စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×

# ZawGyiဖြင့်ဖတ်ရန် #


လူသားရဲ့ ဥာဏ်ရည်အတိုင်း တုံ့ပြန်ဖြေကြားမှုတွေပါ လုပ်လာနိုင်တဲ့ AI တွေ ပေါ်လာတဲ့ နှစ်က မကြာသေးမယ့် လူတွေရဲ့ နေရာကိုပါ အစားထိုးဝင်လာတာတွေရှိနေပါတယ်။စက်တွေနဲ့ AI မှတ်ဥာဏ်ပေါင်းစပ်လိုက်မှုဟာ လူသားကမ္ဘာအတွက် တချိန်မှာ စိုးရိမ်လာနိုင်ဖွယ်တွေရှိနေတာဖြစ်ပြီး အခုလဲ ဆယ်လီတွေကို ခြိမိးခြောက်လိုက်တာဖြစ်ပါတယ်။





လက်ရှိမှာတော့ Emma Watson, Daisy Ridley, နဲ့ Jessica Alba တို့ရဲ့ မျက်နှာတွေ သုံးပြီး AI မှတ်ဥာဏ်နဲ့ ပေါင်းစပ်ကာ နမူနာ Porn ဗီဒီယို ထုတ်ထားပြီးပြီလို့ ဆိုပါတယ်။

Credit: Cantwait2say
# Unicodeဖြင့်ဖတ်ရန် #
အမေရိကန်မှာတော့ ဆယ်လီတွေနဲ့ စိုးရိမ်စရာတရပ်ပေါ်လာပြန်တာဖြစ်ပါတယ်။အဲ့ဒါကတော့ စက်ရုပ် AI တွေကို ဆယ်လီတွေရဲ့ မျက်နှာအစားထိုးပြီး Porn ဇာတ်ကားတွေမှာ သရုပ်ဆောင်ခိုင်းမယ်ဆိုတဲ့ သတင်းထွက်ခဲ့တာဖြစ်ပါတယ်။ဒါဟာ တကယ်တော့ အခြေအမြစ်ခိုင်လုံတဲ့ သတင်းသာဖြစ်ပါတယ်။

လူသားရဲ့ ဉာဏ်ရည်အတိုင်း တုံ့ပြန်ဖြေကြားမှုတွေပါ လုပ်လာနိုင်တဲ့ AI တွေ ပေါ်လာတဲ့ နှစ်က မကြာသေးမယ့် လူတွေရဲ့ နေရာကိုပါ အစားထိုးဝင်လာတာတွေရှိနေပါတယ်။စက်တွေနဲ့ AI မှတ်ဉာဏ်ပေါင်းစပ်လိုက်မှုဟာ လူသားကမ္ဘာအတွက် တချိန်မှာ စိုးရိမ်လာနိုင်ဖွယ်တွေရှိနေတာဖြစ်ပြီး အခုလဲ ဆယ်လီတွေကို ခြိမိးခြောက်လိုက်တာဖြစ်ပါတယ်။

အခုလက်ရှိကတော့ Porn ဗီဒီယိုတွေ ထုတ်လုပ်မှုမှာ သုံးမှာဖြစ်ပြီး ဗီဒီယိုတုတွေကို တွင်တွင်ကျယ်ကျယ်ဖြန့်လာဖို့ရှိနေတာဖြစ်ပါတယ်။ဒီကိစ္စအတွက် App ပါ ထွင်ခဲ့ပြီးပြီဖြစ်ပါတယ်။တကယ်လို့ ဒီ App မှာ ကိုယ့်မျက်နှာကို ထည့်ပြီး ပွန်းဇာတ်ကားကို ရိုက်တဲ့နေရာမှာတောင် သုံးလို့ ရလာနိုင်မှာဖြစ်ပေမယ့် ဒါက အရှုပ်အထွေးကြီးတခုဖြစ်လာနိုင်တာပဲဖြစ်ပါတယ်။

တဦးထဲအတွက် ဖန်တီးပြီး မျက်နှာထည့်သွင်းကာ တကယ့်ရုပ်ရှင်လို ဖန်တီးမှုအတွက်တော့ ရှိလာနိုင်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ မင်းသမီးတွေရဲ့ မျက်နှာကိုပါ အစားသွင်းကာ တကယ့်လိင်ဆက်ဆံချိန် တုံ့ပြန်မှု ပုံစံအတိုင်း လုပ်ပေးမယ်လို့ သိရပါတယ်။တကယ်တော့ ရည်ရွယ်ချက်က မုဒိန်းမှု ပပျောက်ရေးအတွက် ဖြစ်ပြီး စိတ်ကို လှည့်စားမှုဖြစ်ပါတယ်။

စိတ်ပညာရှင်တွေ အလိုအရ ဒီလို ကိုယ်ရဲ့ သိမ်ငယ်စိတ်ကို လိင်ပိုင်းဆိုင်ရာမှာ အသုံးချလိုက်ခြင်းဟာ တကယ့်ကို ထိရောက်တဲ့ နည်းလို့ ဆိုပါတယ်။တချို့က နင်နဲ့ တူသလား တန်သလား အပြောတွေကြောင့် အနိုင်လိုချင်စိတ်နဲ့ မိန်းမတွေကို အဓမ္မကျင့်တာဖြစ်ပြီး တကယ်လို့ ဒီ App သာ ထုတ်ခဲ့ရင် သူတို့အတွက် စိတ်သက်သာရာတော့ ရလာနိုင်တယ်လို့ ဗာဂျီးနီးယားတက္ကသိုလ်က ဆိုတာဖြစ်ပါတယ်။

ဒီ App ကို အခုမှ စတင်တာမဟုတ်ပဲ လွန်ခဲ့တဲ့ 2 နှစ်လောက်ထဲက စမ်းသပ်မှုတွေ လုပ်ခဲ့တာဖြစ်လို့ သိရပါတယ်။ကုမ္မဏီတွေကို ရောင်းချဖို့အတွက်တော့ လောလောဆယ် App ကို ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်းမျိုး လုပ်နေတယ်လို့ သိရပါတယ်။တစ်ဦးချင်းဆီလက်ထဲရောက်လာဖို့ကတော့ ကြာဦးမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ Emma Watson, Daisy Ridley, နဲ့ Jessica Alba တို့ရဲ့ မျက်နှာတွေ သုံးပြီး AI မှတ်ဉာဏ်နဲ့ ပေါင်းစပ်ကာ နမူနာ Porn ဗီဒီယို ထုတ်ထားပြီးပြီလို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Cantwait2say
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top