ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

လက္ရွိ ႐ံုတင္ျပသေန သည့္ ‘ႀကီးေလးႀကီး’႐ုပ္ရွင္ဇာတ္ ကားကို ေဖ့စ္ဘြတ္ခ္မွ Live လႊင့္ တင္သည့္ အေကာင့္ပိုင္ရွင္အား ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဂ)ျဖင့္ အမႈဖြင့္အေရးယူထား ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန က ဇန္နဝါရီ ၂၅ ရက္တြင္ သတင္းထုတ္ျပန္သည္။

ဇန္နဝါရီ ၂၄ ရက္က Wai Linn Aung အမည္ျဖင့္ ေဖ့စ္ ဘြတ္ခ္တြင္ ‘ႀကီးေလးႀကီး’႐ုပ္ရွင္ ဇာတ္ကားကို ႏွစ္နာရီခန္႔ၾကာ Live လႊင့္ျပသခဲ့ၿပီး ယင္းကိစၥႏွင့္ပတ္သက္၍ ထုတ္လုပ္ေရးကုမၸဏီဘက္က ခြင့္ျပဳခ်က္မရွိဘဲ ကုမၸဏီ၏ အက်ိဳးစီးပြားပ်က္စီးေအာင္ ျပဳလုပ္သူအား အေရးယူေပးရန္ တိုင္တန္းေသာေၾကာင့္ တာေမြၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူခဲ့ေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ ထားသည္။

‘‘ကြၽန္ေတာ္တို႔က အမႈဖြင့္ ထားတယ္။ ေလာေလာဆယ္ တရားခံေတာ့ မမိေသးပါဘူး’’ဟု ‘ႀကီးေလးႀကီး’ ႐ုပ္ရွင္ကို ႐ိုက္ကူးထုတ္လုပ္သည့္ ေအာင္တုိင္း ေက်ာ္ထုတ္လုပ္ေရးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

႐ံုတင္ျပသေနသည့္ ဇာတ္ကားမ်ားကို ႐ံုအတြင္း ကင္မရာ၊ ဖုန္းတို႔ျဖင့္ ဓာတ္ပံု၊ ဗီဒီယို႐ိုက္ကူးျခင္းမျပဳရန္ႏွင့္ ယင္းကဲ့သို႔ ျပဳလုပ္ပါက တည္ဆဲဥပေဒႏွင့္အညီ အေရးယူ ေဆာင္ရြက္မည္ျဖစ္ ေၾကာင္း ႐ုပ္ရွင္ဇာတ္ကားမျပသ မီ ပ႐ိုဂ်က္တာ၌ ပြဲစဥ္တိုင္း သတိ ေပးေၾကညာေနသည္။

႐ံုတင္ျပသေနသည့္ ဇာတ္ ကားမ်ားကို ေဖ့စ္ဘြတ္ခ္မွ Live ထုတ္လႊင့္ျပသျခင္းသည္ ပထမဆံုးအႀကိမ္မဟုတ္ဘဲ ယခင္က မိနစ္ပိုင္းစာ Live ထုတ္လႊင့္ျခင္းမ်ားကို ေဖ့စ္ဘြတ္ခ္အသံုးျပဳသူ အခ်ိဳ႕က ျပဳလုပ္ေလ့ရွိသည္။

သို႔ေသာ္ ယခုကဲ့သို႔ အမႈဖြင့္အေရးယူျခင္းသည္ ပထမဆံုး အႀကိမ္ျဖစ္သည္။

‘‘ကြၽန္ ဇာတ္ကားတုန္းက ျဖစ္ဖူးတယ္။ အဲဒီတုန္းကေတာ့ ၁၇ မိနစ္တုိ႔၊ ၂၅ မိနစ္တို႔ အဲဒီလို မ်ိဳးအတိုေလးေတြတက္တာ။ အခုက တစ္နာရီေလးဆယ္ေလာက္ တက္တာ’’ဟု ေအာင္တုိင္းေက်ာ္ ထုတ္လုပ္ေရးမွ တာဝန္ရွိသူက ေျပာသည္။

‘ကြၽန္’ ဇာတ္ကားအျပင္ ‘မယားေၾကာက္ရြာ’၊ ‘ဘုန္းကညာ ႏွစ္ပါး’ စသည့္ ဇာတ္ကားမ်ားကို လည္း ေဖ့စ္ဘြတ္ခ္တြင္ မိနစ္ပိုင္း စာ Live ထုတ္လႊင့္ျခင္းမ်ား ႀကံဳခဲ့ရကာ ယခုအႀကိမ္သည္ Live လႊင့္သည့္အခ်ိန္ အမ်ားဆံုးျဖစ္ ေၾကာင္း ထုတ္လုပ္သူ ကိုငယ္ ေလးက ေျပာသည္။

