ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

( 1 ) အေမ ဟု ေႏြးေႏြး ေထြးေထြး ေခၚပါ ။ ( သားသမီးခ်င္း ကိုယ္ခ်င္း စာတတ္ ေစရန္ )

( 2 ) အေမ စားခ်င္တာေလး တကူးတက ခ်က္ေကြ်းတာ ဟု ဆိုၿပီး မၾကာခဏ ေကြ်းေမြးပါ ။ ( ဆုိင္မွ ဝယ္လာေသာ ဟင္းမ်ားကို အိုးနဲ႔ လွယ္ထည့္ၿပီး သူ႕ေရွ႕တြင္ မိမိ ခ်က္ထားေသာ ပံုစံ ဖန္တီးပါ သူသိတာ မွတ္လို႔ 😁😁😁 )

( 3 ) အဝတ္အထည္ အသစ္မ်ား ကို ေမေမ့ အတြက္ ေမေမနဲ႔ လိုက္မယ္ ထင္လို႔ ဝယ္လာတာ ဟု ေျပာၿပီး မၾကာခဏ လက္ေဆာင္ ေပးပါ ။ ( ေစ်းေပါတာေတြ ဝယ္ေပးပါ ။ အကုန္အက် သက္သာေစရန္ အတြက္ ။ သူသိတာ မွတ္လို႔ ခ္ြခ္ြ 😁😁😁  )

( 4 ) မၾကာခဏ စကား ေျပာေပးပါ ။ ေမေမက အရမ္း ႏုတယ္ေနာ္ ။ အခုထိ သြားလည္း မက်ိဴးေသး ဘူးေနာ္ စသျဖင့္ ေျပာဆို ေပးပါ ။ ( သြသူ နုနု ရင့္ရင့္ သြားက်ိဳးက်ိဳး မက်ိဳးက်ိဳး ကိုယ္နဲ႔ ဘာဆိုင္တာ မွတ္လို႔ ေျမွာက္သာေပး ဟီဟိ 😁😁😁 )

( 5 ) သူမ၏ သားသမီးမ်ားကို သူမ ေရွ႕တြင္ အရမ္း ခ်စ္ျပပါ ။ အရမ္း ၾကင္နာ ျပပါ ။ အရမ္း တန္ဖိုးထား ျပပါ ။ ( ကြယ္ရာက်မွ နားရင္းပဲ ရိုက္ရိုက္ လည္ပင္းပဲ ညွစ္ညွစ္ ခ်ခ်င္ သလိုခ်  ဘယ္သူမွ မသိရင္ ျပီးေရာ ခ္ြခ္ြ 😁😁😁 )

( 6 ) ေမေမက တရား ရွိတယ္ေနာ္ အရမ္း သနား တတ္တာ အရမ္း ၾကင္နာ တတ္တာ ပဲေနာ္ စသျဖင့္ ေျမွာက္ပင့္ ေျပာဆိုဖို႔လည္း မေမ့ ပါနွင့္ ။ ( သူ႕ဘာသာ အိမ္တကာ လည္ၿပီး အတင္း တုပ္လည္း မသိခ်င္ေယာင္ ေဆာင္ေနပါ ။ သူ႕ဘာသာ ငါးေခါင္းထု လည္း မသိသလုိ ေနပါ ။ မိမိနဲ႔ အဆင္ေျပ ဖို႔က အဓိက ပဲေလ ေနာ့ 😁😁😁 )

( 7 ) တရားစခန္း ဝင္ျခင္း တရားေခြမ်ား နားေထာင္ ခိုင္းျခင္း သတ္သတ္လြတ္ မၾကာခဏ စားခိုင္းျခင္းမ်ား ျပဳလုပ္ပါ ။ ( ျမန္ျမန္ တရား ေပါက္ၿပီး ရိပ္သာ သြားေနျခင္းျဖင့္ သင္ ဝဋ္ကြ်တ္ နိုင္ပါ၏ ။ သတ္သတ္လြတ္စားျခင္းျဖင့္ သင္ ကုန္က် စားရိတ္ သက္သာ ေစနိုင္ပါ၏ ။ ဟီဟိ 😁😁😁 )

