မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×




Credit: Duwun

#Unicode Version#
ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး တစ်မိနစ်ကို ၆ ကျပ်နှုန်းနဲ့ဖုန်းပြောနိုင်မယ့် အစီအစဉ်တစ်ခုကို MPT နဲ့မိတ်ဆက်လိုက်ပါတယ်။

ချိုသာဝန်ဆောင်မှုနဲ့နာမည်ပေးထားတဲ့ ဒီအစီအစဉ်အရ ဖုန်းပြောခ ၆ ကျပ်မှာ ကုန်သွယ်လုပ်ငန်းခွန် မပါဘူးလို့လည်း ဆိုပါတယ်။ ဒီအစီအစဉ်ကို တစ်ကြိမ်ရယူပြီး ၇ ရက်အတွင်း ၂၃၅ မိနစ်စာ ဖုန်းပြောနိုင်မှာပါ။ ဒီအတွက် ကုန်ကျစရိတ်ကတော့ ကုန်သွယ်ခွန်အပါအဝင် အသုံးပြုခ ၁၅၀၀ ကျပ်ကျသင့်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

MPT ချိုသာဝန်ဆောင်မှုကို MPT ရဲ့ GSM နဲ့WCDMA ဖုန်းကိုင်ဆောင်သူများ အသုံးပြုနိုင်မှာ ဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ။် ဒီအစီအစဉ်ကို ရယူချင်တယ် ဆိုရင်တော့ *106*1*1# ကို ဖုန်းခေါ်ဆိုပြီး ဖြစ်စေ Android ၊ iOS များအတွက် ထုတ်ထားတဲ့ MPT4U အက်ပ်က ဖြစ်စေ ရယူအသုံးပြုနိုင်မှာပါ။ အစီအစဉ်ကိုတော့ တစ်ပတ်ချင်းစီ သက်တမ်းတိုး အသုံးပြုရမယ်လို့လည်း သိရပါတယ်။

Source : Internet Journal

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top