န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အသက္ ၇၂ ႏွစ္အရြယ္ ကေလာၿမိဳ႕နယ္ NLD အဖြဲ ့၀င္ ဦးေတာ္မီေအာင္ဆုိသူက ၄င္းဖြင့္လွစ္ထားေသာ ပညာရိပ္သာမွ ၉ တန္းေက်ာင္းသူတစ္ဦးကုိ အဓမၼျပဳက်င့္ခဲ့ေသာေၾကာင့္ ကေလာျမိဳ ့နယ္ ရဲစခန္းက ဖမ္းဆီးစစ္ေဆးေနျပီျဖစ္ေၾကာင္း သတင္းရရွိသည္။
ဇန္န၀ါရီ ၃၀ ရက္ ညေန ၇ နာရီက ၉ တန္းေက်ာင္းသူ၏ ဖခင္ျဖစ္သူက ကေလာျမိဳ ့နယ္ရဲစခန္းသုိ ့လာေရာက္တုိင္ၾကားခဲ့ျခင္းေၾကာင့္ ယင္းျဖစ္စဥ္ေပၚေပါက္ခဲ့ရျခင္းျဖစ္ျပီး ျဖစ္စဥ္အရ ဇန္န၀ါရီ ၂၂ ရက္ညပုိင္း ၁၀ နာရီခြဲခန္ ့တြင္ ဦးေတာ္မီေအာင္က ၉ တန္းေက်ာင္းသူ အိပ္ေနေသာ အခန္းအတြင္းသုိ ့၀င္ေရာက္လာျပီး ပါးစပ္ပိတ္ကာ ကုိယ္ထိလက္ေရာက္မႈမ်ားျပဳလုပ္ကာ အဓမၼျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၉ တန္းေက်ာင္းသူမွာ ဦးေတာ္မီေအာင္ဖြင့္လွစ္ထားေသာ ေက်းလက္ရတနာ ပရဟိတပညာရိပ္သာ၌ ​ေက်ာင္​းတက္​​ေနသျဖစ္​ၿပီး ဇန္န၀ါရီ ၂၂ ရက္က မိဘမ်ား၏ခြင့္ျပဳခ်က္ျဖင့္ အျခားေသာ ေက်ာင္းသူမ်ားႏွင့္အတူ ဦးေတာ္မီေအာင္၏ ေနအိမ္တြင္ အိပ္စက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ မိဘမ်ားမွာလည္း မူလက ခြင့္မျပဳခဲ့ေသာ္လည္း ဦးေတာ္မီေအာင္၏ဖုန္းျဖင့္ ဦးေတာ္မီေအာင္အျပင္ ထမင္းခ်က္တုိ ့က အိပ္စက္ခြင့္ျပဳရန္ ခြင့္ေတာင္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ယင္းကဲ့သုိ ့အိပ္စက္ရာမွ ႏွစ္ၾကိမ္အဓမၼျပဳက်င့္ခံခဲ့ရျခင္းျဖစ္ျပီး တစ္ညလုံးလည္းအတူ အိပ္ခဲ့ရေၾကာင္း၊ ယင္းျဖစ္စဥ္ကုိ ၉ တန္းေက်ာင္းသူက ဇန္န၀ါရီ ၂၃ ရက္နံနက္ပုိင္း၌ မိဘမ်ားထံ တုိင္ၾကားခဲ့ေသာေၾကာင့္ ဖခင္ျဖစ္သူက သမီးျဖစ္သူကုိသြားေခၚခဲ့ျပီးေနာက္ သမီးျဖစ္သူ၏ ဂုဏ္သိကၡာအတြက္အၾကိမ္ၾကိမ္စဥ္းစားခဲ့ျပီးမွ ဇန္န၀ါရီ ၃၀ ရက္ တြင္ ရဲစခန္းထံတုိင္ၾကားခဲ့ျခင္းဟု သိရသည္။ တုိင္ၾကားခ်က္အရ
ကေလာျမိဳ ့နယ္ ရဲတပ္ဖြဲ ့က
ဇန္န၀ါရီ ၃၀ ရက္ည ၈ နာရီခန္ ့တြင္ ဦးေတာ္မီေအာင္ကုိသြားေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ကာ (ပ)၁၄/၂၀၁၇ ရာဇသတ္ၾကီး ပုဒ္မ ၃၇၆/၃၆၃ ျဖင့္အမႈဖြင့္ျပီး စစ္ေဆးေမးျမန္းေနျပီျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အကုန္သိ သတင္းအဖြဲ ့

#Unicode Version#
အသက် ၇၂ နှစ်အရွယ် ကလောမြို့နယ် NLD အဖွဲ့ဝင် ဦးတော်မီအောင်ဆိုသူက ၎င်းဖွင့်လှစ်ထားသော ပညာရိပ်သာမှ ၉ တန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သောကြောင့် ကလောမြို့နယ် ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၃၀ ရက် ညနေ ၇ နာရီက ၉ တန်းကျောင်းသူ၏ ဖခင်ဖြစ်သူက ကလောမြို့နယ်ရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ခြင်းကြောင့် ယင်းဖြစ်စဉ်ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ပြီး ဖြစ်စဉ်အရ ဇန်နဝါရီ ၂၂ ရက်ညပိုင်း ၁၀ နာရီခွဲခန့်တွင် ဦးတော်မီအောင်က ၉ တန်းကျောင်းသူ အိပ်နေသော အခန်းအတွင်းသို့ဝင်ရောက်လာပြီး ပါးစပ်ပိတ်ကာ ကိုယ်ထိလက်ရောက်မှုများပြုလုပ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၉ တန်းကျောင်းသူမှာ ဦးတော်မီအောင်ဖွင့်လှစ်ထားသော ကျေးလက်ရတနာ ပရဟိတပညာရိပ်သာ၌ ကျောင်းတက်နေသဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်က မိဘများ၏ခွင့်ပြုချက်ဖြင့် အခြားသော ကျောင်းသူများနှင့်အတူ ဦးတော်မီအောင်၏ နေအိမ်တွင် အိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိဘများမှာလည်း မူလက ခွင့်မပြုခဲ့သော်လည်း ဦးတော်မီအောင်၏ဖုန်းဖြင့် ဦးတော်မီအောင်အပြင် ထမင်းချက်တို့က အိပ်စက်ခွင့်ပြုရန် ခွင့်တောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့အိပ်စက်ရာမှ နှစ်ကြိမ်အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီး တစ်ညလုံးလည်းအတူ အိပ်ခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်ကို ၉ တန်းကျောင်းသူက ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်း၌ မိဘများထံ တိုင်ကြားခဲ့သောကြောင့် ဖခင်ဖြစ်သူက သမီးဖြစ်သူကိုသွားခေါ်ခဲ့ပြီးနောက် သမီးဖြစ်သူ၏ ဂုဏ်သိက္ခာအတွက်အကြိမ်ကြိမ်စဉ်းစားခဲ့ပြီးမှ ဇန်နဝါရီ ၃၀ ရက် တွင် ရဲစခန်းထံတိုင်ကြားခဲ့ခြင်းဟု သိရသည်။ တိုင်ကြားချက်အရ
ကလောမြို့နယ် ရဲတပ်ဖွဲ့က
ဇန်နဝါရီ ၃၀ ရက်ည ၈ နာရီခန့်တွင် ဦးတော်မီအောင်ကိုသွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ (ပ)၁၄/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၆၃ ဖြင့်အမှုဖွင့်ပြီး စစ်ဆေးမေးမြန်းနေပြီဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: အကုန်သိ သတင်းအဖွဲ့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top