ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စိုင္းေအာင္တင့္ကို မုန္းသလား

သူ႔ကို အားလံုးက ၾကည့္မရ။ မိန္းကေလးမ်ားက ရြံ႕မုန္းၾကၿပီး အမ်ိဳးသမီးႀကီးမ်ားကေတာ့ အျမင္ကတ္ၾကသည္။ ေယာက်ာ္းေလးမ်ား အခ်င္းခ်င္းသူႏွင့္ႏႈိင္း၍ စေနာက္ၾက လွ်င္ တူးတူးခါးခါး စိတ္ဆိုးတတ္ၾကသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သူ႔ကိုအမ်ားစုက အယုတ္တမာ၊ မုဒိမ္းေကာင္၊ တဏွာေကာင္ဟု သတ္မွတ္ထားေ သာေၾကာင့္ပင္။ ယခုပင္ၾကည့္။ အဆီတဝင္းဝင္း မ်က္ႏွာထား ႏွင့္သမီးအရြယ္ေလာက္သာရွိသည့္ အမ်ဳိးသမီးကို တစ္ကိုယ္လံုးမ်ိဳခ်မတတ္ ေအာင္ႏိုင္သူ အၿပံဳးျဖင့္ ၾကည့္ေနပံုက တ ကယ့္မုန္းတီးခ်င္စရာ ျဖစ္သည္။ သို႔ေသာ္ ကဒ္ဟူေသာ အသံၾကားလိုက္စဥ္မွာ ေတာ့ သူ၏အသြင္ႏွင့္မ်က္ႏွာကခ်က္ခ်င္းပင္ေျပာင္းလဲသြားသည္။ ၿပီးေတာ့ သူေစာ္ကားရန္ ႀကံခဲ့သည့္ မိန္းကေလးကိုပင္ သူက တေလးတစား ျပန္သင္ေပးေနေသးသည္။

”သမီး ဦးကိုအားမနာနဲ႔ လက္နဲ႔ထိေအာင္ထိုး” သူ၏ သဏၭာန္လုပ္သ႐ုပ္တူယုတ္မာမႈသ႐ုပ္ေဆာင္ ကြက္အတြက္လက္တု႔႔ံျပန္ရမည့္ မင္းသမီးျဖစ္သူ၏ ဇာတ္႐ုပ္ပီျပင္ေစ ရန္ မညႇာတမ္း သူပံ့ပိုးေပးေနျခင္း ျဖစ္သည္။ ထိုအျပဳအမူမ်ားကို ပိတ္ကားထက္ မျမင္ရနုိင္ပါ။ သူကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ဦးစိုင္းေအာင္ တင့္ျဖစ္သည္။

”ဦးစိုင္းကို ခိုင္ႏွင္းေဝေျပာဖူးတယ္။ ဟိုးသူ႔ အေဒၚေခတ္ကတည္းက လုပ္လာတဲ့ ဒီကာ႐ိုက္တာဟာ သူ႔ေခတ္ေရာက္သည္အထိသာမက ေနာက္ကေလးေတြထိေအာင္ လုပ္ႏိုင္တယ္၊ ေတာ္တယ္ ေျပာေတာ့ ဦးစိုင္းျပန္ေျပာမိတယ္။ ခိုင္ႏွင္းေဝရယ္ ငါ့ကို အဲဒီလိုမေျပာပါနဲ႔ဟယ္။ ငါရွက္လြန္းလို႔ပါလို႔” ဟု သူကစိတ္မေကာင္းျဖစ္ေန သည့္ မ်က္ႏွာကို ေဘးလႊဲကာ ေျပာျပခဲ့သည္။ သူ႔အသံက ဇာတ္ကားမ်ားထဲကလို နားဝင္ခါးဖြယ္ လူယုတ္မာအသံမ်ိဳး မဟုတ္။ သူ၏မူပိုင္သ႐ုပ္ ေဆာင္သကဲ့သို႔ ရိသဲ့သဲ့လည္း မ ဟုတ္။ ရွမ္းတုိင္းရင္းသား ဗုဒၶဘာသာဝင္ တစ္ဦးျဖစ္သူပီပီ သူ႔စကားက ခ်ိဳသာသည္။ သူ႕အသြင္ကယဥ္ေက်းသည္။ ႏူးညံ့သိမ္ေမြ႕သည္။ ”ဦးစိုင္းက ဒီကာ႐ိုက္ တာေတြ မွာ လူေတြမုန္းမွာ ေရာ လူေတြရြံမွာေရာသိတယ္။ ဒါေပမဲ့ အျပင္က ဦးစိုင္းမွာေတာ့ အဲဒီလိုယုတ္မာတဲ့အသည္းႏွလံုး မရွိ ဘူး”ဟု ဦးစိုင္းေအာင္တင့္က ေျပာသည္။

၁၉၅၃ ခုႏွစ္တြင္ ရွမ္းမ်ိဳးႏြယ္ဝင္ မိဘႏွစ္ပါးမွ ေမြးဖြားခဲ့သည့္ ဦးစိုင္းေအာင္တင့္သည္ အသက္ ၆၁ ႏွစ္ရွိေနၿပီ ျဖစ္သည္။ ”ကြၽန္ေတာ္ရွမ္းတိုင္း ရင္းသား တစ္ ဦးျဖစ္ တဲ့အတြက္ ရွမ္းဓေလ့႐ိုးရာေတြ၊ ရွမ္းစကားေတြကို ခ်စ္ ၿပီး ျမတ္ႏိုးတယ္”ဟု သူေျပာစဥ္တြင္ သူ႕မ်က္ႏွာဝယ္ တုိင္းရင္းသားတို႔၏ ႐ိုးသားျဖဴစင္မႈ အမွတ္ အသားက အ တုိင္းသား ေပၚေနသည္။ စိုင္းေအာင္တင့္သည္ အသက္ ၁၇ ႏွစ္အရြယ္ တြင္အႏုပညာေလာကထဲသို႔ ဝင္ေရာက္ခဲ့သည္။ ပရိ သတ္မ်ားမုန္းသည့္ လူယုတ္မာတစ္ဦးအသြင္ ဇာတ္ ႐ုပ္ကို အသက္ ၂၁ -၂၂ အရြယ္ဝန္းက်င္တြင္ စတင္႐ိုက္ကူးခဲ့ၿပီး ယခုခ်ိန္ထိ ႐ိုက္ကူးေနဆဲ။

