န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕မွာၿပီးခဲ့တဲ့တပတ္က က်င္းပခဲ့တဲ့ Mrs International Global 2018 အိမ္ေထာင္ရွင္ အလွမယ္ၿပိဳင္ပြဲမွာျမန္မာႏိုင္ငံကိုယ္စားျပဳ အျဖစ္ပါဝင္ယွဥ္ၿပိဳင္ ခဲ့တဲ့ လဲ့ရီမြန္ေက်ာ္ေအာင္က Mrs International Global Ambassador ဆုကိုရရွိခဲ့ပါတယ္။

Mrs International Global 2018 ၿပိဳင္ပြဲရဲ႕ ရည္ရြယ္ခ်က္အေၾကာင္းကို Style Plus H မွ ND ျဖစ္သူ ေဒၚလွႏုထြန္းက “ၿပိဳင္ပြဲရဲ႕ ရည္ရြယ္ခ်က္မွာအရပ္၊ အသားအေရာင္၊ ဘာသာတရား၊ မခြဲျခားပဲ တစ္ဦးနဲ႔ တစ္ဦးေလးစားစြာဆက္ဆံတတ္ဖို႔နဲ ့ ေက်ာင္းတြင္းအိမ္တြင္း၊လူမႈကြန္ယက္အတြင္းမွာအႏိုင္က်င့္ျခင္း မွကင္းေဝးဖို႔ျဖစ္ပါတယ္” လို႔ ေျပာျပပါတယ္။

ၿပိဳင္ပြဲဝင္လဲ့ရီမြန္ေက်ာ္ေအာင္မွာအသက္ ၃၅ ႏွစ္အရြယ္ရင္ေသြးႏွစ္ေယာက္အေမ မႏ ၱေလးသူတစ္ဦးျဖစ္ကာ၊ Talent Show တြင္ဆီမီးခြက္အက၊ ရုပ္ေသးအကနဲ႔ တျခားျမန္မာအက စုစုေပါင္းေလးမ်ိဳးကို ယေန ့ေခတ္စားေန တဲ့အဂၤလိပ္သီခ်င္းသံုးမ်ိဴးနဲ႔၊ ေပါင္းစပ္ ကျပယွဥ္ၿပိဳင္ခဲ့ပါတယ္။

National Costume ဝတ္စံုဖန္တီးမႈမွာ အခ်ိန္ႏွစ္လယူခဲ့ၿပီး၊ အေရွ႕ဘက္မွာ ျမန္မာျပည္ေျမပံုနဲ႔၊ ဝတ္စံုရဲ႕ ေနာက္ဘက္ဒီဇိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ပံုကိုပန္းခ်ီဆရာတစ္ဦးကဆြဲေပးခဲ့တဲ့ဝတ္စံုနဲ႔ ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။

Mrs International Global 2018 ၿပိဳင္ပြဲကို ၿပိဳင္ပြဲဝင္ႏိုင္ငံအသီးသီးက အိမ္ေထာင္ရွင္အလွမယ္ အေယာက္ သံုးဆယ္က ဝင္ေရာက္ယွဥ္ခဲ့ၾကတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform


# Unicode Version ျဖင့္ ဖတ္ပါ #

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာပြီးခဲ့တဲ့တပတ်က ကျင်းပခဲ့တဲ့ Mrs International Global 2018 အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုယ်စားပြု အဖြစ်ပါဝင်ယှဉ်ပြိုင် ခဲ့တဲ့ လဲ့ရီမွန်ကျော်အောင်က Mrs International Global Ambassador ဆုကိုရရှိခဲ့ပါတယ်။

Mrs International Global 2018 ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်အကြောင်းကို Style Plus H မှ ND ဖြစ်သူ ဒေါ်လှနုထွန်းက “ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်မှာအရပ်၊ အသားအရောင်၊ ဘာသာတရား၊ မခွဲခြားပဲ တစ်ဦးနဲ့ တစ်ဦးလေးစားစွာဆက်ဆံတတ်ဖို့နဲ့ ကျောင်းတွင်းအိမ်တွင်း၊လူမှုကွန်ယက်အတွင်းမှာအနိုင်ကျင့်ခြင်း မှကင်းဝေးဖို့ဖြစ်ပါတယ်” လို့ ပြောပြပါတယ်။

ပြိုင်ပွဲဝင်လဲ့ရီမွန်ကျော်အောင်မှာအသက် ၃၅ နှစ်အရွယ်ရင်သွေးနှစ်ယောက်အမေ မန ္တလေးသူတစ်ဦးဖြစ်ကာ၊ Talent Show တွင်ဆီမီးခွက်အက၊ ရုပ်သေးအကနဲ့ တခြားမြန်မာအက စုစုပေါင်းလေးမျိုးကို ယနေ့ခေတ်စားနေ တဲ့အင်္ဂလိပ်သီချင်းသုံးမျိူးနဲ့၊ ပေါင်းစပ် ကပြယှဉ်ပြိုင်ခဲ့ပါတယ်။

National Costume ဝတ်စုံဖန်တီးမှုမှာ အချိန်နှစ်လယူခဲ့ပြီး၊ အရှေ့ဘက်မှာ မြန်မာပြည်မြေပုံနဲ့၊ ဝတ်စုံရဲ့ နောက်ဘက်ဒီဇိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကိုပန်းချီဆရာတစ်ဦးကဆွဲပေးခဲ့တဲ့ဝတ်စုံနဲ့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

Mrs International Global 2018 ပြိုင်ပွဲကို ပြိုင်ပွဲဝင်နိုင်ငံအသီးသီးက အိမ်ထောင်ရှင်အလှမယ် အယောက် သုံးဆယ်က ဝင်ရောက်ယှဉ်ခဲ့ကြတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top