မိန္းကေလးအမ်ားစုက ေျခသလံုး၊ လက္ေမာင္းအစရွိတဲ့ ေနရာေတြေပၚက အေမႊးအမွ်င္မ်ားကို waxing ျပဳလုပ္ၿပီး ဖယ္ရွားၾကပါတယ္။ waxing ျပဳလုပ္တာဟာ အေမႊးအမွ်င္ၾကမ္းမ်ာ ျပန္လည္ ထြက္မေပၚလာေအာင္ ဟန္႔တား ေပးႏုိင္တဲ့အတြက္ အသံုးျပဳသူမ်ားျပားတဲ့ နည္းလမ္း တစ္ရပ္ပါပဲ။ ဒါေပမယ့္ waxing ျပဳလုပ္ၿပီးရင္ အသားအေရ ထိန္းသိမ္းမႈေတြ ေသခ်ာျပဳလုပ္ သင့္ပါတယ္။ ဒီလိုမဟုတ္ရင္ အေရျပားယားယံျခင္း၊ ဝက္ၿခံ၊ အဖုအပိန္႔မ်ား ထြက္ေပၚလာျခင္းနဲ႔ အသားအေရ နီျမန္းနာက်င္ျခင္းမ်ိဳး ႀကံဳေတြ႔ရတတ္ပါတယ္။ ဒါ့ေၾကာင့္ မၾကာခဏ waxing လုပ္တဲ့  သူေတြအေနနဲ႔ အေရျပားျပႆနာျဖစ္ျခင္း ကင္းေဝးရေလေအာင္ အခုေဖာ္ျပေပးမယ့္ အခ်က္ေတြကို လိုက္နာသင့္ ပါတယ္။

waxing မျပဳလုပ္ခင္ အသားအေရသန္႔ရွင္းၾကည္လင္မႈရွိေနပါေစ

Waxing ျပဳလုပ္ေတာ့မယ္ဆိုရင္ ကိုုယ့္ရဲ႕အသားအေရ သန္႔ရွင္းမႈ၊ တစ္ကိုယ္ရည္သန္႔ရွင္းမႈကို အရင္ဆံုးျပဳလုပ္သင့္ပါတယ္။ ဒါမွ ပိုးမႊားမ်ားဝင္ေရာက္ၿပီး အသားအေရနီျမန္းတာမ်ိဳး မျဖစ္ေတာ့ပါဘူး။ အေကာင္းဆံုးကေတာ့ waxing မျပဳလုပ္ခင္မွာ cleaser အေပ်ာ့စားနဲ႔ အသားအေရကို cleansing လုပ္ၿပီး ေရခဲတံုးနဲ႔ ၁၀မိနစ္ခန္႔ ပြတ္တုိက္သန္႔စင္ေပးပါ။ အေရျပားေပၚမွာ ကပ္ၿငိေနတဲ့ ပိုးမႊားမ်ားနဲ႔ ဆဲလ္ေသမ်ားကို ဖယ္ရွားသန္႔စင္လိုက္တဲ့အတြက္ waxing လုပ္ၿပီးတဲ့အခါ အေရျပားယားယံျခင္းနဲ႔ အဖုအပိန္႔မ်ား ထြက္ျခင္း ကင္းေဝးမွာပါ။

အသားအေရနီျမန္းျခင္းနဲ႔ အဖုအပိန္႔ထြက္ျခင္းအတြက္ အိမ္တြင္းကုထံုး

အမ်ားစုကေတာ့ waxing ျပဳလုပ္အၿပီးမွာ အေရျပားေပၚ အဖုအပိန႔္ထြက္ၿပီး နီျမန္းလာတတ္ပါတယ္။ ဒါကို

