ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အတူေနခ်စ္သူနဲ႔ တြဲလာခဲ့တာအေတာ္ၾကာခဲ့ၿပီးမွ ခ်စ္သူဟာ ေယာက္်ားမဟုတ္ပဲ မိန္းကေလးျဖစ္ေနမွန္း သိလိုက္ရတဲ့ ျဖစ္ရပ္ တရုတ္ႏိုင္ငံမွာျဖစ္ပြားခဲ့ပါတယ္။ခ်စ္သူက ရုတ္တရက္ႀကီး အေၾကာင္းျပခ်က္မရွိ အဆက္ျဖတ္သြားတာကို ခံလိုက္ ရတဲ့ အမ်ိဳးသမီးဟာ အေၾကာင္းအရင္းကို သိခ်င္လို႔ စံုစမ္းရင္း ေနာက္ပိုင္းက်မွ သူမခ်စ္သူရဲ႕ ဘ၀အမွန္ကို သိလိုက္ရတာပါ။ဒီအေၾကာင္းကိုေတာ႔Nanguo Metropolis Daily မွာေဖာ္ျပထားတာပါ။Wang Qi ဆိုတဲ့ အမ်ိဳးသ မီး ဟာ အိမ္ေ ထာင္ ကြာရွင္းထားတဲ့ ကေလးတစ္ေယာက္အေမ ျဖစ္ၿပီး   Zhejiang ျပည္နယ္မွာ ေနထိုင္သူပါ။ သူမဟာ (၂၀၁၆) ေလာက္တုန္းက အြန္လိုင္းကေန လူတစ္ေယာက္နဲ႔ ဆံုေတြ႔ခဲ့ပါတယ္။

သူ႔နာမည္ကေတာ႔ Qian ပါ။သူတုိ႔ႏွစ္ဦးဟာ (၂၀၁၆) ဇြန္မွာေတာ႔ စၿပီးဒိတ္လုပ္ခဲ့ၾကပါတယ္။Qian က Wang ကို Haikou မွာရွိတဲ့ သူ႔ရဲ႕အိမ္ကို ေခၚသြားၿပီး မိဘ ေတြန႔ဲလည္းမိတ္ဆက္ေပးခဲ့ပါတယ္။ဒီလို အျပဳအမႈေတြေၾကာင့္လည္း Wang တစ္ေယာက္ အခ်ိန္ တိုေလး အတြင္း ေၾကြသြားခဲ့ပံုရပါတယ္။တျဖည္းျဖည္းနဲ႔ သူတုိ႔ဆက္ဆံေရး ပိုမုိခိုင္ၿမဲ လာၿပီး အတူေနခ်စ္သူအဆင့္ထိ ေရာက္ခဲ့ကာ (၆)လေလာက္ အတူ ေန ခဲ့ၾကပါတယ္။ဒါေပမယ့္ (၂၀၁၇) ႏို၀င္ဘာ မွာေတာ႔ Qian ကရုတ္တရက္ႀကီး ေပ်ာက္ၿပီး အဆက္ျဖတ္သြားခဲ့ပါတယ္။ ဖုန္း မကိုင္၊WeChat  အေကာင့္နာမည္ ပါေျပာင္းပီး ေရွာင္ေနခဲ့တာပါ။ခ်စ္သူက ရုတ္တရက္ႀကီး ေျပာင္းလဲ သြားတဲ့ ေနာက္ထပ္ မိန္းကေလးအသစ္မ်ား ရေန တာလား၊သူမေငြ ယြမ္(၃)သိနး္ကို ယူသံုးၿပီး ေျခရာေဖ်ာက္သြားတာလား Wang က ထင္ခဲ့ပါေသးတယ္။ေနာက္ဆံုး မွာေ တာ႔ ရုတ္ တရက္ႀကီး အေၾကာင္း ျပခ်က္ မရွိေပ်ာက္ သြားတဲ့ ခ်စ္သူကို ရွာဖုိ႔ ႀကိဳးစားခဲ့ပါတယ္။

