iMyanmarHouse.com - Best Property Website for Myanmar
×

YBS (၂၀)ခရီးသည္ တင္ယာဥ္ေပၚတြင္ ျဖစ္ပြားခဲ့သည့္ ခရီးသည္အမ်ိဳးသမီးကုိ ခါးပိုက္ ႏႈိက္ကာ ယာဥ္ေမာင္းႏွင့္ယာဥ္ ေနာက္လုိက္ကုိ ဆဲဆုိသည့္အ ဖြဲ႕မွ အမ်ိဳးသားသုံးဦးကုိ ဇန္န၀ါရီ ၉ ရက္က ဖမ္းဆီးခဲ့သည္။

ယမန္ႏွစ္ ေအာက္တိုဘာ ၃၁ ရက္တြင္ YBS (၂၀)ယာဥ္ ေပၚ၌ လုိက္ပါလာသည့္ခရီး သည္အမ်ိဳးသမီးတစ္ဦးကုိ ခါး ပုိက္ႏႈိက္ေနစဥ္ သိရွိခဲ့သျဖင့္ အမ်ိဳးသမီးႏွင့္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လုိက္တို႔ကုိ ဆဲဆုိ ႀကိမ္းေမာင္းျခင္းျဖစ္သည္။ ယင္း ဗီဒီယုိဖိုင္  အြန္လုိင္းတြင္ပ်ံ႕ႏွံ႔ခဲ့ သည္။

ျပစ္မႈက်ဴးလြန္သူမ်ားကုိ ဇန္ န၀ါရီ ၉ ရက္ေန႔လယ္က ေျမာက္ ဥကၠလာပၿမိဳ႕နယ္ သုဓမၼာလမ္းမ ႀကီး(ဃ)ေစ်းမွတ္တိုင္တြင္ YBS (၃၆)ယာဥ္လုိင္းေပၚသုိ႔ တက္ ေရာက္လာစဥ္ အသြင္ယူထား သည့္ ရဲအရာရွိမ်ားကဖမ္းဆီးခဲ့ ေၾကာင္း ၎က ေျပာသည္။

‘‘ဒီဘက္ေခတ္အေျခအေန အရ အြန္လုိင္းကသတင္းေတြက အရမ္းျမန္တယ္။ ဗီဒီယိုကုိလည္း လူအေတာ္မ်ားမ်ားက ၾကည့္ဖူး တယ္။ ခုလည္း တိုင္းရဲတပ္ဖြဲ႕ စီမံ ခ်က္ေတြခ်ၿပီး ဖမ္းဆီးစစ္ေဆးအ ေရးယူေနတယ္။ က်န္တဲ့သူေတြ ကုိလည္း ဖမ္းဆီးဖုိ႔ရွာေနပါတယ္’’ ဟု အေရွ႕ပုိင္းခ႐ုိင္ရဲတပ္ဖြဲ႕မွ ရဲ အရာရိွတစ္ဦးက ေျပာသည္။

YBS (၂၀)ယာဥ္လုိင္းေပၚ တြင္ တပ္ဆင္ထားသည့္ စီစီတီဗီ မွတ္တမ္းကုိစစ္ေဆးရာမွ ျပစ္မႈ က်ဴးလြန္သူမ်ားသည္ ယခင္ခါး ပုိက္ႏႈိက္မႈျဖင့္ ျပစ္ခ်က္ေဟာင္း ရွိသူ သန္လ်င္ၿမိဳ႕နယ္ လက္ယက္ စမ္းေက်းရြာေန စုိးလင္းထုိက္(ခ) ဖုိးလုံး၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ေန ျမင့္ႏုိင္(ခ)ကုလား၊ ေက်ာ္လင္း ထုိက္ႏွင့္ ထြန္းထြန္းတို႔ျဖစ္ ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့သည္။

