက္ကေနျပီး သြားလာေနတဲ႔ ေျခသံေတြဆိုတာ ဆူညံေနတာပဲ။ကြ်န္မကလဲ ဘယ္သူေတြေရာက္ေနတာလဲဆိုျပီး တံခါးဖြင္႕ၾကည္႔ေတာ႔ ဘယ္သူမွ မရွိဘူး ေျခသံေတြလဲ မၾကားရေတာ႔ဘူး အဲဒါနဲ႔ကြ်န္မလဲ တံခါးကိုေသခ်ာပိတ္ျပီး ကိုယ္႔ကုတင္ေပၚျပန္တက္ျပီး မ်က္စိမွိတ္ျပီး ဘုရားစာရြတ္ေနလိုက္တယ္။

ခဏေနေတာ႔ ကုတင္ေျခရင္းကေနျပီး အသံၾကားလို႔ၾကည္႔လိုက္ေတာ႔ အားပါးပါး ကြ်န္မတို႔ရဲ႕ အ၀တ္ေသတၱာကို ဖြင္႔ျပီးေမႊေႏွာက္ေနတာျမင္မေကာင္းဘူး ဒါေပမယ္႔ ဘာမွမျမင္ရဘူးေနာ္ မီးေတြလဲ လင္းထိန္ေနတာပဲ ကြ်န္မကလဲ လန္႔ဖ်တ္ျပီးမ်က္လံုးကို ျပန္မွိတ္ထားလိုက္တယ္ အသံေတြျငိမ္သြားေတာ႔ မ်က္လံုးလဲဖြင္႔ၾကည္႔ေရာ အမေလးေလး ကုလားမတစ္ေယာက္ အရပ္အျမင္႔က ၅ ေပေလာက္ပဲရွိမယ္ ပိန္ပိန္ေသးေသး အကၤ်ီက အ၀ါေရာင္၊ ထဘီက ညိုစုတ္စုတ္နဲ႔ ဆံပင္ကလဲ ဆံထံုးေသးေသးေလး ထံုးထားေသးတယ္။မီးေရာင္နဲ႔ဆိုေတာ႔ ထင္းေနတာပဲ ျမင္ရတာ။သူကဘာလုပ္တယ္မွတ္လဲ အခန္းထဲမွာ ဟိုဘက္သြားလိုက္ ဒီဘက္သြားလိုက္လုပ္ေနတာ။ေၾသာ္ေမ႔လို႔ ကြ်န္မသူငယ္ခ်င္း ေအမီကေတာ႔ ေၾကာက္လို႔ ေစာင္ၾကီးေခါင္းျမီးျခံဳျပီးတဟီးဟီးနဲ႔ငိုေနတာေပါ႔။အဲဒီခ်ိန္မွာပဲ ကုလားမက ေလွ်ာက္ေနရင္းကေနျပီးေတာ႔ ေတာက္ တခတ္ခတ္ လုပ္လာတာ မေက်မနပ္ ပံုစံနဲ႔ ေျပာရင္းနဲ႔ေတာင္ျပန္ျမင္ေယာင္မိတယ္….။

