ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

“အၾကင္နာတရားဆိုတဲ့စကားလံုးဟာ တိုလည္းတိုတယ္။ ေျပာရလည္းလြယ္တယ္။ သူ႔ရဲ႕ပဲ့တင္သံကေတာ့ ရွည္လ်ားက်ယ္ေျပာပါတယ္။”

ဒီစကားကို ေျပာခဲ့တာဘယ္သူလဲ။ သမၼတလား၊ အျဖဳတ္ခ်ခံအာဏာရွင္လား၊ ကမာၻေက်ာ္ပန္းခ်ီဆရာလား၊ အရက္သမားလား၊ ေတာ္လွန္ေရးသမားလား၊ ပါတီဥကၠဌလား၊ ၀ပ္ေရွာ့အလုပ္သမားလား၊ ပီဇာပို႔သူလား၊ ကဗ်ာဆရာလား၊ အေသခံဗံုးခြဲသူလား။ မဟုတ္ပါဘူး။ သီလရွင္ၾကီးတစ္ပါးပါ။ ရိုမန္ကတ္သလစ္သီလရွင္ၾကီးတစ္ပါးပါ။ ေမြးရပ္ေျမက တျခား၊ သူေပးဆပ္ခဲ့တဲ့ေနရာက တျခား။ သူကိုးကြယ္တာက တစ္ဘာသာ၊ သူေစာင့္ေရွာက္ခဲ့တာက ဘာသာစံု။ သူလိုခ်င္ေမွ်ာ္လင့္ခဲ့တာက ကမာၻၾကီးမွာေမတၱာတရားေတြထြန္းကားဖို႔၊ သူလက္ခံရရွိခဲ့တာက ဘြဲ႔ထူးဂုဏ္ထူးေပါင္းမ်ားစြာနဲ႔ဆုတံဆိပ္မ်ား။ သူတည္ေထာင္ခဲ့တဲ့ေဂဟာေတြကေနတဆင့္ အခုဆိုရင္ ေဂဟာေပါင္းေျမာက္ျမားစြာဟာ ကမာၻ႔နိုင္ငံေပါင္း ၁၃၃နိုင္ငံမွာ ပ်ံ႕နွ႔ံလို႔။ ကမာၻသူကမာၻသားတို႔ဟာလည္း သူ႔နာမည္ကို အခြင့္ၾကံဳတိုင္းတဖြဖြေျပာလို႔။ အယ္ေဗးနီးယန္းလူမ်ိဳးေတြဟာလည္း သူ႔ေၾကာင့္ ဂုဏ္သိကၡာေတြတက္လို႔။ ၂၀ရာစုရဲ႕ ယံုၾကည္ေလးစားမႈအခံရဆံုးပုဂၢိဳလ္မ်ားစာတမ္းမွာ သူ႔နာမည္ဟာ ထိပ္ဆံုးမွာရပ္လို႔။ ဟုတ္ပါတယ္။ ပရဟိတနဲ႔ပတ္သက္လာရင္ ခင္ဗ်ားတို႔ကၽြန္ေတာ္တို႔ လက္ဖ်ားခါၾကရမယ့္ သီလရွင္အိုၾကီးမာသာထရီဇာ။

သူ႔ကိုေမြးတာက ၾသဂုတ္လ ၂၆ရက္၊ ၁၉၁၀ခုနွစ္။ နာမည္အရင္းက Anjeze Gonxhe Bojaxhiu။ ဒါက အယ္ေဗးနီးယန္းဘာသာစကားအရ “နွင္းဆီဖူးေလး”။ လြယ္လြယ္ေခၚေတာ့ အက္ဂနက္စ္ ေပါ့။ Skopje ဆိုတဲ့ျမိဳ႕ေလး(အခုေတာ့ မက္ဆီဒိုးနီးယားနိုင္ငံရဲ႕ျမိဳ႕ေတာ္)မွာ ကမာၻေျမကို ခ်စ္ျခင္းေမတၱာေတြ၊ အၾကင္နာတရားေတြ၊ ကိုယ္ခ်င္းစာတရားေတြ ေပးေ၀ေပးမယ့္ မိန္းကေလးတစ္ေယာက္ေမြးဖြားခဲ့ပါတယ္။ သူဟာ အသက္ ၈နွစ္မွာ ဘာသာေရးကို စတင္စိတ္၀င္စားခဲ့ျပီး အသက္ ၁၂နွစ္မွာေတာ့ ဘာသာေရးနဲ႔ပဲ ဘ၀ကို တည္ေဆာက္မယ္လို႔ အခိုင္အမာဆံုးျဖတ္ခဲ့ပါတယ္။ ၁၉၂၈ခုနွစ္ရဲ႕ ၾသဂုတ္လ ၁၅ ရက္ေန႔မွာေတာ့ ဘာသာေရးခရီးစဥ္မ်ားကို လွည့္လည္သြားရင္း သီလရွင္ၾကီးLoreto နဲ႔ဆက္သြယ္မိျပီး ကိုဆိုဗိုနိုင္ငံက Black Madonna of Letnice ဘုရားေက်ာင္းမွာ အဓိ႒ာန္ျပဳခဲ့ပါတယ္။ ဒီအခ်ိန္ကစျပီး သူဟာ သူ႔အေမ၊ သူ႔အမတို႔ကို ဘယ္ေတာ့မွျပန္မေတြ႔ေတာ့ပါဘူး။ ဒါဟာ ၁၈နွစ္သမီးတစ္ေယာက္ ကမာၻၾကီးထဲကို တိုး၀င္ခဲ့ျခင္းရဲ႕ သမိုင္းအစပါပဲ။

စကားဆိုတာက အၾကမ္းဖ်ဥ္းအေနနဲ႔နွစ္မ်ိဳးရွိပါတယ္။ ေတြးေတာေျပာဆိုတာရယ္၊ ကိုယ္ေတြ႔အျဖစ္အပ်က္ကို ျပန္လည္ေျပာဆိုတာရယ္ေပါ့။ မာသာထရီဇာကေတာ့ “အၾကင္နာတရားဆိုတဲ့စကားလံုးဟာ…”ဆိုတဲ့စကားကို ကိုယ္ေတြ႔အျဖစ္အပ်က္မ်ားအေပၚေတြးေတာစဥ္းစားျပီးမွ ေျပာတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ္တို႔ကေရာ ဒီစကားလံုးေလးရဲ႕ အဓိပၸါယ္ကို ကိုယ္ေတြ႔ေဖာ္ေဆာင္ျပီးျပီလား၊ ေတြးေရာေတြးမိၾကရဲ႕လား။ ပဲ့တင္သံေတြရွည္လ်ားက်ယ္ေျပာေၾကာင္း ကၽြန္ေတာ္တို႔ မသိၾကေသးပါဘူး။

၁၉၂၉ခုနွစ္မွာ အိႏိၵယနိုင္ငံ၊ ဒါဂ်ီလင္းျမိဳ႕အစြန္က သူ႔ဘုရားေက်ာင္းေလးရဲ႕အနီး ေတာေက်ာင္းကေလးမွာ ဟိႏိၵဴဘာသာနဲ႔အဂၤလိပ္ဘာသာကို သင္ယူခဲ့ပါတယ္။ သီလရွင္တစ္ပါးအျဖစ္ခံယူခ်ိန္ ၁၉၃၁ခုနွစ္၊ ေမလ၂၄ရက္မွာေတာ့ “သာသနာျပဳအဖြဲ႔မ်ားကိုေစာင့္ေရွာက္တဲ့သူေတာ္စင္”လို႔အဓိပၸါယ္ရတဲ့ အမည္တစ္ခုကို ခံယူခဲ့ပါတယ္။ ဒါေပမယ့္ သူနဲ႔နာမည္တူ သီလရွင္တစ္ပါးရွိျပီးျဖစ္တဲ့အတြက္ အက္ဂနက္စ္ဟာ Teresa ဆိုတဲ့နာမည္ကို ေရြးခ်ယ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ကာလႅကတၱားအေနာက္ပိုင္းက အန္တလီဆိုတဲ့ရြာေလးမွာ ေက်ာင္းအုပ္ဆရာမၾကီးအျဖစ္ ျပန္လည္တာ၀န္ထမ္းခဲ့ပါတယ္။ ဒါေပမယ့္ ကာလႅကတၱားမွာျဖစ္ေနတဲ့ ဆင္းရဲႏြမ္းပါးမႈျမင့္တက္လာျခင္းေတြ၊ ဟိႏၵဴ/မူဆလင္ဘာသာေရးအဓိကရုဏ္းေတြ၊ ငတ္မြတ္ေခါင္းပါးေနတဲ့လူေတြ၊ အနိ႒ာရံုေတြနဲ႔ ခဏခဏေရာက္လာေနတဲ့ ေသျခင္းတရားေတြကို ေတြ႔လိုက္ရတဲ့ ၁၉၄၆ခုနွစ္ရဲ႕ ၾသဂုတ္လမွာေတာ့ မာသာထရီဇာဟာ လူမႈေရးလုပ္ငန္းေတြအတြက္ ဘ၀ကို တစ္ဆစ္ခ်ိဳးလိုက္ပါေတာ့တယ္။