အဲ့ဒီမွာပဲ သူမ ဘယ္လိုမွ ေမွ်ာ္လင့္မထားတဲ့ အရာတစ္ခုကို သိလိုက္ရပါတယ္။သူမခ်စ္သူရဲ႕ ID ကဒ္မွာ ေတာ႔  Gender (က်ား၊မ)ေနရာမွာ မိန္းကေလးဆိုၿပီး ေဖာ္ျပထားတာကို ေတြ႔လိုက္ရပါတယ္။ Qian က မိန္းကေလး လို႔ ဘယ္္လိုမွ ထင္ရက္စရာမရွိေၾကာင္း၊ရင္္ဘတ္က လည္း ေယာက္်ားရင္ဘတ္ျဖစ္ၿပီး၊အမ်ားသံုးေရခ်ိဳးခန္းမွာဆုိရင္လည္း က်ား ေရခ်ိဳးခန္းကိုပဲ အသံုးျပဳသူပါလုိ႔ Wang က ေျပာပါတယ္။အိပ္ယာေပၚမွာဆိုရင္လည္း သူမအေပၚ မွာ ၾကင္နာ ယုယစြာဆက္ဆံတတ္ေၾကာင္း၊ဒါေပမယ့္ သူတို႔ႏွစ္ဦးၾကားမွာ Sex ကိစၥလြန္က်ဴးတာမ်ိဳးေတာ႔ မရွိေသးေၾကာင္း၊ ဒီကိစၥ ကိုေတာ႔ လက္ထပ္ေတာ႔မွ ခြင့္ျပဳေပးမယ္လုိ႔ ႏွစ္ဦးသေဘာတူ ထားခဲ့တယ္လုိ႔  Wang က ရွင္းျပခဲ့ပါတယ္။ Wang တစ္ေယာက္ Qian ရဲ႕ မိဘေတြဆီကို ခ်စ္သူေပ်ာက္ရွာဖို႔သြားခဲ့ပါတယ္။Qian ရဲ႕အေဖ Qian  ဟာ သူတို႔ရဲ႕ တစ္ဦး တည္္းေသာ သမီးေလး ျဖစ္ေၾကာ င္း၊“tomboy” ျဖစ္ခ်င္ခဲ့သူပါလုိ႔ ေျပာခဲ့ပါတယ္။ေယာက္်ားေလးအ၀တ္ အစားေတြ ကို အၿမဲ၀တ္ၿပီး ေယာက္်ား ပံုစံပဲ ေနတတ္သူလို႔ ေျပာခဲ့ပါတယ္။

ခ်စ္သူကို ေယာက္်ားေလး ထင္မိေပမယ့္ မိန္းကေလးျဖစ္ေနတာမ်ိဳး၊မိန္းကေလးထင္ေပမယ့္ တကယ္္က လိင္ေျပာင္း ထားတ့ဲ ေယာက္်ားေလး ျဖစ္ေနတာမ်ိဳး အစရွိတဲ့ အလားတူ ကိစၥမ်ိဳးေတြ မၾကာခဏ ျဖစ္ပြားလာတာကို ေတြ႔ရပါ တယ္။ (၂၀၁၆) တုန္းကလည္း Henan ျပည္နယ္မွာ အလားတူ ျဖစ္ရပ္မ်ိဳး ျဖစ္ခဲ့ပါေသးတယ္။အဲ့ဒီျဖစ္ရပ္မွာေတာ႔ အမ်ိဳးသား တစ္ဦးက သူ႔ရဲ႕ သတုိ႔သမီး ဟာ တကယ္က မိန္းကေလးမဟုတ္ပဲ ေယာက္်ားျဖစ္ေနခဲ့တာကို သိလိုက္ရတာပါ။ လက္ထပ္ၿပီး (၃)ရက္အၾကာမွာေတာ႔ တန္ဖိုးႀကီး ပစၥည္းေတြကို ယူၿပီး ေပ်ာက္ကြယ္သြားခဲ့တာပါ။

from@ Shanghaiist

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
အတူနေချစ်သူနဲ့ တွဲလာခဲ့တာအတော်ကြာခဲ့ပြီးမှ ချစ်သူဟာ ယောက်ျားမဟုတ်ပဲ မိန်းကလေးဖြစ်နေမှန်း သိလိုက်ရတဲ့ ဖြစ်ရပ် တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်။ချစ်သူက ရုတ်တရက်ကြီး အကြောင်းပြချက်မရှိ အဆက်ဖြတ်သွားတာကို ခံလိုက် ရတဲ့ အမျိုးသမီးဟာ အကြောင်းအရင်းကို သိချင်လို့ စုံစမ်းရင်း နောက်ပိုင်းကျမှ သူမချစ်သူရဲ့ ဘဝအမှန်ကို သိလိုက်ရတာပါ။ဒီအကြောင်းကိုတော့Nanguo Metropolis Daily မှာဖော်ပြထားတာပါ။Wang Qi ဆိုတဲ့ အမျိုးသ မီး ဟာ အိမ်ေ ထာင် ကွာရှင်းထားတဲ့ ကလေးတစ်ယောက်အမေ ဖြစ်ပြီး   Zhejiang ပြည်နယ်မှာ နေထိုင်သူပါ။ သူမဟာ (၂၀၁၆) လောက်တုန်းက အွန်လိုင်းကနေ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။