အဲဒါနဲ႔ကြ်န္မလဲ ေအမီ႕ကုတင္ေပၚကိုသြားျပီး သူနဲ႔ အတူသြားေနတာေပါ႔ ျပီးေတာ႔ အဲဒီကုလားမ မကပ္ႏိုင္ေအာင္ ကုတင္ေလးဘက္ေတးတန္ကို စည္းခ်လိုက္တယ္။ေအာင္မေလး အဲဒီလိုလုပ္လိုက္မွ ဘဲ ကုလားမက ေလဘာလုပ္တယ္မွတ္လဲ… ေအမီအိပ္ေနတဲ႔ ေခါင္းအံုးကို ယူျပီး ဆြဲလႊတ္ပစ္တာ ေအမီဆိုတာ ကုတင္နဲ႔ ေခါင္းနဲ႔ ေတာင္ရိုက္မိတယ္။အရွိန္ျပင္းလားမျပင္းလားေျပာပါတယ္ ေခါင္းအံုးဆိုတာလဲ လြင္႔ထြက္သြားတာ ကြ်န္မလဲ ေဒါသအရမ္းထြက္သြားျပီး ေျပာေတာ႔တာေပါ႔ ရိုင္းတာေတြေရာ ဆဲတာေတြေရာေပါ႔ ကြ်န္မက ေျပာတာေပါ႔ “ ဟဲ႔ ငါတို႔ကခရီးသြားေတြ နင္႔ကိုဘာမွာမလုပ္ဘူး ဒီတစ္ညပဲအိပ္မွာ ဟဲ႔” လို႔လဲေျပာေရာဘာလုပ္တယ္မွတ္လဲ သိလား… သူ႔ Body ေသးေသးေလးနဲ႔ ကြ်န္မတို႔ ၂ ေယာက္္ အိပ္ေနတဲ႔ ေမြ႕ယာကို လက္နဲ႔ကိုင္ျပီးလွဳပ္တာျမင္မေကာင္းဘူး ၀ုန္း၀ုန္းဆိုျပီး အဲဒီမွာေအမီက ေဘးနားမွာရွိတဲ႔ ဖုန္းနဲ႔ သူ႔အေဖကိုဆက္တယ္ ဆက္လို႔မရ လူယံုကိုဆက္တာလဲ ဆက္လို႔ကိုမရဘူး ေနာက္ဆံုးဆက္လို႔မရတာနဲ႔ သီခ်င္းဖြင္႔လိုက္တယ္ ဖုန္းနဲ႔ သီခ်င္းသံၾကားရင္ အဲဒီကုလားမ ေပ်ာက္သြားမလားဆိုျပီးေတာ႔ေပါ႔။