မာသာထရီဇာကေျပာခဲ့ပါတယ္။ “ကၽြန္မေသြးက အယ္ေဗးနီးယားေသြး၊ ကၽြန္မနိုင္ငံသားအျဖစ္ခံယူထားတာက အိႏိၵယ၊ ကၽြန္မယံုၾကည္ကိုးကြယ္တာက ရိုမန္ကတ္သလစ္။ ဒါေပမယ့္ ကၽြန္မအလုပ္အကိုင္က ကမာၻၾကီးတစ္ခုလံုးနဲ႔ဆိုင္တယ္။ ကၽြန္မအသည္းနွလံုးဟာ ျငိမ္းခ်မ္းေသာတရားဓမၼေတြနဲ႔ျပည့္ေနတယ္”။

မာသာထရီဇာရဲ႕ ေနာက္ထပ္မွတ္သားစရာစကားတစ္ခြန္းရွိပါေသးတယ္။ “ဘယ္အရာကိုမွၾကီးက်ယ္ခမ္းနားဖို႔ေမွ်ာ္လင့္ျပီးမလုပ္ပါနဲ႔။ ဒါေပမယ့္အေသးအမႊားကိစၥေလးေတြကိုေတာ့ ၾကီးမားတဲ့ခ်စ္ျခင္းေမတၱာနဲ႔ေဆာင္ရြက္ပါ။ ဒါကသာ ျမင့္ျမတ္ခမ္းနားျခင္းအစစ္အမွန္ပါ”။ ဟုတ္ပါတယ္။ လူမႈေရးလုပ္ငန္းေတြေဆာင္ရြက္ရာမွာ တခ်ိဳ႕တခ်ိဳ႕ေသာသူေတြဟာ မလိုအပ္ပါဘဲနဲ႔ ခ်ဲ႕ထြင္အသားယူလိုၾကပါတယ္။ ေရေဘးကယ္ဆယ္ေရးသြားေရာက္ဖို႔ ေမာ္ဒယ္လ္ျမင့္ကားတစ္စီးေမွ်ာ္လင့္တာမ်ိဳး၊ ပရဟိတလုပ္ငန္းရံုးခန္းဖြင့္ဖို႔ ျမိဳ႕လယ္မွာေနရာေကာင္းေကာင္းလုိခ်င္တာမ်ိဳး၊ အလွဴရွင္ေတြနဲ႔ ခ်ိတ္ဆက္ဖို႔ တယ္လီဖုန္းငါးလံုးေလာက္ေတာင့္တတာမ်ိဳး၊ အလွဴရွင္ေတြကို ျပျပီးစည္းရံုးဖို႔ မွတ္တမ္းတင္ဓာတ္ပံုေတြ၊ ရုပ္/သံေတြ အတြက္ Full HD ကင္မရာေတြအလိုရွိတာမ်ိဳး၊ အေထာက္အပံ့ပစၥည္းနဲ႔ေငြေၾကးအနည္းငယ္ေပးဖို႔အေရး အခမ္းအနားနဲ႔၊ ဗီနိုင္းနဲ႔၊ တိုက္ပံုနဲ႔၊ စင္ေပၚတက္ျပီးဓာတ္ပံုုအရိုက္ခံခ်င္တာမ်ိဳးကေတာ့ တကယ့္လူမႈေရးစိတ္ဓာတ္ျပင္းထန္သူေတြအတြက္ လိုပင္လိုေသာ္ျငား သိပ္ျပီးအေရးမပါလွဘူးလို႔ထင္ပါတယ္။

“ေပးပါ၊ ဘာနာက်င္ဒုကၡကိုမွ မခံစားၾကရေသးခင္ေပးပါ”တဲ့။ ကၽြန္ေတာ္တို႔ လွဴၾကတယ္၊ ကမ္းၾကတယ္။ ကၽြန္ေတာ္တို႔အမ်ားစုရဲ႕ အလွဴအတန္း၊အေပးအကမ္းေတြကို ျပန္ၾကည့္ၾကရေအာင္ပါ။ ကၽြန္ေတာ္တို႔မွာ ျပည့္စံုေနေသာအခါမ်ားတြင္မွ၊ သို႔တည္းမဟုတ္ ကၽြန္ေတာ္တို႔အတြက္ သပ္သပ္ဖယ္ထားျပီး ျဖစ္ေသာ ေ၀စုမ်ားအျပင္ကမွ ေပးၾကကမ္းၾကတဲ့အျဖစ္ေတြသာ ေဟာဒီကမာၻမွာ မ်ားေနပါတယ္။ ပုဆိုးအထည္နွစ္ဆယ္ရွိတဲ့အထဲကေန ေရလဲပုဆိုးတစ္ထည္ကို မီးေဘးဒုကၡသည္ေတြအတြက္ လွဴလိုက္တယ္။ အိမ္မွာၾကက္သားဟင္းနဲ႔အစိမ္းေၾကာ္ခ်က္တဲ့အထဲကေန အနွစ္ကေလးနည္းနည္းဆမ္း၊ အစိမ္းေၾကာ္ေလးပံုထားတဲ့ထမင္းတစ္ထုပ္ကို ေရေဘးဒုကၡသည္ေတြအတြက္လွဴလိုက္တယ္။ ခ်ိဳင္းၾကားမွာညွပ္ထားတဲ့ ပိုက္ဆံအိတ္ၾကီးကိုဖြင့္၊ ၁ေသာင္းတန္ ၅ေထာင္တန္ေတြကို ေဘးနည္းနည္းတြန္း၊ ၅၀တန္အႏြမ္းေလးတစ္ရြက္ကို မရရေအာင္ရွာျပီး လမ္းေဘးမွာထိုင္ေနတဲ့အမယ္အိုၾကီးေရွ႕ ပစ္ခ်လိုက္တယ္။ မလွဴတာထက္စာရင္ ဒီေလာက္လွဴတာက ပိုမေကာင္းဘူးလားလို႔ အတြန္႔တက္ေလွာင္ေျပာင္ရင္ရေပမယ့္ သမိုင္းထဲက ပရဟိတသူရဲေကာင္းတို႔အေၾကာင္းကို ကၽြန္ေတာ္တို႔ဖတ္ရႈျပီးၾကတဲ့အခါမွာ ကမာၻဟာ ဒီေလာက္နဲ႔ မလံုေလာက္ေသးေၾကာင္း အခိုင္အမာေျပာဆိုလာနိုင္ပါတယ္။ မနာက်င္ခင္၊ မခံစားရေသးခင္၊ ဒုကၡမေရာက္ေသးခင္ ေပးပါ လို႔ မာသာထရီဇာက ဆိုထားျပီးမဟုတ္လား။ ကၽြန္ေတာ္တို႔စြန္႔မယ့္လႊတ္မယ့္အေရး ကိုယ့္အတၱကိုယ္ျပန္သိမ္းေနတဲ့အခ်ိန္ပိုင္းေလးအတြင္းမွာပဲ နာက်င္တဲ့လူက နာက်င္ျပီးသြားျပီ။ ခံစားတဲ့လူက ခံစားျပီးသြားျပီ။ ဒုကၡေရာက္တဲ့လူက ဒုကၡေရာက္ျပီးသြားျပီ။ ဒီအေၾကာင္းေတြေတြးမိရင္ “ကၽြန္မ မာစီဒီးကားမလိုခ်င္ဘူး။ ဒီတန္ဖိုးနဲ႔ညီတဲ့ အာလူးေတြ၊ ဂ်ံဳေတြ၊ ေဆး၀ါးေတြပဲ ေပးပါ”ဆိုတဲ့ မာသာထရီဇာကိုပဲ ကၽြန္ေတာ္သတိရေနမိပါေတာ့တယ္။

