AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

1.      အကိုက္အခဲေပ်ာက္ေဆးမ်ား အလြန္အကၽြံ ေသာက္ျခင္း

          အကိုက္အခဲေပ်ာက္ေဆးေတြက ကိုက္တာ၊ နာတာေတြကို သက္သာေစႏိုင္ေပမယ့္ ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္ပါတယ္။ အထူးသျဖင့္ ေက်ာက္ကပ္ေရာဂါ ရွိသူေတြမွာ ပိုဆိုးပါတယ္။ ဒါေၾကာင့္ အကိုက္အခဲေပ်ာက္ေဆး ေသာက္တဲ့အက်င့္ရွိရင္ တတ္ႏိုင္သမွ် ေလွ်ာ့ခ်ပါ။ ၿပီးေတာ့ ေသာက္ရမယ့္ပမာဏထက္ ဘယ္ေတာ့မွ ပိုမေသာက္ပါနဲ႔။

2.      ဆား အသံုးမ်ားျခင္း

          ဆားပါဝင္မႈမ်ားတဲ့ အစားအစာေတြက ေသြးတိုးေစၿပီး ေက်ာက္ကပ္ကိုလည္း ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ ဆားအစား ေဆးဖက္ဝင္အပင္ေတြ၊ ဟင္းခတ္အေမႊးအႀကိဳင္ေတြ သံုးပါ။ အခ်ိန္ၾကာလာတာနဲ႔အမွ် ဆားေလွ်ာ့သံုးတဲ့အက်င့္ ရလာပါလိမ့္မယ္။

3.      အသင့္ျပဳလုပ္ထားေသာ အစားအစာမ်ား စားျခင္း

          အသင့္ျပဳလုပ္ထားတဲ့ အစားအစာေတြမွာ ဆိုဒီယမ္နဲ႔ ေဖာ့စ္ဖရပ္ပါဝင္မႈ ျမင့္မားပါတယ္။ ေက်ာက္ကပ္ေရာဂါရွိတဲ့လူ အမ်ားအျပားက ေဖာ့စ္ဖရပ္ဓာတ္ကို ကန္႔သတ္ၿပီး စားဖို႔လိုပါတယ္။ အသင့္ျပဳလုပ္တဲ့ အစားအစာေတြမွာ ပါဝင္တဲ့ ေဖာ့စ္ဖရပ္စားသံုးမႈ မ်ားပါက ေက်ာက္ကပ္ေရာဂါ မရွိိသူေတြမွာလည္း ေက်ာက္ကပ္နဲ႔ အ႐ိုးထိခိုက္ႏိုင္ေခ် မ်ားပါတယ္။

4.      ေရ လံုေလာက္စြာ မေသာက္ျခင္း

          ေရဓာတ္ ျပည့္ဝျခင္းက ခႏၶာကိုယ္တြင္းရွိ ဆိုဒီယမ္နဲ႔ အဆိပ္ဓာတ္ေတြကို ေက်ာက္ကပ္ကေန ဖယ္ရွားတဲ့ေနရာမွာ အေထာက္အကူ ျဖစ္ေစပါတယ္။ ေရမ်ားမ်ား ေသာက္ျခင္းက ေက်ာက္ကပ္ ေက်ာက္မတည္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ ေက်ာက္ကပ္ျပႆနာ ရွိသူေတြ၊ ေက်ာက္ကပ္ ပ်က္စီးေနသူေတြမွာ အရည္ေသာက္တဲ့ပမာဏကို ကန္႔သတ္ထားဖို႔ လုိေပမယ့္ လူအမ်ားစုအတြက္ တစ္ေန႔ကို 1.5 - 2 လီတာေလာက္ ေရေသာက္ဖို႔ လိုပါတယ္။

5.      အိပ္ေရးပ်က္ျခင္း

          ညဘက္ ေကာင္းေကာင္း အိပ္ေပ်ာ္ျခင္းက တစ္ကိုယ္လံုး က်န္းမာေရးကို ေကာင္းမြန္ေစသလို ေက်ာက္ကပ္ က်န္းမာေရးအတြက္လည္း ေကာင္ပါတယ္။ ေက်ာက္ကပ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို အိပ္စက္ျခင္း-ႏိုးထျခင္း စည္းခ်က္ေတြက ထိန္းခ်ဳပ္ေပးထားပါတယ္။။ ဒါက ေက်ာက္ကပ္ကို အလုပ္ေတြ မပိေစဖို႔အတြက္ ထိ္န္းညႇိေပးပါတယ္။