အဲလိုုျဖစ္ေနခ်ိန္မွာ ေအမီကေတာ႔ မ်က္စိလံုး၀မွိတ္ထားတာ ကြ်န္မကေတာ႔ ၾကည္႔ေနတာ ခဏေတာ႔ျငိမ္သြားတယ္ သူက ျပီးေတာ႔ ဘာလုပ္တယ္ထင္လဲ တကယ္႔သရဲကားထဲကလိုပါပဲ ရွင္ ကုလားမက လမ္းေလ်ွာက္ရင္းေလွ်ာက္ရင္းနဲ႔ အုတ္နံရံကိုလဲေရာက္ေရာ ဘာလုပ္တယ္မွတ္လဲ အဲ..တန္းတန္းၾကီးလမ္းေလွ်ာက္သြားျပီး အေပၚမ်က္ႏွာက်က္ ကိုလဲေရာက္ေရာ ေဇာက္ထိုးၾကီးရွင္ ကြ်န္မတကယ္ကိုျမင္လိုက္တာပါ မလိမ္ပါဘူး တကယ္ကိုေျခာက္ျခားစရာပါပဲ။ေအာ္..ေမ႔လို႔ ကြ်န္မတို႔အခန္းထဲမွာ ၾကိမ္ခံုေလးတစ္ခံုရွိတယ္ရွင္႔။
အဲဒါနဲ႔ကြ်န္မလဲ မဟန္ေတာ႔ဘူးဆက္ျပီးလဲ မေနရဲေတာ႔တာနဲ႔ ေအမီ႔ကိုလက္ကိုဆြဲ ျပီး အန္ကယ္႔ အခန္းကိုေျပးျပီၤးတံခါးေခါက္တာေပါ႔ တံခါးလဲပြင္႔ေရာ အတင္း၀င္ျပီး တံခါးပိတ္လိုက္ေတာ႔မွဘဲ စိတ္နည္းနည္းျငိမ္သြားတယ္။ အန္ကယ္႔ကိုေျပာတာေပါ႔ သရဲေျခာက္တယ္ဆိုျပီး.. အန္ကယ္ကအဲဒါနဲ႔ သူ႔ရဲ႕ ဘုရားကိုကပ္ထားတဲ႔ ေသာက္ေတာ္ေရကိုေသာက္ခိုင္းတယ္။ဘာမွမျဖစ္နဲ႔ေပါ႔ေလ ဘုရားစာရြတ္ျပီးအိပ္ဆိုျပီး ကုတင္ေပၚမွာ သံုးေယာက္္အတူအိပ္ၾကတာေပါ႔။ အန္ကယ္နဲ႔ ကြ်န္မကေဘးႏွစ္ဘက္မွာ ေအမီကေတာ႔ အလယ္မွာေပါ႔ ဒီလိုနဲ႔ ဘယ္လိုလုပ္အိပ္ေပ်ာသြားလဲမသိပါဘူးရွင္ တစ္ေရးႏိုးလို႔ မ်က္စိလဲ ဖြင္႔ၾကည္႔ေရာ ကြ်န္မအထက္မွာေရးခဲ႔တဲ႔ ကြ်န္မနဲ႔ေအမီတုိ႔ အခန္းထဲက ၾကိမ္ခံုၾကီးက ခုကြ်န္မတု႔ိေရာက္ေနတဲ႔အန္ကယ္႔အခန္းထဲကို ဘယ္လိုေရာက္လာလဲသိဘူး လည္ေနတယ္အဲဒီၾကိမ္ခံုၾကီးက၊ ျပီးေတာ႔ေအမီကလဲငိုေနတယ္ ဘာလို႔လဲေမးေတာ႔ သူကေျပာတယ္ “ငါ႔ကို ကုလားမကအနားကပ္ျပီး ငါ႔မ်က္ႏွာကုိေသခ်ာၾကည္႔စမ္းဆိုျပီး သူ႔မ်က္လံုးနီနီၾကီးနဲ႔ၾကည္႔တယ္ဟ ျပီးေတာ႔ခုနကၾကိမ္ခံုၾကီးနဲ႔ေပါက္တယ္ ငါ႔ကိုေတာ႔မထိဘူး” ဆိုျပီးငိုတာ ငိုတာ သူ႔အေဖေတာင္မနည္းေခ်ာ႔ယူရတယ္ တိတ္တိတ္ ဆိုျပီး ေခ်ာ႔ယူရတယ္။ကြ်န္မက ေအမီ႔ ကိုအရမ္းခ်စ္ေတာ႔ စိတ္ေတာင္မေကာင္းဘူး ျပီးေတာ႔ အဲဒီ႔ေသာက္ကုလားမ သရဲကိုေဒါသထြက္တယ္ ေရးေနရင္းနဲ႔ေတာင္ တကယ္ရွင္ တစ္ခါမွမၾကံဳဖူးပါဘူး အဲလိုမ်ိဳး ဘယ္ေလာက္ထိျဖစ္လဲဆို ေအမီ႔ခမ်ာ အိမ္သာေတာင္မသြားရဲလို႔ အန္ကယ္ကေစာင္႔ေပးရတယ္။ဘယ္ေလာက္ဆိုးလဲဆိုတာၾကည္႔ ေတာ္ေတာ္ေၾကာက္သြားပံုရတယ္
အဲဒီအခ်ိန္တုန္းက ေၾကာက္ဖို႔ထက္ ကုလားမကိုေဒါသထြက္ေနတာကပိုမိပါတယ္။သူ႔လဲဒုကၡမေပးပဲနဲ႔ ဘုရားတရားဒီေလာက္လုပ္တဲ႔ အန္ကယ္႔အခန္းထဲကိုပါလာႏိုင္တာေတာ႔႔ ေတာ္ေတာ္ထူးဆန္းတယ္။ဒီလိုနဲ႔ မိုးလင္း ၅ နာရီရွိ္ေနပါျပီ ကြ်န္မႏိုးေတာ႔ ေရမိုးခ်ိဳး ျပီးခရီးဆက္ဖို႔အန္ကယ္ကေျပာေတာ႔ သုတ္သုတ္နဲ႔ လုပ္ျပီး မနက္စာစားဖို႔ အန္ကယ္ေခၚေတာ႔ စားပြဲ၀ုိင္းသို႔ကြ်န္မနဲ႔ေအမီ ေရာက္လာခဲ႔ပါတယ္။