သူဟာ ကမာၻ႔နိုင္ငံေပါင္း ေျမာက္ျမားစြာကိုခရီးသြားခဲ့တယ္။ သြားသမွ်ခရီးတိုင္းဟာလည္း ယူဖို႔မဟုတ္၊ ေပးရန္သက္သက္သာျဖစ္တယ္။ ခ်မ္းသာေသာနိုင္ငံမ်ားရဲ႕ သက္ဆိုင္ရာအစိုးရ၊ နိုင္ငံအၾကီးအကဲတို႔က ေပးကမ္းတာေတြကို ယူခဲ့ရင္ေတာင္ ငတ္မြတ္ဆင္းရဲေနသူအေပါင္းအတြက္သူက ခဏတာလက္ခံေပးျခင္းသာျဖစ္ခဲ့ပါတယ္။ မာသာထရီဇာဟာ ေဂဟာေပါင္းမ်ားစြာကို သူ႔အေသြးသူ႔အသားနဲ႔လည္ပတ္ေမာင္းနွင္ေစခဲ့တယ္။ အနာၾကီးေရာဂါသည္ေတြ၊ မိဘမဲ့ကေလးေတြ၊ တီဘီေရာဂါသည္ေတြ၊ စစ္ေၾကာင့္အတိဒုကၡေရာက္သူေတြ၊ ကပ္ေရာဂါဆိုးေၾကာင့္လူရုပ္သူရုပ္မေပၚေတာ့သူေတြရဲ႕ အားကိုးရာဟာ မာသာထရီဇာလို႔ ကမာၻၾကီးကလက္ခံလာခဲ့တယ္။သူ႔ကိုေလးစားအားက်တဲ့လူေတြဟာ ပရဟိတလုပ္ငန္းေတြကို တက္တက္ၾကြၾကြလုပ္ေဆာင္ခဲ့ၾကပါတယ္။ မာသာထရီဇာရဲ႕ လူမႈေရးလုပ္ငန္းေတြအတြက္ ပူးေပါင္းပါ၀င္လာသူေတြကို သူက အခ်က္သံုးခ်က္လိုက္နာေစခဲ့တယ္။ ျဗဟၼစိုရ္တရားလက္ကိုင္ထားဖို႔၊ ဆင္းရဲသူေတြကို ကူညီရင္း ကိုယ္တိုင္ဆင္းရဲတာကို ခံနိုင္ဖို႔နဲ႔ အေရးၾကီးဆံုးအျဖစ္ ခ်စ္ျခင္းေမတၱာအားလံုးကို သူတို႔အေပၚအစြမ္းကုန္ေပးဆပ္ဖို႔ပါပဲ။ တစ္နည္းေျပာရရင္ “ငါ”ဆိုတဲ့ အတၱကို လံုး၀လႊင့္ပစ္လိုက္ဖို႔ပါ။ သူကိုယ္တိုင္လည္း ဘယ္ေလာက္အထိကိုယ္က်ိဳးစြန္႔ခဲ့သလဲဆိုရင္ ေမြးရပ္ေျမအယ္ေဗးနီးယားကိုေတာင္ သူ႔အသက္ ၈၁နွစ္၊ ၁၉၉၁ခုနွစ္မွ ပထမဆံုးအၾကိမ္ျပန္ေရာက္ခဲ့ပါတယ္။ မာသာထရီဇာဟာ သူမကြယ္လြန္မီအခ်ိိန္မ်ား၊ သူကြယ္လြန္ျပီးအခ်ိန္မ်ားမွာဆုတံဆိပ္ေပါင္းမ်ားစြာကို ရရွိခဲ့ပါတယ္။ ၁၉၇၉ခုနွစ္မွာ ရရွိခဲ့တဲ့ နိုဘယ္လ္ဆုအပါအ၀င္ေပါ့။ ဒီဆုကို ေပးအပ္တဲ့အခါမွာလည္းလုပ္္ေနၾက ဂုဏ္ျပဳအခမ္းအနားေတြ၊ ညစာစားပြဲေတြကို ျငင္းဆိုခဲ့ပါတယ္။ သူရရွိမယ့္ ေဒၚလာ တစ္သိန္းကိုးေသာင္းေက်ာ္ကိုသာ အိႏိၵယက ဒုကၡေရာက္ေနသူေတြအတြက္ ေတာင္းခံခဲ့ပါတယ္။

ပရဟိတလုပ္ငန္းေတြဟာ ျငိမ္းခ်မ္းေရးနဲ႔လည္းတိုက္ရိုက္အခ်ိဳးက်ေနတယ္ဆိုတာ ကၽြန္ေတာ္တို႔သိလာရပါတယ္။ မတရားအနိုင္က်င့္မယ္၊ သယံဇာတေတြ လက္၀ါးၾကီးအုပ္မယ္၊ ယဥ္ေက်းမႈအေမြအနွစ္ေတြ ဖ်က္ဆီးမယ္၊ လူမ်ိဳးေရးခြဲျခားဆက္ဆံမယ္။ ဒါေတြေၾကာင့္ “နာ”လို႔ျဖစ္တဲ့စစ္ပြဲေတြရွိလာပါတယ္။ အမ်ိဳးကိုထိလို႔နာတယ္၊ ေရေျမေတာေတာင္ကိုထိလို႔နာတယ္၊ ယဥ္ေက်းမႈကိုထိလို႔နာတယ္။ ဒါဟာလူသားဆန္ျခင္းတစ္မ်ိဳးပဲေလ။ ကၽြန္ေတာ္တို႔အျပစ္မဆိုသာပါဘူး။ ဒါေပမယ့္ “နာ”လို႔ျဖစ္တဲ့စစ္ပြဲေတြရဲ႕ သက္တမ္းၾကာလာရင္ေတာ့ “ဆာ”လို႔ျဖစ္တဲ့စစ္ပြဲေတြအျဖစ္ အသြင္ေျပာင္းသြားပါတယ္။ “ဆာ”လို႔ျဖစ္တဲ့စစ္ပြဲေတြဟာ လက္နက္ေတြနဲ႔တိုက္ခိုက္ၾကတာျဖစ္နိုင္သလို ျငိမ္းခ်မ္းစြာေနထိုင္ေနရင္းလည္း ျဖစ္နိုင္ပါတယ္။ “ဆာ”လို႔ျဖစ္တဲ့စစ္အတြက္ စားပြဲေပၚမွာထိုင္ေျပာေနရံုနဲ႔ေတာ့ အလြယ္တကူမေျပလည္နိုင္ပါဘူး။ ဒါကို ကမာၻၾကီးကေသခ်ာမသိေသးဘူး၊ သိဖို႔မၾကိဳးစားေသးဘူး၊ မသိခ်င္ေယာင္ေဆာင္ထားဆဲပါ။ ကဗ်ာဆရာ လူအိမ္ က သူ႔ရဲ႕နာမည္ေက်ာ္ “ရူးေနတဲ့ကမာၻ” ဆိုတဲ့ ကဗ်ာမွာ ဒီလိုထည့္ေရးခဲ့ဖူးပါတယ္။

ကမာၻဟာ
ခုအခ်ိန္ထိ
အေရးၾကံဳမွ
အရပ္ကူပါ လူ၀ိုင္းပါ လုပ္ခ်င္ေနတုန္းပဲ
ဒိုင္ယာနာမေသခင္
ေနာက္ဆံုးေသာက္သြားတဲ့ဟင္းခ်ိဳဟာ
ေဒၚလာ(၄၀၀၀)တန္တယ္
ဗီယင္နာကို
ေဂ်ာ့ခ်္ဘုခ်္လာေတာ့
တည္းခိုခန္းတစ္ညစရိတ္ဟာ
ေဒၚလာ(၆၀၀၀)က်တယ္။

“ဘုရင္ခံခ်ဳပ္က နွစ္ေယာက္စာ၀တ္ထားျပီပဲ
ကၽြန္ေတာ္၀တ္ဖို႔မလိုေတာ့ပါဘူး” တဲ့
မဟတၱမဂႏီၵေျပာခဲ့သလိုပါပဲ
လူေပါင္းမ်ားစြာဟာ ေက်ာေျပာင္ေနျပီး
လူအခ်ိဳ႕ဟာ ေတာင္ပံုရာပံုရွိေနတယ္
ကမာၻက သိပံုမရဘူး။
ကမာၻဟာ သူ႔ကိုယ္သူ ကမာၻတည္မယ္ထင္ေနရဲ႕ဘ၀င္လည္းျမင့္ရဲ႕
ရူးလည္းရူးရဲ႕
ဂိုက္ေပးလည္းၾကမ္းရဲ႕
ကမာၻကို မထီမဲ့ျမင္ျပဳရဲ႕
“မာသာထရီဆာ”က တစ္ေယာက္တည္း
“ဘင္လာဒင္”ေတြအမ်ားၾကီးပဲ
“ဂႏီၵ”က တစ္ေယာက္တည္း
“ဟစ္တလာ”ေတြက အမ်ားၾကီးပဲ။

မာသာထရီဇာနဲ႔ပတ္သက္တဲ့မွတ္တမ္းရုပ္ရွင္ေတြ၊ ဇာတ္လမ္းေတြမ်ားစြာထဲကမွ ကၽြန္ေတာ္မွတ္မိေနတဲ့ ဇာတ္၀င္ခန္းတစ္ခုရွိပါတယ္။ အခ်ိန္က အိႏိၵယနိုင္ငံမွာ လူမ်ိဳးေရး/ဘာသာေရးခြဲျခားမႈေတြ ျပင္းထန္ေနခ်ိန္။ မာသာထရီဇာ ကယ္တင္ေစာင့္ေရွာက္ေပးေနတဲ့ အနူအရြဲလူေတြ၊ ပိန္လွီေျခာက္ကပ္လူနာေတြ၊ ယင္တေလာင္းေလာင္းအနာဗရပြနဲ႔ ေရာဂါသည္ေတြကို ျမိဳ႕သူျမိဳ႕သားေတြက လက္မခံခ်င္ၾကတဲ့အတြက္ အလွဴရွင္တစ္ေယာက္ရဲ႕ကူညီမႈနဲ႔အတူ ျမိဳ႕စြန္က ဘုရားေက်ာင္းကေလးဆီ ေျပာင္းေရႊ႕ခဲ့ရပါတယ္။ အၾကမ္းဖက္လိုစိတ္ျပင္းထန္ေနတဲ့ လူတခ်ိဳ႕ဟာ တုတ္ေတြ၊ဓားေတြ၊လက္နက္ေတြကိုင္လာျပီး ဘုရားေက်ာင္းေလးေရွ႕မွာ ေအာ္ဟစ္ဆဲဆိုၾကပါတယ္။ အျဖဴေရာင္၀တ္ရံုကို အျပာေရာင္အနားကြပ္ကေလးေတြနဲ႔ မာသာထရီဇာက လူအုပ္ၾကီးေရွ႕မွာ လာရပ္ျပီး စကားတစ္ခြန္းေျပာပါတယ္။

