ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

 ပဲခူးတုိင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ သူေဌးကုန္းေက်းရြာ၌ ဇန္နဝါရီ ၂ ရက္က အသက္(၈)နွစ္အရြယ္ ဒုတိယတန္း ေက်ာင္းသူေလးကို အသက္(၄၀)ႏွစ္အရြယ္ အိမ္နီးခ်င္းက သားမယားျပဳက်င့္ရန္ ၾကံစည္ခဲ့သျဖင့္ တရားစဲြဆုိ အေရးယူထားေၾကာင္း သိရွိရသည္။

အသက္(၈)ႏွစ္အရြယ္မိန္းကေလးသည္ အိမ္နီးခ်င္းေနအိမ္သို႔ ညဝတ္ေဘာင္းဘီရွည္သြားေရာက္ယူစဥ္ အိမ္ရွင္၏ ေမာင္ျဖစ္သူ အသက္ ၄၀ အရြယ္ အမ်ိဳးသားက သားမယားျပဳက်င့္ရန္ႀကံစည္ခဲ့သျဖင့္ တရားစဲြဆုိအေရးယူထားေၾကာင္း သိရသည္။

“ကေလးမေလးရဲ႕ဖခင္က တစ္ျခားၿမိဳ႕မွာ အုတ္လုပ္ငန္းသြားေရာက္လုပ္ကုိင္ေနတယ္။ မိခင္ျဖစ္သူကလုိက္ သြားတယ္။ ကေလးကို အဖြားျဖစ္သူနဲ႔ထားခဲ့တာ။ အဖြားရဲ႕မိတ္ေဆြက အိမ္နီးခ်င္းမ်က္ႏွာခ်င္းဆုိင္အိမ္မွာ ေဘာင္းဘီသြားယူခုိင္းတာ အမႈျဖစ္ပြားသြားခဲ့တာပါ။ မိခင္က အျခားၿမိဳ႕ကျပန္လာၿပီးမွ အမႈလာဖြင့္တာပါ။ ျပစ္မႈက်ဴးလြန္သူကုိလည္း ဖမ္းဆီးရမိထားပါတယ္။”ဟု ေက်ာက္တံခါးၿမိဳ႕မ ရဲစခန္းမွ အမႈစစ္ ဒုရဲအုပ္ ေဇာ္မင္းဦးက ေျပာသည္။

ေက်ာက္တံခါးၿမိဳ႕နယ္၊ သူေဌးကုန္းေက်းရြာ၊ သရက္ေတာင္ပုိင္း၌ အသက္(၈)ႏွစ္အရြယ္မိန္းကေလးအဖြား၏ သူငယ္ခ်င္းမွ ၎၏ အိမ္နီးနားခ်င္း မ်က္ႏွာခ်င္းဆုိင္အိမ္သုိ႔ ညဝတ္ေဘာင္းဘီသြားေရာက္ယူခုိင္းစဥ္ အိမ္ရွင္၏ ေမာင္ျဖစ္သူ အသက္(၄၀)အရြယ္အမ်ိဳးသားမွ အိမ္အေပၚထပ္သုိ႔ေခၚ၍ မိန္းမကိုယ္အဂၤါကို လက္ျဖင့္ ကိုင္ကာ သားမယားျပဳက်င့္ရန္ႀကံစည္ေနစဥ္ မိန္းကေလးမွ ေအာ္ဟစ္သျဖင့္ အိမ္နီးခ်င္းမ်ားက လာေရာက္ခဲ့ၾကရာ အဆိုပါ အမ်ိဳးသားမွာ အိမ္ေပၚမွဆင္းေျပးသြားခဲ့ေၾကာင္း သိရသည္။

အဆုိပါ ျဖစ္စဥ္တြင္ စြပ္စဲြခံရေသာ တရားခံအား ေက်ာက္တံခါးၿမိဳ႕မ ရဲစခန္းမွ (ပ)၇/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ၊ ၃၇၅/၅၁၁ အရ အမႈဖြင့္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရတနာပုံ သတင္းစာ
#Unicode Version#
  ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာ၌ ဇန်နဝါရီ ၂ ရက်က အသက်(၈)နှစ်အရွယ် ဒုတိယတန်း ကျောင်းသူလေးကို အသက်(၄၀)နှစ်အရွယ် အိမ်နီးချင်းက သားမယားပြုကျင့်ရန် ကြံစည်ခဲ့သဖြင့် တရားစွဲဆို အရေးယူထားကြောင်း သိရှိရသည်။

အသက်(၈)နှစ်အရွယ်မိန်းကလေးသည် အိမ်နီးချင်းနေအိမ်သို့ ညဝတ်ဘောင်းဘီရှည်သွားရောက်ယူစဉ် အိမ်ရှင်၏ မောင်ဖြစ်သူ အသက် ၄၀ အရွယ် အမျိုးသားက သားမယားပြုကျင့်ရန်ကြံစည်ခဲ့သဖြင့် တရားစွဲဆိုအရေးယူထားကြောင်း သိရသည်။

“ကလေးမလေးရဲ့ဖခင်က တစ်ခြားမြို့မှာ အုတ်လုပ်ငန်းသွားရောက်လုပ်ကိုင်နေတယ်။ မိခင်ဖြစ်သူကလိုက် သွားတယ်။ ကလေးကို အဖွားဖြစ်သူနဲ့ထားခဲ့တာ။ အဖွားရဲ့မိတ်ဆွေက အိမ်နီးချင်းမျက်နှာချင်းဆိုင်အိမ်မှာ ဘောင်းဘီသွားယူခိုင်းတာ အမှုဖြစ်ပွားသွားခဲ့တာပါ။ မိခင်က အခြားမြို့ကပြန်လာပြီးမှ အမှုလာဖွင့်တာပါ။ ပြစ်မှုကျူးလွန်သူကိုလည်း ဖမ်းဆီးရမိထားပါတယ်။”ဟု ကျောက်တံခါးမြို့မ ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ဇော်မင်းဦးက ပြောသည်။

ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာ၊ သရက်တောင်ပိုင်း၌ အသက်(၈)နှစ်အရွယ်မိန်းကလေးအဖွား၏ သူငယ်ချင်းမှ ၎င်း၏ အိမ်နီးနားချင်း မျက်နှာချင်းဆိုင်အိမ်သို့ ညဝတ်ဘောင်းဘီသွားရောက်ယူခိုင်းစဉ် အိမ်ရှင်၏ မောင်ဖြစ်သူ အသက်(၄၀)အရွယ်အမျိုးသားမှ အိမ်အပေါ်ထပ်သို့ခေါ်၍ မိန်းမကိုယ်အင်္ဂါကို လက်ဖြင့် ကိုင်ကာ သားမယားပြုကျင့်ရန်ကြံစည်နေစဉ် မိန်းကလေးမှ အော်ဟစ်သဖြင့် အိမ်နီးချင်းများက လာရောက်ခဲ့ကြရာ အဆိုပါ အမျိုးသားမှာ အိမ်ပေါ်မှဆင်းပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် စွပ်စွဲခံရသော တရားခံအား ကျောက်တံခါးမြို့မ ရဲစခန်းမှ (ပ)၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ၊ ၃၇၅/၅၁၁ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရတနာပုံ သတင်းစာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top