”ငယ္ငယ္တုန္းကေတာ့ ျဖစ္ခ်င္တာေတြ အမ်ား ႀကီးေပါ့။ တကယ္ေရြးခ်ယ္လိုက္တဲ့အခါမွာ ဒီအႏု ပညာကို ေရြးခ်ယ္ျဖစ္လိုက္တယ္”ဟု ဦးစိုင္းက ေျပာသည္။ ဖန္သားျပင္ ဝယ္ ယုတ္မာေကာက္က်စ္သည့္ စ႐ိုက္ကိုေပၚလြင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္သည့္ အတတ္ပညာရွိသည့္ အႏုပညာရွင္တစ္ဦးအျဖစ္ မိမိ ကုိယ္ကိုယ္ ဂုဏ္ယူခြင့္ ရေသာ္ လည္း အမ်ား၏ခ်စ္ ျခင္းေမတၱာကိုေတာ့ မရရွိဟု သူက ညိႇဳးငယ္စြာေျပာသည္။ ဝါသနာႏွင့္ သမုဒၵရာ ဝမ္းတစ္ထြာ အတြက္ ေကာင္းသည္ ဆိုးသည္၊ ေမတၱာရွိသည္ မရွိ သည္ တို႔ကို မေတြးအား၊ ဝါသနာေပၚထုဆစ္ကာ ႏွစ္ေပါင္း ၃၉ ႏွစ္တိုင္တိုင္ ပရိသတ္မ်ားစြာ၏အမုန္းကို ရင္ခြင္ပိုက္ရင္း အႏုပညာလမ္းကို သစၥာရွိရွိေလွ်ာက္ လွမ္း လာ ခဲ့ျခင္း ျဖစ္သည္။

”ရွက္လည္းရွက္တယ္။ ငါလုပ္ခဲ့တာေတြက ပရိသတ္အခ်စ္ခံရဖို႔ မဟုတ္ခဲ့ဘူး။ သူတို႔မုန္းတာမဆန္းဘူးဆိုၿပီး ေတြးခဲ့ဖူးတယ္” ဟု ဦးစိုင္းကသိမ္ငယ္ရွက္ ရြ႕ံေနသကဲ့သို႔ တိုးတိုးညႇင္းညႇင္း ေျပာပါသည္။ ”တစ္ခါတေလ အားငယ္မိတာေပါ့။ လူမ်ားၾကားသြားရင္ မလိုတဲ့မ်က္လံုးေတြနဲ႔ ဝိုင္းၾကည့္ၾကတယ္။ နာဘူးေကာင္ တဏွာေကာင္ဆိုၿပီး အ ထင္ေသးေတာ့ ပိုၿပီး စိတ္အားငယ္မိတယ္” ဟု သူဆိုေတာ့ အမွန္တရား ျဖစ္ေနသည္မို႔ မည္သို႔ႏွစ္သိမ့္ရမည္မသိ။ ဇာတ္ကားတစ္ကားတြင္ ပရိသတ္အမ်ားစု သေဘာ က် တတ္သည္က မင္းသား၊ မင္းသမီးမ်ား သာ။ ကန္႔လန္႔ကာေနာက္ကြယ္မွ အားျဖည့္ေပးဆပ္ ေနၾကသည့္ အေမ့ေလ်ာ့ခံ၊ အပယ္ခံဇာတ္ပို႔မ်ားစြာ ရွိေသာ္လည္း လူၾကမ္း မ်ားႏွင့္ သူ႔လိုဇာတ္ပို႔မ်ားအတြက္ေတာ့ ပရိသတ္၏အမုန္းကို အပိုဆာဒါး ဆုလာဘ္အျဖစ္ ရၾကသည္။ သူက ၁၉၈၈ ခုႏွစ္တြင္ ‘ေဖြး’ဇာတ္ကား၌ ဇင္ မာဦးႏွင့္အတူ သ႐ုပ္ေ ဆာင္ခဲ့သည္။ ထိုဇာတ္ကား သည္သူ႕ဘဝအတြင္ အမွတ္တရအရွိဆံုးဇာတ္ကား ျဖစ္ေၾကာင္းလည္း ေျပာျပခဲ့သည္။

သူ႔ကို မႀကိဳက္မႏွစ္သက္သည့္ ဇင္မာဦးကို မရရေအာင္ယူၿပီး ဇနီးမယားျဖစ္လာသည့္အခါ ႏွိပ္ စက္နည္းေပါင္းစံုျဖင့္ ႏွိပ္စက္ခဲ့သည့္ သ႐ုပ္ေဆာင္ ပီျပင္မႈ အ တြက္ ျမန္မာ့႐ုပ္ရွင္ေလာကတြင္ ပရိသတ္ အမုန္းဆံုးဘြဲ႕ကိုလည္း ရရွိခဲ့သည္။ ”လြန္ခဲ့တဲ့ ႏွစ္ ၂ဝေလာက္က ႐ုပ္ရွင္႐ံုမွာ ကိုယ့္ ကားတင္လို႔သြားၾကည့္တာ ကိုယ့္ ႐ုပ္ေပၚ လာတာနဲ႔ ပရိသတ္ေတြ ဆဲလိုက္ၾကတာ ရစရာမရွိဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ဂုဏ္ယူတယ္။ ကြၽန္ေတာ္ သ႐ုပ္ေဆာင္ ခ်က္ေတြ ပီျပင္လို႔ပါ”ဟု သူ႔အႏုပညာႏွင့္ ပတ္သက္ၿပီး တန္ဖိုးထားေျပာျပခဲ့သည္။႐ုပ္ရွင္ထဲတြင္ေတာ့ စိုင္းေအာင္တင့္ဆိုသည္မွာ သေဘၤာသားလည္း ဟုတ္သည္။ ကုမၸဏီပိုင္ရွင္သူေဌးႀကီး တစ္ဦးလည္း ျဖစ္ သည္။ စီး ပြားေရးမ်ားစြာကိုလုပ္ကိုင္ၿပီး စီးပြားေရးေလာကမွ ေငြေၾကးခ်မ္း သာသူတစ္ဦးလည္း ျဖစ္သည္။ သို႔ေသာ္ လက္ေတြ႔ျပင္ပတြင္ေတာ့ စိုင္းေအာင္တင့္သည္ ဘဝ သ မားျဖစ္ သည္။ ေပ်ာ္စရာေကာင္းသည့္ မိသားစုကိုပိုင္ဆိုင္ထားသည္။ ဘုရားတရားကို ကိုင္း႐ိုင္းၿပီး သာမန္အိမ္ေထာင္ဦးစီးတစ္ဦးသာ ျဖစ္သည္။