“ရွင္တို႔ ကၽြန္မကို ရိုက္ခ်င္လား၊ ရိုက္ပါ။ ကၽြန္မကို သတ္ခ်င္လား၊ သတ္ပါ။ ဒီလိုမလုပ္ခင္ကၽြန္မတစ္ခုေတာ့ ေျပာလိုက္မယ္။ အခုအထဲမွာရွိေနတဲ့လူေတြဟာ ဟိႏၵဴေတြ၊မူဆလင္ေတြ။ ရွင္တို႔လူမ်ိဳးေတြ၊ ရွင္တို႔နိုင္ငံသားေတြ၊ ရွင္တို႔ဘာသာ၀င္ေတြ။ ကၽြန္မအမ်ိဳးတစ္ေယာက္မွ မပါဘူး။ ကၽြန္မနိုင္ငံသားတစ္ေယာက္မွ မပါဘူး။ နည္းနည္းေလးျဖစ္ျဖစ္စဥ္းစားၾကစမ္းပါ”။
လူအုပ္ၾကီးဟာ မီးကိုေရနဲ႔ျငိမ္းသလို ျငိမ္လုိ႔၊ တိတ္ဆိတ္ညသန္းေခါင္ယံလို ျငိမ္လို႔၊ လိႈင္း၊ေလ လႈပ္ရွားျခင္းမရွိတဲ့ ေရျပင္လို ျငိမ္လို႔။ မာသာထရီဇာရဲ႕စကားေၾကာင့္ ကိုယ့္အတၱကိုယ္ရွက္ျပီး အလွ်ိဳလွ်ိဳထြက္သြားၾကေတာ့တာေလ။

တစ္ဘ၀လံုးကို အိႏိၵယနိုင္ငံနဲ႔ ကမာၻေပၚက ဒုကၡသည္မ်ားအတြက္ေပးဆပ္ခဲ့တဲ့ မာသာထရီဇာဟာ မရဏတရားအတြက္ေပးဆပ္ဖို႔လည္း အခ်ိန္ေရာက္လာပါတယ္။ နိုင္ငံအမ်ားအျပားကို ခရီးသြားေနေပမယ့္ သူ႔ရဲ႕ က်န္းမာေရးအေျခအေနကို စစ္ေဆးကုသဖို႔ထက္ သူ႔ေဂဟာေတြက ဒုကၡသည္ေတြအတြက္ပဲ စိုးရိမ္ပူပန္ခဲ့တဲ့သူပါ။ ေရာမျမိဳ႕မွာ ပုပ္ရဟန္းမင္းၾကီးဂၽြန္ေပါလ္(၂)နဲ႔ေတြ႔ဆံုစဥ္ ၁၉၈၃ကတည္းက မာသာထရီဇာဟာ နွလံုးေရာဂါကို ခံစားေနရျပီျဖစ္ပါတယ္။ ၁၉၉၆ခုနွစ္ ၾသဂုတ္လအတြင္းမွာ ငွက္ဖ်ားေရာဂါကို အျပင္းအထန္ခံစားျပီးခဲ့ခ်ိန္မွာေတာ့ သူ႔ရဲ႕ဇရာဟာ က်န္းမာေရးကို အေနွာက္အယွက္ေပးလာခဲ့ပါတယ္။ ဒီလိုနဲ႔ပဲ ကမာၻၾကီးရဲ႕အားကိုးရာျငိမ္းခ်မ္းေရးရဲ႕မိခင္၊ ရံႈ႕တြမႈန္ေ၀ေနတဲ့အသားအေရနဲ႔ မ်က္နွာေပၚကအေရးအေၾကာင္းေတြၾကားက စူးရွမ်က္၀န္းပိုင္ရွင္၊ ဒုကၡသည္ေတြကို ဆြဲေပြ႕အားေပးလိုက္ဖို႔ ၀န္မေလးခဲ့တဲ့ ၀တ္ရံုအျဖဴမွာ အျပာေရာင္အနားကြပ္ကေလးေတြနဲ႔ သီလရွင္ၾကီးမာသာထရီဇာဟာ ၁၉၉၇ခုနွစ္၊ စက္တင္ဘာလ ၅ရက္ေန႔မွာ ျမင့္ျမတ္စြာကြယ္လြန္ခဲ့ပါတယ္။ သူ႔ရဲ႕စ်ာပနကို ကမာၻအရပ္ရပ္က နိုင္ငံေတာ္၀န္ၾကီးခ်ဳပ္မ်ား၊ သမၼတမ်ား၊ ပရဟိတသမားမ်ားနွင့္ သူကူညီေစာင့္ေရွာက္ခဲ့ေသာ ဒုကၡသည္မ်ားက ခမ္းနားစြာက်င္းပခဲ့ၾကပါတယ္။ သူကြယ္လြန္သြားခ်ိန္မွာေတာ့ သူ႔အတြက္၀ိုင္း၀န္းအားျဖည့္ေပးခဲ့ၾကတဲ့ ပရဟိတသမားမ်ား၊သီလရွင္မ်ား စုစုေပါင္း(၁)သန္းေက်ာ္ဟာ နိုင္ငံေပါင္း ၁၃၃နိုင္ငံမွာ အနာၾကီးေရာဂါေတြအတြက္၊ တီဘီေရာဂါေတြအတြက္၊ မိဘမဲ့ေတြအတြက္၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနသူေတြအတြက္ ဆက္လက္ေပးဆပ္ေနၾကဆဲျဖစ္ပါတယ္။

“လူဆိုတာေအးေအးခ်မ္းခ်မ္းမေနခဲ့ရရင္ေတာင္ ေအးေအးခ်မ္းခ်မ္းေသရမယ္” တဲ့။ မာသာထရီဇာေျပာခဲ့တယ္။ ဖြံ႔ျဖိဳးဆဲနိုင္ငံေတြအတြက္ေတာ့ နား၀င္ခ်ိဳဖို႔မလြယ္တဲ့စကားပါ။ တစ္ရက္လုပ္အားခကို တစ္ရက္၀မ္းစာအျဖစ္ေျပာင္းလဲလိုက္ရတဲ့သူေတြမွာ ဘယ္ကလာျပီးက်န္းမာေရးစရိတ္၊ နာေရးစရိတ္ဟာ အဆင္သင့္ျဖစ္ပါ့မလဲ။ နာေရးကူညီမႈအသင္းေတြနဲ႔ ေစတနာရွင္ေတြေၾကာင့္သာ နည္းနည္းေျဖသာနိုင္ေနတာေပါ့။ ဒီလိုလူမႈေရးသမားေတြဟာ ေသနတ္တစ္ခ်က္မေဖာက္၊ ဓားတစ္ခ်က္မ၀င့္၊ လက္သီးတစ္ခ်က္မထိုးတဲ့ သူရဲေကာင္းေတြပါပဲ။ ေသနတ္ပစ္ျပီးနိုင္ငံကိုကာကြယ္၊ ဓားခုတ္ျပီးလူမ်ိိဳးကိုကာကြယ္၊ လက္သီးထိုးျပီးပိုင္နက္ကို ကာကြယ္မွသာ သူရဲေကာင္းလို႔ျမင္တဲ့အျမင္ေတြ ဒီေန႔ကမာၻၾကီးမွာ မ်ိဳးတံုးသြားတာၾကာပါျပီ။ လက္ထဲမွာ ေမတၱာတရားထည့္ထားပါ၊ တျခားလက္တစ္စံုကိုေပးပါ။ ဒါသူရဲေကာင္းပဲ။ အၾကည့္ထဲမွာ အၾကင္နာတရားထည့္ထားပါ။ တျခားမ်က္၀န္းတစ္စံုကိုၾကည့္ပါ။ ဒါသူရဲေကာင္းပဲ။ နႈတ္ခမ္းေပၚမွာ ျငိမ္းခ်မ္းေရးကိုတင္ထားပါ။ တျခားနႈတ္ခမ္းတစ္စံုကို ျပံဳးျပပါ။ ဒါသူရဲေကာင္းပဲ။ သံခ်ပ္ကာတိုက္ပြဲ၀င္၀တ္စံု၀တ္ထားတဲ့ သူရဲေကာင္းေတြထက္ အျဖဴေရာင္၀တ္ရံုမွာ အျပာေရာင္အနားကြပ္ထားတဲ့ သီလရွင္ၾကီးကို ကမာၻၾကီးဟာ၊ ကၽြန္ေတာ္တို႔ဟာ ပိုမိုလြမ္းဆြတ္လိုအပ္ပါတယ္။ ကဗ်ာဆရာလူအိမ္ရဲ႕ “ရူးေနတဲ့ကမာၻ”ဆိုတဲ့ကဗ်ာထဲက အပိုဒ္တခ်ိဳ႕ကို ေရရြတ္ေနရင္းနဲ႔ေပါ့။