ကုသဖို႔အတြက္ ရွားေစာင္းလက္ပတ္က ကူညီေပးပါလိမ့္မယ္။ ရွားေစာင္းလက္ပတ္ရဲ႕ ေအးျမတဲ့ ခံစားခ်က္က နာက်င္မႈကိုလည္း သက္သာေစသလို အသားအေရနီျမန္းတာအတြက္လည္း ကုသေပးႏုိင္ပါတယ္။ ရွားေစာင္းလက္ပတ္အတြင္းသာကို ဓားနဲ႔ အလႊာလိုက္လွီးၿပီး နာက်င္နီျမန္းေနတဲ့ အေရျပားေပၚ ၁၀မိနစ္ ၁၅မိနစ္ခန္႔ အုပ္ထားေပးမယ္ဆိုရင္ ထူးျခားမႈကို ေတြ႔ျမင္ရမွာပါ။

waxing ျပဳလုပ္အၿပီး အသားအေရထိန္းသိမ္းမႈ ျပဳလုပ္နည္း

(၁) waxing ျပဳလုပ္ၿပီးၿပီိဆိုတာနဲ႔ သိပ္ၿပီးမျပင္းလြန္းတဲ့ cleanser ေလးနဲ႔ အေရျပားေပၚကို ညင္သာစြာ သန္႔စင္ေပးၿပီးမွ ေရေလးနဲ႔ ေဆးခ်လိုက္ပါ။ အထူးသတိထားရမွာကေတာ့ ကိုယ္တိုက္ဆပ္ျပာ၊ ဓာတုပစၥည္းမ်ားစြာ ပါဝင္တဲ့ ဆပ္ျပာနဲ႔ ပြတ္တိုက္ေဆးေၾကာသန္႔စင္တာမ်ိဳး မျပဳလုပ္သင့္ပါဘူး။

(၂) waxing ျပဳလုပ္ထားတဲ့ေနရာကို ဖုန္၊ အညစ္အေၾကးမ်ား ကပ္ၿငိမႈမရွိရေလေအာင္ တစ္ခုခုနဲ႔ ဖံုးအုပ္ထားသင့္ပါတယ္။ ဥပမာအားျဖင့္ အက်ီၤလက္ရွည္၊ ေဘာင္းဘီရွည္ဝတ္တာမ်ိဳး ျပဳလုပ္သင့္ပါတယ္။

(၃) waxing ျပဳလုပ္ထားတဲ့အတြက္ အသားအေရေျခာက္ေသြ႔ေနတတ္ပါတယ္။ အသားအေရေျခာက္ေသြ႔ျခင္းက ယားယံျခင္းနဲ႔ အေရျပားျပႆနာကို ပိုမိုျဖစ္ေပၚေစႏုိင္တဲ့အတြက္ အစိုဓာတ္ထိန္းဖို႔ လိုပါတယ္။ ပူျပင္းတဲ့ေနရာေတြကို သြားတာေရွာင္ၾကဥ္သင့္ၿပီး moisturizer လိမ္းေပးဖို႔ မေမ့ပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးအများစုက ခြေသလုံး၊ လက်မောင်းအစရှိတဲ့ နေရာတွေပေါ်က အမွှေးအမျှင်များကို waxing ပြုလုပ်ပြီး ဖယ်ရှားကြပါတယ်။ waxing ပြုလုပ်တာဟာ အမွှေးအမျှင်ကြမ်းမျာ ပြန်လည် ထွက်မပေါ်လာအောင် ဟန့်တား ပေးနိုင်တဲ့အတွက် အသုံးပြုသူများပြားတဲ့ နည်းလမ်း တစ်ရပ်ပါပဲ။ ဒါပေမယ့် waxing ပြုလုပ်ပြီးရင် အသားအရေ ထိန်းသိမ်းမှုတွေ သေချာပြုလုပ် သင့်ပါတယ်။ ဒီလိုမဟုတ်ရင် အရေပြားယားယံခြင်း၊ ဝက်ခြံ၊ အဖုအပိန့်များ ထွက်ပေါ်လာခြင်းနဲ့ အသားအရေ နီမြန်းနာကျင်ခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် မကြာခဏ waxing လုပ်တဲ့  သူတွေအနေနဲ့ အရေပြားပြဿနာဖြစ်ခြင်း ကင်းဝေးရလေအောင် အခုဖော်ပြပေးမယ့် အချက်တွေကို လိုက်နာသင့် ပါတယ်။