”မေကာင္းတဲ့ဇာတ္႐ုပ္ကို လုပ္လြန္းလို႔ ကံႀကီးထိုက္မွာစိုးလို႔ဘုရားတရားကို အၿမဲလုပ္တယ္။ တရားလည္းအၿမဲထိုင္ျဖစ္တယ္”ဟု သူ႔အႏုပညာ၊ ပရိသတ္အမုန္းတရား မ်ားၾကား သူယံုၾကည္ရာကို ဦးစိုင္း ေအာင္တင့္က ေျပာသည္။ သူေရြးခ်ယ္ခဲ့သည့္ အႏုပညာဇာတ္႐ုပ္အတြက္ သူစိတ္ထိခိုက္ရတတ္ေသာ္လည္း သူ႔အ တြက္ အ ေကာင္း ဆံုးေပ်ာ္ရႊင္ဖြယ္ လက္ေဆာင္တစ္ခုလည္း ရွိပါေသးသည္။ ထိုအရာကေတာ့ မိသားစုဘဝ ျဖစ္သည္။ စိုင္းေအာင္တင့္သည္ ၁၉၇၄ ခုႏွစ္ ေတာ္ လွန္ေရးေ န႔ တြင္ ေဒြး မ်က္မွန္၏ ေျမးျဖစ္သူ ေဒၚျမဥၨဴေဒြး ႏွင္႔ထိမ္းျမားလက္ထပ္ခဲ့ၿပီး သားသံုးဦးထြန္းကားခဲ့သည္။
”ဦးအမ်ိဳးသမီးနဲ႔က တကယ့္ရန္သူေတြ။ ေတြ႕ လိုက္တာနဲ႔မ်က္ႏွာေၾကာ မတည့္ၾကဘူး။ ၿငိမ္းခ်မ္းေရးယူလိုက္တဲ့ႏွစ္မွာပဲ အၾကင္လင္မယား ျဖစ္သြားၾကတယ္”ဟု သူ႔ဖူး စာ ရြာလည္ပုံကို သူက ၿပံဳးၿပံဳးရႊင္ ရႊင္ျဖင့္ ေဖာက္သည္ခ်ျပသည္။

သူ႔ဇာတ္႐ုပ္ သူ႔အႏုပညာႏွင့္ပတ္သက္ၿပီး ဇနီးမယားျဖစ္သူက ပါဝင္ပတ္သက္ကဲ့ရဲ႕ အျပစ္တင္ျခင္း တစ္ ခါမွ မရွိခဲ့သည္ကိုလည္း ဂုဏ္ယူစြာျဖင့္ ေျပာျပ ခဲ့သည္။ ”သူက ပန္းနာရင္က်ပ္ရွိတယ္။ ဦး႐ႈတင္ေတြ ကို မလိုက္ႏိုင္ဘူး။ ဒါေပမဲ့ ဦးဇာတ္႐ုပ္နဲ႔ ပတ္ သက္ၿပီး သူ က ေကာင္း ၏ ဆိုး၏မေဝဖန္သလို မလုပ္နဲ႔လို႔လည္း သူတစ္ခါမွမေျပာခဲ့ဖူးဘူး”ဟု ေျပာသည္။

အႏုပညာသမား တစ္ဦးကို နားလည္ေပးႏုိင္ရန္ ခက္တတ္ေသာ ေလာကသေဘာတြင္ သူ႔ဇနီး၏နား လည္မႈႏွင့္ ယံုၾကည္သိတတ္ေပးမႈက သူ႔အတြက္ အဖိုးတန္ရ တနာ ကဲ့သုိ႔ပင္ ျဖစ္ေနပါလိမ့္မည္။ သူ႔ အႏုပညာ ေျပာက္ေျမာက္မႈေၾကာင့္ ပရိသတ္မ်ား၏ အမုန္းကိုသာ ျပန္ရေသာ္လည္း ဇနီးႏွင့္သားသံုးဦး၏ ခ်စ္ျခင္းေမတၱာကေတာ့ သူ႔ပင္ ကိုစိတ္ႏွလံုးသား အတြက္ ေလာကထံမွ အေလ်ာ္အစားျပန္ရျခင္းလည္း ျဖစ္ႏုိင္ပါသည္။ သူမ်ားသားသမီးဇနီးမယားကို ၾကာ ကူလီလုပ္ ဖ်က္ဆီးသည့္ ဇာတ္ ႐ုပ္ႏွင့္ေ အာင္ျမင္သည့္ လူယုတ္မာႀကီးဘြဲ႕ရ ဦးစိုင္းေအာင္တင့္အတြက္လည္း ထိုအရာႏွင့္ပင္ အသက္ဆက္ေနႏုိင္ျခင္းျဖစ္ပါမည္။