“ဒါးဗို႔”မွာအစည္းအေ၀းလုပ္ေတာ့
“နီဂရိုးပြန္တီ”က
ကေလးေတြအတြက္ ေဒၚလာ(၁၀၀)တန္ကြန္ျပဴတာေတြထုတ္ရမယ္
“ဘီလ္ဂိတ္”က ဒီလိုမဟုတ္
ကြန္ျပဴတာနဲ႔ တြဲၾကည့္လို႔ရတဲ့ ဆဲလ္ဖုန္းေတြ ထြင္ဖို႔လိုတယ္တဲ့
“ရွာရြန္စတုန္း”က ေျပာတယ္
ေလာေလာဆယ္ အာဖရိကျပည္သူေတြကို
ျခင္ေထာင္ေတြေပးရမယ္တဲ့။

တကယ့္ မီးစတစ္ဖက္ေရမႈတ္တစ္ဖက္ပါပဲ
ကမာၻဟာ
တစ္ဖက္မွာ ေလသံေကာင္းလႊင့္ျပီး
တစ္ဖက္မွာေတာ့ ဇိမ္နဲ႔ ျငိမ့္ခ်င္ေနတုန္းပဲ
ကမာၻဟာ ခုခ်ိန္ထိ
တရားေတြ႔သလိုလိုနဲ႔
တရားကိုေကြ႔ေရွာင္ေနတုန္းပဲ။

ဟိန္း

ကိုးကား
– en.wikipedia.org
– www.motherteresa.org
– ဆရာ လူအိမ္(ရူးေနတဲ့ကမာၻ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Instyle မဂၢဇင္း – Khar – Moe Aung

# Unicode Version ျဖင့္ ဖတ္ပါ #
“အကြင်နာတရားဆိုတဲ့စကားလုံးဟာ တိုလည်းတိုတယ်။ ပြောရလည်းလွယ်တယ်။ သူ့ရဲ့ပဲ့တင်သံကတော့ ရှည်လျားကျယ်ပြောပါတယ်။”

ဒီစကားကို ပြောခဲ့တာဘယ်သူလဲ။ သမ္မတလား၊ အဖြုတ်ချခံအာဏာရှင်လား၊ ကမ္ဘာကျော်ပန်းချီဆရာလား၊ အရက်သမားလား၊ တော်လှန်ရေးသမားလား၊ ပါတီဥက္ကဌလား၊ ဝပ်ရှော့အလုပ်သမားလား၊ ပီဇာပို့သူလား၊ ကဗျာဆရာလား၊ အသေခံဗုံးခွဲသူလား။ မဟုတ်ပါဘူး။ သီလရှင်ကြီးတစ်ပါးပါ။ ရိုမန်ကတ်သလစ်သီလရှင်ကြီးတစ်ပါးပါ။ မွေးရပ်မြေက တခြား၊ သူပေးဆပ်ခဲ့တဲ့နေရာက တခြား။ သူကိုးကွယ်တာက တစ်ဘာသာ၊ သူစောင့်ရှောက်ခဲ့တာက ဘာသာစုံ။ သူလိုချင်မျှော်လင့်ခဲ့တာက ကမ္ဘာကြီးမှာမေတ္တာတရားတွေထွန်းကားဖို့၊ သူလက်ခံရရှိခဲ့တာက ဘွဲ့ထူးဂုဏ်ထူးပေါင်းများစွာနဲ့ဆုတံဆိပ်များ။ သူတည်ထောင်ခဲ့တဲ့ဂေဟာတွေကနေတဆင့် အခုဆိုရင် ဂေဟာပေါင်းမြောက်မြားစွာဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၃နိုင်ငံမှာ ပျံ့နှံ့လို့။ ကမ္ဘာသူကမ္ဘာသားတို့ဟာလည်း သူ့နာမည်ကို အခွင့်ကြုံတိုင်းတဖွဖွပြောလို့။ အယ်ဗေးနီးယန်းလူမျိုးတွေဟာလည်း သူ့ကြောင့် ဂုဏ်သိက္ခာတွေတက်လို့။ ၂၀ရာစုရဲ့ ယုံကြည်လေးစားမှုအခံရဆုံးပုဂ္ဂိုလ်များစာတမ်းမှာ သူ့နာမည်ဟာ ထိပ်ဆုံးမှာရပ်လို့။ ဟုတ်ပါတယ်။ ပရဟိတနဲ့ပတ်သက်လာရင် ခင်ဗျားတို့ကျွန်တော်တို့ လက်ဖျားခါကြရမယ့် သီလရှင်အိုကြီးမာသာထရီဇာ။

သူ့ကိုမွေးတာက သြဂုတ်လ ၂၆ရက်၊ ၁၉၁၀ခုနှစ်။ နာမည်အရင်းက Anjeze Gonxhe Bojaxhiu။ ဒါက အယ်ဗေးနီးယန်းဘာသာစကားအရ “နှင်းဆီဖူးလေး”။ လွယ်လွယ်ခေါ်တော့ အက်ဂနက်စ် ပေါ့။ Skopje ဆိုတဲ့မြို့လေး(အခုတော့ မက်ဆီဒိုးနီးယားနိုင်ငံရဲ့မြို့တော်)မှာ ကမ္ဘာမြေကို ချစ်ခြင်းမေတ္တာတွေ၊ အကြင်နာတရားတွေ၊ ကိုယ်ချင်းစာတရားတွေ ပေးဝေပေးမယ့် မိန်းကလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။ သူဟာ အသက် ၈နှစ်မှာ ဘာသာရေးကို စတင်စိတ်ဝင်စားခဲ့ပြီး အသက် ၁၂နှစ်မှာတော့ ဘာသာရေးနဲ့ပဲ ဘဝကို တည်ဆောက်မယ်လို့ အခိုင်အမာဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၂၈ခုနှစ်ရဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာတော့ ဘာသာရေးခရီးစဉ်များကို လှည့်လည်သွားရင်း သီလရှင်ကြီးLoreto နဲ့ဆက်သွယ်မိပြီး ကိုဆိုဗိုနိုင်ငံက Black Madonna of Letnice ဘုရားကျောင်းမှာ အဓိဋ္ဌာန်ပြုခဲ့ပါတယ်။ ဒီအချိန်ကစပြီး သူဟာ သူ့အမေ၊ သူ့အမတို့ကို ဘယ်တော့မှပြန်မတွေ့တော့ပါဘူး။ ဒါဟာ ၁၈နှစ်သမီးတစ်ယောက် ကမ္ဘာကြီးထဲကို တိုးဝင်ခဲ့ခြင်းရဲ့ သမိုင်းအစပါပဲ။

စကားဆိုတာက အကြမ်းဖျဉ်းအနေနဲ့နှစ်မျိုးရှိပါတယ်။ တွေးတောပြောဆိုတာရယ်၊ ကိုယ်တွေ့အဖြစ်အပျက်ကို ပြန်လည်ပြောဆိုတာရယ်ပေါ့။ မာသာထရီဇာကတော့ “အကြင်နာတရားဆိုတဲ့စကားလုံးဟာ…”ဆိုတဲ့စကားကို ကိုယ်တွေ့အဖြစ်အပျက်များအပေါ်တွေးတောစဉ်းစားပြီးမှ ပြောတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ကရော ဒီစကားလုံးလေးရဲ့ အဓိပ္ပါယ်ကို ကိုယ်တွေ့ဖော်ဆောင်ပြီးပြီလား၊ တွေးရောတွေးမိကြရဲ့လား။ ပဲ့တင်သံတွေရှည်လျားကျယ်ပြောကြောင်း ကျွန်တော်တို့ မသိကြသေးပါဘူး။

