န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္-မႏၲေလးအျမန္ လမ္း ၉၉ မိုင္အေက်ာ္တြင္ ပုဂံသို႔ သြားမည့္ ခရီးသည္တင္ယာဥ္ (YBS) တစ္စီး မီးေလာင္မႈျဖစ္ပြား ခဲ့သည္။

ကားမီးေလာင္မႈသည္ ဒီဇင္ ဘာ ၃၁ ရက္ နံနက္ ၁ နာရီေက်ာ္ တြင္ ျဖစ္ပြားခဲ့ၿပီး အင္ဂ်င္ခန္းမွ ဝိုင္ယာေရွာ့ခ္ျဖစ္ကာ မီးစတင္ ေလာင္ကြၽမ္းေၾကာင္း အျမန္လမ္းရဲတပ္ဖြဲ႕မွ  ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ေလာင္တဲ့ ကားကေတာ့ ခရီးသည္ေတြ စုေပါင္းငွားၿပီးလာ တဲ့ကားလို႔ ထင္တယ္။ မီးေလာင္ ခ်ိန္ နာရီဝက္ေက်ာ္ေလာက္ၾကာ လိမ့္မယ္။ ကားတစ္စီးလံုးနီးပါး မီးေလာင္သြားတယ္။ ယာဥ္ ေမာင္းကိုလည္း ဖမ္းမိထားပါ တယ္’’ ဟု ၎ကေျပာသည္။

မီးေလာင္မႈ ျဖစ္ပြားခဲ့သည့္ YBS (၁၆) ယာဥ္တြင္ ခရီးသည္ ၄၀ ဦးလိုက္ပါလာကာ မီးေလာင္မႈ ေၾကာင့္ ကားေပၚ၌လိုက္ပါလာ သူ တစ္ဦးမွ် ထိခိုက္ဒဏ္ရာရရွိ ျခင္းမရွိေၾကာင္း၊ ဆံုး႐ႈံးမႈတန္ဖိုး က်ပ္သိန္း ၂၀၀ ခန္႔ရွိေၾကာင္း ၿမိဳ႕ေခ်ာင္းအျမန္လမ္း ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ယာဥ္ႀကံ႕ခိုင္မႈ စစ္ေဆး ျခင္းမရွိဘဲ ေမာင္းတဲ့အတြက္ ယာဥ္ေမာင္းကိုေတာ့ အေရးယူ အမႈဖြင့္ထားပါတယ္’’ ဟု ၎က ေျပာသည္။

ယာဥ္ေမာင္းမင္းမင္းကို ၿမိဳ႕ ေခ်ာင္းအျမန္လမ္း ရဲစခန္းက ယာဥ္ (ပ) ရာဇသတ္ႀကီးပုဒ္မ ၂၇၉ /၂၈၅ (အမ်ားျပည္သူဆိုင္ရာ လမ္းတြင္ အရမ္းေမာင္းျခင္း/ မီး ေလာင္လြယ္ေသာ အရာဝတၳဳႏွင့္ ေပါ့ေလ်ာ့ျခင္း) ျဖင့္ အမႈဖြင့္ အ ေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်-မန္တလေးအမြန် လမ်း ၉၉ မိုင်အကျော်တွင် ပုဂံသို့ သွားမည့် ခရီးသည်တင်ယာဉ် (YBS) တစ်စီး မီးလောင်မှုဖြစ်ပွား ခဲ့သည်။

ကားမီးလောင်မှုသည် ဒီဇင် ဘာ ၃၁ ရက် နံနက် ၁ နာရီကျော် တွင် ဖြစ်ပွားခဲ့ပြီး အင်ဂျင်ခန်းမှ ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးစတင် လောင်ကျွမ်းကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ  ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘လောင်တဲ့ ကားကတော့ ခရီးသည်တွေ စုပေါင်းငှားပြီးလာ တဲ့ကားလို့ ထင်တယ်။ မီးလောင် ချိန် နာရီဝက်ကျော်လောက်ကြာ လိမ့်မယ်။ ကားတစ်စီးလုံးနီးပါး မီးလောင်သွားတယ်။ ယာဉ် မောင်းကိုလည်း ဖမ်းမိထားပါ တယ်’’ ဟု ၎င်းကပြောသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် YBS (၁၆) ယာဉ်တွင် ခရီးသည် ၄၀ ဦးလိုက်ပါလာကာ မီးလောင်မှု ကြောင့် ကားပေါ်၌လိုက်ပါလာ သူ တစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိ ခြင်းမရှိကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၀၀ ခန့်ရှိကြောင်း မြို့ချောင်းအမြန်လမ်း ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ယာဉ်ကြံ့ခိုင်မှု စစ်ဆေး ခြင်းမရှိဘဲ မောင်းတဲ့အတွက် ယာဉ်မောင်းကိုတော့ အရေးယူ အမှုဖွင့်ထားပါတယ်’’ ဟု ၎င်းက ပြောသည်။

ယာဉ်မောင်းမင်းမင်းကို မြို့ ချောင်းအမြန်လမ်း ရဲစခန်းက ယာဉ် (ပ) ရာဇသတ်ကြီးပုဒ်မ ၂၇၉ /၂၈၅ (အများပြည်သူဆိုင်ရာ လမ်းတွင် အရမ်းမောင်းခြင်း/ မီး လောင်လွယ်သော အရာဝတ္ထုနှင့် ပေါ့လျော့ခြင်း) ဖြင့် အမှုဖွင့် အ ရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top