”ဒီဇာတ္႐ုပ္ကို လုပ္လာတာ ပရိသတ္ေတြ မုန္း ၾကတယ္။ အဲဒီေတာ့ အမ်ိဳးမ်ိဳးက်ိန္ဆဲၾကတယ္။ ဒါ ေပမဲ့ သားပဲသံုးေယာက္ေမြးၿပီး အခုဆို ေျမးေလးေယာက္ေတာင္ရၿပီ။ ဒါေတြက ေစတနာမွန္ကန္လို႔ပါ” ဟု ဗုဒၶဘာသာဝင္တစ္ဦး၏ သက္ဝင္ယံုၾကည္ထား သည့္ တရားေတာ္အတုိင္း သူေျဖေျပာသည္။ ကင္မရာေရွ႕တြင္ေတာ့သူက လူယုတ္ မာတစ္ဦး။ ပိတ္ကားထက္တြင္လည္း သူက ေအာ့ႏွလံုးနာဖြယ္ လူဆိုး။ ထုိ႔ေၾကာင့္ပင္ ပရိသတ္မ်ားက မုန္းၾကသလို သူ႔ကိုသတိတရအားေပးေန သူဟူ၍ လည္းရွိ မည္ မ ထင္။ သို႔ေသာ္ ထိုလူယုတ္မာဘြဲ႕ရဇာတ္ပို႔တစ္ဦး၏ ေန႔စဥ္ဘဝမွတ္တမ္းတြင္ေတာ့ ပရိသတ္မ်ားက ေရွ႕ဆံုးတန္းမွ ရွိေနသည္ကို သိၾကမည္မဟုတ္ပါ။

”ဘာအလွဴပဲလုပ္လုပ္၊ ကြၽန္ေတာ္လုပ္တဲ့ အလွဴဟာ ကြၽန္ေတာ့္ပရိသတ္ေတြအလွဴနဲ႔ အတူတူပါပဲ ”ဟု ဦးစိုင္းေအာင္တင့္က သူအလွဴလုပ္ျဖစ္တိုင္း ပရိသတ္၏အလွဴဟု ရည္စူး လွဴဒါန္းတတ္သည့္ ဓေလ့ကို ထုတ္ေဖာ္ေျပာသည္။ ဝမ္းေရးရပ္တည္မႈႏွင့္ပတ္သက္၍ ေမးသည့္အခါမွာေတာ့ ”အရင္ကေတာ့ ဇာတ္ကားတစ္ကား စာနဲ႔မိ သားစု ဖူဖူလံုလံုရွိေနေပမယ့္ အခုက ကြၽန္ေတာ့္ ဝင္ေငြက အရင္ေလာက္မဖူလံုေတာ့ပါဘူး။ သားေတြ ကေတာ့ မိဘကိုလိုေလေသးမရွိထားပါတယ္” ဟု သားမ်ား၏ မိ ဘေက်း ဇူးသိတတ္ျခင္းျဖင့္ တျပန္ တလွည့္ျပဳစုေစာင့္ေရွာက္ၾကသည့္ အလိမၼာတရားကို ဂုဏ္ယူပီတိျဖစ္ေနေၾကာင္း သိသာသည့္အၿပံဳးႏွင့္ ေျဖပါသည္။
”ပရိသတ္ေတြကို တစ္ခုေမတၱာရပ္ခံခ်င္တာက ဇာတ္ဝင္ခန္းေတြကိုတစ္ဖက္ကိုပဲဆြဲၿပီး အတုမယူၾကပါနဲ႔။ ဥပမာ ကြၽန္ေတာ့္လို မုဒိမ္းေကာင္က ဇာတ္သိမ္းပိုင္းမွာ ဘာျဖစ္သြားလဲ။ ဒီလိုလုပ္ရင္ဒီလိုခံရတယ္။ ဒါကိုသိေစခ်င္တယ္။ ပရိသတ္ေတြအတုယူ မမွားေစခ်င္ဘူး” ဟု အားငယ္ရိပ္ႏွင့္ပင္ ပရိသတ္မ်ားအတြက္ စိုးရိမ္ပူပန္စိတ္ျဖင့္ သတိေပးသည္။ ဤသည္ကပင္ သူ႔ကိုမုန္း၍ သူက ခ်စ္ေသာ ပရိသတ္မ်ားအတြက္ လူၾကမ္းတစ္ဦး၏ေမတၱာဟု ဆိုနုိင္မည္ဟု ထင္ပါသည္။ ႐ိုက္ကြင္းျပန္စမည္ဟု ဒါ႐ိုက္တာက အသံျပဳေတာ့ သူသက္ျပင္းခ်ရင္း အာ႐ံုသြင္းသည့္ဟန္ျဖင့္ မ်က္ႏွာကိုေျပာင္းလိုက္သည္။ ႏူးညံ့ယဥ္ေက်းေသာ ဦးစိုင္းေအာင္တင့္မွသည္ ခ်က္ခ်င္းပင္ အဆီတဝင္းဝင္းမ်က္ႏွာ၊ ရိသဲ့သဲ့အၿပံဳးျဖင့္ မင္းသမီးအနားသို႔ထိကပါးရိကပါး ကပ္သြားသည္။