( 8 ) မၾကာခဏ အပန္းေျဖ ခရီး ထြက္ေပးပါ ။ ( သူမ စိတ္ေပ်ာ္ရႊင္ ေနလ်င္ သင့္ကုိ အျပစ္ ေျပာျခင္း ဆူပူျခင္း မလုပ္နိုင္ပါ 😁😁😁 )


( 9 ) သူရဲကား သူရဲ အေၾကာင္း စုန္း ကေဝ စာအုပ္မ်ား ေမွာ္ အစီအရင္ မ်ား အေၾကာင္း မၾကာခဏ ၾကည့္ခိုင္း ျမင္ခိုင္းပါ ။ သူမ စိတ္အားငယ္ လ်င္ သင့္ကို အားကိုး အားထား ျပဳလာ ပါလိ္မ့္မည္ ။ ( ညဘက္ အိမ္သာ သြားလ်င္ သင့္ကို အေဖာ္ျပဳ ပါလိမ့္မည္ ။ သင္သည္ သူမ အတြက္ မရွိမျဖစ္ လိုအပ္ ေနေသာ အရာ ဟု ထင္ျမင္ေန ပါေစ  )

(10 ) ဟာသကား ဟာသစာအုပ္ ပုတီး အလုပ္ တစ္ခုခု ေပးထားပါ ။ သူမ တစ္ျခားကို အာရံု စုိက္ေနလ်င္ သင္နွင့္ ျပႆနာ ျဖစ္ရန္ အခ်ိန္ နည္းပါးေန ပါလိမ့္မည္ ။ ( ဂိမ္း ေဆာ့တတ္ေအာင္ သင္ေပးၿပီး ဂိမ္းေဆာ့ခိုင္း ထားလိုက္ေပါ့ ခ္ြခ္ြ  😁😁😁 )

( 11 ) သူမ ကို သင့္မိဘနွင့္ မျခား ျပဳစု ေစာင့္ေရွာက္ပါ ။ မိဘကို လုပ္ေကြ်း ျပဳစု သကဲ႔သို႔ သင္ကုသုိလ္ ရနိုင္ ပါလိမ့္မည္ ။ ( ေစတနာ အျပည့္ ထားေပးပါ ။ )

ခုနွစ္ရက္ သားသမီး အေပါင္း ေယာကၡမမ်ားနွင့္ အဆင္ေျပနိုင္ ၾကပါေစ ။

😁😁😁
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ငပြ
# Unicode Version ျဖင့္ ဖတ္ပါ #
( 1 ) အမေ ဟု နွေးနွေး ထွေးထွေး ခေါ်ပါ ။ ( သားသမီးချင်း ကိုယ်ချင်း စာတတ် စေရန် )

( 2 ) အမေ စားချင်တာလေး တကူးတက ချက်ကျွေးတာ ဟု ဆိုပြီး မကြာခဏ ကျွေးမွေးပါ ။ ( ဆိုင်မှ ဝယ်လာသော ဟင်းများကို အိုးနဲ့ လှယ်ထည့်ပြီး သူ့ရှေ့တွင် မိမိ ချက်ထားသော ပုံစံ ဖန်တီးပါ သူသိတာ မှတ်လို့ 😁😁😁 )

( 3 ) အဝတ်အထည် အသစ်များ ကို မေမေ့ အတွက် မေမေနဲ့ လိုက်မယ် ထင်လို့ ဝယ်လာတာ ဟု ပြောပြီး မကြာခဏ လက်ဆောင် ပေးပါ ။ ( ဈေးပေါတာတွေ ဝယ်ပေးပါ ။ အကုန်အကျ သက်သာစေရန် အတွက် ။ သူသိတာ မှတ်လို့ ခ်ွခ်ွ 😁😁😁  )

( 4 ) မကြာခဏ စကား ပြောပေးပါ ။ မေမေက အရမ်း နုတယ်နော် ။ အခုထိ သွားလည်း မကျိူးသေး ဘူးနော် စသဖြင့် ပြောဆို ပေးပါ ။ ( သွသူ နုနု ရင့်ရင့် သွားကျိုးကျိုး မကျိုးကျိုး ကိုယ်နဲ့ ဘာဆိုင်တာ မှတ်လို့ မြှောက်သာပေး ဟီဟိ 😁😁😁 )