၁၉၂၉ခုနှစ်မှာ အိန္ဒိယနိုင်ငံ၊ ဒါဂျီလင်းမြို့အစွန်က သူ့ဘုရားကျောင်းလေးရဲ့အနီး တောကျောင်းကလေးမှာ ဟိန္ဒိူဘာသာနဲ့အင်္ဂလိပ်ဘာသာကို သင်ယူခဲ့ပါတယ်။ သီလရှင်တစ်ပါးအဖြစ်ခံယူချိန် ၁၉၃၁ခုနှစ်၊ မေလ၂၄ရက်မှာတော့ “သာသနာပြုအဖွဲ့များကိုစောင့်ရှောက်တဲ့သူတော်စင်”လို့အဓိပ္ပါယ်ရတဲ့ အမည်တစ်ခုကို ခံယူခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့နာမည်တူ သီလရှင်တစ်ပါးရှိပြီးဖြစ်တဲ့အတွက် အက်ဂနက်စ်ဟာ Teresa ဆိုတဲ့နာမည်ကို ရွေးချယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကာလ္လကတ္တားအနောက်ပိုင်းက အန်တလီဆိုတဲ့ရွာလေးမှာ ကျောင်းအုပ်ဆရာမကြီးအဖြစ် ပြန်လည်တာဝန်ထမ်းခဲ့ပါတယ်။ ဒါပေမယ့် ကာလ္လကတ္တားမှာဖြစ်နေတဲ့ ဆင်းရဲနွမ်းပါးမှုမြင့်တက်လာခြင်းတွေ၊ ဟိန္ဒူ/မူဆလင်ဘာသာရေးအဓိကရုဏ်းတွေ၊ ငတ်မွတ်ခေါင်းပါးနေတဲ့လူတွေ၊ အနိဋ္ဌာရုံတွေနဲ့ ခဏခဏရောက်လာနေတဲ့ သေခြင်းတရားတွေကို တွေ့လိုက်ရတဲ့ ၁၉၄၆ခုနှစ်ရဲ့ သြဂုတ်လမှာတော့ မာသာထရီဇာဟာ လူမှုရေးလုပ်ငန်းတွေအတွက် ဘဝကို တစ်ဆစ်ချိုးလိုက်ပါတော့တယ်။

မာသာထရီဇာကပြောခဲ့ပါတယ်။ “ကျွန်မသွေးက အယ်ဗေးနီးယားသွေး၊ ကျွန်မနိုင်ငံသားအဖြစ်ခံယူထားတာက အိန္ဒိယ၊ ကျွန်မယုံကြည်ကိုးကွယ်တာက ရိုမန်ကတ်သလစ်။ ဒါပေမယ့် ကျွန်မအလုပ်အကိုင်က ကမ္ဘာကြီးတစ်ခုလုံးနဲ့ဆိုင်တယ်။ ကျွန်မအသည်းနှလုံးဟာ ငြိမ်းချမ်းသောတရားဓမ္မတွေနဲ့ပြည့်နေတယ်”။

မာသာထရီဇာရဲ့ နောက်ထပ်မှတ်သားစရာစကားတစ်ခွန်းရှိပါသေးတယ်။ “ဘယ်အရာကိုမှကြီးကျယ်ခမ်းနားဖို့မျှော်လင့်ပြီးမလုပ်ပါနဲ့။ ဒါပေမယ့်အသေးအမွှားကိစ္စလေးတွေကိုတော့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာနဲ့ဆောင်ရွက်ပါ။ ဒါကသာ မြင့်မြတ်ခမ်းနားခြင်းအစစ်အမှန်ပါ”။ ဟုတ်ပါတယ်။ လူမှုရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ တချို့တချို့သောသူတွေဟာ မလိုအပ်ပါဘဲနဲ့ ချဲ့ထွင်အသားယူလိုကြပါတယ်။ ရေဘေးကယ်ဆယ်ရေးသွားရောက်ဖို့ မော်ဒယ်လ်မြင့်ကားတစ်စီးမျှော်လင့်တာမျိုး၊ ပရဟိတလုပ်ငန်းရုံးခန်းဖွင့်ဖို့ မြို့လယ်မှာနေရာကောင်းကောင်းလိုချင်တာမျိုး၊ အလှူရှင်တွေနဲ့ ချိတ်ဆက်ဖို့ တယ်လီဖုန်းငါးလုံးလောက်တောင့်တတာမျိုး၊ အလှူရှင်တွေကို ပြပြီးစည်းရုံးဖို့ မှတ်တမ်းတင်ဓာတ်ပုံတွေ၊ ရုပ်/သံတွေ အတွက် Full HD ကင်မရာတွေအလိုရှိတာမျိုး၊ အထောက်အပံ့ပစ္စည်းနဲ့ငွေကြေးအနည်းငယ်ပေးဖို့အရေး အခမ်းအနားနဲ့၊ ဗီနိုင်းနဲ့၊ တိုက်ပုံနဲ့၊ စင်ပေါ်တက်ပြီးဓာတ်ပုံုအရိုက်ခံချင်တာမျိုးကတော့ တကယ့်လူမှုရေးစိတ်ဓာတ်ပြင်းထန်သူတွေအတွက် လိုပင်လိုသော်ငြား သိပ်ပြီးအရေးမပါလှဘူးလို့ထင်ပါတယ်။

“ပေးပါ၊ ဘာနာကျင်ဒုက္ခကိုမှ မခံစားကြရသေးခင်ပေးပါ”တဲ့။ ကျွန်တော်တို့ လှူကြတယ်၊ ကမ်းကြတယ်။ ကျွန်တော်တို့အများစုရဲ့ အလှူအတန်း၊အပေးအကမ်းတွေကို ပြန်ကြည့်ကြရအောင်ပါ။ ကျွန်တော်တို့မှာ ပြည့်စုံနေသောအခါများတွင်မှ၊ သို့တည်းမဟုတ် ကျွန်တော်တို့အတွက် သပ်သပ်ဖယ်ထားပြီး ဖြစ်သော ဝေစုများအပြင်ကမှ ပေးကြကမ်းကြတဲ့အဖြစ်တွေသာ ဟောဒီကမ္ဘာမှာ များနေပါတယ်။ ပုဆိုးအထည်နှစ်ဆယ်ရှိတဲ့အထဲကနေ ရေလဲပုဆိုးတစ်ထည်ကို မီးဘေးဒုက္ခသည်တွေအတွက် လှူလိုက်တယ်။ အိမ်မှာကြက်သားဟင်းနဲ့အစိမ်းကြော်ချက်တဲ့အထဲကနေ အနှစ်ကလေးနည်းနည်းဆမ်း၊ အစိမ်းကြော်လေးပုံထားတဲ့ထမင်းတစ်ထုပ်ကို ရေဘေးဒုက္ခသည်တွေအတွက်လှူလိုက်တယ်။ ချိုင်းကြားမှာညှပ်ထားတဲ့ ပိုက်ဆံအိတ်ကြီးကိုဖွင့်၊ ၁သောင်းတန် ၅ထောင်တန်တွေကို ဘေးနည်းနည်းတွန်း၊ ၅၀တန်အနွမ်းလေးတစ်ရွက်ကို မရရအောင်ရှာပြီး လမ်းဘေးမှာထိုင်နေတဲ့အမယ်အိုကြီးရှေ့ ပစ်ချလိုက်တယ်။ မလှူတာထက်စာရင် ဒီလောက်လှူတာက ပိုမကောင်းဘူးလားလို့ အတွန့်တက်လှောင်ပြောင်ရင်ရပေမယ့် သမိုင်းထဲက ပရဟိတသူရဲကောင်းတို့အကြောင်းကို ကျွန်တော်တို့ဖတ်ရှုပြီးကြတဲ့အခါမှာ ကမ္ဘာဟာ ဒီလောက်နဲ့ မလုံလောက်သေးကြောင်း အခိုင်အမာပြောဆိုလာနိုင်ပါတယ်။ မနာကျင်ခင်၊ မခံစားရသေးခင်၊ ဒုက္ခမရောက်သေးခင် ပေးပါ လို့ မာသာထရီဇာက ဆိုထားပြီးမဟုတ်လား။ ကျွန်တော်တို့စွန့်မယ့်လွှတ်မယ့်အရေး ကိုယ့်အတ္တကိုယ်ပြန်သိမ်းနေတဲ့အချိန်ပိုင်းလေးအတွင်းမှာပဲ နာကျင်တဲ့လူက နာကျင်ပြီးသွားပြီ။ ခံစားတဲ့လူက ခံစားပြီးသွားပြီ။ ဒုက္ခရောက်တဲ့လူက ဒုက္ခရောက်ပြီးသွားပြီ။ ဒီအကြောင်းတွေတွေးမိရင် “ကျွန်မ မာစီဒီးကားမလိုချင်ဘူး။ ဒီတန်ဖိုးနဲ့ညီတဲ့ အာလူးတွေ၊ ဂျုံတွေ၊ ဆေးဝါးတွေပဲ ပေးပါ”ဆိုတဲ့ မာသာထရီဇာကိုပဲ ကျွန်တော်သတိရနေမိပါတော့တယ်။