ဤအခန္း ပိတ္ကားထက္သို႔ေရာက္လာေသာအခါ ပရိသတ္မ်ားကသူ႔ကိုမုန္းၾကေလဦးမည္။ သူ႔ကိုဆဲၾက၊ ရြံရွာၾကပါလိမ့္ဦးမည္။ ထိုအရာသည္ပင္ သူ၏ ေအာင္ျမင္မႈ၊ သူ႕ အႏုပညာ၏ သိမ္းပိုက္ထားႏုိင္ မႈပင္ ျဖစ္၍ သူကေတာ့ စိတ္မေကာငး္ျခင္းတစ္ဝက္၊ ဂုဏ္ယူျခင္းတစ္ဝက္ျဖင့္ ဆက္လက္ရပ္တည္ေနဦး မည္ကေတာ့ ေသခ်ာပါသည္။ ဦး စိုင္းေအာင္တင့္ စိတ္ထိခိုက္စြာ ရင္ဖြင့္ေသာ အျဖစ္အပ်က္တစ္ခုကို ဖတ္ၿပီးေသာအခါ ေခါင္းစီး ေပးထားသည့္ေမးခြန္းကို ေျဖၾကည့္ေစခ်င္ပါသည္။ ”တစ္ခါကေပါ့ ၅၁ ကားေပၚမွာ။ အေရွ႕မွာ ထိုင္တဲ့ အမ်ိဳးသမီးက လွမ္းၿပံဳးျပလို႔ ငါ့ကိုၿပံဳးျပတာပဲ။ ျပန္မၿပံဳးျပရင္ငါ႐ိုင္းရာက်မယ္ဆိုၿပီး ျပန္ၿပံဳးျပေတာ့ ဘာျပန္ေျပာလဲဆို ႐ုပ္ရွင္ထဲကအတိုင္း ပဲ ႏွာဘူး ေကာင္ႀကီးတဲ့။ ရင္ထဲ ေတာ္ေတာ္မေကာင္းျဖစ္မိ တယ္” သင္ေကာ စိုင္းေအာင္တင့္ကိုမုန္းပါသလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ထူထူး (Popular Myanmar News Journal)

# Unicode Version ျဖင့္ ဖတ္ပါ #
စိုင်းအောင်တင့်ကို မုန်းသလား

သူ့ကို အားလုံးက ကြည့်မရ။ မိန်းကလေးများက ရွံ့မုန်းကြပြီး အမျိုးသမီးကြီးများကတော့ အမြင်ကတ်ကြသည်။ ယောကျာ်းလေးများ အချင်းချင်းသူနှင့်နှိုင်း၍ စနောက်ကြ လျှင် တူးတူးခါးခါး စိတ်ဆိုးတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ကိုအများစုက အယုတ်တမာ၊ မုဒိမ်းကောင်၊ တဏှာကောင်ဟု သတ်မှတ်ထားေ သာကြောင့်ပင်။ ယခုပင်ကြည့်။ အဆီတဝင်းဝင်း မျက်နှာထား နှင့်သမီးအရွယ်လောက်သာရှိသည့် အမျိုးသမီးကို တစ်ကိုယ်လုံးမျိုချမတတ် အောင်နိုင်သူ အပြုံးဖြင့် ကြည့်နေပုံက တ ကယ့်မုန်းတီးချင်စရာ ဖြစ်သည်။ သို့သော် ကဒ်ဟူသော အသံကြားလိုက်စဉ်မှာ တော့ သူ၏အသွင်နှင့်မျက်နှာကချက်ချင်းပင်ပြောင်းလဲသွားသည်။ ပြီးတော့ သူစော်ကားရန် ကြံခဲ့သည့် မိန်းကလေးကိုပင် သူက တလေးတစား ပြန်သင်ပေးနေသေးသည်။

”သမီး ဦးကိုအားမနာနဲ့ လက်နဲ့ထိအောင်ထိုး” သူ၏ သဏ္ဌာန်လုပ်သရုပ်တူယုတ်မာမှုသရုပ်ဆောင် ကွက်အတွက်လက်တု့ံ့ပြန်ရမည့် မင်းသမီးဖြစ်သူ၏ ဇာတ်ရုပ်ပီပြင်စေ ရန် မညှာတမ်း သူပံ့ပိုးပေးနေခြင်း ဖြစ်သည်။ ထိုအပြုအမူများကို ပိတ်ကားထက် မမြင်ရနိုင်ပါ။ သူကတော့ ဇာတ်ပို့သရုပ်ဆောင် ဦးစိုင်းအောင် တင့်ဖြစ်သည်။

”ဦးစိုင်းကို ခိုင်နှင်းဝေပြောဖူးတယ်။ ဟိုးသူ့ အဒေါ်ခေတ်ကတည်းက လုပ်လာတဲ့ ဒီကာရိုက်တာဟာ သူ့ခေတ်ရောက်သည်အထိသာမက နောက်ကလေးတွေထိအောင် လုပ်နိုင်တယ်၊ တော်တယ် ပြောတော့ ဦးစိုင်းပြန်ပြောမိတယ်။ ခိုင်နှင်းဝေရယ် ငါ့ကို အဲဒီလိုမပြောပါနဲ့ဟယ်။ ငါရှက်လွန်းလို့ပါလို့” ဟု သူကစိတ်မကောင်းဖြစ်နေ သည့် မျက်နှာကို ဘေးလွှဲကာ ပြောပြခဲ့သည်။ သူ့အသံက ဇာတ်ကားများထဲကလို နားဝင်ခါးဖွယ် လူယုတ်မာအသံမျိုး မဟုတ်။ သူ၏မူပိုင်သရုပ် ဆောင်သကဲ့သို့ ရိသဲ့သဲ့လည်း မ ဟုတ်။ ရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သူပီပီ သူ့စကားက ချိုသာသည်။ သူ့အသွင်ကယဉ်ကျေးသည်။ နူးညံ့သိမ်မွေ့သည်။ ”ဦးစိုင်းက ဒီကာရိုက် တာတွေ မှာ လူတွေမုန်းမှာ ရော လူတွေရွံမှာရောသိတယ်။ ဒါပေမဲ့ အပြင်က ဦးစိုင်းမှာတော့ အဲဒီလိုယုတ်မာတဲ့အသည်းနှလုံး မရှိ ဘူး”ဟု ဦးစိုင်းအောင်တင့်က ပြောသည်။