အန္ကယ္ကမွာပါတယ္ ညတုန္းက သရဲေျခာက္ခံရတာကို ဒီခရီးစဥ္မွာ ဘယ္သူမွမေျပာဖို႔ ဒါေပမယ္႔လဲအကုန္သိသြားၾကပါတယ္။အျပန္ခရီးမွာလဲ နန္းျမိဳင္ မွာတည္းဖို႔အစီအစဥ္ပါပါတယ္ ဒါေပမယ္႔ေအမီကဘယ္လိုမွာမတည္းႏုိင္ဘူးဆိုလို႔ ကြ်န္မတို႔ ေက်ာက္မဲမွာတစ္ညအိပ္ခဲ႔ ရပါေတာ႔တယ္ရွင္ တကယ္႔ကိုယ္ေတြ႔ပါ မလိမ္မညာထားပါဘူး ကြ်န္မေရးထားတာထက္က အျပင္မွာဒီၤထက္ပိ္ုဆိုးတာပါ။ နန္းျမိဳင္ ကိုေတာ႔ သြားမစမ္းပါနဲ႔လို႔ ေျပာခ်င္ပါတယ္။ ။

သီရိကလ်ာ
(ကိုယ္ေတြ႔ၾကံဳရသူ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမာင္ျမတ္မင္းပ္ုိုင္

# Unicode Version ဖြင့်ဖတ်ရန် #
အခန်းနံပါတ်101မှာ
ကျွန်မဓာတ်ဖမ်းခဲ့သည်။

နန်းမြိုင်ဟော်တယ် မှ ကုလားမသရဲ

ကျွန်မနှင့်ကျွန်မ သူငယ်ချင်း အေမီ တို့ က အရမ်းခင်တဲ့သူငယ်ချင်းတွေပေါ့ ဖြစ်ပုံကဒီလို.. ၂၀၀၈ ခုနှစ် စက်တင်ဘာလကပေါ့ အေမီ့အဖေက အစိုးရဝန်ကြီးတစ်ယောက်ဆိုတော့ သူတို့မှာက ဝန်ကြီးခရီးစဉ်ဆိုတာရှိတယ်.. ခရီးစဉ်က မူဆယ်တဲ့.. ကျွန်မနဲ့ အေမီလည်း မူဆယ်ကိုမရောက်ဖူးတော့ လိုက်ကြမယ်ဆိုပြီးဆုံးဖြတ်ခဲ့ကြတယ်။မူဆယ် မရောက်ခင် ပြင်ဦးလွင်မှာ တစ်ညအိပ်ရမယ်ဆိုတော့ နန်းမြိုင်မှာ တည်းရမယ်တဲ့ .. ဘာလို့လဲဆိုတော့ VIP ခရီးစဉ်ဆိုရင် နန်းမြိုင်မှာဘဲ တည်းရတာတဲ့ အဲဒါလူကြီးတွေကစီစဉ်တာလို့တော့ပြောတာပဲ။အဲဒါ နဲ့ပဲ သရဲခြောက်ပါတယ်လို့ နာမည်ကြီးတဲ့ နန်းမြိုင်ဟော်တယ်မှာတည်းခဲ့ရပါတယ် ဆိုပါတော့ ..

ကိုယ်ကတော့ အေးဆေးပါပဲ ကြားဖူးနေတာတော့ကြာပြီခုတော့တကယ် ရောက်လာပြီပေါ့ဆိုပြီးတွေးတော့တွေးမိသား၊ အေးဆေးနေနိုင်တာကလဲ ကိုယ်တွေနှစ်ယောက်ထဲမှာမဟုတ်တာ.. သူ့အဖေရဲ့ တပည့်တပန်းတွေနဲ့ လူယုံတွေအများကြီးပါတာကို။ပြီးတော့ အေမီ့အဖေကလဲ ဘုရားတရားအရမ်းကိုင်းရှိုင်းတာ အဲဒါကြောင့်လဲပါတာပေါ့။ အခန်း ဖွဲ့စည်းပုံကတော့ စားသောက်ခန်း၊ ရိုးရိုးအိပ်ခန်းတစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာ တွဲ လျက်အိပ်ခန်း တစ်ခန်း ပြီးတော့ ဧည့်ခန်းပါပါတယ်။အဲ ရိုးရိုးခန်းမှာ ကျွန်မတို့ ၂ ယောက် နေပြီး ကျန်တဲ့ အခန်းမှာတော့ သူ့အဖေ နေတာပေါ့။တစ်ခန်းနဲ့တစ်ခန်းကတော့ နည်းနည်းလှန်းတာပေါ့။သူက Hall Type ပုံစံလေ။ကျန်တဲ့သူတွေကတော့ အောက်ထပ်ကအခန်းတွေမှာပေါ့။