6.      အသား အလြန္အကၽြံ စားသံုးျခင္း

          တိရစၧာန္ကရတဲ့ အသားဓာတ္က ေသြးတြင္းမွာ အက္ဆစ္ဓာတ္ကို ျမင့္တက္ေစၿပီး ေက်ာက္ကပ္ကိုလည္း အႏၲရာယ္ေပးႏိုင္ပါတယ္။ ေက်ာက္ကပ္က အက္ဆစ္ေတြကို ျမန္သင့္သေလာက္ ျမန္ျမန္မဖယ္ရွားႏိုင္တဲ့ အေျခအေနျဖစ္တဲ့ acidosis ဆိုတဲ့ အေျခအေနကို ျဖစ္ေစပါတယ္။ ႀကီးထြားဖို႔၊ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို ျပဳျပင္ဖို႔၊ ထိန္းသိမ္းဖို႔အတြက္ အသားဓာတ္ လိုတယ္ဆိုေပမယ့္ တန္ေဆး လြန္ေဘးပါ။ ဟင္းသီးဟင္းရြက္၊ သစ္သီးနဲ႔ အသားေတြကို မွ်တေအာင္စားဖို႔ လိုပါတယ္။

7.      သၾကားဓာတ္မ်ားေသာ အစားအစာမ်ား အလြန္အကၽြံစားျခင္း

          သၾကားက အဝလြန္ျခင္းကိုျဖစ္ေစၿပီး အဝလြန္ျခင္းက ေက်ာက္ကပ္ေရာဂါ ျဖစ္ေစတဲ့ အဓိက အေၾကာင္းအရင္းႏွစ္မ်ိဳးျဖစ္တဲ့ ေသြးတိုးနဲ႔ ဆီးခ်ိဳေရာဂါကို ျဖစ္ေစပါတယ္။ မခ်ဳိဘူးလို႔ထင္တဲ့ အစားအစာေတြမွာေတာင္ သၾကားပါ,ပါတယ္။ ဒါေၾကာင့္ ျပဳျပင္ထားတဲ့ သၾကားေတြပါတဲ့ ေပါင္မုန္႔ျဖဴေတြ၊ အသင့္လုပ္ထားတဲ့ အစားအစာေတြကို တတ္ႏိုင္သမွ် ေရွာင္ပါ။ အစားအစာေတြ ဝယ္တဲ့အခါမွာလည္း ဘာေတြပါလဲဆိုတာ ေသခ်ာဖတ္ၿပီး ဝယ္ပါ။ သၾကား ပါဝင္မႈမ်ားတာေတြကို ေရွာင္ပါ။

8.      ေဆးလိပ္ေသာက္ျခင္း

          ေဆးလိပ္ေသာက္တာက အဆုတ္နဲ႔ ႏွလံုးအတြက္ မေကာင္းဘူး ဆိုတာကေတာ့ သိၿပီးသားျဖစ္မွာပါ။ ေက်ာက္ကပ္အတြက္လည္း မေကာင္းဘူးဆိုတာကိုေတာ့ အသိနည္းၾကမယ္ ထင္ပါတယ္။ ေဆးလိပ္ေသာက္သူေတြရဲ႕ ဆီးထဲမွာ အသားဓာတ္ပါဝင္မႈ ပိုမ်ားၿပီး ဒါက ေက်ာက္ကပ္ပ်က္စီးတဲ့ လကၡဏာတစ္ခုပဲ ျဖစ္ပါတယ္။

9.      အရက္ အလြန္အကၽြံ ေသာက္ျခင္း

          အရက္ကို အၿမဲအလြန္အကၽြံေသာက္ျခင္း (တစ္ေန႔ကို ေလးခြက္ထက္ ပိုေသာက္ျခင္း) က နာတာရွည္ ေက်ာက္ကပ္ေရာဂါျဖစ္ႏိုင္ေျခကို 2 ဆ ျမင့္တက္ေစပါတယ္။ အရက္လည္း အရမ္းေသာက္၊ ေဆးလိပ္လည္း ေသာက္သူေတြက ေက်ာက္ကပ္ေရာဂါ ျဖစ္ႏိုင္ေျခ အလြန္ပိုမ်ားပါတယ္။ ေဆးလိပ္မေသာက္သူ (သို႔) အရက္ အလြန္အကၽြံ မေသာက္သူေတြနဲ႔ယွဥ္ရင္ ေဆးလိပ္ေသာက္တဲ့ အရက္အလြန္အကၽြံ ေသာက္သူေတြက နာတာရွည္ ေက်ာက္ကပ္ေရာဂါျဖစ္ႏိုင္ေျခ 5 ဆ ပိုမ်ားပါတယ္

