×

အိမ္ေထာင္ရွင္ဇနီးေမာင္ႏွံေတြအတြက္ လက္ထပ္ၿပီးသြားရင္ အားလပ္ရက္ဒါမွမဟုတ္ ခ်စ္သက္တမ္းႏွ စ္ပတ္လည္ေန႔ေတြေလာက္ကလြဲရင္ က်န္တဲ့အခ်ိန္ေတြမွာ အျပင္ထြက္လည္ႏိုင္ဖို႔ဆိုတာ မလြယ္ကူေတာ့ပါဘူး။ မိသားစု စီးပြားေရး၊ လူမႈေရး၊ သာေရးနာေရးဆိုတဲ့ အေၾကာင္းျပခ်က္ေတြကေနာက္ထား အိမ္ေထာင္သည္ျဖစ္သြားရင္ကို အရင္လို အျပင္ထြက္လည္စရာမလိုေတာ့ဘူး၊ ႏွစ္ေယာက္ ဒိတ္လုပ္ဖို႔မလိုအပ္ ေတာ့ဘူးလို႔ယံုၾကည္ေနၾကတာပါ။  အထူးသျဖင့္ ညဘက္ထြက္ၿပီး ႏိုက္ေအာက္ ဖို႔ဆိုတာ အိမ္ေထာင္ရွင္ဘဝမွာဘယ္လိုမွ မစဥ္းစားျဖစ္ေတာ့တဲ့အရာပါ။

အဲဒီေတာ့ ဘာျဖစ္လာလဲဆိုေတာ့ ေယာက္်ားပဲျဖစ္ျဖစ္၊ မိန္းမပဲျဖစ္ျဖစ္ အေပါင္းအသင္းနဲ႔ အဆက္ အသြယ္မျပတ္တဲ့သူကပဲ အျပင္ထြက္ျဖစ္ေနေတာ့ အိမ္မွာက်န္ခဲ့တဲ့ ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္အတြက္ မတရားသလိုျဖစ္လာသလို လင္မယားၾကားမွာ အခြင့္အေရး ကိုသူပိုယူတယ္၊ ငါပုိယူတယ္ဆိုတာ မ်ိဳးေတြျဖစ္လာပါတယ္။ ဒီလို အေျခအေနေတြ ကိုအေကာင္းဆံုးေက်ာ္ျဖတ္ဖို႔ ႏိုက္ဒိတ္ကို အိမ္မွာ ဘယ္လိုရိုးမန္႔စ္ဆန္ေအာင္ ျဖတ္သန္းႏိုင္မယ္ဆိုတာ ေဝမွ်ေပးခ်င္ပါတယ္။

အျပင္ထြက္စရာမလိုသလို ၊ကုန္က်စရိတ္လည္းထည့္တြက္စရာမလိုတဲ့အတြက္ အိမ္မွာပဲ ေအးေဆးျဖတ္သန္းႏိုင္မယ့္ ရင္ခုန္စရာေကာင္းတဲ့ ႏိုက္ဒိတ္ေလးေပ့ါဗ်ာ။

ရိုးမန္႔စ္ဂိမ္းကစားမယ္

လင္နဲ႔မယားၾကားမွာ တစ္ေယာက္နဲ႔တစ္ေယာက္က်ီစယ္တာကလည္း ရင္ခုန္သံကိုတိုးေစတဲ့အခ်က္ ပါပဲ။ သူမႀကိဳက္တာကို က်ီစယ္တာထက္ သူႀကိဳက္တဲ့အရာေလးေတြနဲ႔စေနာက္တာမ်ိဳးဆိုရင္ က်ီစားသန္ရာကေန ရန္မ်ားမွာကိုစိုးရိမ္စရာမလိုေတာ့ပါဘူး။ ဥပမာ ကိုယ့္ဇနီးကို ရုတ္တရက္  ေကာက္ခ်ီလိုက္တာမ်ိဳး၊ ဆံပင္ေလးေတြဖြလိုက္တာမ်ိဳး၊ ဇနီးလုပ္တဲ့သူကလည္း ကိုယ့္ခင္ပြန္းကို ရႊတ္ခနဲနမ္းလိုက္တာမ်ိဳး၊ သြားေလးနဲ႔မထိတထိကိုက္လိုက္တာမ်ိဳးက လင္နဲ႔မယား၊ ခ်စ္ရတဲ့သူေတြၾကား မွာ ရွက္စရာမဟုတ္ပါဘူး။ ခ်စ္ခင္မႈ၊ ၾကင္နာမႈကို ဘယ္လိုျပႏိုင္မလဲဆိုတာသာအဓိကအေရးႀကီး ပါတယ္။

