AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

နာမည္ၾကီးပေရာ္ဖက္ရွင္နယ္လက္ေ၀ွ႔ခ်န္ပီယံတစ္ေယာက္ျဖစ္တဲ႔ Nonito Donaire ဟာ မၾကာေသးခင္က ဖိလစ္ပိုင္ႏိုင္ငံ၊Iloilo ျမိဳ႔က Yolanda လို႔ေခၚတဲ႔မုန္တိုင္းဒဏ္သင့္ဒုကၡသည္ေတြေနဖို႔အိမ္အလံုး ၁၀၀ကုိလွဴဒါန္းခဲ႔တယ္လို႔သိရပါတယ္။

Donaire ဟာ ဖိလစ္ပုိင္-အေမရိကန္လူမ်ိဳးတစ္ေယာက္ျဖစ္ျပီး ျပီးခဲ႔တဲ႔ဗုဒၶဟူးေန႔ကေတာ့ ဖိလစ္ပုိင္ကုိေရာက္လာခဲ႔ပါတယ္။Donaireနဲ႔ဇနီးျဖစ္သူဟာ Greg Seckerဆုိတဲ႔အမ်ိဳးသားနဲ႔ေတြ႔ဆံုခဲ႔ျပီး ၾကာသပေတးေန႔ညေနမွာ Iloilo  ျမိဳ႔ကုိသြားခဲ႔ပါတယ္။Greg Secker ဟာ လူမႈကယ္ဆယ္ေရးေဖာင္ေဒးရွင္းတည္ေထာင္ထားသူတစ္ေယာက္လည္းျဖစ္ပါတယ္။

Donaireဟာ လုိအပ္ေနတဲ႔ဒုကၡသည္ေတြအတြက္ အိမ္လွဴဒါန္းတာပထမဆံုးအၾကိိမ္မဟုတ္ပါဘူး။ ၂၀၀၉တုန္းကလည္းOndoy မုန္တုိင္းသင့္ဒုကၡေရာက္သူေတြကုိျပန္လည္ေနရာခ်ထားေပးတဲ႔ အစီအစဥ္အတြက္လည္းဖိလစ္ပုိင္ေငြ၁သန္းလွဴဒါန္းခဲ႔ပါတယ္။

“Ondoy မုန္တိုင္းတုန္းကလည္းဒုကၡသည္ေတြအတြက္ တတ္ႏုိင္သေလာက္အိမ္လွဴူဒါန္းခဲ႔ပါတယ္။ အခု၂၀၁၈မွာလည္း ထပ္ျပီးလုပ္ႏုိင္ခဲ႔ပါတယ္။သူတို႔ဇနီးေမာင္ႏွံနဲ႔အတူ Greg Secker ေဖာင္ေဒးရွင္းနဲ႔ပူးေပါင္းျပီး အိမ္အလံုး၁၀၀ေဆာက္ျပီးလွဴဒါန္းႏုိင္ခဲ႔ပါတယ္”လို႔ Donaireက ၀မ္းသာစြာေျပာျပခဲ႔ပါတယ္။

Donaireဟာ မၾကာခင္မွာ Carl Frampton နဲ႔ယွဥ္ျပိဳင္ရမယ့္ပြဲရွိတယ္လို႔သိရျပီး လက္စ္ဗီးဂတ္စ္မွာေလ့က်င့္ေနတယ္လို႔သိရပါတယ္။

Source:Rachfeed , Buzzy

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
နာမည်ကြီးပရော်ဖက်ရှင်နယ်လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်တဲ့ Nonito Donaire ဟာ မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံ၊Iloilo မြို့က Yolanda လို့ခေါ်တဲ့မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေနေဖို့အိမ်အလုံး ၁၀၀ကိုလှူဒါန်းခဲ့တယ်လို့သိရပါတယ်။

Donaire ဟာ ဖိလစ်ပိုင်-အမေရိကန်လူမျိုးတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကတော့ ဖိလစ်ပိုင်ကိုရောက်လာခဲ့ပါတယ်။Donaireနဲ့ဇနီးဖြစ်သူဟာ Greg Seckerဆိုတဲ့အမျိုးသားနဲ့တွေ့ဆုံခဲ့ပြီး ကြာသပတေးနေ့ညနေမှာ Iloilo  မြို့ကိုသွားခဲ့ပါတယ်။Greg Secker ဟာ လူမှုကယ်ဆယ်ရေးဖောင်ဒေးရှင်းတည်ထောင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

Donaireဟာ လိုအပ်နေတဲ့ဒုက္ခသည်တွေအတွက် အိမ်လှူဒါန်းတာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၀၉တုန်းကလည်းOndoy မုန်တိုင်းသင့်ဒုက္ခရောက်သူတွေကိုပြန်လည်နေရာချထားပေးတဲ့ အစီအစဉ်အတွက်လည်းဖိလစ်ပိုင်ငွေ၁သန်းလှူဒါန်းခဲ့ပါတယ်။

“Ondoy မုန်တိုင်းတုန်းကလည်းဒုက္ခသည်တွေအတွက် တတ်နိုင်သလောက်အိမ်လှူူဒါန်းခဲ့ပါတယ်။ အခု၂၀၁၈မှာလည်း ထပ်ပြီးလုပ်နိုင်ခဲ့ပါတယ်။သူတို့ဇနီးမောင်နှံနဲ့အတူ Greg Secker ဖောင်ဒေးရှင်းနဲ့ပူးပေါင်းပြီး အိမ်အလုံး၁၀၀ဆောက်ပြီးလှူဒါန်းနိုင်ခဲ့ပါတယ်”လို့ Donaireက ဝမ်းသာစွာပြောပြခဲ့ပါတယ်။

Donaireဟာ မကြာခင်မှာ Carl Frampton နဲ့ယှဉ်ပြိုင်ရမယ့်ပွဲရှိတယ်လို့သိရပြီး လက်စ်ဗီးဂတ်စ်မှာလေ့ကျင့်နေတယ်လို့သိရပါတယ်။

Source:Rachfeed , Buzzy

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top