၁၉၅၃ ခုနှစ်တွင် ရှမ်းမျိုးနွယ်ဝင် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည့် ဦးစိုင်းအောင်တင့်သည် အသက် ၆၁ နှစ်ရှိနေပြီ ဖြစ်သည်။ ”ကျွန်တော်ရှမ်းတိုင်း ရင်းသား တစ် ဦးဖြစ် တဲ့အတွက် ရှမ်းဓလေ့ရိုးရာတွေ၊ ရှမ်းစကားတွေကို ချစ် ပြီး မြတ်နိုးတယ်”ဟု သူပြောစဉ်တွင် သူ့မျက်နှာဝယ် တိုင်းရင်းသားတို့၏ ရိုးသားဖြူစင်မှု အမှတ် အသားက အ တိုင်းသား ပေါ်နေသည်။ စိုင်းအောင်တင့်သည် အသက် ၁၇ နှစ်အရွယ် တွင်အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ပရိ သတ်များမုန်းသည့် လူယုတ်မာတစ်ဦးအသွင် ဇာတ် ရုပ်ကို အသက် ၂၁ -၂၂ အရွယ်ဝန်းကျင်တွင် စတင်ရိုက်ကူးခဲ့ပြီး ယခုချိန်ထိ ရိုက်ကူးနေဆဲ။

”ငယ်ငယ်တုန်းကတော့ ဖြစ်ချင်တာတွေ အများ ကြီးပေါ့။ တကယ်ရွေးချယ်လိုက်တဲ့အခါမှာ ဒီအနု ပညာကို ရွေးချယ်ဖြစ်လိုက်တယ်”ဟု ဦးစိုင်းက ပြောသည်။ ဖန်သားပြင် ဝယ် ယုတ်မာကောက်ကျစ်သည့် စရိုက်ကိုပေါ်လွင်အောင် သရုပ်ဆောင်နိုင်သည့် အတတ်ပညာရှိသည့် အနုပညာရှင်တစ်ဦးအဖြစ် မိမိ ကိုယ်ကိုယ် ဂုဏ်ယူခွင့် ရသော် လည်း အများ၏ချစ် ခြင်းမေတ္တာကိုတော့ မရရှိဟု သူက ညှိုးငယ်စွာပြောသည်။ ဝါသနာနှင့် သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် ကောင်းသည် ဆိုးသည်၊ မေတ္တာရှိသည် မရှိ သည် တို့ကို မတွေးအား၊ ဝါသနာပေါ်ထုဆစ်ကာ နှစ်ပေါင်း ၃၉ နှစ်တိုင်တိုင် ပရိသတ်များစွာ၏အမုန်းကို ရင်ခွင်ပိုက်ရင်း အနုပညာလမ်းကို သစ္စာရှိရှိလျှောက် လှမ်း လာ ခဲ့ခြင်း ဖြစ်သည်။

”ရှက်လည်းရှက်တယ်။ ငါလုပ်ခဲ့တာတွေက ပရိသတ်အချစ်ခံရဖို့ မဟုတ်ခဲ့ဘူး။ သူတို့မုန်းတာမဆန်းဘူးဆိုပြီး တွေးခဲ့ဖူးတယ်” ဟု ဦးစိုင်းကသိမ်ငယ်ရှက် ရွံ့နေသကဲ့သို့ တိုးတိုးညှင်းညှင်း ပြောပါသည်။ ”တစ်ခါတလေ အားငယ်မိတာပေါ့။ လူများကြားသွားရင် မလိုတဲ့မျက်လုံးတွေနဲ့ ဝိုင်းကြည့်ကြတယ်။ နာဘူးကောင် တဏှာကောင်ဆိုပြီး အ ထင်သေးတော့ ပိုပြီး စိတ်အားငယ်မိတယ်” ဟု သူဆိုတော့ အမှန်တရား ဖြစ်နေသည်မို့ မည်သို့နှစ်သိမ့်ရမည်မသိ။ ဇာတ်ကားတစ်ကားတွင် ပရိသတ်အများစု သဘော ကျ တတ်သည်က မင်းသား၊ မင်းသမီးများ သာ။ ကန့်လန့်ကာနောက်ကွယ်မှ အားဖြည့်ပေးဆပ် နေကြသည့် အမေ့လျော့ခံ၊ အပယ်ခံဇာတ်ပို့များစွာ ရှိသော်လည်း လူကြမ်း များနှင့် သူ့လိုဇာတ်ပို့များအတွက်တော့ ပရိသတ်၏အမုန်းကို အပိုဆာဒါး ဆုလာဘ်အဖြစ် ရကြသည်။ သူက ၁၉၈၈ ခုနှစ်တွင် ‘ဖွေး’ဇာတ်ကား၌ ဇင် မာဦးနှင့်အတူ သရုပ်ေ ဆာင်ခဲ့သည်။ ထိုဇာတ်ကား သည်သူ့ဘဝအတွင် အမှတ်တရအရှိဆုံးဇာတ်ကား ဖြစ်ကြောင်းလည်း ပြောပြခဲ့သည်။

သူ့ကို မကြိုက်မနှစ်သက်သည့် ဇင်မာဦးကို မရရအောင်ယူပြီး ဇနီးမယားဖြစ်လာသည့်အခါ နှိပ် စက်နည်းပေါင်းစုံဖြင့် နှိပ်စက်ခဲ့သည့် သရုပ်ဆောင် ပီပြင်မှု အ တွက် မြန်မာ့ရုပ်ရှင်လောကတွင် ပရိသတ် အမုန်းဆုံးဘွဲ့ကိုလည်း ရရှိခဲ့သည်။ ”လွန်ခဲ့တဲ့ နှစ် ၂ဝလောက်က ရုပ်ရှင်ရုံမှာ ကိုယ့် ကားတင်လို့သွားကြည့်တာ ကိုယ့် ရုပ်ပေါ် လာတာနဲ့ ပရိသတ်တွေ ဆဲလိုက်ကြတာ ရစရာမရှိဘူး။ ဒါပေမဲ့ ကျွန်တော်ဂုဏ်ယူတယ်။ ကျွန်တော် သရုပ်ဆောင် ချက်တွေ ပီပြင်လို့ပါ”ဟု သူ့အနုပညာနှင့် ပတ်သက်ပြီး တန်ဖိုးထားပြောပြခဲ့သည်။ရုပ်ရှင်ထဲတွင်တော့ စိုင်းအောင်တင့်ဆိုသည်မှာ သင်္ဘောသားလည်း ဟုတ်သည်။ ကုမ္ပဏီပိုင်ရှင်သူဌေးကြီး တစ်ဦးလည်း ဖြစ် သည်။ စီး ပွားရေးများစွာကိုလုပ်ကိုင်ပြီး စီးပွားရေးလောကမှ ငွေကြေးချမ်း သာသူတစ်ဦးလည်း ဖြစ်သည်။ သို့သော် လက်တွေ့ပြင်ပတွင်တော့ စိုင်းအောင်တင့်သည် ဘဝ သ မားဖြစ် သည်။ ပျော်စရာကောင်းသည့် မိသားစုကိုပိုင်ဆိုင်ထားသည်။ ဘုရားတရားကို ကိုင်းရိုင်းပြီး သာမန်အိမ်ထောင်ဦးစီးတစ်ဦးသာ ဖြစ်သည်။