ေခါင္မိုးထပ္(သို႔)ဝရံတာ

အိမ္မွာ ႏိုက္ဒိတ္လုပ္မယ္ဆိုရင္ေတာ့ အိမ္ရဲ႕ ေခါင္မိုးထပ္တို႔၊ ဝရံတာတို႔က ႏိုက္ဒိတ္ အတြက္ အေကာင္းဆံုးေနရာေလးပါပဲ။ ႏွစ္ဦးသားေအးေအးလူလူ စကားစျမည္ ေျပာရင္း၊ ေကာ္ဖီေသာက္ရင္း အလုပ္ အေၾကာင္း၊ ေရွ႕ေရးအေၾကာင္း၊ သားသမီးေတြ အေၾကာင္း ေျပာျဖစ္၊ ေဆြးေႏြးျဖစ္မယ္ဆိုရင္ အခ်စ္တစ္ခုတည္းနဲ႔မျပည့္စံုႏိုင္တဲ့ အိမ္ေထာင္ေရးသုခကို တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြ နဲ႔ျဖည့္ဆည္း သြားႏိုင္ပါလိမ့္မယ္။ ဒါေၾကာင့္ မအိပ္ခင္မွာ ခဏတျဖဳတ္ေလာက္ပဲျဖစ္ျဖစ္ အဲဒီလိုမ်ိဳး ဇနီးေမာင္ႏွံႏွစ္ဦးသား စကားစျမည္ေျပာရင္းအခ်ိန္ကုန္ဆံုးႏိုင္ေအာင္လုပ္ပါလို႔အႀကံ ျပဳလိုက္ပါတယ္။


Spa လုပ္ေပးမယ္

အမ်ားစုက အမ်ိဳးသမီးေတြပဲ Spaလုပ္ဖို႔လိုတယ္ လို႔ယံုၾကည္ၾကပါတယ္။ အဲဒီလို ယံုၾကည္တဲ့အတြက္ အမ်ိဳးသားေတြက အလုပ္ကေန စိတ္ဖိစီးမႈမ်ားစြာနဲ႔ ဒါမွမဟုတ္ ပင္ပန္းႏြမ္းနယ္မႈမ်ားစြာနဲ႔ အိမ္ကိုျပန္ လာတတ္ၾကျခင္းျဖစ္ပါတယ္။ ပင္ပန္းႏြမ္းနယ္တဲ့အခ်ိန္မွာ ေယာက္်ားတစ္ေယာက္အတြက္ ဇနီးသည္ကို ယုယၾကင္နာျပဖို႔ အင္အားလည္းမရွိသလို စိတ္လည္းပါမွာမဟုတ္ပါဘူး။ အဲဒီအခါ ရင္ႏွီးမႈေတြ၊ အခ်စ္ေတြကေအးစက္သြားၿပီး တစ္ေယာက္နဲ႔တစ္ေယာက္လိုခ်င္ တပ္မက္မႈလည္းမရွိၾကေတာ့ပါဘူး။ ဒါေၾကာင့္ အိမ္မွာ ခင္ပြန္းသည္ကို Spa လုပ္ေပးၿပီး အျပန္အလွန္ေႏြးေထြးမႈကိုျပန္လည္ရ ယူႏိုင္ပါ တယ္။ ဘယ္သူမဆို ဇိမ္ခံရတာႀကိဳက္တဲ့အတြက္ ဒီနည္းေလးက သင္တို႔ႏွစ္ေယာက္လံုးအတြက္ အေကာင္းဆံုးႏိုက္ဒိတ္ေလးျဖစ္ေစမွာပါ။

တစ္ခြက္တစ္ဖလားေသာက္မယ္

ဘီယာျဖစ္ေစ ဝိုင္ျဖစ္ေစ အတူေသာက္တဲ့ ခ်စ္သူ၊ ဇနီးေမာင္ႏွံေတြဟာ ေရရွည္ခိုင္ၿမဲၾက တယ္ဆိုတဲ့ စကားရွိပါတယ္။ အိမ္မွာ ႏိုက္ဒိတ္လုပ္မယ္ဆိုရင္ တစ္ခုခုေသာက္ရင္း ႏွစ္ေယာက္အတူညေတြကို ကုန္ဆံုးႏိုင္ပါတယ္။ အဲဒီလို အိမ္မွာေသာက္ခြင့္ျပဳတာက အျပင္အၿမဲတမ္းထြက္တဲ့ခင္ပြန္းသည္အတြက္ အဆင္ေျပေစသလို ဇနီးေမာင္ႏွံေတြ ၾကားမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အခြင့္အေရးကြာျခားမႈလည္း မရွိႏိုင္ေတာ့ပါဘူး။ ဒီလိုအိမ္မွာ ႏွစ္ေယာက္အတူ တစ္ခြက္တစ္ဖလားေသာက္ရင္း လုပ္တဲ့ဒိတ္က တျခားဒိတ္ေတြထက္ ပိုၿပီးသာယာခ်မ္းေျမ့တဲ့ အိမ္ေထာင္ရွင္ဘဝကိုပိုင္ဆိုင္ေစမွာပါ။