ဇာတ္ကားမ်ားကို ေဖ့စ္ ဘြတ္ခ္မွ Live လႊင့္သည့္ကိစၥႏွင့္ ပတ္သက္၍ ဒီဇင္ဘာအတြင္း ျပဳလုပ္ေသာ ႐ုပ္ရွင္ညီလာခံတြင္ တင္ျပေဆြးေႏြးထားၿပီး ႐ုပ္ရွင္အစည္းအ႐ံုးသို႔ အေၾကာင္းၾကားထားေၾကာင္း ေအာင္တုိင္းေက်ာ္ထုတ္လုပ္ေရးမွ တာဝန္ရွိသူက ေျပာသည္။

‘ႀကီးေလးႀကီး’ ဇာတ္ကား တြင္ လူမင္း၊ ခန္႔စည္သူ၊ ခုိင္သင္း ၾကည္၊ အိႁႏၵာေက်ာ္ဇင္တို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဇန္န ဝါရီ ၁၉ ရက္က စတင္၍ တစ္ ႏုိင္ငံလံုးအတိုင္းအတာျဖင့္ ႐ံုတင္ ျပသေနသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day
#Unicode Version#
လက်ရှိ ရုံတင်ပြသနေ သည့် ‘ကြီးလေးကြီး’ရုပ်ရှင်ဇာတ် ကားကို ဖေ့စ်ဘွတ်ခ်မှ Live လွှင့် တင်သည့် အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ဇန်နဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၄ ရက်က Wai Linn Aung အမည်ဖြင့် ဖေ့စ် ဘွတ်ခ်တွင် ‘ကြီးလေးကြီး’ရုပ်ရှင် ဇာတ်ကားကို နှစ်နာရီခန့်ကြာ Live လွှင့်ပြသခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ထုတ်လုပ်ရေးကုမ္ပဏီဘက်က ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီ၏ အကျိုးစီးပွားပျက်စီးအောင် ပြုလုပ်သူအား အရေးယူပေးရန် တိုင်တန်းသောကြောင့် တာမွေမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

‘‘ကျွန်တော်တို့က အမှုဖွင့် ထားတယ်။ လောလောဆယ် တရားခံတော့ မမိသေးပါဘူး’’ဟု ‘ကြီးလေးကြီး’ ရုပ်ရှင်ကို ရိုက်ကူးထုတ်လုပ်သည့် အောင်တိုင်း ကျော်ထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုံတင်ပြသနေသည့် ဇာတ်ကားများကို ရုံအတွင်း ကင်မရာ၊ ဖုန်းတို့ဖြင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းမပြုရန်နှင့် ယင်းကဲ့သို့ ပြုလုပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ် ကြောင်း ရုပ်ရှင်ဇာတ်ကားမပြသ မီ ပရိုဂျက်တာ၌ ပွဲစဉ်တိုင်း သတိ ပေးကြေညာနေသည်။

ရုံတင်ပြသနေသည့် ဇာတ် ကားများကို ဖေ့စ်ဘွတ်ခ်မှ Live ထုတ်လွှင့်ပြသခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ဘဲ ယခင်က မိနစ်ပိုင်းစာ Live ထုတ်လွှင့်ခြင်းများကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူ အချို့က ပြုလုပ်လေ့ရှိသည်။

သို့သော် ယခုကဲ့သို့ အမှုဖွင့်အရေးယူခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သည်။

‘‘ကျွန် ဇာတ်ကားတုန်းက ဖြစ်ဖူးတယ်။ အဲဒီတုန်းကတော့ ၁၇ မိနစ်တို့၊ ၂၅ မိနစ်တို့ အဲဒီလို မျိုးအတိုလေးတွေတက်တာ။ အခုက တစ်နာရီလေးဆယ်လောက် တက်တာ’’ဟု အောင်တိုင်းကျော် ထုတ်လုပ်ရေးမှ တာဝန်ရှိသူက ပြောသည်။

‘ကျွန်’ ဇာတ်ကားအပြင် ‘မယားကြောက်ရွာ’၊ ‘ဘုန်းကညာ နှစ်ပါး’ စသည့် ဇာတ်ကားများကို လည်း ဖေ့စ်ဘွတ်ခ်တွင် မိနစ်ပိုင်း စာ Live ထုတ်လွှင့်ခြင်းများ ကြုံခဲ့ရကာ ယခုအကြိမ်သည် Live လွှင့်သည့်အချိန် အများဆုံးဖြစ် ကြောင်း ထုတ်လုပ်သူ ကိုငယ် လေးက ပြောသည်။

ဇာတ်ကားများကို ဖေ့စ် ဘွတ်ခ်မှ Live လွှင့်သည့်ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာအတွင်း ပြုလုပ်သော ရုပ်ရှင်ညီလာခံတွင် တင်ပြဆွေးနွေးထားပြီး ရုပ်ရှင်အစည်းအရုံးသို့ အကြောင်းကြားထားကြောင်း အောင်တိုင်းကျော်ထုတ်လုပ်ရေးမှ တာဝန်ရှိသူက ပြောသည်။

‘ကြီးလေးကြီး’ ဇာတ်ကား တွင် လူမင်း၊ ခန့်စည်သူ၊ ခိုင်သင်း ကြည်၊ အိန္ဒြာကျော်ဇင်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဇန်န ဝါရီ ၁၉ ရက်က စတင်၍ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ရုံတင် ပြသနေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top