ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အေမရိကန္အေျခစိုက္ တရုတ္အလုပ္သမားအဖြဲ႔အစည္းရံုးက ျပီးခဲ့တဲ့ စေနေန႔က တရုတ္နိုင္ငံမွာရွိတဲ့ အေမရိကန္ Iphone ထုတ္တဲ့စက္ရံုမွာ အလုပ္သမားတစ္ေယာက္ ကုိယ့္ကိုကိုယ္သတ္ေသဖို႔ ထပ္မံၾကိဳးစား ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။တရုတ္အလုပ္သမားေစာင့္ၾကည့္ေရးအဖြဲ႔ (CLW)ရဲ႕ မွတ္တမ္းေတြအရ ျပီးခဲ့တဲ့ ၂၀၀၉ ခုနွစ္တုန္းက အလုပ္သမားတစ္ဦး Iphone အစမ္းထုတ္ ေမာ္ဒယ္အသစ္တစ္လံုး ေပ်ာက္မႈေၾကာင့္ လံုျခံဳေရးအဖြဲ႔၀င္ေတြရဲ႕ ရိုက္နွက္ျခင္းခံခဲ့ရျပီး ကိုယ့္ကိုကိုယ္ အေဆာက္အဦးေပၚကေန ခုန္ခ်သတ္ေသခဲ့ပါတယ္။

Iphone ေမာ္ဒယ္ ၄ ထြက္တဲ့၂၀၁၀-၂၀၁၁ ခုနွစ္ေတြမွာ အလုပ္သမားစုစုေပါင္း ၁၈ ဦးခုန္ခ်သတ္ေသခဲ့ပါျပီး Iphone ေမာ္ဒယ္ ၅ ထြက္တဲ့ ၂၀၁၂-၂၀၁၃ ၾကားပိုင္းမွာေတာ့ အလုပ္သမား ၃ဦး ခုန္ခ်သက္ေသခဲ့ျပီး အလုပ္သမား ၁၅၀ ေက်ာ္ဟာ အလုပ္သမားကာကြယ္ေရးဥပေဒေတြထားေပးဖို႔၊ မထားေပးရင္ခုန္ခ်မယ္ ဆိုျပီး ခ်ိန္းေျခာက္ခဲ့ၾကပါတယ္။ ယခုပထမဆံုးအၾကိမ္ Iphone ေမာ္ဒယ္ X အလံုးတစ္ေထာင္ထြက္တဲ့ အခ်ိန္မွာလည္း အလုပ္သမားတစ္ေယာက္ခုန္ခ်သတ္ေသသြားခဲ့ပါျပီ။

ဒီလိုျဖစ္ရပ္ေတြဟာ တရုတ္အလုပ္သမား ေတြ ရင္ဆိုင္ေနရတဲ့အလုပ္လုပ္ရတဲ့ ပံုစံေတြ မေကာင္းေတာ့တာကို ေဖာ္ျပေနပါတယ္။အဆိုပါအဖြဲ႔ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ကိုယ့္ကိုကိုယ္ သတ္ေသခဲ့တဲ့ အလုပ္သမားရဲ႕ ဖခင္ျဖစ္သူနဲ႔ ေတြ႔ဆံုစကားေျပာခဲ့ျပီး သတ္ေသခဲ့တဲ့ အေၾကာင္းရင္းကို အခုထိမသိေသးေၾကာင္း ဆိုခဲ့ျပီး ထပ္မံေမးခဲ့တဲ့ ေမးခြန္း ေတြကိုေတာ့ အေၾကာင္းမျပန္ခဲ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay.com
#Unicode Version#
အမေရိကန်အခြေစိုက် တရုတ်အလုပ်သမားအဖွဲ့အစည်းရုံးက ပြီးခဲ့တဲ့ စနေနေ့က တရုတ်နိုင်ငံမှာရှိတဲ့ အမေရိကန် Iphone ထုတ်တဲ့စက်ရုံမှာ အလုပ်သမားတစ်ယောက် ကိုယ့်ကိုကိုယ်သတ်သေဖို့ ထပ်မံကြိုးစား ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။တရုတ်အလုပ်သမားစောင့်ကြည့်ရေးအဖွဲ့ (CLW)ရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက အလုပ်သမားတစ်ဦး Iphone အစမ်းထုတ် မော်ဒယ်အသစ်တစ်လုံး ပျောက်မှုကြောင့် လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ ရိုက်နှက်ခြင်းခံခဲ့ရပြီး ကိုယ့်ကိုကိုယ် အဆောက်အဦးပေါ်ကနေ ခုန်ချသတ်သေခဲ့ပါတယ်။

Iphone မော်ဒယ် ၄ ထွက်တဲ့၂၀၁၀-၂၀၁၁ ခုနှစ်တွေမှာ အလုပ်သမားစုစုပေါင်း ၁၈ ဦးခုန်ချသတ်သေခဲ့ပါပြီး Iphone မော်ဒယ် ၅ ထွက်တဲ့ ၂၀၁၂-၂၀၁၃ ကြားပိုင်းမှာတော့ အလုပ်သမား ၃ဦး ခုန်ချသက်သေခဲ့ပြီး အလုပ်သမား ၁၅၀ ကျော်ဟာ အလုပ်သမားကာကွယ်ရေးဥပဒေတွေထားပေးဖို့၊ မထားပေးရင်ခုန်ချမယ် ဆိုပြီး ချိန်းခြောက်ခဲ့ကြပါတယ်။ ယခုပထမဆုံးအကြိမ် Iphone မော်ဒယ် X အလုံးတစ်ထောင်ထွက်တဲ့ အချိန်မှာလည်း အလုပ်သမားတစ်ယောက်ခုန်ချသတ်သေသွားခဲ့ပါပြီ။

ဒီလိုဖြစ်ရပ်တွေဟာ တရုတ်အလုပ်သမား တွေ ရင်ဆိုင်နေရတဲ့အလုပ်လုပ်ရတဲ့ ပုံစံတွေ မကောင်းတော့တာကို ဖော်ပြနေပါတယ်။အဆိုပါအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကိုယ့်ကိုကိုယ် သတ်သေခဲ့တဲ့ အလုပ်သမားရဲ့ ဖခင်ဖြစ်သူနဲ့ တွေ့ဆုံစကားပြောခဲ့ပြီး သတ်သေခဲ့တဲ့ အကြောင်းရင်းကို အခုထိမသိသေးကြောင်း ဆိုခဲ့ပြီး ထပ်မံမေးခဲ့တဲ့ မေးခွန်း တွေကိုတော့ အကြောင်းမပြန်ခဲ့ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top