မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×


1515573783496.jpg
1515573689590.jpg
1515573947882.jpg

Photo Credit- Mway Mway


# Unicode Version ဖြင့် ဖတ်ပါ #

တရုတ်နိုင်ငံ၊ Nanjing မြို့မှာ၂၀၁၇ဒီဇင်ဘာ၂၅ရက်နေ့ကနေစပြီးကျင်းပပြုလုပ်လျှက်ရှိတဲ့ Miss All Nations 2018 ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုကို ၂၀၁၈ခုနှစ်ဇန်နဝါရီလ၁၈ရက်နေ့ မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်အလှမယ်နန်းမွေခမ်းကပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး၊ သူမကို Miss Golden Land Myanmar အဖွဲ့အစည်းကယှဉ်ပြိုင်ရန်စေလွှတ်ခြင်းဖြစ်ပါတယ်။

မြန်မာကိုယ်စားပြုအလှမယ်အနေနဲ့ ရှမ်းတိုင်းရင်းသူတစ်ဦးဖြစ်ပြီး၊ အမျိုးသားဝတ်စုံယှဉ်ပြိုင်မှုတွင် ဒီဇိုင်နာစိုင်းလုံခေမာရဌ် ဖန်တီးပေးထားတဲ့ဂုံရှမ်းဝတ်စုံကိုဝတ်ဆင်ကာယှဉ်ပြိုင်ခဲ့ပါတယ်။

Miss All Nations 2018 ပြိုင်ပွဲကို နိုင်ငံပေါင်း ၃၂ နိုင်ငံမှအလှမယ်များကဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ အလှမယ်နန်းမွေခမ်းအနေနဲ့ ၂ဝ၁၇ ခုနှစ် ဇူလိုင်လကကျင်းပခဲ့တဲ့Miss Golden Land Myanmar အလှမယ်ရွေးချယ်ပွဲမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုယ်စားဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Miss All Nations ပြိုင်ပွဲကြီးကို ၂၀၁၆ခုနှစ်ကမြန်မာနိုင်ငံကိုယ်စားပြုအဖြစ်အလှမယ် နန်းမေရှင်းသန့်ဝင်ရောက်ယှဉ်ခဲ့ရာMiss Eco Toursim Award ကိုရရှိခဲ့တဲ့အတွက်၊ နန်းမွေခမ်းကရောဒီနှစ်မှာဘယ်လိုဆုတွေကိုမြန်မာနိုင်ငံအတွက်သယ်ဆောင်လာပေးမှာလည်းဆိုတာကတော့ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုကြီးမှာတွေ့မြင်ရမှာဖြစ်ပါတယ်။

Photo Credit- Mway Mway

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top