‘‘သူတို႔အဖြဲ႕က လူေတြအ ကုန္လုံးေတာ့ မရေသးဘူး။ လြတ္ ေနတဲ့သူေတြရွိေသးတယ္။ လုိက္ရွာေနတယ္’’ ဟု အေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ဖမ္းဆီးမိသူ အမ်ိဳးသားသုံးဦးကုိ ေျမာက္ဥကၠလာပၿမိဳ႕မ ရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၇၉ (ႏႈိက္)/၅၄ ျဖင့္ အမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
YBS (၂၀)ခရီးသည် တင်ယာဉ်ပေါ်တွင် ဖြစ်ပွားခဲ့သည့် ခရီးသည်အမျိုးသမီးကို ခါးပိုက် နှိုက်ကာ ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်ကို ဆဲဆိုသည့်အ ဖွဲ့မှ အမျိုးသားသုံးဦးကို ဇန်နဝါရီ ၉ ရက်က ဖမ်းဆီးခဲ့သည်။

ယမန်နှစ် အောက်တိုဘာ ၃၁ ရက်တွင် YBS (၂၀)ယာဉ် ပေါ်၌ လိုက်ပါလာသည့်ခရီး သည်အမျိုးသမီးတစ်ဦးကို ခါး ပိုက်နှိုက်နေစဉ် သိရှိခဲ့သဖြင့် အမျိုးသမီးနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို ဆဲဆို ကြိမ်းမောင်းခြင်းဖြစ်သည်။ ယင်း ဗီဒီယိုဖိုင်  အွန်လိုင်းတွင်ပျံ့နှံ့ခဲ့ သည်။

ပြစ်မှုကျူးလွန်သူများကို ဇန် နဝါရီ ၉ ရက်နေ့လယ်က မြောက် ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမ ကြီး(ဃ)ဈေးမှတ်တိုင်တွင် YBS (၃၆)ယာဉ်လိုင်းပေါ်သို့ တက် ရောက်လာစဉ် အသွင်ယူထား သည့် ရဲအရာရှိများကဖမ်းဆီးခဲ့ ကြောင်း ၎င်းက ပြောသည်။

‘‘ဒီဘက်ခေတ်အခြေအနေ အရ အွန်လိုင်းကသတင်းတွေက အရမ်းမြန်တယ်။ ဗီဒီယိုကိုလည်း လူအတော်များများက ကြည့်ဖူး တယ်။ ခုလည်း တိုင်းရဲတပ်ဖွဲ့ စီမံ ချက်တွေချပြီး ဖမ်းဆီးစစ်ဆေးအ ရေးယူနေတယ်။ ကျန်တဲ့သူတွေ ကိုလည်း ဖမ်းဆီးဖို့ရှာနေပါတယ်’’ ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။

YBS (၂၀)ယာဉ်လိုင်းပေါ် တွင် တပ်ဆင်ထားသည့် စီစီတီဗီ မှတ်တမ်းကိုစစ်ဆေးရာမှ ပြစ်မှု ကျူးလွန်သူများသည် ယခင်ခါး ပိုက်နှိုက်မှုဖြင့် ပြစ်ချက်ဟောင်း ရှိသူ သန်လျင်မြို့နယ် လက်ယက် စမ်းကျေးရွာနေ စိုးလင်းထိုက်(ခ) ဖိုးလုံး၊ ကြည့်မြင်တိုင်မြို့နယ်နေ မြင့်နိုင်(ခ)ကုလား၊ ကျော်လင်း ထိုက်နှင့် ထွန်းထွန်းတို့ဖြစ် ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

‘‘သူတို့အဖွဲ့က လူတွေအ ကုန်လုံးတော့ မရသေးဘူး။ လွတ် နေတဲ့သူတွေရှိသေးတယ်။ လိုက်ရှာနေတယ်’’ ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဖမ်းဆီးမိသူ အမျိုးသားသုံးဦးကို မြောက်ဥက္ကလာပမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်)/၅၄ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top