အိမ္ေထာင္ရွင္ဇနီးေမာင္ႏွံေတြအားလံုးခ်စ္သက္တမ္းတိုးလုိ႔ ဆထက္ထမ္းပိုးခ်စ္ႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
အိမ်ထောင်ရှင်ဇနီးမောင်နှံတွေအတွက် လက်ထပ်ပြီးသွားရင် အားလပ်ရက်ဒါမှမဟုတ် ချစ်သက်တမ်းနှ စ်ပတ်လည်နေ့တွေလောက်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ အပြင်ထွက်လည်နိုင်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ မိသားစု စီးပွားရေး၊ လူမှုရေး၊ သာရေးနာရေးဆိုတဲ့အကြောင်းပြချက်တွေကနောက်ထား အိမ်ထောင်သည်ဖြစ်သွားရင်ကို အရင်လို အပြင်ထွက်လည်စရာမလိုတော့ဘူး၊ နှစ်ယောက် ဒိတ်လုပ်ဖို့မလိုအပ် တော့ဘူးလို့ယုံကြည်နေကြတာပါ။  အထူးသဖြင့် ညဘက်ထွက်ပြီး နိုက်အောက် ဖို့ဆိုတာ အိမ်ထောင်ရှင်ဘဝမှာဘယ်လိုမှ မစဉ်းစားဖြစ်တော့တဲ့အရာပါ။

အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် အပေါင်းအသင်းနဲ့ အဆက် အသွယ်မပြတ်တဲ့သူကပဲ အပြင်ထွက်ဖြစ်နေတော့ အိမ်မှာကျန်ခဲ့တဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်အတွက် မတရားသလိုဖြစ်လာသလို လင်မယားကြားမှာ အခွင့်အရေး ကိုသူပိုယူတယ်၊ ငါပိုယူတယ်ဆိုတာ မျိုးတွေဖြစ်လာပါတယ်။ ဒီလို အခြေအနေတွေ ကိုအကောင်းဆုံးကျော်ဖြတ်ဖို့ နိုက်ဒိတ်ကို အိမ်မှာ ဘယ်လိုရိုးမန့်စ်ဆန်အောင် ဖြတ်သန်းနိုင်မယ်ဆိုတာ ဝေမျှပေးချင်ပါတယ်။

အပြင်ထွက်စရာမလိုသလို ၊ကုန်ကျစရိတ်လည်းထည့်တွက်စရာမလိုတဲ့အတွက် အိမ်မှာပဲ အေးဆေးဖြတ်သန်းနိုင်မယ့် ရင်ခုန်စရာကောင်းတဲ့ နိုက်ဒိတ်လေးပေ့ါဗျာ။

ရိုးမန့်စ်ဂိမ်းကစားမယ်

လင်နဲ့မယားကြားမှာ တစ်ယောက်နဲ့တစ်ယောက်ကျီစယ်တာကလည်း ရင်ခုန်သံကိုတိုးစေတဲ့အချက် ပါပဲ။ သူမကြိုက်တာကို ကျီစယ်တာထက် သူကြိုက်တဲ့အရာလေးတွေနဲ့စနောက်တာမျိုးဆိုရင် ကျီစားသန်ရာကနေ ရန်များမှာကိုစိုးရိမ်စရာမလိုတော့ပါဘူး။ ဥပမာ ကိုယ့်ဇနီးကို ရုတ်တရက်  ကောက်ချီလိုက်တာမျိုး၊ ဆံပင်လေးတွေဖွလိုက်တာမျိုး၊ ဇနီးလုပ်တဲ့သူကလည်း ကိုယ့်ခင်ပွန်းကို ရွှတ်ခနဲနမ်းလိုက်တာမျိုး၊ သွားလေးနဲ့မထိတထိကိုက်လိုက်တာမျိုးက လင်နဲ့မယား၊ ချစ်ရတဲ့သူတွေကြား မှာ ရှက်စရာမဟုတ်ပါဘူး။ ချစ်ခင်မှု၊ ကြင်နာမှုကို ဘယ်လိုပြနိုင်မလဲဆိုတာသာအဓိကအရေးကြီး ပါတယ်။