10.    အထိုင္မ်ားျခင္း

          အခ်ိန္အၾကာႀကီး ထိုင္တာကလည္း ေက်ာက္ကပ္ေရာဂါနဲ႔ ဆက္စပ္ေနပါတယ္။ ကိုယ္လက္လႈပ္ရွားမႈ မ်ားျခင္းက ေက်ာက္ကပ္က်န္းမာေရးအတြက္ အေရးႀကီးတဲ့အခ်က္ေတြျဖစ္တဲ့ ေသြးေပါင္ခ်ိန္ကို ေကာင္းမြန္ေစၿပီး ခႏၶာကိုယ္တြင္း ဂလူးကို႔စ္ျဖစ္စဥ္ကိုလည္း ေကာင္းမြန္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (www.drmyanmar.com)

#Unicode Version#
1.      အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သောက်ခြင်း

          အကိုက်အခဲပျောက်ဆေးတွေက ကိုက်တာ၊ နာတာတွေကို သက်သာစေနိုင်ပေမယ့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါ ရှိသူတွေမှာ ပိုဆိုးပါတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေး သောက်တဲ့အကျင့်ရှိရင် တတ်နိုင်သမျှ လျှော့ချပါ။ ပြီးတော့ သောက်ရမယ့်ပမာဏထက် ဘယ်တော့မှ ပိုမသောက်ပါနဲ့။

2.      ဆား အသုံးများခြင်း

          ဆားပါဝင်မှုများတဲ့ အစားအစာတွေက သွေးတိုးစေပြီး ကျောက်ကပ်ကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ဆားအစား ဆေးဖက်ဝင်အပင်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ သုံးပါ။ အချိန်ကြာလာတာနဲ့အမျှ ဆားလျှော့သုံးတဲ့အကျင့် ရလာပါလိမ့်မယ်။

3.      အသင့်ပြုလုပ်ထားသော အစားအစာများ စားခြင်း

          အသင့်ပြုလုပ်ထားတဲ့ အစားအစာတွေမှာ ဆိုဒီယမ်နဲ့ ဖော့စ်ဖရပ်ပါဝင်မှု မြင့်မားပါတယ်။ ကျောက်ကပ်ရောဂါရှိတဲ့လူ အများအပြားက ဖော့စ်ဖရပ်ဓာတ်ကို ကန့်သတ်ပြီး စားဖို့လိုပါတယ်။ အသင့်ပြုလုပ်တဲ့ အစားအစာတွေမှာ ပါဝင်တဲ့ ဖော့စ်ဖရပ်စားသုံးမှု များပါက ကျောက်ကပ်ရောဂါ မရှိသူတွေမှာလည်း ကျောက်ကပ်နဲ့ အရိုးထိခိုက်နိုင်ချေ များပါတယ်။

4.      ရေ လုံလောက်စွာ မသောက်ခြင်း

          ရေဓာတ် ပြည့်ဝခြင်းက ခန္ဓာကိုယ်တွင်းရှိ ဆိုဒီယမ်နဲ့ အဆိပ်ဓာတ်တွေကို ကျောက်ကပ်ကနေ ဖယ်ရှားတဲ့နေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ရေများများ သောက်ခြင်းက ကျောက်ကပ် ကျောက်မတည်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်ပြဿနာ ရှိသူတွေ၊ ကျောက်ကပ် ပျက်စီးနေသူတွေမှာ အရည်သောက်တဲ့ပမာဏကို ကန့်သတ်ထားဖို့ လိုပေမယ့် လူအများစုအတွက် တစ်နေ့ကို 1.5 - 2 လီတာလောက် ရေသောက်ဖို့ လိုပါတယ်။