ခရီးကလဲပန်းလာပြီဆိုတော့ နားချင်နေပြီလေ အဲဒီမှာစတော့တာပဲ ဇာတ်လမ်းက… ကျွန်မတို့အခန်းက မီးတွေထွန်းထားတာလင်းထိန်နေတာပဲ ကုတင်နှစ်လုံးမှာ ကျွန်မကတစ်လုံး အေမီက တစ်လုံးပေါ့။ ည ၇ နာရီလဲကျရော စပါပြီ ကျွန်မတို့အခန်း အပြင်ဘက်ကနေပြီး သွားလာနေတဲ့ ခြေသံတွေဆိုတာ ဆူညံနေတာပဲ။ကျွန်မကလဲ ဘယ်သူတွေရောက်နေတာလဲဆိုပြီး တံခါးဖွင့်ကြည့်တော့ ဘယ်သူမှ မရှိဘူး ခြေသံတွေလဲ မကြားရတော့ဘူး အဲဒါနဲ့ကျွန်မလဲ တံခါးကိုသေချာပိတ်ပြီး ကိုယ့်ကုတင်ပေါ်ပြန်တက်ပြီး မျက်စိမှိတ်ပြီး ဘုရားစာရွတ်နေလိုက်တယ်။

ခဏနေတော့ ကုတင်ခြေရင်းကနေပြီး အသံကြားလို့ကြည့်လိုက်တော့ အားပါးပါး ကျွန်မတို့ရဲ့ အဝတ်သေတ္တာကို ဖွင့်ပြီးမွှေနှောက်နေတာမြင်မကောင်းဘူး ဒါပေမယ့် ဘာမှမမြင်ရဘူးနော် မီးတွေလဲ လင်းထိန်နေတာပဲ ကျွန်မကလဲ လန့်ဖျတ်ပြီးမျက်လုံးကို ပြန်မှိတ်ထားလိုက်တယ် အသံတွေငြိမ်သွားတော့ မျက်လုံးလဲဖွင့်ကြည့်ရော အမလေးလေး ကုလားမတစ်ယောက် အရပ်အမြင့်က ၅ ပေလောက်ပဲရှိမယ် ပိန်ပိန်သေးသေး အင်္ကျီက အဝါရောင်၊ ထဘီက ညိုစုတ်စုတ်နဲ့ ဆံပင်ကလဲ ဆံထုံးသေးသေးလေး ထုံးထားသေးတယ်။မီးရောင်နဲ့ဆိုတော့ ထင်းနေတာပဲ မြင်ရတာ။သူကဘာလုပ်တယ်မှတ်လဲ အခန်းထဲမှာ ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်လုပ်နေတာ။သြော်မေ့လို့ ကျွန်မသူငယ်ချင်း အေမီကတော့ ကြောက်လို့ စောင်ကြီးခေါင်းမြီးခြုံပြီးတဟီးဟီးနဲ့ငိုနေတာပေါ့။အဲဒီချိန်မှာပဲ ကုလားမက လျှောက်နေရင်းကနေပြီးတော့ တောက် တခတ်ခတ် လုပ်လာတာ မကျေမနပ် ပုံစံနဲ့ ပြောရင်းနဲ့တောင်ပြန်မြင်ယောင်မိတယ်….။