သူ့နာမည်ကတော့ Qian ပါ။သူတို့နှစ်ဦးဟာ (၂၀၁၆) ဇွန်မှာတော့ စပြီးဒိတ်လုပ်ခဲ့ကြပါတယ်။Qian က Wang ကို Haikou မှာရှိတဲ့ သူ့ရဲ့အိမ်ကို ခေါ်သွားပြီး မိဘ တွေနဲ့လည်းမိတ်ဆက်ပေးခဲ့ပါတယ်။ဒီလို အပြုအမှုတွေကြောင့်လည်း Wang တစ်ယောက် အချိန် တိုလေး အတွင်း ကြွေသွားခဲ့ပုံရပါတယ်။တဖြည်းဖြည်းနဲ့ သူတို့ဆက်ဆံရေး ပိုမိုခိုင်မြဲ လာပြီး အတူနေချစ်သူအဆင့်ထိ ရောက်ခဲ့ကာ (၆)လလောက် အတူ နေ ခဲ့ကြပါတယ်။ဒါပေမယ့် (၂၀၁၇) နိုဝင်ဘာ မှာတော့ Qian ကရုတ်တရက်ကြီး ပျောက်ပြီး အဆက်ဖြတ်သွားခဲ့ပါတယ်။ ဖုန်း မကိုင်၊WeChat  အကောင့်နာမည် ပါပြောင်းပီး ရှောင်နေခဲ့တာပါ။ချစ်သူက ရုတ်တရက်ကြီး ပြောင်းလဲ သွားတဲ့ နောက်ထပ် မိန်းကလေးအသစ်များ ရနေ တာလား၊သူမငွေ ယွမ်(၃)သိန်းကို ယူသုံးပြီး ခြေရာဖျောက်သွားတာလား Wang က ထင်ခဲ့ပါသေးတယ်။နောက်ဆုံး မှာေ တာ့ ရုတ် တရက်ကြီး အကြောင်း ပြချက် မရှိပျောက် သွားတဲ့ ချစ်သူကို ရှာဖို့ ကြိုးစားခဲ့ပါတယ်။

အဲ့ဒီမှာပဲ သူမ ဘယ်လိုမှ မျှော်လင့်မထားတဲ့ အရာတစ်ခုကို သိလိုက်ရပါတယ်။သူမချစ်သူရဲ့ ID ကဒ်မှာ တော့  Gender (ကျား၊မ)နေရာမှာ မိန်းကလေးဆိုပြီး ဖော်ပြထားတာကို တွေ့လိုက်ရပါတယ်။ Qian က မိန်းကလေး လို့ ဘယ်လိုမှ ထင်ရက်စရာမရှိကြောင်း၊ရင်ဘတ်က လည်း ယောက်ျားရင်ဘတ်ဖြစ်ပြီး၊အများသုံးရေချိုးခန်းမှာဆိုရင်လည်း ကျား ရေချိုးခန်းကိုပဲ အသုံးပြုသူပါလို့ Wang က ပြောပါတယ်။အိပ်ယာပေါ်မှာဆိုရင်လည်း သူမအပေါ် မှာ ကြင်နာ ယုယစွာဆက်ဆံတတ်ကြောင်း၊ဒါပေမယ့် သူတို့နှစ်ဦးကြားမှာ Sex ကိစ္စလွန်ကျူးတာမျိုးတော့ မရှိသေးကြောင်း၊ ဒီကိစ္စ ကိုတော့ လက်ထပ်တော့မှ ခွင့်ပြုပေးမယ်လို့ နှစ်ဦးသဘောတူ ထားခဲ့တယ်လို့  Wang က ရှင်းပြခဲ့ပါတယ်။ Wang တစ်ယောက် Qian ရဲ့ မိဘတွေဆီကို ချစ်သူပျောက်ရှာဖို့သွားခဲ့ပါတယ်။Qian ရဲ့အဖေ Qian  ဟာ သူတို့ရဲ့ တစ်ဦး တည်းသော သမီးလေး ဖြစ်ကြော င်း၊“tomboy” ဖြစ်ချင်ခဲ့သူပါလို့ ပြောခဲ့ပါတယ်။ယောက်ျားလေးအဝတ် အစားတွေ ကို အမြဲဝတ်ပြီး ယောက်ျား ပုံစံပဲ နေတတ်သူလို့ ပြောခဲ့ပါတယ်။

ချစ်သူကို ယောက်ျားလေး ထင်မိပေမယ့် မိန်းကလေးဖြစ်နေတာမျိုး၊မိန်းကလေးထင်ပေမယ့် တကယ်က လိင်ပြောင်း ထားတဲ့ ယောက်ျားလေး ဖြစ်နေတာမျိုး အစရှိတဲ့ အလားတူ ကိစ္စမျိုးတွေ မကြာခဏ ဖြစ်ပွားလာတာကို တွေ့ရပါ တယ်။ (၂၀၁၆) တုန်းကလည်း Henan ပြည်နယ်မှာ အလားတူ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီဖြစ်ရပ်မှာတော့ အမျိုးသား တစ်ဦးက သူ့ရဲ့ သတို့သမီး ဟာ တကယ်က မိန်းကလေးမဟုတ်ပဲ ယောက်ျားဖြစ်နေခဲ့တာကို သိလိုက်ရတာပါ။ လက်ထပ်ပြီး (၃)ရက်အကြာမှာတော့ တန်ဖိုးကြီး ပစ္စည်းတွေကို ယူပြီး ပျောက်ကွယ်သွားခဲ့တာပါ။

from@ Shanghaiist

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top