မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×



"Loving him was red ❤️❤️❤️❤️❤️        






Photosး ရွှေမှုံရတီ
Credit: Duwun

#Unicode Version#
လွန်ခဲ့တဲ့ ၂ လက ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ စနောက်ခဲ့ဖူးတဲ့ ရွှေမှုံရတီက အခုလည်း Single ဖြစ်သွားပြီလို့ ဆိုနေပြန်ပါပြီ။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ရောက်နေတဲ့ ရွှေမှုံရတီဟာ

"Loving him was red ❤️❤️❤️❤️❤️       

By the way I'm single now" လို့  ဇန်နဝါရီလ ၇ ရက်က ရေးသားပြီး ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းကတော့ သူမဟာ "We break up" လို့ ရေးသားခဲ့တာ ဖြစ်ကာ နောက်တစ်နေ့မှာတော့ နောက်လိုက်တာလို့ သူမက ပြန်ပြောခဲ့ပါတယ်။

အဲဒီတုန်းကတော့ တော်တော်လေး ဂယက်ရိုက်သွားခဲ့ပါသေးတယ်။ ဒီတစ်ခါတော့  အားလုံးက နောက်နေတယ်လို့ပဲ ယူဆထားကြပါတယ်။

ရွှေမှုံရတီက မတ်လ(၂၅)ရက်နေ့က ချစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ပြီး သူမရဲ့ချစ်သူကို ပရိသတ်ကို ပြသခဲ့ကာ မတ်လ ၂၇ ရက်နေ့မှာတော့ Live လွှင့်ကာ မောင်လို့ သူမ အမြတ်တနိုးခေါ်တဲ့ ချစ်သူကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ ရွှေမှုံဟာ ချစ်သူနဲ့တွဲလျက် ဓာတ်ပုံတွေတင်တာ သိပ်တွေ့ရလေ့တော့ မရှိခဲ့ပေမဲ့ တို့ရဲ့အချစ်ရေးက အဆင်ပြေပြေပဲ ရှိနေခဲ့တယ်လို့ အားလုံးက ယူဆထားကြပါတယ်။

Photos း ရွှေမှုံရတီ

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top