သူဟာ ကမ္ဘာ့နိုင်ငံပေါင်း မြောက်မြားစွာကိုခရီးသွားခဲ့တယ်။ သွားသမျှခရီးတိုင်းဟာလည်း ယူဖို့မဟုတ်၊ ပေးရန်သက်သက်သာဖြစ်တယ်။ ချမ်းသာသောနိုင်ငံများရဲ့ သက်ဆိုင်ရာအစိုးရ၊ နိုင်ငံအကြီးအကဲတို့က ပေးကမ်းတာတွေကို ယူခဲ့ရင်တောင် ငတ်မွတ်ဆင်းရဲနေသူအပေါင်းအတွက်သူက ခဏတာလက်ခံပေးခြင်းသာဖြစ်ခဲ့ပါတယ်။ မာသာထရီဇာဟာ ဂေဟာပေါင်းများစွာကို သူ့အသွေးသူ့အသားနဲ့လည်ပတ်မောင်းနှင်စေခဲ့တယ်။ အနာကြီးရောဂါသည်တွေ၊ မိဘမဲ့ကလေးတွေ၊ တီဘီရောဂါသည်တွေ၊ စစ်ကြောင့်အတိဒုက္ခရောက်သူတွေ၊ ကပ်ရောဂါဆိုးကြောင့်လူရုပ်သူရုပ်မပေါ်တော့သူတွေရဲ့ အားကိုးရာဟာ မာသာထရီဇာလို့ ကမ္ဘာကြီးကလက်ခံလာခဲ့တယ်။သူ့ကိုလေးစားအားကျတဲ့လူတွေဟာ ပရဟိတလုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့ကြပါတယ်။ မာသာထရီဇာရဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ပူးပေါင်းပါဝင်လာသူတွေကို သူက အချက်သုံးချက်လိုက်နာစေခဲ့တယ်။ ဗြဟ္မစိုရ်တရားလက်ကိုင်ထားဖို့၊ ဆင်းရဲသူတွေကို ကူညီရင်း ကိုယ်တိုင်ဆင်းရဲတာကို ခံနိုင်ဖို့နဲ့ အရေးကြီးဆုံးအဖြစ် ချစ်ခြင်းမေတ္တာအားလုံးကို သူတို့အပေါ်အစွမ်းကုန်ပေးဆပ်ဖို့ပါပဲ။ တစ်နည်းပြောရရင် “ငါ”ဆိုတဲ့ အတ္တကို လုံးဝလွှင့်ပစ်လိုက်ဖို့ပါ။ သူကိုယ်တိုင်လည်း ဘယ်လောက်အထိကိုယ်ကျိုးစွန့်ခဲ့သလဲဆိုရင် မွေးရပ်မြေအယ်ဗေးနီးယားကိုတောင် သူ့အသက် ၈၁နှစ်၊ ၁၉၉၁ခုနှစ်မှ ပထမဆုံးအကြိမ်ပြန်ရောက်ခဲ့ပါတယ်။ မာသာထရီဇာဟာ သူမကွယ်လွန်မီအချိန်များ၊ သူကွယ်လွန်ပြီးအချိန်များမှာဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့ပါတယ်။ ၁၉၇၉ခုနှစ်မှာ ရရှိခဲ့တဲ့ နိုဘယ်လ်ဆုအပါအဝင်ပေါ့။ ဒီဆုကို ပေးအပ်တဲ့အခါမှာလည်းလုပ်နေကြ ဂုဏ်ပြုအခမ်းအနားတွေ၊ ညစာစားပွဲတွေကို ငြင်းဆိုခဲ့ပါတယ်။ သူရရှိမယ့် ဒေါ်လာ တစ်သိန်းကိုးသောင်းကျော်ကိုသာ အိန္ဒိယက ဒုက္ခရောက်နေသူတွေအတွက် တောင်းခံခဲ့ပါတယ်။

ပရဟိတလုပ်ငန်းတွေဟာ ငြိမ်းချမ်းရေးနဲ့လည်းတိုက်ရိုက်အချိုးကျနေတယ်ဆိုတာ ကျွန်တော်တို့သိလာရပါတယ်။ မတရားအနိုင်ကျင့်မယ်၊ သယံဇာတတွေ လက်ဝါးကြီးအုပ်မယ်၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ဖျက်ဆီးမယ်၊ လူမျိုးရေးခွဲခြားဆက်ဆံမယ်။ ဒါတွေကြောင့် “နာ”လို့ဖြစ်တဲ့စစ်ပွဲတွေရှိလာပါတယ်။ အမျိုးကိုထိလို့နာတယ်၊ ရေမြေတောတောင်ကိုထိလို့နာတယ်၊ ယဉ်ကျေးမှုကိုထိလို့နာတယ်။ ဒါဟာလူသားဆန်ခြင်းတစ်မျိုးပဲလေ။ ကျွန်တော်တို့အပြစ်မဆိုသာပါဘူး။ ဒါပေမယ့် “နာ”လို့ဖြစ်တဲ့စစ်ပွဲတွေရဲ့ သက်တမ်းကြာလာရင်တော့ “ဆာ”လို့ဖြစ်တဲ့စစ်ပွဲတွေအဖြစ် အသွင်ပြောင်းသွားပါတယ်။ “ဆာ”လို့ဖြစ်တဲ့စစ်ပွဲတွေဟာ လက်နက်တွေနဲ့တိုက်ခိုက်ကြတာဖြစ်နိုင်သလို ငြိမ်းချမ်းစွာနေထိုင်နေရင်းလည်း ဖြစ်နိုင်ပါတယ်။ “ဆာ”လို့ဖြစ်တဲ့စစ်အတွက် စားပွဲပေါ်မှာထိုင်ပြောနေရုံနဲ့တော့ အလွယ်တကူမပြေလည်နိုင်ပါဘူး။ ဒါကို ကမ္ဘာကြီးကသေချာမသိသေးဘူး၊ သိဖို့မကြိုးစားသေးဘူး၊ မသိချင်ယောင်ဆောင်ထားဆဲပါ။ ကဗျာဆရာ လူအိမ် က သူ့ရဲ့နာမည်ကျော် “ရူးနေတဲ့ကမ္ဘာ” ဆိုတဲ့ ကဗျာမှာ ဒီလိုထည့်ရေးခဲ့ဖူးပါတယ်။

ကမ္ဘာဟာ
ခုအချိန်ထိ
အရေးကြုံမှ
အရပ်ကူပါ လူဝိုင်းပါ လုပ်ချင်နေတုန်းပဲ
ဒိုင်ယာနာမသေခင်
နောက်ဆုံးသောက်သွားတဲ့ဟင်းချိုဟာ
ဒေါ်လာ(၄၀၀၀)တန်တယ်
ဗီယင်နာကို
ဂျော့ချ်ဘုချ်လာတော့
တည်းခိုခန်းတစ်ညစရိတ်ဟာ
ဒေါ်လာ(၆၀၀၀)ကျတယ်။

“ဘုရင်ခံချုပ်က နှစ်ယောက်စာဝတ်ထားပြီပဲ
ကျွန်တော်ဝတ်ဖို့မလိုတော့ပါဘူး” တဲ့
မဟတ္တမဂန္ဒီပြောခဲ့သလိုပါပဲ
လူပေါင်းများစွာဟာ ကျောပြောင်နေပြီး
လူအချို့ဟာ တောင်ပုံရာပုံရှိနေတယ်
ကမ္ဘာက သိပုံမရဘူး။
ကမ္ဘာဟာ သူ့ကိုယ်သူ ကမ္ဘာတည်မယ်ထင်နေရဲ့ဘဝင်လည်းမြင့်ရဲ့
ရူးလည်းရူးရဲ့
ဂိုက်ပေးလည်းကြမ်းရဲ့
ကမ္ဘာကို မထီမဲ့မြင်ပြုရဲ့
“မာသာထရီဆာ”က တစ်ယောက်တည်း
“ဘင်လာဒင်”တွေအများကြီးပဲ
“ဂန္ဒီ”က တစ်ယောက်တည်း
“ဟစ်တလာ”တွေက အများကြီးပဲ။

မာသာထရီဇာနဲ့ပတ်သက်တဲ့မှတ်တမ်းရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေများစွာထဲကမှ ကျွန်တော်မှတ်မိနေတဲ့ ဇာတ်ဝင်ခန်းတစ်ခုရှိပါတယ်။ အချိန်က အိန္ဒိယနိုင်ငံမှာ လူမျိုးရေး/ဘာသာရေးခွဲခြားမှုတွေ ပြင်းထန်နေချိန်။ မာသာထရီဇာ ကယ်တင်စောင့်ရှောက်ပေးနေတဲ့ အနူအရွဲလူတွေ၊ ပိန်လှီခြောက်ကပ်လူနာတွေ၊ ယင်တလောင်းလောင်းအနာဗရပွနဲ့ ရောဂါသည်တွေကို မြို့သူမြို့သားတွေက လက်မခံချင်ကြတဲ့အတွက် အလှူရှင်တစ်ယောက်ရဲ့ကူညီမှုနဲ့အတူ မြို့စွန်က ဘုရားကျောင်းကလေးဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ အကြမ်းဖက်လိုစိတ်ပြင်းထန်နေတဲ့ လူတချို့ဟာ တုတ်တွေ၊ဓားတွေ၊လက်နက်တွေကိုင်လာပြီး ဘုရားကျောင်းလေးရှေ့မှာ အော်ဟစ်ဆဲဆိုကြပါတယ်။ အဖြူရောင်ဝတ်ရုံကို အပြာရောင်အနားကွပ်ကလေးတွေနဲ့ မာသာထရီဇာက လူအုပ်ကြီးရှေ့မှာ လာရပ်ပြီး စကားတစ်ခွန်းပြောပါတယ်။