”မကောင်းတဲ့ဇာတ်ရုပ်ကို လုပ်လွန်းလို့ ကံကြီးထိုက်မှာစိုးလို့ဘုရားတရားကို အမြဲလုပ်တယ်။ တရားလည်းအမြဲထိုင်ဖြစ်တယ်”ဟု သူ့အနုပညာ၊ ပရိသတ်အမုန်းတရား များကြား သူယုံကြည်ရာကို ဦးစိုင်း အောင်တင့်က ပြောသည်။ သူရွေးချယ်ခဲ့သည့် အနုပညာဇာတ်ရုပ်အတွက် သူစိတ်ထိခိုက်ရတတ်သော်လည်း သူ့အ တွက် အ ကောင်း ဆုံးပျော်ရွှင်ဖွယ် လက်ဆောင်တစ်ခုလည်း ရှိပါသေးသည်။ ထိုအရာကတော့ မိသားစုဘဝ ဖြစ်သည်။ စိုင်းအောင်တင့်သည် ၁၉၇၄ ခုနှစ် တော် လှန်ရေးေ န့ တွင် ဒွေး မျက်မှန်၏ မြေးဖြစ်သူ ဒေါ်မြဉ္ဇူဒွေး နှင့်ထိမ်းမြားလက်ထပ်ခဲ့ပြီး သားသုံးဦးထွန်းကားခဲ့သည်။
”ဦးအမျိုးသမီးနဲ့က တကယ့်ရန်သူတွေ။ တွေ့ လိုက်တာနဲ့မျက်နှာကြော မတည့်ကြဘူး။ ငြိမ်းချမ်းရေးယူလိုက်တဲ့နှစ်မှာပဲ အကြင်လင်မယား ဖြစ်သွားကြတယ်”ဟု သူ့ဖူး စာ ရွာလည်ပုံကို သူက ပြုံးပြုံးရွှင် ရွှင်ဖြင့် ဖောက်သည်ချပြသည်။

သူ့ဇာတ်ရုပ် သူ့အနုပညာနှင့်ပတ်သက်ပြီး ဇနီးမယားဖြစ်သူက ပါဝင်ပတ်သက်ကဲ့ရဲ့ အပြစ်တင်ခြင်း တစ် ခါမှ မရှိခဲ့သည်ကိုလည်း ဂုဏ်ယူစွာဖြင့် ပြောပြ ခဲ့သည်။ ”သူက ပန်းနာရင်ကျပ်ရှိတယ်။ ဦးရှုတင်တွေ ကို မလိုက်နိုင်ဘူး။ ဒါပေမဲ့ ဦးဇာတ်ရုပ်နဲ့ ပတ် သက်ပြီး သူ က ကောင်း ၏ ဆိုး၏မဝေဖန်သလို မလုပ်နဲ့လို့လည်း သူတစ်ခါမှမပြောခဲ့ဖူးဘူး”ဟု ပြောသည်။

အနုပညာသမား တစ်ဦးကို နားလည်ပေးနိုင်ရန် ခက်တတ်သော လောကသဘောတွင် သူ့ဇနီး၏နား လည်မှုနှင့် ယုံကြည်သိတတ်ပေးမှုက သူ့အတွက် အဖိုးတန်ရ တနာ ကဲ့သို့ပင် ဖြစ်နေပါလိမ့်မည်။ သူ့ အနုပညာ ပြောက်မြောက်မှုကြောင့် ပရိသတ်များ၏ အမုန်းကိုသာ ပြန်ရသော်လည်း ဇနီးနှင့်သားသုံးဦး၏ ချစ်ခြင်းမေတ္တာကတော့ သူ့ပင် ကိုစိတ်နှလုံးသား အတွက် လောကထံမှ အလျော်အစားပြန်ရခြင်းလည်း ဖြစ်နိုင်ပါသည်။ သူများသားသမီးဇနီးမယားကို ကြာ ကူလီလုပ် ဖျက်ဆီးသည့် ဇာတ် ရုပ်နှင့်ေ အာင်မြင်သည့် လူယုတ်မာကြီးဘွဲ့ရ ဦးစိုင်းအောင်တင့်အတွက်လည်း ထိုအရာနှင့်ပင် အသက်ဆက်နေနိုင်ခြင်းဖြစ်ပါမည်။

”ဒီဇာတ်ရုပ်ကို လုပ်လာတာ ပရိသတ်တွေ မုန်း ကြတယ်။ အဲဒီတော့ အမျိုးမျိုးကျိန်ဆဲကြတယ်။ ဒါ ပေမဲ့ သားပဲသုံးယောက်မွေးပြီး အခုဆို မြေးလေးယောက်တောင်ရပြီ။ ဒါတွေက စေတနာမှန်ကန်လို့ပါ” ဟု ဗုဒ္ဓဘာသာဝင်တစ်ဦး၏ သက်ဝင်ယုံကြည်ထား သည့် တရားတော်အတိုင်း သူဖြေပြောသည်။ ကင်မရာရှေ့တွင်တော့သူက လူယုတ် မာတစ်ဦး။ ပိတ်ကားထက်တွင်လည်း သူက အော့နှလုံးနာဖွယ် လူဆိုး။ ထို့ကြောင့်ပင် ပရိသတ်များက မုန်းကြသလို သူ့ကိုသတိတရအားပေးနေ သူဟူ၍ လည်းရှိ မည် မ ထင်။ သို့သော် ထိုလူယုတ်မာဘွဲ့ရဇာတ်ပို့တစ်ဦး၏ နေ့စဉ်ဘဝမှတ်တမ်းတွင်တော့ ပရိသတ်များက ရှေ့ဆုံးတန်းမှ ရှိနေသည်ကို သိကြမည်မဟုတ်ပါ။