( 5 ) သူမ၏ သားသမီးများကို သူမ ရှေ့တွင် အရမ်း ချစ်ပြပါ ။ အရမ်း ကြင်နာ ပြပါ ။ အရမ်း တန်ဖိုးထား ပြပါ ။ ( ကွယ်ရာကျမှ နားရင်းပဲ ရိုက်ရိုက် လည်ပင်းပဲ ညှစ်ညှစ် ချချင် သလိုချ  ဘယ်သူမှ မသိရင် ပြီးရော ခ်ွခ်ွ 😁😁😁 )

( 6 ) မေမေက တရား ရှိတယ်နော် အရမ်း သနား တတ်တာ အရမ်း ကြင်နာ တတ်တာ ပဲနော် စသဖြင့် မြှောက်ပင့် ပြောဆိုဖို့လည်း မမေ့ ပါနှင့် ။ ( သူ့ဘာသာ အိမ်တကာ လည်ပြီး အတင်း တုပ်လည်း မသိချင်ယောင် ဆောင်နေပါ ။ သူ့ဘာသာ ငါးခေါင်းထု လည်း မသိသလို နေပါ ။ မိမိနဲ့ အဆင်ပြေ ဖို့က အဓိက ပဲလေ နော့ 😁😁😁 )

( 7 ) တရားစခန်း ဝင်ခြင်း တရားခွေများ နားထောင် ခိုင်းခြင်း သတ်သတ်လွတ် မကြာခဏ စားခိုင်းခြင်းများ ပြုလုပ်ပါ ။ ( မြန်မြန် တရား ပေါက်ပြီး ရိပ်သာ သွားနေခြင်းဖြင့် သင် ဝဋ်ကျွတ် နိုင်ပါ၏ ။ သတ်သတ်လွတ်စားခြင်းဖြင့် သင် ကုန်ကျ စားရိတ် သက်သာ စေနိုင်ပါ၏ ။ ဟီဟိ 😁😁😁 )

( 8 ) မကြာခဏ အပန်းဖြေ ခရီး ထွက်ပေးပါ ။ ( သူမ စိတ်ပျော်ရွှင် နေလျင် သင့်ကို အပြစ် ပြောခြင်း ဆူပူခြင်း မလုပ်နိုင်ပါ 😁😁😁 )


( 9 ) သူရဲကား သူရဲ အကြောင်း စုန်း ကဝေ စာအုပ်များ မှော် အစီအရင် များ အကြောင်း မကြာခဏ ကြည့်ခိုင်း မြင်ခိုင်းပါ ။ သူမ စိတ်အားငယ် လျင် သင့်ကို အားကိုး အားထား ပြုလာ ပါလိမ့်မည် ။ ( ညဘက် အိမ်သာ သွားလျင် သင့်ကို အဖော်ပြု ပါလိမ့်မည် ။ သင်သည် သူမ အတွက် မရှိမဖြစ် လိုအပ် နေသော အရာ ဟု ထင်မြင်နေ ပါစေ  )

(10 ) ဟာသကား ဟာသစာအုပ် ပုတီး အလုပ် တစ်ခုခု ပေးထားပါ ။ သူမ တစ်ခြားကို အာရုံ စိုက်နေလျင် သင်နှင့် ပြဿနာ ဖြစ်ရန် အချိန် နည်းပါးနေ ပါလိမ့်မည် ။ ( ဂိမ်း ဆော့တတ်အောင် သင်ပေးပြီး ဂိမ်းဆော့ခိုင်း ထားလိုက်ပေါ့ ခ်ွခ်ွ  😁😁😁 )

( 11 ) သူမ ကို သင့်မိဘနှင့် မခြား ပြုစု စောင့်ရှောက်ပါ ။ မိဘကို လုပ်ကျွေး ပြုစု သကဲ့သို့ သင်ကုသိုလ် ရနိုင် ပါလိမ့်မည် ။ ( စေတနာ အပြည့် ထားပေးပါ ။ )

ခုနှစ်ရက် သားသမီး အပေါင်း ယောက္ခမများနှင့် အဆင်ပြေနိုင် ကြပါစေ ။

😁😁😁
ဖိုးသူတော် (www.phothutaw.com)
Credit: ငပွ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top