“ရှင်တို့ ကျွန်မကို ရိုက်ချင်လား၊ ရိုက်ပါ။ ကျွန်မကို သတ်ချင်လား၊ သတ်ပါ။ ဒီလိုမလုပ်ခင်ကျွန်မတစ်ခုတော့ ပြောလိုက်မယ်။ အခုအထဲမှာရှိနေတဲ့လူတွေဟာ ဟိန္ဒူတွေ၊မူဆလင်တွေ။ ရှင်တို့လူမျိုးတွေ၊ ရှင်တို့နိုင်ငံသားတွေ၊ ရှင်တို့ဘာသာဝင်တွေ။ ကျွန်မအမျိုးတစ်ယောက်မှ မပါဘူး။ ကျွန်မနိုင်ငံသားတစ်ယောက်မှ မပါဘူး။ နည်းနည်းလေးဖြစ်ဖြစ်စဉ်းစားကြစမ်းပါ”။
လူအုပ်ကြီးဟာ မီးကိုရေနဲ့ငြိမ်းသလို ငြိမ်လို့၊ တိတ်ဆိတ်ညသန်းခေါင်ယံလို ငြိမ်လို့၊ လှိုင်း၊လေ လှုပ်ရှားခြင်းမရှိတဲ့ ရေပြင်လို ငြိမ်လို့။ မာသာထရီဇာရဲ့စကားကြောင့် ကိုယ့်အတ္တကိုယ်ရှက်ပြီး အလျှိုလျှိုထွက်သွားကြတော့တာလေ။

တစ်ဘဝလုံးကို အိန္ဒိယနိုင်ငံနဲ့ ကမ္ဘာပေါ်က ဒုက္ခသည်များအတွက်ပေးဆပ်ခဲ့တဲ့ မာသာထရီဇာဟာ မရဏတရားအတွက်ပေးဆပ်ဖို့လည်း အချိန်ရောက်လာပါတယ်။ နိုင်ငံအများအပြားကို ခရီးသွားနေပေမယ့် သူ့ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးကုသဖို့ထက် သူ့ဂေဟာတွေက ဒုက္ခသည်တွေအတွက်ပဲ စိုးရိမ်ပူပန်ခဲ့တဲ့သူပါ။ ရောမမြို့မှာ ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်(၂)နဲ့တွေ့ဆုံစဉ် ၁၉၈၃ကတည်းက မာသာထရီဇာဟာ နှလုံးရောဂါကို ခံစားနေရပြီဖြစ်ပါတယ်။ ၁၉၉၆ခုနှစ် သြဂုတ်လအတွင်းမှာ ငှက်ဖျားရောဂါကို အပြင်းအထန်ခံစားပြီးခဲ့ချိန်မှာတော့ သူ့ရဲ့ဇရာဟာ ကျန်းမာရေးကို အနှောက်အယှက်ပေးလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကမ္ဘာကြီးရဲ့အားကိုးရာငြိမ်းချမ်းရေးရဲ့မိခင်၊ ရှုံ့တွမှုန်ဝေနေတဲ့အသားအရေနဲ့ မျက်နှာပေါ်ကအရေးအကြောင်းတွေကြားက စူးရှမျက်ဝန်းပိုင်ရှင်၊ ဒုက္ခသည်တွေကို ဆွဲပွေ့အားပေးလိုက်ဖို့ ဝန်မလေးခဲ့တဲ့ ဝတ်ရုံအဖြူမှာ အပြာရောင်အနားကွပ်ကလေးတွေနဲ့ သီလရှင်ကြီးမာသာထရီဇာဟာ ၁၉၉၇ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့မှာ မြင့်မြတ်စွာကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ဈာပနကို ကမ္ဘာအရပ်ရပ်က နိုင်ငံတော်ဝန်ကြီးချုပ်များ၊ သမ္မတများ၊ ပရဟိတသမားများနှင့် သူကူညီစောင့်ရှောက်ခဲ့သော ဒုက္ခသည်များက ခမ်းနားစွာကျင်းပခဲ့ကြပါတယ်။ သူကွယ်လွန်သွားချိန်မှာတော့ သူ့အတွက်ဝိုင်းဝန်းအားဖြည့်ပေးခဲ့ကြတဲ့ ပရဟိတသမားများ၊သီလရှင်များ စုစုပေါင်း(၁)သန်းကျော်ဟာ နိုင်ငံပေါင်း ၁၃၃နိုင်ငံမှာ အနာကြီးရောဂါတွေအတွက်၊ တီဘီရောဂါတွေအတွက်၊ မိဘမဲ့တွေအတွက်၊ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသူတွေအတွက် ဆက်လက်ပေးဆပ်နေကြဆဲဖြစ်ပါတယ်။

“လူဆိုတာအေးအေးချမ်းချမ်းမနေခဲ့ရရင်တောင် အေးအေးချမ်းချမ်းသေရမယ်” တဲ့။ မာသာထရီဇာပြောခဲ့တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ နားဝင်ချိုဖို့မလွယ်တဲ့စကားပါ။ တစ်ရက်လုပ်အားခကို တစ်ရက်ဝမ်းစာအဖြစ်ပြောင်းလဲလိုက်ရတဲ့သူတွေမှာ ဘယ်ကလာပြီးကျန်းမာရေးစရိတ်၊ နာရေးစရိတ်ဟာ အဆင်သင့်ဖြစ်ပါ့မလဲ။ နာရေးကူညီမှုအသင်းတွေနဲ့ စေတနာရှင်တွေကြောင့်သာ နည်းနည်းဖြေသာနိုင်နေတာပေါ့။ ဒီလိုလူမှုရေးသမားတွေဟာ သေနတ်တစ်ချက်မဖောက်၊ ဓားတစ်ချက်မဝင့်၊ လက်သီးတစ်ချက်မထိုးတဲ့ သူရဲကောင်းတွေပါပဲ။ သေနတ်ပစ်ပြီးနိုင်ငံကိုကာကွယ်၊ ဓားခုတ်ပြီးလူမျိုးကိုကာကွယ်၊ လက်သီးထိုးပြီးပိုင်နက်ကို ကာကွယ်မှသာ သူရဲကောင်းလို့မြင်တဲ့အမြင်တွေ ဒီနေ့ကမ္ဘာကြီးမှာ မျိုးတုံးသွားတာကြာပါပြီ။ လက်ထဲမှာ မေတ္တာတရားထည့်ထားပါ၊ တခြားလက်တစ်စုံကိုပေးပါ။ ဒါသူရဲကောင်းပဲ။ အကြည့်ထဲမှာ အကြင်နာတရားထည့်ထားပါ။ တခြားမျက်ဝန်းတစ်စုံကိုကြည့်ပါ။ ဒါသူရဲကောင်းပဲ။ နှုတ်ခမ်းပေါ်မှာ ငြိမ်းချမ်းရေးကိုတင်ထားပါ။ တခြားနှုတ်ခမ်းတစ်စုံကို ပြုံးပြပါ။ ဒါသူရဲကောင်းပဲ။ သံချပ်ကာတိုက်ပွဲဝင်ဝတ်စုံဝတ်ထားတဲ့ သူရဲကောင်းတွေထက် အဖြူရောင်ဝတ်ရုံမှာ အပြာရောင်အနားကွပ်ထားတဲ့ သီလရှင်ကြီးကို ကမ္ဘာကြီးဟာ၊ ကျွန်တော်တို့ဟာ ပိုမိုလွမ်းဆွတ်လိုအပ်ပါတယ်။ ကဗျာဆရာလူအိမ်ရဲ့ “ရူးနေတဲ့ကမ္ဘာ”ဆိုတဲ့ကဗျာထဲက အပိုဒ်တချို့ကို ရေရွတ်နေရင်းနဲ့ပေါ့။

“ဒါးဗို့”မှာအစည်းအဝေးလုပ်တော့
“နီဂရိုးပွန်တီ”က
ကလေးတွေအတွက် ဒေါ်လာ(၁၀၀)တန်ကွန်ပြူတာတွေထုတ်ရမယ်
“ဘီလ်ဂိတ်”က ဒီလိုမဟုတ်
ကွန်ပြူတာနဲ့ တွဲကြည့်လို့ရတဲ့ ဆဲလ်ဖုန်းတွေ ထွင်ဖို့လိုတယ်တဲ့
“ရှာရွန်စတုန်း”က ပြောတယ်
လောလောဆယ် အာဖရိကပြည်သူတွေကို
ခြင်ထောင်တွေပေးရမယ်တဲ့။

တကယ့် မီးစတစ်ဖက်ရေမှုတ်တစ်ဖက်ပါပဲ
ကမ္ဘာဟာ
တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး
တစ်ဖက်မှာတော့ ဇိမ်နဲ့ ငြိမ့်ချင်နေတုန်းပဲ
ကမ္ဘာဟာ ခုချိန်ထိ
တရားတွေ့သလိုလိုနဲ့
တရားကိုကွေ့ရှောင်နေတုန်းပဲ။

ဟိန်း

ကိုးကား
– en.wikipedia.org
– www.motherteresa.org
– ဆရာ လူအိမ်(ရူးနေတဲ့ကမ္ဘာ)

ဖိုးသူတော် (www.phothutaw.com)
Credit: Instyle မဂ္ဂဇင်း – Khar – Moe Aung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top