5.      အိပ်ရေးပျက်ခြင်း

          ညဘက် ကောင်းကောင်း အိပ်ပျော်ခြင်းက တစ်ကိုယ်လုံး ကျန်းမာရေးကို ကောင်းမွန်စေသလို ကျောက်ကပ် ကျန်းမာရေးအတွက်လည်း ကောင်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကို အိပ်စက်ခြင်း-နိုးထခြင်း စည်းချက်တွေက ထိန်းချုပ်ပေးထားပါတယ်။။ ဒါက ကျောက်ကပ်ကို အလုပ်တွေ မပိစေဖို့အတွက် ထိန်းညှိပေးပါတယ်။

6.      အသား အလွန်အကျွံ စားသုံးခြင်း

          တိရစ္ဆာန်ကရတဲ့ အသားဓာတ်က သွေးတွင်းမှာ အက်ဆစ်ဓာတ်ကို မြင့်တက်စေပြီး ကျောက်ကပ်ကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်က အက်ဆစ်တွေကို မြန်သင့်သလောက် မြန်မြန်မဖယ်ရှားနိုင်တဲ့ အခြေအနေဖြစ်တဲ့ acidosis ဆိုတဲ့ အခြေအနေကို ဖြစ်စေပါတယ်။ ကြီးထွားဖို့၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပြုပြင်ဖို့၊ ထိန်းသိမ်းဖို့အတွက် အသားဓာတ် လိုတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ အသားတွေကို မျှတအောင်စားဖို့ လိုပါတယ်။

7.      သကြားဓာတ်များသော အစားအစာများ အလွန်အကျွံစားခြင်း

          သကြားက အဝလွန်ခြင်းကိုဖြစ်စေပြီး အဝလွန်ခြင်းက ကျောက်ကပ်ရောဂါ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းနှစ်မျိုးဖြစ်တဲ့ သွေးတိုးနဲ့ ဆီးချိုရောဂါကို ဖြစ်စေပါတယ်။ မချိုဘူးလို့ထင်တဲ့ အစားအစာတွေမှာတောင် သကြားပါ,ပါတယ်။ ဒါကြောင့် ပြုပြင်ထားတဲ့ သကြားတွေပါတဲ့ ပေါင်မုန့်ဖြူတွေ၊ အသင့်လုပ်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ အစားအစာတွေ ဝယ်တဲ့အခါမှာလည်း ဘာတွေပါလဲဆိုတာ သေချာဖတ်ပြီး ဝယ်ပါ။ သကြား ပါဝင်မှုများတာတွေကို ရှောင်ပါ။

8.      ဆေးလိပ်သောက်ခြင်း

          ဆေးလိပ်သောက်တာက အဆုတ်နဲ့ နှလုံးအတွက် မကောင်းဘူး ဆိုတာကတော့ သိပြီးသားဖြစ်မှာပါ။ ကျောက်ကပ်အတွက်လည်း မကောင်းဘူးဆိုတာကိုတော့ အသိနည်းကြမယ် ထင်ပါတယ်။ ဆေးလိပ်သောက်သူတွေရဲ့ ဆီးထဲမှာ အသားဓာတ်ပါဝင်မှု ပိုများပြီး ဒါက ကျောက်ကပ်ပျက်စီးတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

9.      အရက် အလွန်အကျွံ သောက်ခြင်း

          အရက်ကို အမြဲအလွန်အကျွံသောက်ခြင်း (တစ်နေ့ကို လေးခွက်ထက် ပိုသောက်ခြင်း) က နာတာရှည် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို 2 ဆ မြင့်တက်စေပါတယ်။ အရက်လည်း အရမ်းသောက်၊ ဆေးလိပ်လည်း သောက်သူတွေက ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ အလွန်ပိုများပါတယ်။ ဆေးလိပ်မသောက်သူ (သို့) အရက် အလွန်အကျွံ မသောက်သူတွေနဲ့ယှဉ်ရင် ဆေးလိပ်သောက်တဲ့ အရက်အလွန်အကျွံ သောက်သူတွေက နာတာရှည် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ 5 ဆ ပိုများပါတယ်

10.    အထိုင်များခြင်း

          အချိန်အကြာကြီး ထိုင်တာကလည်း ကျောက်ကပ်ရောဂါနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု များခြင်းက ကျောက်ကပ်ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တွေဖြစ်တဲ့ သွေးပေါင်ချိန်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း ဂလူးကို့စ်ဖြစ်စဉ်ကိုလည်း ကောင်းမွန်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top