အဲဒါနဲ့ကျွန်မလဲ အေမီ့ကုတင်ပေါ်ကိုသွားပြီး သူနဲ့ အတူသွားနေတာပေါ့ ပြီးတော့ အဲဒီကုလားမ မကပ်နိုင်အောင် ကုတင်လေးဘက်တေးတန်ကို စည်းချလိုက်တယ်။အောင်မလေး အဲဒီလိုလုပ်လိုက်မှ ဘဲ ကုလားမက လေဘာလုပ်တယ်မှတ်လဲ… အေမီအိပ်နေတဲ့ ခေါင်းအုံးကို ယူပြီး ဆွဲလွှတ်ပစ်တာ အေမီဆိုတာ ကုတင်နဲ့ ခေါင်းနဲ့ တောင်ရိုက်မိတယ်။အရှိန်ပြင်းလားမပြင်းလားပြောပါတယ် ခေါင်းအုံးဆိုတာလဲ လွင့်ထွက်သွားတာ ကျွန်မလဲ ဒေါသအရမ်းထွက်သွားပြီး ပြောတော့တာပေါ့ ရိုင်းတာတွေရော ဆဲတာတွေရောပေါ့ ကျွန်မက ပြောတာပေါ့ “ ဟဲ့ ငါတို့ကခရီးသွားတွေ နင့်ကိုဘာမှာမလုပ်ဘူး ဒီတစ်ညပဲအိပ်မှာ ဟဲ့” လို့လဲပြောရောဘာလုပ်တယ်မှတ်လဲ သိလား… သူ့ Body သေးသေးလေးနဲ့ ကျွန်မတို့ ၂ ယောက် အိပ်နေတဲ့ မွေ့ယာကို လက်နဲ့ကိုင်ပြီးလှုပ်တာမြင်မကောင်းဘူး ဝုန်းဝုန်းဆိုပြီး အဲဒီမှာအေမီက ဘေးနားမှာရှိတဲ့ ဖုန်းနဲ့ သူ့အဖေကိုဆက်တယ် ဆက်လို့မရ လူယုံကိုဆက်တာလဲ ဆက်လို့ကိုမရဘူး နောက်ဆုံးဆက်လို့မရတာနဲ့ သီချင်းဖွင့်လိုက်တယ် ဖုန်းနဲ့ သီချင်းသံကြားရင် အဲဒီကုလားမ ပျောက်သွားမလားဆိုပြီးတော့ပေါ့။

