ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ခရီးသည္တစ္ဦး YBS ယာဥ္စီးခထည့္ေနစဥ္ (ဓာတ္ပံု − စိုင္းေဇာ္)

YBS ဘတ္စ္ကားေငြေပး ကတ္စတစ္ (YPS) လုပ္ကိုင္ရန္ Excel KC Myanmar ကုမၸဏီ ကို ေရြးခ်ယ္ခဲ့ေၾကာင္း ရန္ကုန္ တုိင္းေဒသႀကီး အစိုးရ တင္ဒါ စိစစ္ႀကီးၾကပ္ေရးအဖြဲ႕က ဇန္န ဝါရီ ၁၀ ရက္တြင္ သတင္းထုတ္ ျပန္သည္။

၂၀၁၇ ေအာက္တုိဘာကစ ၍ ကတ္စနစ္ လုပ္ကိုင္လိုသည့္ ကုမၸဏီမ်ားကို ဖိတ္ေခၚၿပီး အ ဆင့္ဆင့္စိစစ္ေရြးခ်ယ္ၿပီးေနာက္ အထက္ပါ ကုမၸဏီကို ေရြးခ်ယ္ ခဲ့သည္။

တင္ဒါယွဥ္ၿပိဳင္မႈေနာက္ဆံုး အဆင့္တြင္ Any Pay Payment Services ကုမၸဏီ၊ Excel KC Myanmar  ကုမၸဏီႏွင့္ Asia Starmark Transport Intellige-nt ကုမၸဏီတို႔ကို  ယွဥ္ၿပိဳင္ေစၿပီး ေနာက္ Excel KC Myanmar  ကုမၸဏီကို လုပ္ကိုင္ခြင့္ေပးခဲ့သည္။

‘‘အခုေရြးခ်ယ္လိုက္တဲ့ ကုမၸ ဏီကလည္း ကြၽန္ေတာ္တို႔သိထား သေလာက္ ျပည္တြင္း ကုမၸဏီ တစ္ခုပါပဲ။ လုပ္ကိုင္ခြင့္ရသြားတဲ့ ကုမၸဏီအတြက္လည္း ဂုဏ္ျပဳပါ တယ္။ တင္ဒါေရြးခ်ယ္မႈအေပၚ ေျပာစရာမရွိပါဘူး’’ ဟု ေနာက္ ဆံုးအဆင့္ တင္ဒါဝင္ေရာက္ယွဥ္ ၿပိဳင္သည့္ Any Pay Payment ကုမၸဏီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

YBS ဘတ္စ္ကား ေငြေပး ကတ္စနစ္အတြက္ လုပ္ကိုင္ခြင့္ရ ကုမၸဏီကို မူလက ၂၀၁၇ ဒီဇင္ ဘာလအတြင္း အၿပီးေရြးခ်ယ္၍ ၂၀၁၈ ဇန္နဝါရီ၌ စတင္အေကာင္ အထည္ေဖာ္ရန္ ရန္ကုန္တိုင္းေဒ သႀကီး အစိုးရအဖြဲ႕က ေမွ်ာ္မွန္း ထားသည္။ သို႔ေသာ္ လက္ရွိတြင္  စတင္အေကာင္အထည္ေဖာ္မည့္ အခ်ိန္ကို မညႇိႏႈိင္းရေသးေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕ တာ ဝန္ရွိသူတစ္ဦးက ေျပာသည္။

‘‘တင္ဒါေရြးၿပီးဘယ္ေတာ့မွ စလုပ္မယ္ဆိုတာ ေနာက္ဆံုးအ ခ်ိန္အထိ မညႇိရေသးဘူး။ တင္ဒါ ေအာင္တဲ့ကုမၸဏီနဲ႔ ထပ္ညႇိၿပီးမွ သိႏိုင္မယ္ထင္တယ္’’ ဟု ၎က ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုး ရ တင္ဒါစိစစ္ႀကီးၾကပ္ေရး အဖြဲ႕ က လက္ရွိ ေရြးခ်ယ္ထားေသာ ကုမၸဏီႏွင့္ ညႇိႏႈိင္းမႈအဆင္မေျပပါက က်န္ကုမၸဏီႏွစ္ခုႏွင့္ ဆက္လက္ညႇိႏႈိင္းေဆာင္ရြက္မည္ဟု သတင္းထုတ္ျပန္ထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ခရီးသည်တစ်ဦး YBS ယာဉ်စီးခထည့်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

YBS ဘတ်စ်ကားငွေပေး ကတ်စတစ် (YPS) လုပ်ကိုင်ရန် Excel KC Myanmar ကုမ္ပဏီ ကို ရွေးချယ်ခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရ တင်ဒါ စိစစ်ကြီးကြပ်ရေးအဖွဲ့က ဇန်န ဝါရီ ၁၀ ရက်တွင် သတင်းထုတ် ပြန်သည်။

၂၀၁၇ အောက်တိုဘာကစ ၍ ကတ်စနစ် လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို ဖိတ်ခေါ်ပြီး အ ဆင့်ဆင့်စိစစ်ရွေးချယ်ပြီးနောက် အထက်ပါ ကုမ္ပဏီကို ရွေးချယ် ခဲ့သည်။

တင်ဒါယှဉ်ပြိုင်မှုနောက်ဆုံး အဆင့်တွင် Any Pay Payment Services ကုမ္ပဏီ၊ Excel KC Myanmar  ကုမ္ပဏီနှင့် Asia Starmark Transport Intellige-nt ကုမ္ပဏီတို့ကို  ယှဉ်ပြိုင်စေပြီး နောက် Excel KC Myanmar  ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။

‘‘အခုရွေးချယ်လိုက်တဲ့ ကုမ္ပ ဏီကလည်း ကျွန်တော်တို့သိထား သလောက် ပြည်တွင်း ကုမ္ပဏီ တစ်ခုပါပဲ။ လုပ်ကိုင်ခွင့်ရသွားတဲ့ ကုမ္ပဏီအတွက်လည်း ဂုဏ်ပြုပါ တယ်။ တင်ဒါရွေးချယ်မှုအပေါ် ပြောစရာမရှိပါဘူး’’ ဟု နောက် ဆုံးအဆင့် တင်ဒါဝင်ရောက်ယှဉ် ပြိုင်သည့် Any Pay Payment ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

YBS ဘတ်စ်ကား ငွေပေး ကတ်စနစ်အတွက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို မူလက ၂၀၁၇ ဒီဇင် ဘာလအတွင်း အပြီးရွေးချယ်၍ ၂၀၁၈ ဇန်နဝါရီ၌ စတင်အကောင် အထည်ဖော်ရန် ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့က မျှော်မှန်း ထားသည်။ သို့သော် လက်ရှိတွင်  စတင်အကောင်အထည်ဖော်မည့် အချိန်ကို မညှိနှိုင်းရသေးကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘တင်ဒါရွေးပြီးဘယ်တော့မှ စလုပ်မယ်ဆိုတာ နောက်ဆုံးအ ချိန်အထိ မညှိရသေးဘူး။ တင်ဒါ အောင်တဲ့ကုမ္ပဏီနဲ့ ထပ်ညှိပြီးမှ သိနိုင်မယ်ထင်တယ်’’ ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရ တင်ဒါစိစစ်ကြီးကြပ်ရေး အဖွဲ့ က လက်ရှိ ရွေးချယ်ထားသော ကုမ္ပဏီနှင့် ညှိနှိုင်းမှုအဆင်မပြေပါက ကျန်ကုမ္ပဏီနှစ်ခုနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top