ခေါင်မိုးထပ်(သို့)ဝရံတာ

အိမ်မှာ နိုက်ဒိတ်လုပ်မယ်ဆိုရင်တော့ အိမ်ရဲ့ ခေါင်မိုးထပ်တို့၊ ဝရံတာတို့က နိုက်ဒိတ် အတွက် အကောင်းဆုံးနေရာလေးပါပဲ။ နှစ်ဦးသားအေးအေးလူလူ စကားစမြည် ပြောရင်း၊ ကော်ဖီသောက်ရင်း အလုပ် အကြောင်း၊ ရှေ့ရေးအကြောင်း၊ သားသမီးတွေ အကြောင်း ပြောဖြစ်၊ ဆွေးနွေးဖြစ်မယ်ဆိုရင် အချစ်တစ်ခုတည်းနဲ့မပြည့်စုံနိုင်တဲ့ အိမ်ထောင်ရေးသုခကို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ နဲ့ဖြည့်ဆည်း သွားနိုင်ပါလိမ့်မယ်။ ဒါကြောင့် မအိပ်ခင်မှာ ခဏတဖြုတ်လောက်ပဲဖြစ်ဖြစ် အဲဒီလိုမျိုး ဇနီးမောင်နှံနှစ်ဦးသား စကားစမြည်ပြောရင်းအချိန်ကုန်ဆုံးနိုင်အောင်လုပ်ပါလို့အကြံ ပြုလိုက်ပါတယ်။


Spa လုပ်ပေးမယ်

အများစုက အမျိုးသမီးတွေပဲ Spaလုပ်ဖို့လိုတယ် လို့ယုံကြည်ကြပါတယ်။ အဲဒီလို ယုံကြည်တဲ့အတွက် အမျိုးသားတွေက အလုပ်ကနေ စိတ်ဖိစီးမှုများစွာနဲ့ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်မှုများစွာနဲ့ အိမ်ကိုပြန် လာတတ်ကြခြင်းဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်တဲ့အချိန်မှာ ယောက်ျားတစ်ယောက်အတွက် ဇနီးသည်ကို ယုယကြင်နာပြဖို့ အင်အားလည်းမရှိသလို စိတ်လည်းပါမှာမဟုတ်ပါဘူး။ အဲဒီအခါ ရင်နှီးမှုတွေ၊ အချစ်တွေကအေးစက်သွားပြီး တစ်ယောက်နဲ့တစ်ယောက်လိုချင် တပ်မက်မှုလည်းမရှိကြတော့ပါဘူး။ ဒါကြောင့် အိမ်မှာ ခင်ပွန်းသည်ကို Spa လုပ်ပေးပြီး အပြန်အလှန်နွေးထွေးမှုကိုပြန်လည်ရ ယူနိုင်ပါ တယ်။ ဘယ်သူမဆို ဇိမ်ခံရတာကြိုက်တဲ့အတွက် ဒီနည်းလေးက သင်တို့နှစ်ယောက်လုံးအတွက် အကောင်းဆုံးနိုက်ဒိတ်လေးဖြစ်စေမှာပါ။

တစ်ခွက်တစ်ဖလားသောက်မယ်

ဘီယာဖြစ်စေ ဝိုင်ဖြစ်စေ အတူသောက်တဲ့ ချစ်သူ၊ ဇနီးမောင်နှံတွေဟာ ရေရှည်ခိုင်မြဲကြ တယ်ဆိုတဲ့ စကားရှိပါတယ်။ အိမ်မှာ နိုက်ဒိတ်လုပ်မယ်ဆိုရင် တစ်ခုခုသောက်ရင်း နှစ်ယောက်အတူညတွေကို ကုန်ဆုံးနိုင်ပါတယ်။ အဲဒီလို အိမ်မှာသောက်ခွင့်ပြုတာက အပြင်အမြဲတမ်းထွက်တဲ့ခင်ပွန်းသည်အတွက် အဆင်ပြေစေသလို ဇနီးမောင်နှံတွေ ကြားမှာ တစ်ယောက်နဲ့တစ်ယောက် အခွင့်အရေးကွာခြားမှုလည်း မရှိနိုင်တော့ပါဘူး။ ဒီလိုအိမ်မှာ နှစ်ယောက်အတူ တစ်ခွက်တစ်ဖလားသောက်ရင်း လုပ်တဲ့ဒိတ်က တခြားဒိတ်တွေထက် ပိုပြီးသာယာချမ်းမြေ့တဲ့ အိမ်ထောင်ရှင်ဘဝကိုပိုင်ဆိုင်စေမှာပါ။

အိမ်ထောင်ရှင်ဇနီးမောင်နှံတွေအားလုံးချစ်သက်တမ်းတိုးလို့ ဆထက်ထမ်းပိုးချစ်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top