waxing မပြုလုပ်ခင် အသားအရေသန့်ရှင်းကြည်လင်မှုရှိနေပါစေ

Waxing ပြုလုပ်တော့မယ်ဆိုရင် ကိုုယ့်ရဲ့အသားအရေ သန့်ရှင်းမှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အရင်ဆုံးပြုလုပ်သင့်ပါတယ်။ ဒါမှ ပိုးမွှားများဝင်ရောက်ပြီး အသားအရေနီမြန်းတာမျိုး မဖြစ်တော့ပါဘူး။ အကောင်းဆုံးကတော့ waxing မပြုလုပ်ခင်မှာ cleaser အပျော့စားနဲ့ အသားအရေကို cleansing လုပ်ပြီး ရေခဲတုံးနဲ့ ၁၀မိနစ်ခန့် ပွတ်တိုက်သန့်စင်ပေးပါ။ အရေပြားပေါ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားများနဲ့ ဆဲလ်သေများကို ဖယ်ရှားသန့်စင်လိုက်တဲ့အတွက် waxing လုပ်ပြီးတဲ့အခါ အရေပြားယားယံခြင်းနဲ့ အဖုအပိန့်များ ထွက်ခြင်း ကင်းဝေးမှာပါ။

အသားအရေနီမြန်းခြင်းနဲ့ အဖုအပိန့်ထွက်ခြင်းအတွက် အိမ်တွင်းကုထုံး

အများစုကတော့ waxing ပြုလုပ်အပြီးမှာ အရေပြားပေါ် အဖုအပိန့်ထွက်ပြီး နီမြန်းလာတတ်ပါတယ်။ ဒါကို

ကုသဖို့အတွက် ရှားစောင်းလက်ပတ်က ကူညီပေးပါလိမ့်မယ်။ ရှားစောင်းလက်ပတ်ရဲ့ အေးမြတဲ့ ခံစားချက်က နာကျင်မှုကိုလည်း သက်သာစေသလို အသားအရေနီမြန်းတာအတွက်လည်း ကုသပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်အတွင်းသာကို ဓားနဲ့ အလွှာလိုက်လှီးပြီး နာကျင်နီမြန်းနေတဲ့ အရေပြားပေါ် ၁၀မိနစ် ၁၅မိနစ်ခန့် အုပ်ထားပေးမယ်ဆိုရင် ထူးခြားမှုကို တွေ့မြင်ရမှာပါ။

waxing ပြုလုပ်အပြီး အသားအရေထိန်းသိမ်းမှု ပြုလုပ်နည်း

(၁) waxing ပြုလုပ်ပြီးပြီဆိုတာနဲ့ သိပ်ပြီးမပြင်းလွန်းတဲ့ cleanser လေးနဲ့ အရေပြားပေါ်ကို ညင်သာစွာ သန့်စင်ပေးပြီးမှ ရေလေးနဲ့ ဆေးချလိုက်ပါ။ အထူးသတိထားရမှာကတော့ ကိုယ်တိုက်ဆပ်ပြာ၊ ဓာတုပစ္စည်းများစွာ ပါဝင်တဲ့ ဆပ်ပြာနဲ့ ပွတ်တိုက်ဆေးကြောသန့်စင်တာမျိုး မပြုလုပ်သင့်ပါဘူး။

(၂) waxing ပြုလုပ်ထားတဲ့နေရာကို ဖုန်၊ အညစ်အကြေးများ ကပ်ငြိမှုမရှိရလေအောင် တစ်ခုခုနဲ့ ဖုံးအုပ်ထားသင့်ပါတယ်။ ဥပမာအားဖြင့် အကျီၤလက်ရှည်၊ ဘောင်းဘီရှည်ဝတ်တာမျိုး ပြုလုပ်သင့်ပါတယ်။

(၃) waxing ပြုလုပ်ထားတဲ့အတွက် အသားအရေခြောက်သွေ့နေတတ်ပါတယ်။ အသားအရေခြောက်သွေ့ခြင်းက ယားယံခြင်းနဲ့ အရေပြားပြဿနာကို ပိုမိုဖြစ်ပေါ်စေနိုင်တဲ့အတွက် အစိုဓာတ်ထိန်းဖို့ လိုပါတယ်။ ပူပြင်းတဲ့နေရာတွေကို သွားတာရှောင်ကြဉ်သင့်ပြီး moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top