”ဘာအလှူပဲလုပ်လုပ်၊ ကျွန်တော်လုပ်တဲ့ အလှူဟာ ကျွန်တော့်ပရိသတ်တွေအလှူနဲ့ အတူတူပါပဲ ”ဟု ဦးစိုင်းအောင်တင့်က သူအလှူလုပ်ဖြစ်တိုင်း ပရိသတ်၏အလှူဟု ရည်စူး လှူဒါန်းတတ်သည့် ဓလေ့ကို ထုတ်ဖော်ပြောသည်။ ဝမ်းရေးရပ်တည်မှုနှင့်ပတ်သက်၍ မေးသည့်အခါမှာတော့ ”အရင်ကတော့ ဇာတ်ကားတစ်ကား စာနဲ့မိ သားစု ဖူဖူလုံလုံရှိနေပေမယ့် အခုက ကျွန်တော့် ဝင်ငွေက အရင်လောက်မဖူလုံတော့ပါဘူး။ သားတွေ ကတော့ မိဘကိုလိုလေသေးမရှိထားပါတယ်” ဟု သားများ၏ မိ ဘကျေး ဇူးသိတတ်ခြင်းဖြင့် တပြန် တလှည့်ပြုစုစောင့်ရှောက်ကြသည့် အလိမ္မာတရားကို ဂုဏ်ယူပီတိဖြစ်နေကြောင်း သိသာသည့်အပြုံးနှင့် ဖြေပါသည်။
”ပရိသတ်တွေကို တစ်ခုမေတ္တာရပ်ခံချင်တာက ဇာတ်ဝင်ခန်းတွေကိုတစ်ဖက်ကိုပဲဆွဲပြီး အတုမယူကြပါနဲ့။ ဥပမာ ကျွန်တော့်လို မုဒိမ်းကောင်က ဇာတ်သိမ်းပိုင်းမှာ ဘာဖြစ်သွားလဲ။ ဒီလိုလုပ်ရင်ဒီလိုခံရတယ်။ ဒါကိုသိစေချင်တယ်။ ပရိသတ်တွေအတုယူ မမှားစေချင်ဘူး” ဟု အားငယ်ရိပ်နှင့်ပင် ပရိသတ်များအတွက် စိုးရိမ်ပူပန်စိတ်ဖြင့် သတိပေးသည်။ ဤသည်ကပင် သူ့ကိုမုန်း၍ သူက ချစ်သော ပရိသတ်များအတွက် လူကြမ်းတစ်ဦး၏မေတ္တာဟု ဆိုနိုင်မည်ဟု ထင်ပါသည်။ ရိုက်ကွင်းပြန်စမည်ဟု ဒါရိုက်တာက အသံပြုတော့ သူသက်ပြင်းချရင်း အာရုံသွင်းသည့်ဟန်ဖြင့် မျက်နှာကိုပြောင်းလိုက်သည်။ နူးညံ့ယဉ်ကျေးသော ဦးစိုင်းအောင်တင့်မှသည် ချက်ချင်းပင် အဆီတဝင်းဝင်းမျက်နှာ၊ ရိသဲ့သဲ့အပြုံးဖြင့် မင်းသမီးအနားသို့ထိကပါးရိကပါး ကပ်သွားသည်။

ဤအခန်း ပိတ်ကားထက်သို့ရောက်လာသောအခါ ပရိသတ်များကသူ့ကိုမုန်းကြလေဦးမည်။ သူ့ကိုဆဲကြ၊ ရွံရှာကြပါလိမ့်ဦးမည်။ ထိုအရာသည်ပင် သူ၏ အောင်မြင်မှု၊ သူ့ အနုပညာ၏ သိမ်းပိုက်ထားနိုင် မှုပင် ဖြစ်၍ သူကတော့ စိတ်မကောင်းခြင်းတစ်ဝက်၊ ဂုဏ်ယူခြင်းတစ်ဝက်ဖြင့် ဆက်လက်ရပ်တည်နေဦး မည်ကတော့ သေချာပါသည်။ ဦး စိုင်းအောင်တင့် စိတ်ထိခိုက်စွာ ရင်ဖွင့်သော အဖြစ်အပျက်တစ်ခုကို ဖတ်ပြီးသောအခါ ခေါင်းစီး ပေးထားသည့်မေးခွန်းကို ဖြေကြည့်စေချင်ပါသည်။ ”တစ်ခါကပေါ့ ၅၁ ကားပေါ်မှာ။ အရှေ့မှာ ထိုင်တဲ့ အမျိုးသမီးက လှမ်းပြုံးပြလို့ ငါ့ကိုပြုံးပြတာပဲ။ ပြန်မပြုံးပြရင်ငါရိုင်းရာကျမယ်ဆိုပြီး ပြန်ပြုံးပြတော့ ဘာပြန်ပြောလဲဆို ရုပ်ရှင်ထဲကအတိုင်း ပဲ နှာဘူး ကောင်ကြီးတဲ့။ ရင်ထဲ တော်တော်မကောင်းဖြစ်မိ တယ်” သင်ကော စိုင်းအောင်တင့်ကိုမုန်းပါသလား။

ဖိုးသူတော် (www.phothutaw.com)
Credit: ထူထူး (Popular Myanmar News Journal)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top