အဲလိုုဖြစ်နေချိန်မှာ အေမီကတော့ မျက်စိလုံးဝမှိတ်ထားတာ ကျွန်မကတော့ ကြည့်နေတာ ခဏတော့ငြိမ်သွားတယ် သူက ပြီးတော့ ဘာလုပ်တယ်ထင်လဲ တကယ့်သရဲကားထဲကလိုပါပဲ ရှင် ကုလားမက လမ်းလျှောက်ရင်းလျှောက်ရင်းနဲ့ အုတ်နံရံကိုလဲရောက်ရော ဘာလုပ်တယ်မှတ်လဲ အဲ..တန်းတန်းကြီးလမ်းလျှောက်သွားပြီး အပေါ်မျက်နှာကျက် ကိုလဲရောက်ရော ဇောက်ထိုးကြီးရှင် ကျွန်မတကယ်ကိုမြင်လိုက်တာပါ မလိမ်ပါဘူး တကယ်ကိုခြောက်ခြားစရာပါပဲ။အော်..မေ့လို့ ကျွန်မတို့အခန်းထဲမှာ ကြိမ်ခုံလေးတစ်ခုံရှိတယ်ရှင့်။
အဲဒါနဲ့ကျွန်မလဲ မဟန်တော့ဘူးဆက်ပြီးလဲ မနေရဲတော့တာနဲ့ အေမီ့ကိုလက်ကိုဆွဲ ပြီး အန်ကယ့် အခန်းကိုပြေးပြီၤးတံခါးခေါက်တာပေါ့ တံခါးလဲပွင့်ရော အတင်းဝင်ပြီး တံခါးပိတ်လိုက်တော့မှဘဲ စိတ်နည်းနည်းငြိမ်သွားတယ်။ အန်ကယ့်ကိုပြောတာပေါ့ သရဲခြောက်တယ်ဆိုပြီး.. အန်ကယ်ကအဲဒါနဲ့ သူ့ရဲ့ ဘုရားကိုကပ်ထားတဲ့ သောက်တော်ရေကိုသောက်ခိုင်းတယ်။ဘာမှမဖြစ်နဲ့ပေါ့လေ ဘုရားစာရွတ်ပြီးအိပ်ဆိုပြီး ကုတင်ပေါ်မှာ သုံးယောက်အတူအိပ်ကြတာပေါ့။ အန်ကယ်နဲ့ ကျွန်မကဘေးနှစ်ဘက်မှာ အေမီကတော့ အလယ်မှာပေါ့ ဒီလိုနဲ့ ဘယ်လိုလုပ်အိပ်ပျောသွားလဲမသိပါဘူးရှင် တစ်ရေးနိုးလို့ မျက်စိလဲ ဖွင့်ကြည့်ရော ကျွန်မအထက်မှာရေးခဲ့တဲ့ ကျွန်မနဲ့အေမီတို့ အခန်းထဲက ကြိမ်ခုံကြီးက ခုကျွန်မတု့ိရောက်နေတဲ့အန်ကယ့်အခန်းထဲကို ဘယ်လိုရောက်လာလဲသိဘူး လည်နေတယ်အဲဒီကြိမ်ခုံကြီးက၊ ပြီးတော့အေမီကလဲငိုနေတယ် ဘာလို့လဲမေးတော့ သူကပြောတယ် “ငါ့ကို ကုလားမကအနားကပ်ပြီး ငါ့မျက်နှာကိုသေချာကြည့်စမ်းဆိုပြီး သူ့မျက်လုံးနီနီကြီးနဲ့ကြည့်တယ်ဟ ပြီးတော့ခုနကကြိမ်ခုံကြီးနဲ့ပေါက်တယ် ငါ့ကိုတော့မထိဘူး” ဆိုပြီးငိုတာ ငိုတာ သူ့အဖေတောင်မနည်းချော့ယူရတယ် တိတ်တိတ် ဆိုပြီး ချော့ယူရတယ်။ကျွန်မက အေမီ့ ကိုအရမ်းချစ်တော့ စိတ်တောင်မကောင်းဘူး ပြီးတော့ အဲဒီ့သောက်ကုလားမ သရဲကိုဒေါသထွက်တယ် ရေးနေရင်းနဲ့တောင် တကယ်ရှင် တစ်ခါမှမကြုံဖူးပါဘူး အဲလိုမျိုး ဘယ်လောက်ထိဖြစ်လဲဆို အေမီ့ခမျာ အိမ်သာတောင်မသွားရဲလို့ အန်ကယ်ကစောင့်ပေးရတယ်။ဘယ်လောက်ဆိုးလဲဆိုတာကြည့် တော်တော်ကြောက်သွားပုံရတယ်
အဲဒီအချိန်တုန်းက ကြောက်ဖို့ထက် ကုလားမကိုဒေါသထွက်နေတာကပိုမိပါတယ်။သူ့လဲဒုက္ခမပေးပဲနဲ့ ဘုရားတရားဒီလောက်လုပ်တဲ့ အန်ကယ့်အခန်းထဲကိုပါလာနိုင်တာတော့ တော်တော်ထူးဆန်းတယ်။ဒီလိုနဲ့ မိုးလင်း ၅ နာရီရှိနေပါပြီ ကျွန်မနိုးတော့ ရေမိုးချိုး ပြီးခရီးဆက်ဖို့အန်ကယ်ကပြောတော့ သုတ်သုတ်နဲ့ လုပ်ပြီး မနက်စာစားဖို့ အန်ကယ်ခေါ်တော့ စားပွဲဝိုင်းသို့ကျွန်မနဲ့အေမီ ရောက်လာခဲ့ပါတယ်။

အန်ကယ်ကမှာပါတယ် ညတုန်းက သရဲခြောက်ခံရတာကို ဒီခရီးစဉ်မှာ ဘယ်သူမှမပြောဖို့ ဒါပေမယ့်လဲအကုန်သိသွားကြပါတယ်။အပြန်ခရီးမှာလဲ နန်းမြိုင် မှာတည်းဖို့အစီအစဉ်ပါပါတယ် ဒါပေမယ့်အေမီကဘယ်လိုမှာမတည်းနိုင်ဘူးဆိုလို့ ကျွန်မတို့ ကျောက်မဲမှာတစ်ညအိပ်ခဲ့ ရပါတော့တယ်ရှင် တကယ့်ကိုယ်တွေ့ပါ မလိမ်မညာထားပါဘူး ကျွန်မရေးထားတာထက်က အပြင်မှာဒီၤထက်ပိုဆိုးတာပါ။ နန်းမြိုင် ကိုတော့ သွားမစမ်းပါနဲ့လို့ ပြောချင်ပါတယ်။ ။

သီရိကလျာ
(ကိုယ်တွေ့ကြုံရသူ)

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်မြတ်မင်းပိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top